အိန္ဒိယနှင့်မြန်မာကြား ကျန်းမာရေးဝန်ဆောင်မှုအဆင်ပြေချောမွေ့စေရန် Manipal Hospital Myanmar Information Centre ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ဖွင့်လှစ်

 153

စော (NP News) - ဒီဇင်ဘာ ၁၃

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား ကျန်းမာရေးဝန်ဆောင်မှု အဆင်ပြေချောမွေ့စေရန် Manipal Hospital Myanmar Information Centreကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ Panpacific ဟိုတယ်တွင် ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံရှိ တရားဝင်ကိုယ်စားလှယ် 4R Consultancy Company Limited မှ မန်နေဂျင်းဒါရိုက်တာ Mr. Ravindra Jainက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ Manipal Hospitalမှ နာမည်ကြီးဆရာဝန်များဖြစ်သည့် Dr. Vikash Kapoor၊ Dr. Harsh Jain၊ Dr. Pradeepta Kumar Shetty၊ Mr. Subrata Gupta တို့မှ သက်ဆိုင်ရာကျန်းမာရေး နယ်ပယ်များကို ဆွေးနွေးပြောကြားခဲ့သည်။
“ဒီမှာ ပဲပြမယ်ဆိုရင် ဆရာဝန်ကြီးတွေ တစ်လတစ်ခါလာတဲ့အချိန်ရှိမယ်။ လူနာတစ်ချို့လူနာတွေက ဒီမှာပဲ ကုလို့ ရတယ်ဆိုရင် ဒီမှာပဲ ကုပေါ့။ မကုဘူး။ အိန္ဒိယကိုသွားမယ်ဆိုရင်လည်း 4R Consultancy မှ သက်သာတဲ့ ဝန်ဆောင်မှုတွေပေးတယ်” ဟု Manipal Hospitalမှ Dr. Vikash Kapoor က ပြောသည်။
ယင်းအချက်အလက်စင်တာတည်ထောင်ခြင်းသည် အိန္ဒိယ နှင့် မြန်မာနိုင်ငံတို့အကြား ကျန်းမာရေးဝန်ဆောင်မှု မဟာဗျူဟာကို ထိန်းသိမ်းမြှင့်တင်ရန် အရေးပါသောမှတ်တိုင်တစ်ရပ်အဖြစ် လူနာများအတွက် ဆွေးနွေး တိုင်ပင်ခြင်း၊ ဒုတိယအမြင်ရယူခြင်း၊ ကုသမှုညှိနှိုင်းမှုများနှင့် နိုင်ငံတကာ လူနာဝန်ဆောင်မှုများကို စနစ်တကျ တစ်နေရာတည်းမှ ပံ့ပိုးပေးနိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ် အလုပ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
“လူနာအနေနဲ့ ဘာမှ Follow Upလိုက်စရာမလိုဘူး။ ကျွန်တော်တို့ဘက်က အစအဆုံးအကုန်လုံး စပြီး စရိတ်တွက် ပေးလိုက်တဲ့ အတိုင်းပဲ။ ဟိုမှာ ဘယ်လိုမျိုး သီးသန့် ဆရာဝန်၊ ဆေးက အစ တစ်ခုခြင်းစီလိုက်ပြီးတော့ ဝန်ဆောင်မှု ရှိတယ်” ဟု မန်နေဂျင်းဒါရိုက်တာ Mr. Ravindra Jain က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လူနာများအနေဖြင့် အိန္ဒိယနိုင်ငံသို့ ကျန်းမာရေးဝန်ဆောင်မှုရယူရာတွင် ဘာသာစကားအဆင်ပြေရန် လည်း မြန်မာဘာသာပြန်ကိုလည်း ထားရှိပေးထားကာ စိတ်ဝင်စားသူများအနေဖြင့် 4R Consultancy Facebook Page , TikTok စသည့် တို့တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယႏွင့္ျမန္မာၾကား က်န္းမာေရးဝန္ေဆာင္မႈအဆင္ေျပေခ်ာေမြ႕ေစရန္ Manipal Hospital Myanmar Information Centre ကို ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးအႀကိမ္ဖြင့္လွစ္
ေစာ (NP News) - ဒီဇင္ဘာ ၁၃
အိႏၵိယႏွင့္ ျမန္မာႏိုင္ငံတို႔အၾကား က်န္းမာေရးဝန္ေဆာင္မႈ အဆင္ေျပေခ်ာေမြ႕ေစရန္ Manipal Hospital Myanmar Information Centreကို ျမန္မာႏိုင္ငံတြင္ ဖြင့္လွစ္ပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕၊ ပန္းပဲတန္းၿမိဳ႕နယ္၊ ေ႐ႊတိဂုံဘုရားလမ္းႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေထာင့္ရွိ Panpacific ဟိုတယ္တြင္ ဒီဇင္ဘာ ၁၂ ရက္က က်င္းပခဲ့သည္။
အဆိုပါအခမ္းအနားကို ျမန္မာႏိုင္ငံရွိ တရားဝင္ကိုယ္စားလွယ္ 4R Consultancy Company Limited မွ မန္ေနဂ်င္းဒါ႐ိုက္တာ Mr. Ravindra Jainက ဦးေဆာင္ျပဳလုပ္ျခင္းျဖစ္ကာ Manipal Hospitalမွ နာမည္ႀကီးဆရာဝန္မ်ားျဖစ္သည့္ Dr. Vikash Kapoor၊ Dr. Harsh Jain၊ Dr. Pradeepta Kumar Shetty၊ Mr. Subrata Gupta တို႔မွ သက္ဆိုင္ရာက်န္းမာေရး နယ္ပယ္မ်ားကို ေဆြးေႏြးေျပာၾကားခဲ့သည္။
“ဒီမွာ ပဲျပမယ္ဆိုရင္ ဆရာဝန္ႀကီးေတြ တစ္လတစ္ခါလာတဲ့အခ်ိန္ရွိမယ္။ လူနာတစ္ခ်ိဳ႕လူနာေတြက ဒီမွာပဲ ကုလို႔ ရတယ္ဆိုရင္ ဒီမွာပဲ ကုေပါ့။ မကုဘူး။ အိႏၵိယကိုသြားမယ္ဆိုရင္လည္း 4R Consultancy မွ သက္သာတဲ့ ဝန္ေဆာင္မႈေတြေပးတယ္” ဟု Manipal Hospitalမွ Dr. Vikash Kapoor က ေျပာသည္။
ယင္းအခ်က္အလက္စင္တာတည္ေထာင္ျခင္းသည္ အိႏၵိယ ႏွင့္ ျမန္မာႏိုင္ငံတို႔အၾကား က်န္းမာေရးဝန္ေဆာင္မႈ မဟာဗ်ဴဟာကို ထိန္းသိမ္းျမႇင့္တင္ရန္ အေရးပါေသာမွတ္တိုင္တစ္ရပ္အျဖစ္ လူနာမ်ားအတြက္ ေဆြးေႏြး တိုင္ပင္ျခင္း၊ ဒုတိယအျမင္ရယူျခင္း၊ ကုသမႈညႇိႏႈိင္းမႈမ်ားႏွင့္ ႏိုင္ငံတကာ လူနာဝန္ေဆာင္မႈမ်ားကို စနစ္တက် တစ္ေနရာတည္းမွ ပံ့ပိုးေပးႏိုင္မည့္ ပလက္ေဖာင္းတစ္ခုအျဖစ္ အလုပ္လုပ္မည္ျဖစ္ေၾကာင္း သိရသည္။
“လူနာအေနနဲ႔ ဘာမွ Follow Upလိုက္စရာမလိုဘူး။ ကြၽန္ေတာ္တို႔ဘက္က အစအဆုံးအကုန္လုံး စၿပီး စရိတ္တြက္ ေပးလိုက္တဲ့ အတိုင္းပဲ။ ဟိုမွာ ဘယ္လိုမ်ိဳး သီးသန႔္ ဆရာဝန္၊ ေဆးက အစ တစ္ခုျခင္းစီလိုက္ၿပီးေတာ့ ဝန္ေဆာင္မႈ ရွိတယ္” ဟု မန္ေနဂ်င္းဒါ႐ိုက္တာ Mr. Ravindra Jain က ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံမွ လူနာမ်ားအေနျဖင့္ အိႏၵိယႏိုင္ငံသို႔ က်န္းမာေရးဝန္ေဆာင္မႈရယူရာတြင္ ဘာသာစကားအဆင္ေျပရန္ လည္း ျမန္မာဘာသာျပန္ကိုလည္း ထားရွိေပးထားကာ စိတ္ဝင္စားသူမ်ားအေနျဖင့္ 4R Consultancy Facebook Page , TikTok စသည့္ တို႔တြင္ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.