ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန် လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ရန် တိုက်တွန်း

417

Pearl (NP News) - ဒီဇင်ဘာ ၉
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ရန်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲထွန်းဦးနှင့်အတူ ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်) က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် CIP Lounge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိလူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။
မကြာမီ ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာရန္ လာေရာက္မည့္ ႏိုင္ငံျခားသားမ်ား၏ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာမ်ား မ်က္ျခည္မျပတ္ ၾကပ္မတ္ေဆာင္႐ြက္ရန္ တိုက္တြန္း
Pearl (NP News) - ဒီဇင္ဘာ ၉
ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာရန္ လာေရာက္မည့္ ႏိုင္ငံျခားသားမ်ား၏ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာမ်ား မ်က္ျခည္မျပတ္ ၾကပ္မတ္ေဆာင္႐ြက္ရန္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က တိုက္တြန္းေျပာၾကားထားသည္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္သည္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးရဲထြန္းဦးႏွင့္အတူ ယမန္ေန႔ (ဒီဇင္ဘာ ၈ ရက္) က ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔သြားေရာက္၍ ေလဆိပ္အတြင္းရွိ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ ျပည္ပထြက္ခြာစစ္ေဆးေရးေကာင္တာမ်ား၌ ဝန္ထမ္းမ်ား၏ လုပ္ငန္းေဆာင္႐ြက္မႈအေျခအေနကိုၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးသည္ CIP Lounge အစည္းအေဝးခန္းမ၌ ေလဆိပ္ရွိလူဝင္မႈ ႀကီးၾကပ္ေရးဆိုင္ရာ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားအား ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက လုပ္ငန္းအခက္အခဲမ်ားကို ေမးျမန္းကာ လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးၿပီး ေလဆိပ္တာဝန္က် ဝန္ထမ္းမ်ားအေနျဖင့္ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ စစ္ေဆးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ဝတ္စားဆင္ယင္မႈ၊ ေျပာဆိုဆက္ဆံမႈတို႔ကို အေလးထားၾကရန္လိုေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ခရီးသည္မ်ားအေပၚ ယဥ္ေက်းပ်ဴငွာစြာ ဆက္ဆံေဆာင္႐ြက္ၾကရန္ႏွင့္ မလိုလားအပ္ဘဲ ၾကန႔္ၾကာမႈမရွိေစေရး ဂ႐ုျပဳေဆာင္႐ြက္ၾကရန္လိုေၾကာင္းလည္း ေျပာၾကားခဲ့သည္။
မၾကာမီ က်င္းပေတာ့မည့္ အေထြေထြေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအတြက္ လာေရာက္ၾကမည့္ ႏိုင္ငံျခားသားမ်ား၏ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာလုပ္ငန္းမ်ားအဆင္ေျပစြာ ေဆာင္႐ြက္ေပးႏိုင္ရန္ တာဝန္ရွိသူအဆင့္ဆင့္က မ်က္ျခည္မျပတ္ ၾကပ္မတ္ေဆာင္႐ြက္ေပးၾကရန္လိုေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထူးျခားျဖစ္စဥ္မ်ားရွိပါက အခ်ိန္ႏွင့္တစ္ေျပးညီ တာဝန္ရွိသူအဆင့္ဆင့္သို႔ သတင္းပို႔ေဆာင္႐ြက္ၾကရန္ အေရးႀကီးေၾကာင္း၊ လုံၿခဳံေရးသတိအၿမဲရွိၿပီး ဆက္စပ္ဌာနမ်ားႏွင့္လည္း ညႇိႏႈိင္းေပါင္းစပ္ေဆာင္႐ြက္ၾကရန္လိုေၾကာင္းလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။