ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်း စစ်ရေးအသိ၊ စစ်ရေးသတိ ရှိနေကြရန် တိုက်တွန်း

 170

Pearl (NP News) - ဒီဇင်ဘာ ၁၃

ရွေးကောက်ပွဲ ကာလအတွင်း ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်း စစ်ရေးအသိ၊ စစ်ရေးသတိ ရှိနေကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ( ဒီဇင်ဘာ ၁၂ ရက်) က ကျင်းပသော အမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ဆိုင်သည့်တွေ့ဆုံဆွေးနွေးမှုတိုင်းတွင်လည်း(NCA)နှင့်ပတ်သက်ပြီး အလေးအနက်ထားပြောကြားခဲ့သည်။ (NCA)စာချုပ်သည် နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက် ဖြစ်နေရန်ပင်ဖြစ်ကြောင်း ပြောသည်။
တပ်မတော်အနေဖြင့်လည်း တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ပြောသည်။
သို့သော်လည်း NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) အချို့သည် (NCA)ပါ ကတိကဝတ်များကို လိုက်နာမှုမရှိဘဲ သိသိသာသာချိုးဖောက်နေကြသည်ကို တွေ့ရှိရကြောင်းလည်း ပြောသည်။
ထို့အပြင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ရောက်ရှိလာခဲ့ခြင်းမရှိသည်ကိုလည်း တွေ့ရပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ပြောသည်။
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် အချိန်တန်ပြီဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် “ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဆိုသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ပေးခဲ့ခြင်းသည် အပြုသဘောဆောင်ကာ စိတ်ရှည်သည်းခံစွာ အခွင့်အရေးပေးသည့် တပ်မတော်၏ သဘောထားကြီးမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း ပြောသည်။
သို့သော်လည်း ဥပဒေနှင့်မညီသည့် လက်နက်ကိုင်အကြမ်းဖက်သမားများ၏ တောင်းဆိုမှုများအပေါ် လိုက်လျောဖြေလျှော့ ပေးသွားမည်မဟုတ်ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်ကာလအတွင်း၌လည်း ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် အမြဲတမ်း စစ်ရေးအသိ၊ စစ်ရေးသတိ ရှိနေကြရန်လိုသည်ကို တိုက်တွန်းမှာ ကြားလိုကြောင်း တိုက်တွန်းပြောကြားသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကာလအတြင္း ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းေရးအတြက္ အၿမဲတမ္း စစ္ေရးအသိ၊ စစ္ေရးသတိ ရွိေနၾကရန္ တိုက္တြန္း
Pearl (NP News) - ဒီဇင္ဘာ ၁၃
ေ႐ြးေကာက္ပြဲ ကာလအတြင္း ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းေရးအတြက္ အၿမဲတမ္း စစ္ေရးအသိ၊ စစ္ေရးသတိ ရွိေနၾကရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔ ( ဒီဇင္ဘာ ၁၂ ရက္) က က်င္းပေသာ အမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၂) သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပအခမ္းအနားတြင္ တိုက္တြန္းေျပာၾကားခဲ့သည္။

အဆိုပါအခမ္းအနားတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၿငိမ္းခ်မ္းေရးႏွင့္ဆိုင္သည့္ေတြ႕ဆုံေဆြးေႏြးမႈတိုင္းတြင္လည္း(NCA)ႏွင့္ပတ္သက္ၿပီး အေလးအနက္ထားေျပာၾကားခဲ့သည္။ (NCA)စာခ်ဳပ္သည္ ႏိုင္ငံအတြက္ အေရးတႀကီးလိုအပ္ေနသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ အေျခခံက်ၿပီး အဓိကလုပ္ေဆာင္ရမည့္အခ်က္ ျဖစ္ေနရန္ပင္ျဖစ္ေၾကာင္း ေျပာသည္။
တပ္မေတာ္အေနျဖင့္လည္း တစ္ဖက္သတ္အပစ္အခတ္ရပ္စဲေၾကာင္းကို အႀကိမ္ေပါင္းမ်ားစြာ ထုတ္ျပန္ေၾကညာခဲ့သကဲ့သို႔ ႏိုင္ငံေတာ္အစိုးရအေနျဖင့္လည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ျဖစ္သည့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ဖိတ္ေခၚမႈမ်ားကို အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ေၾကာင္း ေျပာသည္။
သို႔ေသာ္လည္း NCA တြင္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕(EAO) အခ်ိဳ႕သည္ (NCA)ပါ ကတိကဝတ္မ်ားကို လိုက္နာမႈမရွိဘဲ သိသိသာသာခ်ိဳးေဖာက္ေနၾကသည္ကို ေတြ႕ရွိရေၾကာင္းလည္း ေျပာသည္။
ထို႔အျပင္ အခ်ိဳ႕ေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားသည္ ျပင္ပမွေသြးထိုးမႈမ်ားေၾကာင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း ေပၚသို႔ေရာက္ရွိလာခဲ့ျခင္းမရွိသည္ကိုလည္း ေတြ႕ရၿပီး လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ပညာေရး၊ က်န္းမာေရးႏွင့္ စီးပြားေရးက႑မ်ားတြင္ အားနည္းခ်က္မ်ားျဖစ္ေပၚခဲ့ျခင္းေၾကာင့္ မိမိတို႔အေနျဖင့္ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိရန္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။
ႏိုင္ငံေတာ္ကို ဆန႔္က်င္တိုက္ခိုက္ေနသည့္အဖြဲ႕မ်ားအေနျဖင့္ လက္နက္ကိုင္အၾကမ္းဖက္တိုက္ခိုက္သည့္ လမ္းစဥ္ကိုစြန႔္လႊတ္ကာ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းၾကရန္ အခ်ိန္တန္ၿပီျဖစ္သျဖင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအေနျဖင့္ “ျပည္ေထာင္စုအက်ိဳးအတြက္ ထပ္မံဖိတ္ေခၚခ်က္” ဆိုသည့္ ထုတ္ျပန္ခ်က္ကို ထုတ္ျပန္ေပးခဲ့ျခင္းသည္ အျပဳသေဘာေဆာင္ကာ စိတ္ရွည္သည္းခံစြာ အခြင့္အေရးေပးသည့္ တပ္မေတာ္၏ သေဘာထားႀကီးမႈကို ေဖာ္ျပေနျခင္းပင္ျဖစ္ေၾကာင္း ေျပာသည္။
သို႔ေသာ္လည္း ဥပေဒႏွင့္မညီသည့္ လက္နက္ကိုင္အၾကမ္းဖက္သမားမ်ား၏ ေတာင္းဆိုမႈမ်ားအေပၚ လိုက္ေလ်ာေျဖေလွ်ာ့ ေပးသြားမည္မဟုတ္ျခင္းေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္မည့္ကာလအတြင္း၌လည္း ျပည္တြင္းတည္ၿငိမ္ ေအးခ်မ္းေရးအတြက္ အၿမဲတမ္း စစ္ေရးအသိ၊ စစ္ေရးသတိ ရွိေနၾကရန္လိုသည္ကို တိုက္တြန္းမွာ ၾကားလိုေၾကာင္း တိုက္တြန္းေျပာၾကားသည္။

Related news

© 2021. All rights reserved.