Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှု လက်မခံရေးအတွက် မြန်မာ-တရုတ် ဆွေးနွေး

 134

Pearl (NP News) - ဒီဇင်ဘာ ၁၃

Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှု လက်မခံရေးအတွက် အတွက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) က တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံ၍ Online Scam တိုက်ဖျက်ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှု လက်မခံရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း နှင့် ပါဝင်ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အလားတူ မစ္စတာလျိုကျုံးရိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှု (Online Scams)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးဆိုင်ရာများ၊ တရုတ်နိုင်ငံသားများကို ရှာဖွေကူညီကယ်တင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွှဲပြောင်းပေးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ မူဆယ်-တယ်ဟုန် ခရိုင်အဆင့် ရဲတပ်ဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း)တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တို့သည် မြဝတီဒေသရှိ Online Scam တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို သွားရောက်ကွင်းဆင်းလေ့လာကြမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
Online Scam ကိုအေၾကာင္းျပ၍ ျပည္ပႏိုင္ငံမ်ားမွ ဝင္ေရာက္စြက္ဖက္မႈ လက္မခံေရးအတြက္ ျမန္မာ-တ႐ုတ္ ေဆြးေႏြး
Pearl (NP News) - ဒီဇင္ဘာ ၁၃
Online Scam ကိုအေၾကာင္းျပ၍ ျပည္ပႏိုင္ငံမ်ားမွ ဝင္ေရာက္စြက္ဖက္မႈ လက္မခံေရးအတြက္ အတြက္ တ႐ုတ္ႏိုင္ငံ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာန လက္ေထာက္ဝန္ႀကီး မစၥတာလ်ိဳက်ဳံးရိ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္တို႔ ယမန္ေန႔ (ဒီဇင္ဘာ ၁၂ ရက္) က ေတြ႕ဆုံစဥ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ေတြ႕ဆုံ၍ Online Scam တိုက္ဖ်က္ေရးႏွင့္ပတ္သက္၍ ႏွစ္ႏိုင္ငံႏွင့္ ေဒသတြင္းႏိုင္ငံမ်ားအၾကား ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေရး၊ Online Scam ကိုအေၾကာင္းျပ၍ ျပည္ပႏိုင္ငံမ်ားမွ ဝင္ေရာက္စြက္ဖက္မႈ လက္မခံေရးအတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အြန္လိုင္းလိမ္လည္မႈ ႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ား တိုက္ဖ်က္ေရး ႀကီးၾကပ္မႈဗဟိုေကာ္မတီ၏ လုပ္ငန္းစဥ္မ်ားကို တ႐ုတ္ႏိုင္ငံအေနျဖင့္ ေထာက္ခံေၾကာင္း ႏွင့္ ပါဝင္ပူးေပါင္းၿပီး အရွိန္အဟုန္ျဖင့္ အေကာင္အထည္ေဖာ္ေရးတို႔ႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့ေၾကာင္းလည္း သိရသည္။

အလားတူ မစၥတာလ်ိဳက်ဳံးရိဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ေက်ာ္ေက်ာ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ - တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား လုံၿခဳံေရးႏွင့္ တရာဥပေဒစိုးမိုးေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား၊ နယ္စပ္ေဒသမ်ားရွိ အြန္လိုင္းလိမ္လည္မႈ (Online Scams)ႏွင့္ အြန္လိုင္းေလာင္းကစားမႈ (Online Gambling) တိုက္ဖ်က္ေရးဆိုင္ရာမ်ား၊ တ႐ုတ္ႏိုင္ငံသားမ်ားကို ရွာေဖြကူညီကယ္တင္၍ လုပ္ထုံးလုပ္နည္းႏွင့္အညီ ျပန္လည္လႊဲေျပာင္းေပးေရး၊ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ားဆိုင္ရာ မူဆယ္-တယ္ဟုန္ ခ႐ိုင္အဆင့္ ရဲတပ္ဖြဲ႕မ်ား အၾကား ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈစာခြၽန္လႊာ(မူၾကမ္း)တို႔ႏွင့္ ပတ္သက္၍လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာကိုယ္စားလွယ္အဖြဲ႕ႏွင့္ တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕တို႔သည္ ျမဝတီေဒသရွိ Online Scam တိုက္ဖ်က္ေရး ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားကို သြားေရာက္ကြင္းဆင္းေလ့လာၾကမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.