ကြံစိုက်တောင်သူများ စက်ရုံဝယ်ဈေးကျသဖြင့် တွက်ခြေ မကိုက်ဘဲ အရှုံးပေါ်

 66

NP News - ဒီဇင်ဘာ ၁၃
ယခုနှစ် ကြံရာသီမှာ သကြားစက်ရုံများမှ ကြံဝယ်ဈေးတွေ ကျဆင်းသည့်အတွက် ကြံစိုက်တောင်သူများ တွက်ခြေ မကိုက်ဘဲ အခက်အခဲရှိပြီး အများစုမှာ အရှုံးပေါ်ကြကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။
"မဖြစ်မနေ စိုက်တက်ဈေးလေးမျော်ပြီး စိုက်ရတာ၊ အရင်နှစ်က ကြံကြိတ်ရာသီမှာ စက်ရုံအရောက် ကြံတစ်တန် ဝယ်ဈေးက ကျပ် ၁၈၀,၀၀၀ ကနေ ကျပ် ၂၀၀,၀၀၀ အထိ ဈေးရရှိခဲ့ရာကနေ အခုနှစ် ကြံရာသီမှာ သကြားစက်တွေ က စက်ရုံအရောက် ကြံတစ်တန် ဝယ်ဈေးကို ကျပ် ၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ ကြားနဲ့ ဝယ်တော့ စိုက်စရိတ်သွင်းအားစု ဈေးတက်တဲ့အချိန် ဘယ်မှာတွက်ခြေကိုက်ပြီး အမြတ်ကျန်မှာလည်း တောင်သူတွေက စိုက်ရှုံးပါပဲ" ဟု ကြံစိုက်တောင်သူတစ်ဦးမှ ပြောသည်။
နေပြည်တော်တွင်ယခင်ကာလများစွာက ကြံအဓိကထား အများအပြာစိုက်ပျိုးခဲ့သော နယ်မြေတစ်ခုဖြစ်ခဲ့ပြီး သကြားစက်များလည်း တည်ရှိခဲ့သောမြို့ဖြစ်ခဲ့ပြီး ကြံစိုက်တောင်သူများ စီးပွာရေးအဆင်ပြေခဲ့ကြသည်။ ယခုနောက်ပိုင်းကာလ အစိုးရသကြားစက်များအား ပုဂ္ဂလိကလုပ်ငန်းရှင်းများ လွှဲအပ်ခဲ့ပြီးနောက်ပိုင်း ကြံစိုက် တောင်သူများအတွက် ကြံဈေးက မောက်ကမဖြစ်ပြီး၊ ကြံစိုက်တောင်သူများ နည်းပါးသွားခဲ့သည်။
ကြံမစိုက်ခင် ကြံဈေးဘယ်သို့ညာသို့ ဟုပြောဆိုခဲ့သော်လည်း ကြံဝယ်ရာသီတွင် ‌မျှော်လင့်သောဈေးမရခြင်းမှာ ကြံဝယ်ရာသီတိုင်း ကြံစိုက်တောင်သူများ အမြဲကြုံရကြောင်း တောင်သူများ ပြောပြချက်အရ သိရသည်။

Related news

© 2021. All rights reserved.