တပ်မတော်(လေ) က မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို စိုးမိုးဖြန့်ကျက်ထားနိုင်ပြီဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

1088

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၆
တပ်မတော်(လေ) စတင်ဖွဲ့စည်းချိန်က အခြေစိုက်စခန်း (၁) ခုနှင့် ပျံသန်းရေးအုပ်အနည်းငယ်သာရှိခဲ့ရာမှ လက်ရှိ တွင် မြန်မာ့ဝေဟင် ပိုင်နက်တစ်ခုလုံးကို စိုးမိုးဖြန့်ကျက်ထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ ကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဒီဇင်ဘာ ၁၅ ရက်) နံနက်ပိုင်းက နေပြည်တော်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြု လုပ်သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် တည်ဆောက်ကြိုးပမ်းရာတွင် ခိုင်မာတောင့်တင်းသည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ် ပိုင်ဆိုင်ထားရန် မဖြစ်မနေ လိုအပ်သည်မှာ အထင်အရှားဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပြည်သူကြားက ပေါက်ဖွားလာသည့် မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားပေါင်း စုံပါဝင်သည့် ပြည်ထောင်စုတပ်မတော်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ခေတ်အဆက်ဆက်နိုင်ငံတော်အပေါ် ကျရောက်လာသည့် ပြည်တွင်းပြည်ပအန္တရာယ်အမျိုးမျိုးကို ပြည်သူများနှင့် လက်တွဲပြီး အသက်သွေးချွေးများစွာ ပေးဆပ်ကာကွယ်စောင့်ရှောက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အရေးကြုံလာတိုင်း ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်မှာ တပ်မတော်ပင်ဖြစ်ကြောင်းနှင့် ထို့ကြောင့် အစဉ်ပြောင်းလဲဖြစ်ပေါ်တိုးတက်နေသည့် ခြိမ်းခြောက်စိန်ခေါ်မှုအမျိုးမျိုးကို အပြည့်အဝ ရင်ဆိုင်တုံ့ပြန်နိုင်အောင် တပ်မတော် (ကြည်း/ ရေ/ လေ) ဟူသည့် ကာကွယ်ရေးစွမ်းအားစုကြီးကို ခိုင်မာ တောင့်တင်းပြီး စွမ်းရည်မြင့်မားထက်မြက်စွာ တည်ဆောက်ထားရန် အထူးလိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
သို့မှသာ အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အာမခံချက်အပြည့်အဝဖြင့် တပ်မတော် (လေ) ကိုလည်း ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ အပေါ် သင်ခန်းစာ ဖော်ထုတ်ကာ ခေတ်မီပြီး စွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခု အဖြစ် အဆင့်ဆင့်တည် ဆောက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
စတင်ဖွဲ့စည်းတည်ထောင်ချိန်က အခြေစိုက်စခန်း (၁) ခုနှင့် ပျံသန်းရေးအုပ်အနည်းငယ်သာရှိခဲ့ရာမှ ယခုဆိုပါက မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းတွင် လည်း သောင်းကျန်းမှုနှိမ်နင်းရေးလေတပ်အဆင့်မှ နည်းဗျူဟာမြောက်လေတပ်တစ်ခုအဖြစ် တိုးတက် တည်ဆောက်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လက်ရှိဆင်နွှဲနေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်မှုများတွင် တပ်မတော်(လေ)အနေဖြင့် နိုင်ငံအနှံ့ပျံသန်းစစ်ဆင်မှုများ ထိထိရောက်ရောက်ဆောင်ရွက်ကာ အထောက်အကူပြုနေသည်ကို တွေ့ရှိရ ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထိရောက်အစွမ်းထက်မြက်သည့် လေကြောင်းစွမ်းအားကို ပိုင်ဆိုင်အသုံးချနိုင်ရေး လေတပ်၏ တိုက်စွမ်းအားနှင့် တိုက်စွမ်းရည် (၂) မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက်ထားရန်အထူးလိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တိုက်စွမ်းအား တိုးတက်ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အနေဖြင့် လေယာဉ်ရဟတ်ယာဉ် နှင့် စစ်ဆင်ရေး အထောက်အကူစနစ်များကို အခါအားလျော်စွာ ကြိုးပမ်းဖြည့်တင်းပေးနေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ယင်းစနစ်များ အမြဲတမ်းကောင်းမွန်ပြီး စွမ်းအားပြည့်တိုက်ပွဲဝင်နိုင်မှသာ တိုက်စွမ်းအားရရှိမည်ဖြစ်သည့်အတွက် တပ်မတော် (လေ) စစ်သည်တော်များအနေဖြင့် အမြတ်တနိုးတန်ဖိုးထားကာ စနစ်တကျကိုင်တွယ်အသုံးပြုကြရန်၊ ပြုပြင်ထိန်းသိမ်းကြရန် အလေးအနက် တိုက်တွန်းလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
တပ္မေတာ္(ေလ) က ျမန္မာ့ေဝဟင္ပိုင္နက္တစ္ခုလုံးကို စိုးမိုးျဖန႔္က်က္ထားႏိုင္ၿပီဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ေျပာ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၆
တပ္မေတာ္(ေလ) စတင္ဖြဲ႕စည္းခ်ိန္က အေျခစိုက္စခန္း (၁) ခုႏွင့္ ပ်ံသန္းေရးအုပ္အနည္းငယ္သာရွိခဲ့ရာမွ လက္ရွိ တြင္ ျမန္မာ့ေဝဟင္ ပိုင္နက္တစ္ခုလုံးကို စိုးမိုးျဖန႔္က်က္ထားႏိုင္ၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ဒီဇင္ဘာ ၁၅ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ေလတပ္စခန္းဌာနခ်ဳပ္၌ က်င္းပျပဳ လုပ္ေသာ ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္၊ တပ္မေတာ္ (ေလ) ဖြဲ႕စည္းတည္ေထာင္မႈ (၇၈) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားမွာ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံတစ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရး၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး၊ ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္ကို အကာအကြယ္ေပးေရးႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးတို႔အတြက္ တည္ေဆာက္ႀကိဳးပမ္းရာတြင္ ခိုင္မာေတာင့္တင္းသည့္ ကာကြယ္ေရးစြမ္းအားစုတစ္ရပ္ ပိုင္ဆိုင္ထားရန္ မျဖစ္မေန လိုအပ္သည္မွာ အထင္အရွားျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
တပ္မေတာ္သည္ လြတ္လပ္ေရးႏွင့္အတူ ျပည္သူၾကားက ေပါက္ဖြားလာသည့္ မ်ိဳးခ်စ္ျပည္သူ႔တပ္မေတာ္ျဖစ္ၿပီး တိုင္းရင္းသားေပါင္း စုံပါဝင္သည့္ ျပည္ေထာင္စုတပ္မေတာ္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ေခတ္အဆက္ဆက္ႏိုင္ငံေတာ္အေပၚ က်ေရာက္လာသည့္ ျပည္တြင္းျပည္ပအႏၲရာယ္အမ်ိဳးမ်ိဳးကို ျပည္သူမ်ားႏွင့္ လက္တြဲၿပီး အသက္ေသြးေခြၽးမ်ားစြာ ေပးဆပ္ကာကြယ္ေစာင့္ေရွာက္ခဲ့သည္မွာ အားလုံးအသိပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အေရးႀကဳံလာတိုင္း ျပည္သူ႔ေရွ႕က မားမားမတ္မတ္ရပ္တည္ေပးခဲ့သည္မွာ တပ္မေတာ္ပင္ျဖစ္ေၾကာင္းႏွင့္ ထို႔ေၾကာင့္ အစဥ္ေျပာင္းလဲျဖစ္ေပၚတိုးတက္ေနသည့္ ၿခိမ္းေျခာက္စိန္ေခၚမႈအမ်ိဳးမ်ိဳးကို အျပည့္အဝ ရင္ဆိုင္တုံ႔ျပန္ႏိုင္ေအာင္ တပ္မေတာ္ (ၾကည္း/ ေရ/ ေလ) ဟူသည့္ ကာကြယ္ေရးစြမ္းအားစုႀကီးကို ခိုင္မာ ေတာင့္တင္းၿပီး စြမ္းရည္ျမင့္မားထက္ျမက္စြာ တည္ေဆာက္ထားရန္ အထူးလိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
သို႔မွသာ အမိႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမပိုင္ဆိုင္မႈကို ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္မည္ျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အာမခံခ်က္အျပည့္အဝျဖင့္ တပ္မေတာ္ (ေလ) ကိုလည္း ေခတ္အဆက္ဆက္ႀကဳံေတြ႕ခဲ့ရသည့္ အေတြ႕အႀကဳံမ်ား အေပၚ သင္ခန္းစာ ေဖာ္ထုတ္ကာ ေခတ္မီၿပီး စြမ္းရည္ထက္ျမက္အင္အားေတာင့္တင္းခိုင္မာသည့္ ေလတပ္တစ္ခု အျဖစ္ အဆင့္ဆင့္တည္ ေဆာက္ေပးလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
စတင္ဖြဲ႕စည္းတည္ေထာင္ခ်ိန္က အေျခစိုက္စခန္း (၁) ခုႏွင့္ ပ်ံသန္းေရးအုပ္အနည္းငယ္သာရွိခဲ့ရာမွ ယခုဆိုပါက ျမန္မာ့ေဝဟင္ပိုင္နက္တစ္ခုလုံးကို အလွမ္းမီစိုးမိုးႏိုင္ရန္ ျဖန႔္က်က္ခ်ထားႏိုင္ၿပီျဖစ္ၿပီး စြမ္းေဆာင္ရည္ပိုင္းတြင္ လည္း ေသာင္းက်န္းမႈႏွိမ္နင္းေရးေလတပ္အဆင့္မွ နည္းဗ်ဴဟာေျမာက္ေလတပ္တစ္ခုအျဖစ္ တိုးတက္ တည္ေဆာက္ႏိုင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
လက္ရွိဆင္ႏႊဲေနသည့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးစစ္ဆင္မႈမ်ားတြင္ တပ္မေတာ္(ေလ)အေနျဖင့္ ႏိုင္ငံအႏွံ႔ပ်ံသန္းစစ္ဆင္မႈမ်ား ထိထိေရာက္ေရာက္ေဆာင္႐ြက္ကာ အေထာက္အကူျပဳေနသည္ကို ေတြ႕ရွိရ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထိေရာက္အစြမ္းထက္ျမက္သည့္ ေလေၾကာင္းစြမ္းအားကို ပိုင္ဆိုင္အသုံးခ်ႏိုင္ေရး ေလတပ္၏ တိုက္စြမ္းအားႏွင့္ တိုက္စြမ္းရည္ (၂) မ်ိဳးလုံး ျမင့္မားျပည့္စုံေအာင္ တည္ေဆာက္ထားရန္အထူးလိုအပ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
တိုက္စြမ္းအား တိုးတက္ေကာင္းမြန္ေစေရးအတြက္ ႏိုင္ငံေတာ္အေနျဖင့္ ေလယာဥ္ရဟတ္ယာဥ္ ႏွင့္ စစ္ဆင္ေရး အေထာက္အကူစနစ္မ်ားကို အခါအားေလ်ာ္စြာ ႀကိဳးပမ္းျဖည့္တင္းေပးေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ယင္းစနစ္မ်ား အၿမဲတမ္းေကာင္းမြန္ၿပီး စြမ္းအားျပည့္တိုက္ပြဲဝင္ႏိုင္မွသာ တိုက္စြမ္းအားရရွိမည္ျဖစ္သည့္အတြက္ တပ္မေတာ္ (ေလ) စစ္သည္ေတာ္မ်ားအေနျဖင့္ အျမတ္တႏိုးတန္ဖိုးထားကာ စနစ္တက်ကိုင္တြယ္အသုံးျပဳၾကရန္၊ ျပဳျပင္ထိန္းသိမ္းၾကရန္ အေလးအနက္ တိုက္တြန္းလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။