၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄)အတွက် ပွဲကြိုသုံးသပ်ချက်များ

 882

ရဲထက် (NP News) - ဒီဇင်ဘာ ၂

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ ပွဲစဉ်(၁၄)ကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှုတွေဟာ ပိုများလာပြီလို့ပြောလို့ရနေပြီး အသင်းကြီးတွေ ရဲ့ချန်ပီယံစိန်ခေါ်မှုတွေက တကယ် ကို စောင့်ကြည့်ချင်စရာကောင်းလာပြီဖြစ်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ကို အာဆင်နယ်အသင်း ကဦးဆောင်ထားပြီး ချဲလ်ဆီး နဲ့မန်စီးတီးတို့ကတော့ အနီးကပ် ဖိအားပေးထားတာကို တွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်ယူနဲ့ စပါးစ်အသင်းတို့ကတော့ ရလဒ်ပိုင်းတွေ ဆိုးရွားနေပြီး အမှတ်ပေးဇယားမှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် တိုက်ပွဲဝင် ရဖို့ရှိနေပါတယ်။ ဒါ့ပြင် ဒီရာသီမှာ စောင့်ကြည့်ချင်စရာကောင်းလာတဲ့အသင်းတွေကတော့ ခရစ္စတယ်ပဲ လေ့စ်၊ အက်စတွန်ဗီလာ၊ ဆန်းဒါးလန်းနဲ့ ဘုန်းမောက်စ်အသင်းတို့ဖြစ်ပြီး ဒီရာသီမှာ အသင်းငယ်လေး တွေက ဘယ်အသင်းက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာကို ရယူသွားနိုင်မလဲဆိုတာကို စောင့် ကြည့်ရဖို့ရှိနေပါတယ်။ ဒါ ကြောင့် NP News ကနေ ပရီမီးယား လိဂ်ပွဲစဉ် (၁၄)ရဲ့ အကောင်းဆုံးသော ပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးချင်ပါတယ်။

အာဆင်နယ် Vs ဘရန်းဖို့ဒ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၁ - ၁ ဘရန်းဖို့ဒ် (၁၂ - ၄-၂၀၂၅)
ဘရန်းဖို့ဒ် ၁ - ၃ အာဆင်နယ် (၂ - ၁ - ၂၀၂၅)
အာဆင်နယ် ၂ - ၁ ဘရန်းဖို့ဒ် (၁၀-၃-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ဝ ဘရန်းဖို့ဒ်
အာဆင်နယ် ၃ - ၁ ဘရန်းဖို့ဒ်

အာဆင်နယ်အသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်က ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ပုံစံအနေအထားတစ်ခုမှာရှိနေပြီး နိုင် ပွဲတွေလည်း ဆက်တိုက်ဆိုသလိုရယူနေတာကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်ပါတယ်။ ဒါ့ပြင် နောက်ဆုံး ကန်ခဲ့ တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိထားတဲ့အသင်းဖြစ်ပြီး သရေပွဲနှစ်ပွဲနဲ့ နိုင်ပွဲ (၇)ပွဲ အထိ ရှိထားတာဖြစ်ပြီး အတည်ငြိမ်ဆုံးခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားတဲ့အသင်းဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီဇင်ဘာလထဲရောက်ရင် ခြေချော်တတ်တဲ့ အာဆင်နယ်အသင်းရဲ့ထုံးစံတစ်ခုကို ဒီရာသီ မှာ ချေဖျက်ပြနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန်၊ အက်စတွန်ဗီ လာအသင်းတို့နဲ့ယှဉ်ပြိုင်မယ့်ပွဲစဉ်တွေက ချန်ပီယံဆုနဲ့ထိုက်တန်ရဲ့လားဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်တွေဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အားသာချက်တစ်ခုက ပြိုင်ဘက်အသင်းတွေကို ဖိအားပေး ကစားတာထက် ပွဲရဲ့အရှိန်ကို ထိန်းကစားသွားနိုင်ပြီး ကစားသမားတစ်ယောက်ချင်းစီရဲ့အရည်းအသွေး ကလည်း အမြင့်ဆုံးအနေအထားတစ်ခုမှာရှိနေပါတယ်။ အထူးသဖြင့် အယ်ဇေးလ်နဲ့ ဇူဗင်မန်ဒီတို့ကို ခေါ် ယူလိုက်နိုင်တာက အာဆင်နယ်အသင်းအတွက် အမြတ်ထွက်ခဲ့ပြီး ဒီကလန်ရိုက်နဲ့ပေါင်းစပ်လိုက်တဲ့ အ ခါမှာ တကယ်ကို ကောင်းမွန်တဲ့အတွဲအဖက်တစ်ခုဖြစ်လာတာကို တွေ့ရပါတယ်။ ခံစစ်ပိုင်းကတော့ ပရီး မီးယားလိဂ်မှာ အကောင်းဆုံးအသင်းလို့တောင်ဆိုနိုင်ပြီး ပေးဂိုးအနည်းဆုံးအသင်းအဖြစ်ရပ်တည်နေပါ တယ်။ ဒါကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့အပြင် ဘရန်းဖို့ဒ်အသင်းရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ ကစားသမားကောင်းတွေနဲ့ နည်းပြကောင်းထွက်ခွာသွားမှုတွေကြောင့် အာဆင်နယ် အသင်းအတွက် နိုင်ပွဲရဖို့ သေချာသလောက်ရှိနေတဲ့ပွဲစဉ်လို့ ပြောလို့ရ နေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်း အနည်းဆုံး (၂)ဂိုးပြတ်လောက်နဲ့နိုင်ပွဲရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ အပြန်အလှန်သွင်းဂိုး တွေကိုတော့ မြင်တွေ့ရဖို့မရှိပါဘူး။

လီဗာပူးလ် Vs ဆန်းဒါးလန်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဆန်းဒါးလန်း ၂ - ၂ လီဗာပူးလ်(၂ - ၁ -၂၀၁၇)
လီဗာပူးလ် ၂-ဝ ဆန်းဒါးလန်း(၂၆ - ၁၁ -၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ၂ ဆန်းဒါးလန်း
လီဗာပူးလ် ၂ - ၁ ဆန်းဒါးလန်း

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ ရာသီအစပိုင်းပွဲစဉ် (၅)ပွဲနိုင်ပြီးက တည်းက ကြားရက်မှာ အက်စတွန်ဗီလာတစ်သင်းတည်းကိုသာ အနိုင်ရရှိထားပြီး နိုင်ပွဲပျောက်ဆုံးမှုနဲ့ အတူ ရလဒ်ပိုင်းတွေဆက်တိုက်ဆိုးရွားနေခဲ့တာပဲဖြစ်ပါတယ်။ ကစားသမားခေါ်ယူမှုတွေနဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ခေါ်ယူခဲ့တဲ့ကစားသမားတွေရဲ့ ခြေ စွမ်းမပြနိုင်မှု၊ အသင်းမှာရှိနေတဲ့ ကစား သမားဟောင်းတွေရဲ့ အသက်အရွယ်ကြောင့် ခြေစွမ်းပိုင်းကျဆင်းလာမှုတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါ တယ်။ ပြောရရင် ဒါဟာ လီဗာပူးလ်အသင်းဟုတ်ရဲ့လားလို့တောင် မေးခွန်းထုတ်စရာတစ်ခုဖြစ်ခဲ့ပြီး အာ နဲစလော့လက်ထက်မှာ အဆိုးရွားဆုံးရာသီတစ်ခုကို ဖြတ်သန်းနေရပြီလို့ လည်းပြောလို့ရပါတယ်။ ချန်ပီ ယံဆုကို ကာကွယ်ဖို့ထက် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရယူနိုင်ဖို့ကိုတောင် စိုးရိမ်လာရ တဲ့အနေအထားမျိုး ဖြစ်သွားပါတယ်။ လီဗာပူးလ်အသင်းအတွက် ပိုဆိုးတဲ့အချက်က အန်ဖီးလ် ဖြစ်တဲ့ အိမ်ကွင်းမှာ ရှုံးပွဲတွေ ဆက်တိုက်ကြုံခဲ့ရတာဖြစ်ပြီး ဒီရလဒ်ပိုင်းတွေကြောင့်ပဲ ကစားသမားတွေနဲ့ နည်းပြကြားက ယုံကြည်မှုကလည်း တဖြည်းဖြည်းကျဆင်းလာပြီလို့ပြောလို့ရနေပါတယ်။ အဓိက လို အပ်ချက်ကတော့ ခံစစ်ပိုင်းက သွင်းဂိုးတွေဆက်တိုက်ပေးနေရတဲ့ပြဿနာဖြစ်ပြီး ဗန်ဒိုက်ရဲ့ ခြေစွမ်းပိုင်း ကျဆင်းလာမှုအပြင် ကိုနာတေးကလည်း ခြေစွမ်းပိုင်းမတည်ငြိမ်တာကြောင့် လီဗာပူးလ်အသင်းအတွက် စိုးရိမ်စရာဖြစ်ပါတယ်။ ဒါ့ပြင် ကွင်းလယ်ပိုင်းမှာ ဆော့ဖိုးဆလိုင်းကို နေရာစုံ ကစားခိုင်းမှုတွေက အာနဲ စ‌လော့အတွက် တစ်ဦးတစ်ယောက်အပေါ် အားကိုးလွန်းတဲ့အချက်ကို မြင်တွေ့ရမှာဖြစ်ပြီး ကစားသမား ကောင်းတွေရှိပေမယ့် အလုပ်မဖြစ်သေးတဲ့ လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာနိုင်ပွဲရဖို့ ရုန်းကန်ရဖို့ လည်းရှိနေပါတယ်။ ဒါ့ပြင် ဒီရလဒ်ပိုင်းတွေသာ ဆက်တိုက်ဆိုးရွားလာခဲ့ရင် နည်းပြအာနဲ စလော့ကို ထုတ်ပယ်ဖို့ အလားအလာများနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဆန်းဒါးလန်းအသင်းကတော့ ဒီရာသီမှာ တန်းတက်လာတဲ့အသင်းဆိုပေမယ့် နော်တင်ဖောရက်စ်၊ ခရစ္စတယ်ပဲလေ့စ်အသင်းတွေနဲ့ ခြေစွမ်းပိုင်း မှာ တန်းတူအနေအထားမျိုးရှိနေတာကြောင့် လီဗာပူးလ်အသင်းကို ဒုက္ခပေးလာနိုင်တဲ့အသင်းဖြစ်ပါ တယ်။ ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်ရင် ဒီနှစ်သင်းဟာ (၉)နှစ်ကျော်အကြာမှာ ပြန်လည်တွေ့ဆုံ ခဲ့တဲ့အသင်းတွေဖြစ်ပြီး ရမှတ်အနေအထားအရလည်း သိပ်မကွာတာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာ ဖို့ရှိနေပါတယ်။ ဒါကြောင့် ရလဒ်ပိုင်းကိုခန့်မှန်းရရင် လီဗာပူးလ်အသင်းက အိမ်ကွင်းဖြစ်တာကြောင့် အ နည်းငယ်အသားရဖို့ရှိနေကာ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်ပြီး နိုင်ပွဲအနေနဲ့ကတော့ လီ ဗာပူးလ်ဘက်ကနေချင်ပါတယ်။

လိဒ်ယူနိုက်တက် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၁ - ဝ လိဒ်ယူနိုက်တက် (၄ - ၃ -၂၀၂၃)
လိဒ်ယူနိုက်တက် ၃ - ဝ ချဲလ်ဆီး (၂၁- ၈ -၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လိဒ်ယူနိုက်တက် ဝ - ၂ ချဲလ်ဆီး
လိဒ်ယူနိုက်တက် ဝ - ၃ ချဲလ်ဆီး

ချဲလ်ဆီးအသင်းက လက်ရှိမှာ ခြေစွမ်းပိုင်းက အရမ်းကြီးလည်းမကောင်းသလို အရမ်းကြီး ဆိုးမ နေတဲ့ အလယ်အလတ်ခြေစွမ်းလောက်သာရှိနေတဲ့ အသင်းဖြစ်ပြီး လူငယ်ကစားသမားအများစုနဲ့ ပရီးမီး ယားလိဂ်ချန်ပီယံဆုကို ခြိမ်းခြောက်လာနိုင်တဲ့အသင်း ဖြစ်ပါတယ်။ အဓိကအားသာချက်ကတော့ ချဲလ် ဆီးအသင်းရဲ့လူငယ်ကစားသမားတွေက ပွဲချိန်ပြည့် အင်တိုက်အားတိုက်ကစားနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပြီး ပွဲစဉ်ပြီးဆုံးချိန်အထိ ပြေးလွှားနိုင်နေတဲ့ကစားသမား အများစုကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့ပြင် အရန်လူစာရင်းမှာလည်း ကစားသမားကောင်းတွေရှိတာကြောင့် ဘယ်အသင်းကိုမဆို ပွဲချိန်ပြည့်ဒုက္ခ ပေးနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းရဲ့နောက်တန်းဟာ အသင်းကြီးတွေနဲ့ ရင် ဆိုင်ရတိုင်းမှာ ပုံပျက်သွားတဲ့အနေအထားတစ်ခုကို မြင်တွေ့ရမှာဖြစ် သလို တိုက်စစ်ပိုင်းက လီယန် ဒီလပ်နဲ့ ဂျာအိုပတ်ထရိုတို့ ဂိုးပေါက်ပျောက်ဆုံးနေမှုတွေက ချဲလ်ဆီးအသင်းအတွက် ထိုးနှက်ချက် တစ် ခုဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ခြိမ်းခြောက်နိုင်ဖို့ဆိုရင် ကိုးလ်ပါး မားနဲ့ လပိုင်းကိုးဝဲလ်တို့ အသင်း မှာပြန်လည်ပါဝင်လာနိုင်မှသာ မျှော်မှန်းလို့ရနိုင်တဲ့အခြေအနေမှာရှိပြီး လက်ရှိမှာတော့ အဘက်ဘက်က လိုအပ်နေတဲ့အသင်းတစ်သင်းဖြစ်နေဆဲပဲလို့ ပြောလို့ရပါတယ်။ ပြော ရရင် ချဲလ်ဆီးအသင်းရဲ့ကစားပုံဟာ အားရစရာကောင်းတဲ့ ကစားကွက်အခင်းအကျင်း မဟုတ်သလို ချန်ပီယံဖြစ်လောက်တဲ့ခြေစွမ်းမျိုးမှာ လည်းရှိမနေတဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုးလ်ပါးမား မပါ ဝင်နိုင်တဲ့အနေအထားမှာ တောင်နိုင်ပွဲတွေ ဆက်တိုက်ရယူလာနိုင်မှုတွေကိုကြည့်ရင် ချဲလ်ဆီးအသင်း ဟာ ပွဲတစ်ပွဲကို ဘယ်လိုနိုင်အောင်ကန်ရမလဲဆိုတာကို ကောင်းကောင်းသိလာတဲ့ပုံစံမျိုးဖြစ်ပြီး ဒီပုံစံက ပဲ ပြိုင်ဘက်အသင်းတွေကို ဒုက္ခပေးလာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် တန်းဆင်းဇုန်ထဲ မှာရှိနေတဲ့ လိဒ်အသင်းကို အဝေးကွင်းဖြစ်ပေမယ့် အနည်းဆုံး (၂)ဂိုးပြတ်‌လောက်နဲ့ နိုင်ပွဲတစ်ပွဲရယူသွား နိုင်ပါတယ်။

ဖူဟမ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖူဟမ် ဝ - ၂ မန်စီးတီး (၂၅ - ၅ -၂၀၂၅)
မန်စီးတီး ၃ - ၂ ဖူဟမ် (၅- ၁၀ -၂၀၂၄)
ဖူဟမ် ဝ - ၄ မန်စီးတီး (၁၁ - ၅ -၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖူဟမ် ဝ - ၂ မန်စီးတီး
ဖူဟမ် ၁ - ၃ မန်စီးတီး

မန်စီးတီးအသင်းရဲ့ခြေစွမ်းက မနှစ်ကရာသီထက်စာရင် တိုးတက်လာတယ်လို့ ပြောလို့ရနေပေ မယ့်အရေးကြီးတဲ့ပွဲစဉ်တွေမှာ နိုင်ပွဲပျောက်ဆုံးမှုတွေနဲ့ ရှုံးပွဲတွေ့ကြုံမှုတွေက မန်စီးတီးအသင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ နည်းပြ ဂွာဒီယိုလာအနေနဲ့လည်း ပြီးခဲ့တဲ့ရာသီက အမှားတွေကို ပြန် လည်ချေဖျက်နိုင်ဖို့ကြိုးစားလာပေမယ့်လည်း လက်ရှိအချိန်အထိတော့ အာဆင်နယ်အသင်းရဲ့ ဦးဆောင် မှုကို ခံထားရပါတယ်။ ပြောရရင် မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းကို အသင်းရဲ့ တိုက်စစ်ကစားသမား ဟာလန်းက ထိန်းပေးထားတယ်လို့ပြောလို့ရပြီး ဟာလန်း ရဲ့သွင်းဂိုးတွေသာမပါခဲ့ ရင် မန်စီးတီးအသင်းရဲ့ လက်ရှိနိုင်ပွဲတွေနဲ့ ရလဒ်ပိုင်း တွေလည်း ရှိလာဖို့မလွယ်ကူတဲ့အခြေအနေမျိုးပါ။ ဒါဟာ တစ်ချိန်က တစ်သင်းလုံးစည်းလုံးမှုနဲ့ ဘောလုံးပိုင်ဆိုင်မှုကို အလေးပေးကစားတတ်တဲ့ မန်စီးတီး အသင်းနဲ့ ကွဲပြားလာတဲ့အချက်လို့ဆိုနိုင်ပြီး အသင်း ရဲ့လူစာရင်းကလည်း အပြောင်းအလဲတွေလုပ်ထား တာကြောင့် စောင့်ကြည့်ရဦးမယ့်အခြေအနေမျိုးမှာ ရှိနေပါတယ်။ နောက်တစ်ချက်က မန်စီးတီးအသင်း ဟာ ဒီရာသီအသင်းကြီးတွေနဲ့တွေ့ဆုံမှုတွေမှာ ရလဒ် မကောင်းတာကိုမြင်တွေ့ရမှာဖြစ်ပြီး အာဆင်နယ် အသင်းကို သရေကျထားသလို စပါးစ်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတွေကို ရှုံးနိမ့်ထားပါတယ်။ ဖူဟမ်အသင်းက ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ မန်စီးတီးအသင်းကသာ နိုင်ပွဲအများဆုံးရထားတာကြောင့် အိမ်ကွင်းဖြစ်ပေမယ့် မန်စီးတီးအသင်းကပဲ (၁)ဂိုး လောက်အကွာနဲ့နိုင်ပါမယ်။ ဂိုးမပြတ်ပါဘူး။

၃ - ၁၂ - ၂၀၂၅ (ဗုဒ္ဓနေ့နံနက်ပိုင်း)
နံနက်(၂းဝဝ) ဖူဟမ် Vs မန်စီးတီး
၄ - ၁၂ - ၂၀၂၅ (ကြသပတေးနံနက်ပိုင်း)
နံနက်(၂းဝဝ) အာဆင်နယ် Vs ဘရန်းဖိုဒ့်
နံနက်(၂း၄၅) လိဒ်ယူနိုက်တက် Vs ချဲလ်ဆီး
နံနက်(၂း၄၅) လီဗာပူးလ် Vs ဆန်းဒါးလန်း

Zawgyi Version:
၂၀၂၅-၂၀၂၆ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၄)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဒီဇင္ဘာ ၂
ဒီတစ္ပတ္ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကေတာ့ ပြဲစဥ္(၁၄)ကို ေရာက္ရွိလာၿပီ ျဖစ္တာေၾကာင့္ ၿပိဳင္ဆိုင္မႈေတြဟာ ပိုမ်ားလာၿပီလို႔ေျပာလို႔ရေနၿပီး အသင္းႀကီးေတြ ရဲ႕ခ်န္ပီယံစိန္ေခၚမႈေတြက တကယ္ ကို ေစာင့္ၾကည့္ခ်င္စရာေကာင္းလာၿပီျဖစ္ပါတယ္။ လက္ရွိမွာ ပရီးမီးယားလိဂ္ကို အာဆင္နယ္အသင္း ကဦးေဆာင္ထားၿပီး ခ်ဲလ္ဆီး နဲ႔မန္စီးတီးတို႔ကေတာ့ အနီးကပ္ ဖိအားေပးထားတာကို ေတြ႕ရပါတယ္။ ထူးျခားခ်က္အေနနဲ႔ကေတာ့ အသင္းႀကီးေတြျဖစ္တဲ့ လီဗာပူးလ္၊ မန္ယူနဲ႔ စပါးစ္အသင္းတို႔ကေတာ့ ရလဒ္ပိုင္းေတြ ဆိုး႐ြားေနၿပီး အမွတ္ေပးဇယားမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာအတြက္ တိုက္ပြဲဝင္ ရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ဒီရာသီမွာ ေစာင့္ၾကည့္ခ်င္စရာေကာင္းလာတဲ့အသင္းေတြကေတာ့ ခရစၥတယ္ပဲ ေလ့စ္၊ အက္စတြန္ဗီလာ၊ ဆန္းဒါးလန္းနဲ႔ ဘုန္းေမာက္စ္အသင္းတို႔ျဖစ္ၿပီး ဒီရာသီမွာ အသင္းငယ္ေလး ေတြက ဘယ္အသင္းက ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေနရာကို ရယူသြားႏိုင္မလဲဆိုတာကို ေစာင့္ ၾကည့္ရဖို႔ရွိေနပါတယ္။ ဒါ ေၾကာင့္ NP News ကေန ပရီမီးယား လိဂ္ပြဲစဥ္ (၁၄)ရဲ႕ အေကာင္းဆုံးေသာ ပြဲစဥ္ေတြကို ေ႐ြးခ်ယ္သုံးသပ္ေပးခ်င္ပါတယ္။

အာဆင္နယ္ Vs ဘရန္းဖို႔ဒ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၁ - ၁ ဘရန္းဖို႔ဒ္ (၁၂ - ၄-၂၀၂၅)
ဘရန္းဖို႔ဒ္ ၁ - ၃ အာဆင္နယ္ (၂ - ၁ - ၂၀၂၅)
အာဆင္နယ္ ၂ - ၁ ဘရန္းဖို႔ဒ္ (၁၀-၃-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ဝ ဘရန္းဖို႔ဒ္
အာဆင္နယ္ ၃ - ၁ ဘရန္းဖို႔ဒ္

အာဆင္နယ္အသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ရည္က ပရီးမီးယားလိဂ္ဖလားကိုရယူႏိုင္ဖို႔ အဆင္သင့္ ျဖစ္ေနတဲ့ ပုံစံအေနအထားတစ္ခုမွာရွိေနၿပီး ႏိုင္ ပြဲေတြလည္း ဆက္တိုက္ဆိုသလိုရယူေနတာေၾကာင့္ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံး အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ေနာက္ဆုံး ကန္ခဲ့ တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ (၉)ပြဲဆက္တိုက္ ရႈံးပြဲမရွိထားတဲ့အသင္းျဖစ္ၿပီး သေရပြဲႏွစ္ပြဲနဲ႔ ႏိုင္ပြဲ (၇)ပြဲ အထိ ရွိထားတာျဖစ္ၿပီး အတည္ၿငိမ္ဆုံးေျခစြမ္းနဲ႔ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသထားတဲ့အသင္းျဖစ္ပါ တယ္။ ဒါေပမဲ့ ဒီဇင္ဘာလထဲေရာက္ရင္ ေျခေခ်ာ္တတ္တဲ့ အာဆင္နယ္အသင္းရဲ႕ထုံးစံတစ္ခုကို ဒီရာသီ မွာ ေခ်ဖ်က္ျပႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနၿပီး ခရစၥတယ္ပဲေလ့စ္၊ ဘ႐ိုက္တန္၊ အက္စတြန္ဗီ လာအသင္းတို႔နဲ႔ယွဥ္ၿပိဳင္မယ့္ပြဲစဥ္ေတြက ခ်န္ပီယံဆုနဲ႔ထိုက္တန္ရဲ႕လားဆိုတာကို အဆုံးအျဖတ္ေပးမယ့္ ပြဲစဥ္ေတြျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ အားသာခ်က္တစ္ခုက ၿပိဳင္ဘက္အသင္းေတြကို ဖိအားေပး ကစားတာထက္ ပြဲရဲ႕အရွိန္ကို ထိန္းကစားသြားႏိုင္ၿပီး ကစားသမားတစ္ေယာက္ခ်င္းစီရဲ႕အရည္းအေသြး ကလည္း အျမင့္ဆုံးအေနအထားတစ္ခုမွာရွိေနပါတယ္။ အထူးသျဖင့္ အယ္ေဇးလ္နဲ႔ ဇူဗင္မန္ဒီတို႔ကို ေခၚ ယူလိုက္ႏိုင္တာက အာဆင္နယ္အသင္းအတြက္ အျမတ္ထြက္ခဲ့ၿပီး ဒီကလန္႐ိုက္နဲ႔ေပါင္းစပ္လိုက္တဲ့ အ ခါမွာ တကယ္ကို ေကာင္းမြန္တဲ့အတြဲအဖက္တစ္ခုျဖစ္လာတာကို ေတြ႕ရပါတယ္။ ခံစစ္ပိုင္းကေတာ့ ပရီး မီးယားလိဂ္မွာ အေကာင္းဆုံးအသင္းလို႔ေတာင္ဆိုႏိုင္ၿပီး ေပးဂိုးအနည္းဆုံးအသင္းအျဖစ္ရပ္တည္ေနပါ တယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္းရဲ႕အိမ္ကြင္းျဖစ္တဲ့အျပင္ ဘရန္းဖို႔ဒ္အသင္းရဲ႕ လက္ရွိ ႀကဳံေတြ႕ေနရတဲ့ ကစားသမားေကာင္းေတြနဲ႔ နည္းျပေကာင္းထြက္ခြာသြားမႈေတြေၾကာင့္ အာဆင္နယ္ အသင္းအတြက္ ႏိုင္ပြဲရဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ပြဲစဥ္လို႔ ေျပာလို႔ရ ေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္း အနည္းဆုံး (၂)ဂိုးျပတ္ေလာက္နဲ႔ႏိုင္ပြဲရမယ့္ ပြဲစဥ္ျဖစ္ပါတယ္။ အျပန္အလွန္သြင္းဂိုး ေတြကိုေတာ့ ျမင္ေတြ႕ရဖို႔မရွိပါဘူး။

လီဗာပူးလ္ Vs ဆန္းဒါးလန္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဆန္းဒါးလန္း ၂ - ၂ လီဗာပူးလ္(၂ - ၁ -၂၀၁၇)
လီဗာပူးလ္ ၂-ဝ ဆန္းဒါးလန္း(၂၆ - ၁၁ -၂၀၁၆)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ၂ ဆန္းဒါးလန္း
လီဗာပူးလ္ ၂ - ၁ ဆန္းဒါးလန္း

ပရီးမီးယားလိဂ္ရဲ႕ လက္ရွိခ်န္ပီယံ လီဗာပူးလ္အသင္းဟာ ရာသီအစပိုင္းပြဲစဥ္ (၅)ပြဲႏိုင္ၿပီးက တည္းက ၾကားရက္မွာ အက္စတြန္ဗီလာတစ္သင္းတည္းကိုသာ အႏိုင္ရရွိထားၿပီး ႏိုင္ပြဲေပ်ာက္ဆုံးမႈနဲ႔ အတူ ရလဒ္ပိုင္းေတြဆက္တိုက္ဆိုး႐ြားေနခဲ့တာပဲျဖစ္ပါတယ္။ ကစားသမားေခၚယူမႈေတြနဲ႔ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ေခၚယူခဲ့တဲ့ကစားသမားေတြရဲ႕ ေျခ စြမ္းမျပႏိုင္မႈ၊ အသင္းမွာရွိေနတဲ့ ကစား သမားေဟာင္းေတြရဲ႕ အသက္အ႐ြယ္ေၾကာင့္ ေျခစြမ္းပိုင္းက်ဆင္းလာမႈေတြကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါ တယ္။ ေျပာရရင္ ဒါဟာ လီဗာပူးလ္အသင္းဟုတ္ရဲ႕လားလို႔ေတာင္ ေမးခြန္းထုတ္စရာတစ္ခုျဖစ္ခဲ့ၿပီး အာ နဲစေလာ့လက္ထက္မွာ အဆိုး႐ြားဆုံးရာသီတစ္ခုကို ျဖတ္သန္းေနရၿပီလို႔ လည္းေျပာလို႔ရပါတယ္။ ခ်န္ပီ ယံဆုကို ကာကြယ္ဖို႔ထက္ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို ရယူႏိုင္ဖို႔ကိုေတာင္ စိုးရိမ္လာရ တဲ့အေနအထားမ်ိဳး ျဖစ္သြားပါတယ္။ လီဗာပူးလ္အသင္းအတြက္ ပိုဆိုးတဲ့အခ်က္က အန္ဖီးလ္ ျဖစ္တဲ့ အိမ္ကြင္းမွာ ရႈံးပြဲေတြ ဆက္တိုက္ႀကဳံခဲ့ရတာျဖစ္ၿပီး ဒီရလဒ္ပိုင္းေတြေၾကာင့္ပဲ ကစားသမားေတြနဲ႔ နည္းျပၾကားက ယုံၾကည္မႈကလည္း တျဖည္းျဖည္းက်ဆင္းလာၿပီလို႔ေျပာလို႔ရေနပါတယ္။ အဓိက လို အပ္ခ်က္ကေတာ့ ခံစစ္ပိုင္းက သြင္းဂိုးေတြဆက္တိုက္ေပးေနရတဲ့ျပႆနာျဖစ္ၿပီး ဗန္ဒိုက္ရဲ႕ ေျခစြမ္းပိုင္း က်ဆင္းလာမႈအျပင္ ကိုနာေတးကလည္း ေျခစြမ္းပိုင္းမတည္ၿငိမ္တာေၾကာင့္ လီဗာပူးလ္အသင္းအတြက္ စိုးရိမ္စရာျဖစ္ပါတယ္။ ဒါ့ျပင္ ကြင္းလယ္ပိုင္းမွာ ေဆာ့ဖိုးဆလိုင္းကို ေနရာစုံ ကစားခိုင္းမႈေတြက အာနဲ စ‌ေလာ့အတြက္ တစ္ဦးတစ္ေယာက္အေပၚ အားကိုးလြန္းတဲ့အခ်က္ကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ကစားသမား ေကာင္းေတြရွိေပမယ့္ အလုပ္မျဖစ္ေသးတဲ့ လီဗာပူးလ္အသင္းအတြက္ ဒီရာသီမွာႏိုင္ပြဲရဖို႔ ႐ုန္းကန္ရဖို႔ လည္းရွိေနပါတယ္။ ဒါ့ျပင္ ဒီရလဒ္ပိုင္းေတြသာ ဆက္တိုက္ဆိုး႐ြားလာခဲ့ရင္ နည္းျပအာနဲ စေလာ့ကို ထုတ္ပယ္ဖို႔ အလားအလာမ်ားႏိုင္တဲ့အထိ ျဖစ္လာႏိုင္ပါတယ္။ ဆန္းဒါးလန္းအသင္းကေတာ့ ဒီရာသီမွာ တန္းတက္လာတဲ့အသင္းဆိုေပမယ့္ ေနာ္တင္ေဖာရက္စ္၊ ခရစၥတယ္ပဲေလ့စ္အသင္းေတြနဲ႔ ေျခစြမ္းပိုင္း မွာ တန္းတူအေနအထားမ်ိဳးရွိေနတာေၾကာင့္ လီဗာပူးလ္အသင္းကို ဒုကၡေပးလာႏိုင္တဲ့အသင္းျဖစ္ပါ တယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရျပန္ၾကည့္ရင္ ဒီႏွစ္သင္းဟာ (၉)ႏွစ္ေက်ာ္အၾကာမွာ ျပန္လည္ေတြ႕ဆုံ ခဲ့တဲ့အသင္းေတြျဖစ္ၿပီး ရမွတ္အေနအထားအရလည္း သိပ္မကြာတာေၾကာင့္ ၿပိဳင္ဆိုင္မႈျပင္းထန္လာ ဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ရလဒ္ပိုင္းကိုခန႔္မွန္းရရင္ လီဗာပူးလ္အသင္းက အိမ္ကြင္းျဖစ္တာေၾကာင့္ အ နည္းငယ္အသားရဖို႔ရွိေနကာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္ၿပီး ႏိုင္ပြဲအေနနဲ႔ကေတာ့ လီ ဗာပူးလ္ဘက္ကေနခ်င္ပါတယ္။

လိဒ္ယူႏိုက္တက္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၁ - ဝ လိဒ္ယူႏိုက္တက္ (၄ - ၃ -၂၀၂၃)
လိဒ္ယူႏိုက္တက္ ၃ - ဝ ခ်ဲလ္ဆီး (၂၁- ၈ -၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လိဒ္ယူႏိုက္တက္ ဝ - ၂ ခ်ဲလ္ဆီး
လိဒ္ယူႏိုက္တက္ ဝ - ၃ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းက လက္ရွိမွာ ေျခစြမ္းပိုင္းက အရမ္းႀကီးလည္းမေကာင္းသလို အရမ္းႀကီး ဆိုးမ ေနတဲ့ အလယ္အလတ္ေျခစြမ္းေလာက္သာရွိေနတဲ့ အသင္းျဖစ္ၿပီး လူငယ္ကစားသမားအမ်ားစုနဲ႔ ပရီးမီး ယားလိဂ္ခ်န္ပီယံဆုကို ၿခိမ္းေျခာက္လာႏိုင္တဲ့အသင္း ျဖစ္ပါတယ္။ အဓိကအားသာခ်က္ကေတာ့ ခ်ဲလ္ ဆီးအသင္းရဲ႕လူငယ္ကစားသမားေတြက ပြဲခ်ိန္ျပည့္ အင္တိုက္အားတိုက္ကစားႏိုင္တာကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ပြဲစဥ္ၿပီးဆုံးခ်ိန္အထိ ေျပးလႊားႏိုင္ေနတဲ့ကစားသမား အမ်ားစုကို ပိုင္ဆိုင္ထားပါတယ္။ ဒါ့ျပင္ အရန္လူစာရင္းမွာလည္း ကစားသမားေကာင္းေတြရွိတာေၾကာင့္ ဘယ္အသင္းကိုမဆို ပြဲခ်ိန္ျပည့္ဒုကၡ ေပးႏိုင္တဲ့အသင္းလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ေနာက္တန္းဟာ အသင္းႀကီးေတြနဲ႔ ရင္ ဆိုင္ရတိုင္းမွာ ပုံပ်က္သြားတဲ့အေနအထားတစ္ခုကို ျမင္ေတြ႕ရမွာျဖစ္ သလို တိုက္စစ္ပိုင္းက လီယန္ ဒီလပ္နဲ႔ ဂ်ာအိုပတ္ထ႐ိုတို႔ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈေတြက ခ်ဲလ္ဆီးအသင္းအတြက္ ထိုးႏွက္ခ်က္ တစ္ ခုျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဆုဖလားကို ၿခိမ္းေျခာက္ႏိုင္ဖို႔ဆိုရင္ ကိုးလ္ပါး မားနဲ႔ လပိုင္းကိုးဝဲလ္တို႔ အသင္း မွာျပန္လည္ပါဝင္လာႏိုင္မွသာ ေမွ်ာ္မွန္းလို႔ရႏိုင္တဲ့အေျခအေနမွာရွိၿပီး လက္ရွိမွာေတာ့ အဘက္ဘက္က လိုအပ္ေနတဲ့အသင္းတစ္သင္းျဖစ္ေနဆဲပဲလို႔ ေျပာလို႔ရပါတယ္။ ေျပာ ရရင္ ခ်ဲလ္ဆီးအသင္းရဲ႕ကစားပုံဟာ အားရစရာေကာင္းတဲ့ ကစားကြက္အခင္းအက်င္း မဟုတ္သလို ခ်န္ပီယံျဖစ္ေလာက္တဲ့ေျခစြမ္းမ်ိဳးမွာ လည္းရွိမေနတဲ့အသင္း ျဖစ္ပါတယ္။ ဒါေပမဲ့ ကိုးလ္ပါးမား မပါ ဝင္ႏိုင္တဲ့အေနအထားမွာ ေတာင္ႏိုင္ပြဲေတြ ဆက္တိုက္ရယူလာႏိုင္မႈေတြကိုၾကည့္ရင္ ခ်ဲလ္ဆီးအသင္း ဟာ ပြဲတစ္ပြဲကို ဘယ္လိုႏိုင္ေအာင္ကန္ရမလဲဆိုတာကို ေကာင္းေကာင္းသိလာတဲ့ပုံစံမ်ိဳးျဖစ္ၿပီး ဒီပုံစံက ပဲ ၿပိဳင္ဘက္အသင္းေတြကို ဒုကၡေပးလာႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။ ဒါေၾကာင့္ တန္းဆင္းဇုန္ထဲ မွာရွိေနတဲ့ လိဒ္အသင္းကို အေဝးကြင္းျဖစ္ေပမယ့္ အနည္းဆုံး (၂)ဂိုးျပတ္‌ေလာက္နဲ႔ ႏိုင္ပြဲတစ္ပြဲရယူသြား ႏိုင္ပါတယ္။

ဖူဟမ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဖူဟမ္ ဝ - ၂ မန္စီးတီး (၂၅ - ၅ -၂၀၂၅)
မန္စီးတီး ၃ - ၂ ဖူဟမ္ (၅- ၁၀ -၂၀၂၄)
ဖူဟမ္ ဝ - ၄ မန္စီးတီး (၁၁ - ၅ -၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဖူဟမ္ ဝ - ၂ မန္စီးတီး
ဖူဟမ္ ၁ - ၃ မန္စီးတီး

မန္စီးတီးအသင္းရဲ႕ေျခစြမ္းက မႏွစ္ကရာသီထက္စာရင္ တိုးတက္လာတယ္လို႔ ေျပာလို႔ရေနေပ မယ့္အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ ႏိုင္ပြဲေပ်ာက္ဆုံးမႈေတြနဲ႔ ရႈံးပြဲေတြ႕ႀကဳံမႈေတြက မန္စီးတီးအသင္းအတြက္ စိန္ေခၚမႈတစ္ခုျဖစ္လာႏိုင္ပါတယ္။ နည္းျပ ဂြာဒီယိုလာအေနနဲ႔လည္း ၿပီးခဲ့တဲ့ရာသီက အမွားေတြကို ျပန္ လည္ေခ်ဖ်က္ႏိုင္ဖို႔ႀကိဳးစားလာေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ အာဆင္နယ္အသင္းရဲ႕ ဦးေဆာင္ မႈကို ခံထားရပါတယ္။ ေျပာရရင္ မန္စီးတီးအသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံလမ္းေၾကာင္းကို အသင္းရဲ႕ တိုက္စစ္ကစားသမား ဟာလန္းက ထိန္းေပးထားတယ္လို႔ေျပာလို႔ရၿပီး ဟာလန္း ရဲ႕သြင္းဂိုးေတြသာမပါခဲ့ ရင္ မန္စီးတီးအသင္းရဲ႕ လက္ရွိႏိုင္ပြဲေတြနဲ႔ ရလဒ္ပိုင္း ေတြလည္း ရွိလာဖို႔မလြယ္ကူတဲ့အေျခအေနမ်ိဳးပါ။ ဒါဟာ တစ္ခ်ိန္က တစ္သင္းလုံးစည္းလုံးမႈနဲ႔ ေဘာလုံးပိုင္ဆိုင္မႈကို အေလးေပးကစားတတ္တဲ့ မန္စီးတီး အသင္းနဲ႔ ကြဲျပားလာတဲ့အခ်က္လို႔ဆိုႏိုင္ၿပီး အသင္း ရဲ႕လူစာရင္းကလည္း အေျပာင္းအလဲေတြလုပ္ထား တာေၾကာင့္ ေစာင့္ၾကည့္ရဦးမယ့္အေျခအေနမ်ိဳးမွာ ရွိေနပါတယ္။ ေနာက္တစ္ခ်က္က မန္စီးတီးအသင္း ဟာ ဒီရာသီအသင္းႀကီးေတြနဲ႔ေတြ႕ဆုံမႈေတြမွာ ရလဒ္ မေကာင္းတာကိုျမင္ေတြ႕ရမွာျဖစ္ၿပီး အာဆင္နယ္ အသင္းကို သေရက်ထားသလို စပါးစ္အသင္းနဲ႔ အက္စတြန္ဗီလာအသင္းေတြကို ရႈံးနိမ့္ထားပါတယ္။ ဖူဟမ္အသင္းက ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာ မန္စီးတီးအသင္းကသာ ႏိုင္ပြဲအမ်ားဆုံးရထားတာေၾကာင့္ အိမ္ကြင္းျဖစ္ေပမယ့္ မန္စီးတီးအသင္းကပဲ (၁)ဂိုး ေလာက္အကြာနဲ႔ႏိုင္ပါမယ္။ ဂိုးမျပတ္ပါဘူး။

၃ - ၁၂ - ၂၀၂၅ (ဗုဒၶေန႔နံနက္ပိုင္း)
နံနက္(၂းဝဝ) ဖူဟမ္ Vs မန္စီးတီး
၄ - ၁၂ - ၂၀၂၅ (ၾကသပေတးနံနက္ပိုင္း)
နံနက္(၂းဝဝ) အာဆင္နယ္ Vs ဘရန္းဖိုဒ့္
နံနက္(၂း၄၅) လိဒ္ယူႏိုက္တက္ Vs ခ်ဲလ္ဆီး
နံနက္(၂း၄၅) လီဗာပူးလ္ Vs ဆန္းဒါးလန္း

Related news

© 2021. All rights reserved.