သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲ

978

Pearl (NP News) - ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ( ဒီဇင်ဘာ ၁၄ရက်) ၊ (၁၁) နာရီခန့်က သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းမြို့၏ တောင်ဘက်မီတာ (၇ဝဝဝ) ခန့်အကွာရှိ ဇရပ်ကွင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါ ဇရပ်ကွင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အဖွဲ့က လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF အဖွဲ့ဝင်များသည် ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် ဇရပ်ကွင်းကျေးရွာအနီး မန္တလေး-မတ္တရာ-သပိတ်ကျင်းသွား ကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် တံတားအရှည် (၈ဝ) ပေ၊ အကျယ် (၁၅) ပေရှိ သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားအောက်ခြေတိုင်များ ပြိုကျပျက်စီးခဲ့ပြီး ပျက်စီးမှုကြောင့် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျက်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
သပိတ္က်င္းၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က သံကူကြန္ကရစ္တံတားအား မိုင္းေထာင္ေဖာက္ခြဲ
Pearl (NP News) - ဒီဇင္ဘာ ၁၅
မႏၲေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က သံကူကြန္ကရစ္တံတားအား မိုင္းေထာင္ေဖာက္ခြဲသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ( ဒီဇင္ဘာ ၁၄ရက္) ၊ (၁၁) နာရီခန႔္က သပိတ္က်င္းၿမိဳ႕နယ္၊ သပိတ္က်င္းၿမိဳ႕၏ ေတာင္ဘက္မီတာ (၇ဝဝဝ) ခန႔္အကြာရွိ ဇရပ္ကြင္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
သပိတ္က်င္းၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ အဆိုပါ ဇရပ္ကြင္းေက်း႐ြာအနီးသို႔ ေရာက္ရွိစဥ္ PDF အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ PDF အဖြဲ႕ဝင္မ်ားသည္ ေက်း႐ြာ၏ ေတာင္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
၎တို႔ဆုတ္ခြာထြက္ေျပးစဥ္ ဇရပ္ကြင္းေက်း႐ြာအနီး မႏၲေလး-မတၱရာ-သပိတ္က်င္းသြား ကားလမ္းေပၚရွိ ဇရပ္ကြင္းေက်း႐ြာႏွင့္ လိပ္ၾကေက်း႐ြာတို႔အား ဆက္သြယ္ထားသည့္ တံတားအရွည္ (၈ဝ) ေပ၊ အက်ယ္ (၁၅) ေပရွိ သံကူကြန္ကရစ္တံတားအား မိုင္းေထာင္ေဖာက္ခြဲခဲ့ရာ တံတားေအာက္ေျခတိုင္မ်ား ၿပိဳက်ပ်က္စီးခဲ့ၿပီး ပ်က္စီးမႈေၾကာင့္ လူႏွင့္ယာဥ္မ်ား ျဖတ္သန္းသြားလာ၍မရေၾကာင္း သိရသည္။
လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ အၾကမ္းဖက္ေခ်မႈန္းေရးစစ္ဆင္ေရး (Counter-Terrorism Operation) ကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး ပ်က္ဆီးခဲ့သည့္တံတားအား ပုံမွန္အတိုင္း ျပန္လည္အသုံးျပဳႏိုင္ေရး သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္အတူ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။