ဆော့ဖ်ဝဲလ်ချွတ်ယွင်းမှုကြောင့် Airbus မှ လေယာဉ် (၆,၀၀၀) ခန့်ကို ပြန်လည်သိမ်းယူခဲ့သော်လည်း ကြိုတင်ပြင်ဆင်ထားမှုရှိ၍ စိတ်ချစွာစီးနင်းနိုင်ဟု MAI ဆို

 514

စော(NP News)- နိုဝင်ဘာ ၃၀
Airbus မှ ၎င်းတို့၏ A320 အမျိုးအစား လေယာဉ် (၆,၀၀၀) ကို ချက်ချင်း ပြုပြင်ရန်အပြင် ပြန်လည်သိမ်းဆည်းရန် နိုဝင်ဘာ ၂၉ရက်က အမိန့်ထုတ်ပြန်ခဲ့ရာ ကမ္ဘာအနှံ့ရှိ လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များ ဖျက်သိမ်းခြင်းနှင့် နှောင့်နှေးခြင်းများ ဖြစ်ပေါ်စေခဲ့သော်လည်း MAI လေကြောင်းလိုင်းသည် ကြိုတင်ပြင်ဆင်ထားသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် စိတ်ချစွာစီးနင်းနိုင်ကြောင်း သိရသည်။
Airbus က ထုတ်ပြန်ခဲ့သော ကြေညာချက်၌ အောက်တိုဘာလအတွင်းက မက္ကဆီကိုနိုင်ငံ၊ ကန်ကွန် (Cancún) မှ နယူးဂျာစီပြည်နယ်၊ နီဝပ် (Newark) သို့ ပျံသန်းသည့် JetBlue လေကြောင်းလိုင်းမှ A320 အမျိုးအစား လေယာဉ်တစ်စင်းသည် ရုတ်တရက် အမြင့်မှ ထိုးဆင်းသွားပြီးနောက် ခရီးသည် အများအပြား ထိခိုက်ဒဏ်ရာရခဲ့သော်လည်း အဆိုပါလေကြောင်းမှ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချက်ချင်းမှတ်ချက်တစ်စုံတစ်ရာမပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း ပြင်းထန်ဆိုလာရောင်ခြည် ဖြာထွက်မှုကြောင့် လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစနစ်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အရေးပါသည့် ဒေတာများကို ပျက်စီးစေနိုင်ကြောင်း တွေ့ရသည်။
“ကမ္ဘာ့နဲ့အဝန်းမှာ Airbusလေယာဉ်တွေ System ပြန်ပြင်ရမယ်ဆိုပြီးတော့ လေယာဉ်အစီး (၆၀၀၀)လောက် Recall လုပ်တာပေါ့နော်။ အဲဒါနိုင်ငံတကာလေကြောင်းလိုင်းတွေအကုန် တော်တော်များများ Delay တွေဖြစ်ကြမယ်။ Cancel တွေဖြစ်ကြမယ်။ ဒါပေမဲ့ ကျွန်တော်တို့ MAI ကအဲဒါတွေကိုအများကြီး ကြိုတင် ပြင်ဆင်ပြီးသေချာ Software Update လုပ်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့လေယာဉ်တွေအားလုံးကတော့ စိတ်ချစွာစီးနင်းနိုင်ပါတယ်။ ဒါတွေအားလုံးကို Inline ဖြစ်အောင်လုပ်ထားပြီးသား ဖြစ်တယ်”ဟု MAI မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါပြုပြင်မှုသည် အဓိကအားဖြင့် ယခင် ဆော့ဖ်ဝဲလ်သို့ ပြန်ပြောင်းခြင်း ဖြစ်ပြီး ရိုးရှင်းသော်လည်း လေယာဉ်များ ပြန်လည်ပျံသန်းခြင်း မပြုမီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ယခု ဖြစ်စဉ်သည် Airbus ၏ (၅၅) နှစ် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး ပြန်လည်သိမ်းဆည်းမှုများမှ တစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။
A320 လေယာဉ်သည် Boeing 737 ကို ကျော်လွန်ကာ အရောင်းရဆုံး မော်ဒယ် ဖြစ်လာပြီး သီတင်းပတ်အနည်းငယ် အကြာတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေဆာ့ဖ္ဝဲလ္ခြၽတ္ယြင္းမႈေၾကာင့္ Airbus မွ ေလယာဥ္ (၆,၀၀၀) ခန႔္ကို ျပန္လည္သိမ္းယူခဲ့ေသာ္လည္း ႀကိဳတင္ျပင္ဆင္ထားမႈရွိ၍ စိတ္ခ်စြာစီးနင္းႏိုင္ဟု MAI ဆို
ေစာ(NP News)- ႏိုဝင္ဘာ ၃၀
Airbus မွ ၎တို႔၏ A320 အမ်ိဳးအစား ေလယာဥ္ (၆,၀၀၀) ကို ခ်က္ခ်င္း ျပဳျပင္ရန္အျပင္ ျပန္လည္သိမ္းဆည္းရန္ ႏိုဝင္ဘာ ၂၉ရက္က အမိန႔္ထုတ္ျပန္ခဲ့ရာ ကမာၻအႏွံ႔ရွိ ေလေၾကာင္းလိုင္းမ်ားအေနျဖင့္ ခရီးစဥ္မ်ား ဖ်က္သိမ္းျခင္းႏွင့္ ေႏွာင့္ေႏွးျခင္းမ်ား ျဖစ္ေပၚေစခဲ့ေသာ္လည္း MAI ေလေၾကာင္းလိုင္းသည္ ႀကိဳတင္ျပင္ဆင္ထားသည့္အတြက္ ခရီးသြားျပည္သူမ်ားအေနျဖင့္ စိတ္ခ်စြာစီးနင္းႏိုင္ေၾကာင္း သိရသည္။
Airbus က ထုတ္ျပန္ခဲ့ေသာ ေၾကညာခ်က္၌ ေအာက္တိုဘာလအတြင္းက မကၠဆီကိုႏိုင္ငံ၊ ကန္ကြန္ (Cancún) မွ နယူးဂ်ာစီျပည္နယ္၊ နီဝပ္ (Newark) သို႔ ပ်ံသန္းသည့္ JetBlue ေလေၾကာင္းလိုင္းမွ A320 အမ်ိဳးအစား ေလယာဥ္တစ္စင္းသည္ ႐ုတ္တရက္ အျမင့္မွ ထိုးဆင္းသြားၿပီးေနာက္ ခရီးသည္ အမ်ားအျပား ထိခိုက္ဒဏ္ရာရခဲ့ေသာ္လည္း အဆိုပါေလေၾကာင္းမွ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ခ်က္ခ်င္းမွတ္ခ်က္တစ္စုံတစ္ရာမေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္အတြင္း ျပင္းထန္ဆိုလာေရာင္ျခည္ ျဖာထြက္မႈေၾကာင့္ ေလယာဥ္ပ်ံသန္းမႈ ထိန္းခ်ဳပ္ေရးစနစ္မ်ား ေကာင္းမြန္စြာ လည္ပတ္ႏိုင္ရန္ အေရးပါသည့္ ေဒတာမ်ားကို ပ်က္စီးေစႏိုင္ေၾကာင္း ေတြ႕ရသည္။
“ကမာၻ႔နဲ႔အဝန္းမွာ Airbusေလယာဥ္ေတြ System ျပန္ျပင္ရမယ္ဆိုၿပီးေတာ့ ေလယာဥ္အစီး (၆၀၀၀)ေလာက္ Recall လုပ္တာေပါ့ေနာ္။ အဲဒါႏိုင္ငံတကာေလေၾကာင္းလိုင္းေတြအကုန္ ေတာ္ေတာ္မ်ားမ်ား Delay ေတြျဖစ္ၾကမယ္။ Cancel ေတြျဖစ္ၾကမယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ MAI ကအဲဒါေတြကိုအမ်ားႀကီး ႀကိဳတင္ ျပင္ဆင္ၿပီးေသခ်ာ Software Update လုပ္ထားတာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ေလယာဥ္ေတြအားလုံးကေတာ့ စိတ္ခ်စြာစီးနင္းႏိုင္ပါတယ္။ ဒါေတြအားလုံးကို Inline ျဖစ္ေအာင္လုပ္ထားၿပီးသား ျဖစ္တယ္”ဟု MAI မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျပဳျပင္မႈသည္ အဓိကအားျဖင့္ ယခင္ ေဆာ့ဖ္ဝဲလ္သို႔ ျပန္ေျပာင္းျခင္း ျဖစ္ၿပီး ႐ိုးရွင္းေသာ္လည္း ေလယာဥ္မ်ား ျပန္လည္ပ်ံသန္းျခင္း မျပဳမီ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္းႏွင့္ ယခု ျဖစ္စဥ္သည္ Airbus ၏ (၅၅) ႏွစ္ သမိုင္းတစ္ေလွ်ာက္တြင္ အႀကီးမားဆုံး ျပန္လည္သိမ္းဆည္းမႈမ်ားမွ တစ္ခုျဖစ္လာႏိုင္ေၾကာင္း သိရသည္။
A320 ေလယာဥ္သည္ Boeing 737 ကို ေက်ာ္လြန္ကာ အေရာင္းရဆုံး ေမာ္ဒယ္ ျဖစ္လာၿပီး သီတင္းပတ္အနည္းငယ္ အၾကာတြင္ ယခုကဲ့သို႔ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.