ယူကရိန်းက ရုရှားကို နိုင်နိုင်ခြေမရှိဘူးဆိုတာကို လက်ခံရမယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဟောင်းပြော

 441

Pika(NP News)-ဒီဇင်ဘာ ၄
ရုရှားနဲ့နှစ်ပေါင်းများစွာကြာအောင် ပဋိပက္ခဖြစ်ပွားနေမှာကို ရှောင်ရှားလိုပါက ယူကရိန်းဟာ ဘယ်သူကမှကြိုက်နှစ်သက်တာမျိုးမရှိတဲ့ သဘောတူညီချက်ကို လက်ခံရမယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒီမစ်ထရီကူလီဘာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်း နှစ်နိုင်ငံစလုံးမှာ စစ်ပွဲကို နှစ်ပေါင်းများစွာကြာအောင် ဆက်လက်တိုက်ခိုက်နိုင်မယ့် အရင်းအမြစ်တွေရှိကြောင်းနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေမရှိရင် စစ်ပွဲက ဆက်လက်ဖြစ်ပွားနေလိမ့်မယ်လို့လည်း ဒီမစ်ထရီကူလီဘာက ခန့်မှန်းပြောဆိုခဲ့ပါတယ်။ဒီမစ်ထရီကူလီဘာက”ရုရှားက ယူကရိန်းကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းဆောင်ရည်တွေရှိနေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ကြုံတွေ့နေရတာပါ။ ကိုယ့်ကိုကိုယ် အပြည့်အဝကာကွယ်ဖို့ လုံလောက်တဲ့အင်အားက ကျွန်တော်တို့မှာမရှိပါဘူး။ရုရှားနဲ့ နှစ်ပေါင်းများစွာကြာအောင် စစ်ပွဲမဖြစ်ပွားချင်ဘူးဆိုရင် ယူကရိန်းက ဘယ်သူမှမကြိုက်တဲ့ သဘောတူညီချက်ကို လက်ခံရပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်အဆိုပြုထားတဲ့ ယူကရိန်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ အမျိုးမျိုးရှိနေချိန်မှာပဲ ဒီမစ်ထရီကူလီဘာရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံလိုက်တာဟာ ယူကရိန်းက ၎င်းရဲ့အချုပ်အခြာအာဏာကို စွန့်လွှတ်ရာရောက်တယ်လို့ သတင်းဌာနအချို့က ရေးသားဖော်ပြမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းက ႐ုရွားကို ႏိုင္ႏိုင္ေျခမရွိဘူးဆိုတာကို လက္ခံရမယ္လို႔ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းေျပာ
Pika(NP News)-ဒီဇင္ဘာ ၄
႐ုရွားနဲ႔ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ပဋိပကၡျဖစ္ပြားေနမွာကို ေရွာင္ရွားလိုပါက ယူကရိန္းဟာ ဘယ္သူကမွႀကိဳက္ႏွစ္သက္တာမ်ိဳးမရွိတဲ့ သေဘာတူညီခ်က္ကို လက္ခံရမယ္လို႔ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဒီမစ္ထရီကူလီဘာက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။႐ုရွားနဲ႔ယူကရိန္း ႏွစ္ႏိုင္ငံစလုံးမွာ စစ္ပြဲကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဆက္လက္တိုက္ခိုက္ႏိုင္မယ့္ အရင္းအျမစ္ေတြရွိေၾကာင္းနဲ႔ ႏိုင္ငံေရးဆုံးျဖတ္ခ်က္ေတြမရွိရင္ စစ္ပြဲက ဆက္လက္ျဖစ္ပြားေနလိမ့္မယ္လို႔လည္း ဒီမစ္ထရီကူလီဘာက ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။ဒီမစ္ထရီကူလီဘာက”႐ုရွားက ယူကရိန္းကို ဖ်က္ဆီးပစ္ႏိုင္တဲ့ စြမ္းေဆာင္ရည္ေတြရွိေနတဲ့ အေျခအေနေတြကို ကြၽန္ေတာ္တို႔ႀကဳံေတြ႕ေနရတာပါ။ ကိုယ့္ကိုကိုယ္ အျပည့္အဝကာကြယ္ဖို႔ လုံေလာက္တဲ့အင္အားက ကြၽန္ေတာ္တို႔မွာမရွိပါဘူး။႐ုရွားနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စစ္ပြဲမျဖစ္ပြားခ်င္ဘူးဆိုရင္ ယူကရိန္းက ဘယ္သူမွမႀကိဳက္တဲ့ သေဘာတူညီခ်က္ကို လက္ခံရပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အေမရိကန္အဆိုျပဳထားတဲ့ ယူကရိန္းအတြက္ ၿငိမ္းခ်မ္းေရးအစီအစဥ္နဲ႔ပတ္သက္ၿပီး ထင္ေၾကးေပးမႈေတြ အမ်ိဳးမ်ိဳးရွိေနခ်ိန္မွာပဲ ဒီမစ္ထရီကူလီဘာရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္က အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္ခံလိုက္တာဟာ ယူကရိန္းက ၎ရဲ႕အခ်ဳပ္အျခာအာဏာကို စြန႔္လႊတ္ရာေရာက္တယ္လို႔ သတင္းဌာနအခ်ိဳ႕က ေရးသားေဖာ္ျပမႈေတြ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.