ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို ပြတ်ပြတ်သားသား ထောက်ခံသွားမယ်လို့ အီရန်အစိုးရပြော

 157

Pika (NP News) - ဒီဇင်ဘာ ၁၆

ဒေသတွင်းရန်သူဖြစ်တဲ့ အစ္စရေးကို ရင်ဆိုင်ဖို့ လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို အီရန်နိုင်ငံက ပြတ်ပြတ်သားသား ထောက်ခံသွားမယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ ရဲ့ အကြီးတန်းအကြံပေးတစ်ဦးဖြစ်သူ Ali Akbar Velayati က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းဖို့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ဖိအားပေးမှုတွေကို လက်ဘနွန် နိုင်ငံက ရင်ဆိုင်နေရချိန်မှာပဲ Ali Akbar Velayati ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Ali Akbar Velayati က “ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးကို ရင်ဆိုင်ရာမှာ အခြေခံကျတဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေပါတယ်။ အလီခါမေနီရဲ့ဦးဆောင်မှုနဲ့ အမိန့်တွေအောက်မှာ အီရန်နိုင်ငံဟာ ကိုယ်ကျိုးမငဲ့တဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို ပြတ်ပြတ်သားသား ဆက်လက်ထောက်ခံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
အီရန်နိုင်ငံဟာ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၊ ဂါဇာကမ်းမြောင်ဒေသက ဟားမက် လက်နက်ကိုင်အဖွဲ့နဲ့ ယီမင်နိုင်ငံက ဟူသီလက်နက်ကိုင်အဖွဲ့တို့ပါဝင်တဲ့ အစ္စရေးဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့ တွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ထောက်ခံမှုနဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို ျပတ္ျပတ္သားသား ေထာက္ခံသြားမယ္လို႔ အီရန္အစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၆
ေဒသတြင္းရန္သူျဖစ္တဲ့ အစၥေရးကို ရင္ဆိုင္ဖို႔ လက္ဘႏြန္ႏိုင္ငံမွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ ႀကိဳးပမ္းမႈေတြကို အီရန္ႏိုင္ငံက ျပတ္ျပတ္သားသား ေထာက္ခံသြားမယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီ ရဲ႕ အႀကီးတန္းအႀကံေပးတစ္ဦးျဖစ္သူ Ali Akbar Velayati က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းဖို႔ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ဖိအားေပးမႈေတြကို လက္ဘႏြန္ ႏိုင္ငံက ရင္ဆိုင္ေနရခ်ိန္မွာပဲ Ali Akbar Velayati ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
Ali Akbar Velayati က “ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးကို ရင္ဆိုင္ရာမွာ အေျခခံက်တဲ့ အခန္းက႑ တစ္ခုကေန ပါဝင္ေနပါတယ္။ အလီခါေမနီရဲ႕ဦးေဆာင္မႈနဲ႔ အမိန႔္ေတြေအာက္မွာ အီရန္ႏိုင္ငံဟာ ကိုယ္က်ိဳးမငဲ့တဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို ျပတ္ျပတ္သားသား ဆက္လက္ေထာက္ခံသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အီရန္ႏိုင္ငံဟာ လက္ဘႏြန္ႏိုင္ငံက ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕၊ ဂါဇာကမ္းေျမာင္ေဒသက ဟားမက္ လက္နက္ကိုင္အဖြဲ႕နဲ႔ ယီမင္ႏိုင္ငံက ဟူသီလက္နက္ကိုင္အဖြဲ႕တို႔ပါဝင္တဲ့ အစၥေရးဆန႔္က်င္ေရးလက္နက္ကိုင္အဖြဲ႕ ေတြကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတည္းက ေထာက္ခံမႈနဲ႔ ပံ့ပိုးမႈေတြ လုပ္ေဆာင္ေပးခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.