2025 Sea Games တွင် ဂိုးကွာခြားချက်အရ မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်ကိုရှုံးကာ အုပ်စုမှထွက်ခွာ

916

(NP News)-ဒီဇင်ဘာ ၁၁
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော 2025 Sea Games တွင် ဂိုးကွာခြားချက်အရ မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်ကိုရှုံးကာ အုပ်စုမှထွက်ခွာခဲ့ရသည်။
မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့၏ အုပ်စုနောက်ဆုံးပွဲစဉ်ကို ယနေ့( ဒီဇင်ဘာ ၁၁ရက်) ညနေ ၃ နာရီခွဲက Chonburi မြို့၊ Chonburi Daikin Stadium တွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲစဉ်တွင် မြန်မာအသင်းအနေနှင့် ဗီယက်အသင်းကို ခက်ခဲစွာယှဉ်ပြိုင်ကစားခဲ့ရကာ ပွဲကစားချိန် (၈)မိနစ်နှင့် (၁၃) မိနစ်တို့တွင် ခွင့်ပြုခဲ့ရသော ဂိုးများဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ယခင်နှစ်များကလည်း ဗိုလ်လုပွဲအထိ တက်လှန်းနိုင်ခဲ့ပြီး ရွှေတံဆိပ်မရခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းကို ယခုနှစ် Sea Games တွင် ရွှေတံဆိပ်ဆုရန် ပရိတ်သတ်များအနေဖြင့် မျှော်လင့်ခဲ့ပြီး ကစားသမားများကိုယ်တိုင်လည်း ကြိုစားခဲ့သည်မှာလည်း မျက်မြင်ဖြစ်ခဲ့ရသည်။
သို့သော်လည်း အုပ်စုနောက်ဆုံးပွဲတွင် ဗီယက်နမ်ကိုရှုံးနိမ့်ခဲ့ရသည့်အတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ယခင် (၂)ပွဲကစား (၂)ပွဲနိုင်၊ ရဂိုး( ၅ )၊ ပေးဂိုး ( ၁ ) ဂိုးဖြင့် အုပ်စုဦးဆောင်ခဲ့ရသည့်အခြေအနေသည် ဂိုးကွာခြားချက်အရ စိတ်မကောင်းစွာ အုပ်စုမှထွက် ခွာခဲ့ရသည်။
ယင်းပွဲစဉ်တွင် နည်းပြ၏နည်းစနစ်သည် အုပ်စုနောက်ဆုံးပွဲစဉ်ပြင်ဆင်ခြင်းမှာ မေးခွန်းထုတ်ဖွယ်ရှိနေပြီး လူစာရင်းနှင့် ကစားကွက်သည် လည်း ပြိုင်ဘက် ဗီယက်နမ်နှင့် များစွာကွာဟချက်များရှိနေသည်ကို တွေ့မြင်ရသည်။

Zawgyi Version:
2025 Sea Games တြင္ ဂိုးကြာျခားခ်က္အရ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္း ဗီယက္နမ္ကိုရႈံးကာ အုပ္စုမွထြက္ခြာ
(NP News)-ဒီဇင္ဘာ ၁၁
ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေနေသာ 2025 Sea Games တြင္ ဂိုးကြာျခားခ်က္အရ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္း ဗီယက္နမ္ကိုရႈံးကာ အုပ္စုမွထြက္ခြာခဲ့ရသည္။
ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းႏွင့္ ဗီယက္နမ္အမ်ိဳးသမီးေဘာလုံးအသင္းတို႔၏ အုပ္စုေနာက္ဆုံးပြဲစဥ္ကို ယေန႔( ဒီဇင္ဘာ ၁၁ရက္) ညေန ၃ နာရီခြဲက Chonburi ၿမိဳ႕၊ Chonburi Daikin Stadium တြင္ ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္သည္။
ယင္းပြဲစဥ္တြင္ ျမန္မာအသင္းအေနႏွင့္ ဗီယက္အသင္းကို ခက္ခဲစြာယွဥ္ၿပိဳင္ကစားခဲ့ရကာ ပြဲကစားခ်ိန္ (၈)မိနစ္ႏွင့္ (၁၃) မိနစ္တို႔တြင္ ခြင့္ျပဳခဲ့ရေသာ ဂိုးမ်ားျဖင့္ ရႈံးနိမ့္ခဲ့ရသည္။
ယခင္ႏွစ္မ်ားကလည္း ဗိုလ္လုပြဲအထိ တက္လွန္းႏိုင္ခဲ့ၿပီး ေ႐ႊတံဆိပ္မရခဲ့သည့္ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းကို ယခုႏွစ္ Sea Games တြင္ ေ႐ႊတံဆိပ္ဆုရန္ ပရိတ္သတ္မ်ားအေနျဖင့္ ေမွ်ာ္လင့္ခဲ့ၿပီး ကစားသမားမ်ားကိုယ္တိုင္လည္း ႀကိဳစားခဲ့သည္မွာလည္း မ်က္ျမင္ျဖစ္ခဲ့ရသည္။
သို႔ေသာ္လည္း အုပ္စုေနာက္ဆုံးပြဲတြင္ ဗီယက္နမ္ကိုရႈံးနိမ့္ခဲ့ရသည့္အတြက္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း၏ ယခင္ (၂)ပြဲကစား (၂)ပြဲႏိုင္၊ ရဂိုး( ၅ )၊ ေပးဂိုး ( ၁ ) ဂိုးျဖင့္ အုပ္စုဦးေဆာင္ခဲ့ရသည့္အေျခအေနသည္ ဂိုးကြာျခားခ်က္အရ စိတ္မေကာင္းစြာ အုပ္စုမွထြက္ ခြာခဲ့ရသည္။
ယင္းပြဲစဥ္တြင္ နည္းျပ၏နည္းစနစ္သည္ အုပ္စုေနာက္ဆုံးပြဲစဥ္ျပင္ဆင္ျခင္းမွာ ေမးခြန္းထုတ္ဖြယ္ရွိေနၿပီး လူစာရင္းႏွင့္ ကစားကြက္သည္ လည္း ၿပိဳင္ဘက္ ဗီယက္နမ္ႏွင့္ မ်ားစြာကြာဟခ်က္မ်ားရွိေနသည္ကို ေတြ႕ျမင္ရသည္။