နယ်မြေ မတည်ငြိမ်မှုကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသည့် ဧက (၁)သိန်းနီးပါး ရှိနေ

436

သန့်ဇင်(NP News)- ဒီဇင်ဘာလ ၁၁
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ပြုမှုအပေါ် (၂၀၂၁) ခုနှစ်ကစတင်ခဲ့သည့် နယ် မြေမတည်ငြိမ်မှုကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသည့် ဧက (၁)သိန်းနီးပါးရှိနေကြောင်း စက်မှုလယ်ယာဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း (၂၉)မြို့နယ်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် (၁၆၆၇) ဦးကို လုပ်ကိုင်ခွင့်အဖြစ် (၁၃၈ ၇၈၅) ဧက လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ထိုသို့ လုပ်ကိုင်ခွင့်ပြုခဲ့သည့် ဧကပေါင်း (၁၃၈၇၈၅) ဧကအနက် ဧက (၄၆၀ဝဝ) ဖြင့် (၃၃) ရာခိုင် နှုန်းသာ စိုက်ပျိုးပြီးစီးနိုင်ခဲ့ပြီး ဧကပေါင်း (၉၂၇၈၄) ဧက၊ (၆၇) ရာခိုင်နှုန်းမှာ နယ်မြေမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
စိုက်ပျိုးနိုင်ခြင်းမရှိသည့် နယ်မြေများအတွင်း ကချင်ပြည်နယ်တွင် (၆၉၈၂၉) ဧက၊ ကယားပြည်နယ်တွင် (၁၃၂)ဧက၊ ကရင်ပြည်နယ်တွင် (၁၄၈၈) ဧက၊ ချင်းပြည်နယ်တွင် (၂၂၂) ဧက၊ မွန်ပြည် နယ်တွင် (၃၇၂) ဧက၊ ရှမ်းပြည်နယ်တွင် (၃၈၆၇)ဧကနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် (၁၆၈၁၁)ဧက ရှိနေကြောင်း စက်မှုလယ်ယာဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်မြေမတည်ငြိမ်မှုများကြောင့်နှင့် အကြောင်းအမျိုးမျိုးကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ယာမြေဧကပေါင်းလည်း (၃) သန်းခန့် ရှိနေနိုင်ကြောင်းလည်း လယ်ယာမြေအရေးသုံးသပ်လေ့လာသူတစ်ဦးက ဆိုသည်။ “မြန်မာနိုင်ငံရဲ့ စိုက်ပျိုးနိုင်တဲ့ ဧကက (၁၈) သန်း ရှိတယ်။ ဒါအနည်းဆုံး စပါးစိုက်ဧကကိုပဲ (၁၈) သန်းရှိတယ်။ အဲဒီတော့စပါးစိုက်ဧက (၁၈)သန်းဆိုတော့ စပါးစိုက်တဲ့ လယ်သမားတွေက သူက ဥပမာ (၆)ဧက ရှိတဲ့လူက ပျမ်းမျှအားဖြင့် (၁) ဧကမစိုက်ဘူး။ အဲဒီတော့ (၁၈)သန်းမှာဆိုရင် (၃)သန်းမစိုက်ဘူး”ဟု လယ်ယာမြေအရေး သုံးသပ်လေ့လာသူကပြောသည်။
အလားတူ စိုက်ပျိုးမြေများစွာရှိရာ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း နယ်မြေမတည်ငြိမ်မှုများကြောင့် မစိုက်ပျိုး နိုင်သည့် လယ်ယာမြေဧကများစွာရှိနေကြောင်း သိရသည်။

Zawgyi Version:
နယ္ေျမ မတည္ၿငိမ္မႈေၾကာင့္ စိုက္ပ်ိဳးႏိုင္ျခင္းမရွိသည့္ ဧက (၁)သိန္းနီးပါး ရွိေန
သန႔္ဇင္(NP News)- ဒီဇင္ဘာလ ၁၁
ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ကိုင္ခြင့္ျပဳမႈအေပၚ (၂၀၂၁) ခုႏွစ္ကစတင္ခဲ့သည့္ နယ္ ေျမမတည္ၿငိမ္မႈေၾကာင့္ စိုက္ပ်ိဳးႏိုင္ျခင္းမရွိသည့္ ဧက (၁)သိန္းနီးပါးရွိေနေၾကာင္း စက္မႈလယ္ယာဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၿမိဳ႕နယ္ေပါင္း (၂၉)ၿမိဳ႕နယ္ရွိ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားတြင္ (၁၆၆၇) ဦးကို လုပ္ကိုင္ခြင့္အျဖစ္ (၁၃၈ ၇၈၅) ဧက လုပ္ကိုင္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။ ထိုသို႔ လုပ္ကိုင္ခြင့္ျပဳခဲ့သည့္ ဧကေပါင္း (၁၃၈၇၈၅) ဧကအနက္ ဧက (၄၆၀ဝဝ) ျဖင့္ (၃၃) ရာခိုင္ ႏႈန္းသာ စိုက္ပ်ိဳးၿပီးစီးႏိုင္ခဲ့ၿပီး ဧကေပါင္း (၉၂၇၈၄) ဧက၊ (၆၇) ရာခိုင္ႏႈန္းမွာ နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ စိုက္ပ်ိဳးႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။
စိုက္ပ်ိဳးႏိုင္ျခင္းမရွိသည့္ နယ္ေျမမ်ားအတြင္း ကခ်င္ျပည္နယ္တြင္ (၆၉၈၂၉) ဧက၊ ကယားျပည္နယ္တြင္ (၁၃၂)ဧက၊ ကရင္ျပည္နယ္တြင္ (၁၄၈၈) ဧက၊ ခ်င္းျပည္နယ္တြင္ (၂၂၂) ဧက၊ မြန္ျပည္ နယ္တြင္ (၃၇၂) ဧက၊ ရွမ္းျပည္နယ္တြင္ (၃၈၆၇)ဧကႏွင့္ တနသၤာရီတိုင္းေဒသႀကီးတြင္ (၁၆၈၁၁)ဧက ရွိေနေၾကာင္း စက္မႈလယ္ယာဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မစိုက္ပ်ိဳးႏိုင္သည့္ လယ္ယာေျမဧကေပါင္းလည္း (၃) သန္းခန႔္ ရွိေနႏိုင္ေၾကာင္းလည္း လယ္ယာေျမအေရးသုံးသပ္ေလ့လာသူတစ္ဦးက ဆိုသည္။ “ျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳးႏိုင္တဲ့ ဧကက (၁၈) သန္း ရွိတယ္။ ဒါအနည္းဆုံး စပါးစိုက္ဧကကိုပဲ (၁၈) သန္းရွိတယ္။ အဲဒီေတာ့စပါးစိုက္ဧက (၁၈)သန္းဆိုေတာ့ စပါးစိုက္တဲ့ လယ္သမားေတြက သူက ဥပမာ (၆)ဧက ရွိတဲ့လူက ပ်မ္းမွ်အားျဖင့္ (၁) ဧကမစိုက္ဘူး။ အဲဒီေတာ့ (၁၈)သန္းမွာဆိုရင္ (၃)သန္းမစိုက္ဘူး”ဟု လယ္ယာေျမအေရး သုံးသပ္ေလ့လာသူကေျပာသည္။
အလားတူ စိုက္ပ်ိဳးေျမမ်ားစြာရွိရာ ရခိုင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတို႔တြင္လည္း နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ မစိုက္ပ်ိဳး ႏိုင္သည့္ လယ္ယာေျမဧကမ်ားစြာရွိေနေၾကာင္း သိရသည္။