ဒေသအချို့တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အသိပညာနည်းပါးသည့်လူငယ်လူရွယ်များကို အသုံးပြု ပြီး တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးများကို နှောင့်ယှက်ဖျက်ဆီးနေ

 309

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၆

ဒေသအချို့တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အသိပညာနည်းပါးသည့် လူငယ်လူရွယ်များကို အသုံးပြု ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးများကို နှောင့်ယှက်ဖျက်ဆီးနေကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့( ဒီဇင်ဘာ ၁၅ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဆိုးကျိုးအဖြစ် ယှဉ်တွဲဝင်ရောက်လာခဲ့သည့် သတင်းတု၊ သတင်းမှား များ၏အန္တရာယ်ကိုလည်း ကိုယ်တိုင်သိမြင်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
ထို့ပြင် အချို့သောဒေသများတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များသည် အသိပညာနည်းပါးသည့် လူငယ် လူရွယ်များကို အသုံးပြုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူအများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး များကို နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့သည်။
အကြမ်းဖက်သမားများ၏ ကြိုးကိုင်မှုများမှတစ်ဆင့် အသိပညာနည်းပါးသည့် လူငယ်လူရွယ်များ အသုံးချခံနေရ ခြင်းသည် အနာဂတ် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနစ်နာမှုများပင်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
ထို့ကြောင့် သတင်းနှင့်နည်းပညာပိုင်းဆိုင်ရာအတတ်ပညာများကို တစ်ဖက်တစ်လမ်းက နားလည်အောင် လေ့လာ ဆည်းပူးပြီး နိုင်ငံတော် ပြိုကွဲအောင်၊ တပ်မတော်ပြိုကွဲအောင်နှင့် မိမိအဖွဲ့အစည်း၊ မိမိ မိသားစုအတွင်း အထင်အမြင်၊ အယူအဆလွဲမှားစေသည့် သတင်းတု၊ သတင်းမှားများကို မိမိတို့၏ အသိပညာ၊ ဉာဏ်ပညာများနှင့် စဉ်းစားသုံးသပ်ပြီး မှန်ကန်သည့် အကြောင်းအရာများကိုသာ ဆုံးဖြတ်လုပ်ကိုင်သွားကြရန်လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
ထို့ပြင် ယင်းပညာရပ်များမှတစ်ဆင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပိုမိုတိုးတက်မြင့်မားကျွမ်းကျင် သည့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များဖြစ်အောင် ကြိုးပမ်းကြရန်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။

Zawgyi Version:

Related news

© 2021. All rights reserved.