အချိန်တစ်မိနစ်အတွင်း ဘတ်စ်ကတ်ဘော နောက်ပြန်ပစ်ပေးမှုအကြိမ်ရေ အများဆုံးလုပ်ဆောင်ပြီး ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ အမျိုးသား

 114

Pika (NP News) - ဇန်နဝါရီ ၉

ကမ္ဘာ့ဂင်းနစ်စံချိန် အများအပြားကိုချိုးဖျက်ထားသူ ဒေးဗစ်ရပ်ရှ်ဆိုသည့်အမျိုးသားသည် ဘတ်စ်ကတ်ဘော ဝါသနာရှင် တစ်ဦးနှင့်ပူးပေါင်းကာ အချိန်တစ်မိနစ်အတွင်း ဘတ်စ်ကတ်ဘောနောက်ပြန်ပစ်ပေးမှု အကြိမ်ရေ အများဆုံးလုပ်ဆောင် သည့် ဂင်းနစ်စံချိန်ကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဒေးဗစ်ရပ်ရှ်သည် အိမ်နီးချင်းဖြစ်သူ ဂျော်နသန်ဟန်နွန်နှင့်အတူ အချိန်တစ်မိနစ်အတွင်း ဘတ်စ်ကတ်ဘော နောက်ပြန် ပစ်ပေးမှု အကြိမ်ရေ(၆၁)ကြိမ်အထိ လုပ်ဆောင်ကာ ဘတ်စ်ကတ်ဘော နောက်ပြန်ပစ်ပေးမှု အကြိမ်ရေ အများဆုံး ဂင်းနစ်စံချိန်ကို ယခင်က ချိုးဖျက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း နောက်ပိုင်းတွင် အခြားအဖွဲ့တစ်ဖွဲ့က ဘတ်စ်ကတ်ဘော နောက်ပြန်ပစ်ပေးမှုအကြိမ်ရေ(၆၅)ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီးနောက် ဒေးဗစ်ရပ်ရှ်၏ စံချိန်ကို ထပ်မံချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒေးဗစ်ရပ်ရှ် သည် အဆိုပါဂင်းနစ်စံချိန်ကို ပြန်လည်ရယူရန်အတွက် ဘတ်စ်ကတ်ဘောဝါသနာရှင်တစ်ဦးဖြစ်သည့် ခရစ္စတန့်နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေးဗစ်ရပ်ရှ်နှင့် ခရစ္စတန့်တို့သည် အချိန်တစ်မိနစ်အတွင်း ဘတ်စ်ကတ်ဘော နောက်ပြန်ပစ်ပေးမှု အကြိမ်ရေ(၇၀)အထိ လုပ်ဆောင်ခဲ့ပြီးနောက် ဘတ်စ်ကတ်ဘော နောက်ပြန်ပစ်ပေးမှု အကြိမ်ရေ အများဆုံးဂင်းနစ်စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်တွင် ဒေးဗစ်ရပ်ရှ်သည် lemon juice နှင့် lime juice ဖျော်ရည် တစ်လီတာစီကို အမြန်ဆုံးသောက်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း ဂျာမနီ နိုင်ငံမှ အန်ဒရီအော်တော့ဖ်ဆိုသည့် အမျိုးသားသည် lemon juice နှင့် lime juice ဖျော်ရည်တို့ကို ဒေးဗစ်ရပ်ရှ်ထက် ပိုမြန်အောင် သောက်ပြခဲ့ပြီးနောက် အဆိုပါဂင်းနစ်စံချိန်များကို ထပ်မံချိုးဖျက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အခ်ိန္တစ္မိနစ္အတြင္း ဘတ္စ္ကတ္ေဘာ ေနာက္ျပန္ပစ္ေပးမႈအႀကိမ္ေရ အမ်ားဆုံးလုပ္ေဆာင္ၿပီး ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ခဲ့တဲ့ အမ်ိဳးသား
Pika (NP News) - ဇန္နဝါရီ ၉

ကမာၻ႔ဂင္းနစ္စံခ်ိန္ အမ်ားအျပားကိုခ်ိဳးဖ်က္ထားသူ ေဒးဗစ္ရပ္ရွ္ဆိုသည့္အမ်ိဳးသားသည္ ဘတ္စ္ကတ္ေဘာ ဝါသနာရွင္ တစ္ဦးႏွင့္ပူးေပါင္းကာ အခ်ိန္တစ္မိနစ္အတြင္း ဘတ္စ္ကတ္ေဘာေနာက္ျပန္ပစ္ေပးမႈ အႀကိမ္ေရ အမ်ားဆုံးလုပ္ေဆာင္ သည့္ ဂင္းနစ္စံခ်ိန္ကို ျပန္လည္ရယူရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။
ေဒးဗစ္ရပ္ရွ္သည္ အိမ္နီးခ်င္းျဖစ္သူ ေဂ်ာ္နသန္ဟန္ႏြန္ႏွင့္အတူ အခ်ိန္တစ္မိနစ္အတြင္း ဘတ္စ္ကတ္ေဘာ ေနာက္ျပန္ ပစ္ေပးမႈ အႀကိမ္ေရ(၆၁)ႀကိမ္အထိ လုပ္ေဆာင္ကာ ဘတ္စ္ကတ္ေဘာ ေနာက္ျပန္ပစ္ေပးမႈ အႀကိမ္ေရ အမ်ားဆုံး ဂင္းနစ္စံခ်ိန္ကို ယခင္က ခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ အျခားအဖြဲ႕တစ္ဖြဲ႕က ဘတ္စ္ကတ္ေဘာ ေနာက္ျပန္ပစ္ေပးမႈအႀကိမ္ေရ(၆၅)ႀကိမ္အထိ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒးဗစ္ရပ္ရွ္၏ စံခ်ိန္ကို ထပ္မံခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေနာက္ ေဒးဗစ္ရပ္ရွ္ သည္ အဆိုပါဂင္းနစ္စံခ်ိန္ကို ျပန္လည္ရယူရန္အတြက္ ဘတ္စ္ကတ္ေဘာဝါသနာရွင္တစ္ဦးျဖစ္သည့္ ခရစၥတန္႔ႏွင့္ ပူးေပါင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဒးဗစ္ရပ္ရွ္ႏွင့္ ခရစၥတန္႔တို႔သည္ အခ်ိန္တစ္မိနစ္အတြင္း ဘတ္စ္ကတ္ေဘာ ေနာက္ျပန္ပစ္ေပးမႈ အႀကိမ္ေရ(၇၀)အထိ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ဘတ္စ္ကတ္ေဘာ ေနာက္ျပန္ပစ္ေပးမႈ အႀကိမ္ေရ အမ်ားဆုံးဂင္းနစ္စံခ်ိန္ကို ျပန္လည္ရယူႏိုင္ခဲ့ ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ ေဒးဗစ္ရပ္ရွ္သည္ lemon juice ႏွင့္ lime juice ေဖ်ာ္ရည္ တစ္လီတာစီကို အျမန္ဆုံးေသာက္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ဂ်ာမနီ ႏိုင္ငံမွ အန္ဒရီေအာ္ေတာ့ဖ္ဆိုသည့္ အမ်ိဳးသားသည္ lemon juice ႏွင့္ lime juice ေဖ်ာ္ရည္တို႔ကို ေဒးဗစ္ရပ္ရွ္ထက္ ပိုျမန္ေအာင္ ေသာက္ျပခဲ့ၿပီးေနာက္ အဆိုပါဂင္းနစ္စံခ်ိန္မ်ားကို ထပ္မံခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.