မိုးကုတ်မြို့တွင် တပ်မတော်က နေရာဝင်ယူထားရာ သုံးပုံ နှစ်ပုံကျော်ကို ထိန်းချုပ်ထားနိုင်ပြီ

 4213

သုတကျော် (NP News)- ဒီဇင်ဘာ ၁၅
မိုးကုတ်မြို့တွင် တပ်မတော်က နေရာဝင်ယူထားရာ သုံးပုံနှစ်ပုံကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ် ကြောင်း အဆိုပါမြို့အကြောင်းနှင့်ပတ်သက်၍ သိရှိသူ လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့၌ကျင်းပခဲ့သည့် ဆွေးနွေးပွဲ တွင် TNLA က မိုးကုတ် နှင့် မိုးမိတ်မြို့တို့ကို အစိုးရထံ ပြန်လည်ပေးအပ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ သို့သော် NUG က TNLA ၏ ယင်းသဘောတူညီချက်ကို လက်မခံဘဲ PDF များကို စုစည်းကာ ယင်းမြို့နှစ် မြို့ကို ပြန်လည်တိုက်ခိုက်မည်ဟုဆိုထားပြီး မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖော်ဆောင်ခြင်းများ ရှိနေ သည်။
“အခု လေ့ကျင့်ရေးတပ်တောင်ရောက်လို့ စနေပြီ။ ဒီလိုဗျ။ မိုးကုတ် အထွက်၊ အဝင်ကို ဟိုကောင် တွေ ဘာမှမလုပ်နိုင်ဘူး။ ကြိုကြား ကြိုကြားတော့ ရှိတုန်းပေါ့။ သတိဝီရိယနဲ့ လုပ်နေရတဲ့ အနေ အထား တော့ ရှိတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် မိုးကုတ်မြို့၏ မည်မျှ ရာခိုင်နှုန်းကို တပ်မတော်က ထိန်းချုပ်ထားနိုင်ပြီနည်းဟု မေးမြန်းရာ “အပြည့်အဝနီးပါးတော့ မရသေးပါဘူး။ (၆၀၊ ၇၀) ရာခိုင်နှုန်း တော့ ထိန်းထားနိုင်ပါပြီ”ဟု ပြန်လည်ဖြေကြားသည်။
TNLA အနေဖြင့် မိုးကုတ်ကိုပြန်ကာ ပေးထားသည့်အနေအထားမျိုးဖြစ်ကာ မိုးကုတ်မြို့ကို ပြန် သိမ်းမည်ဆိုသော PDF များဘက်တွင် လက်နက်ပင်မစုံလင်သည်ကို တွေ့ရကြောင်းလည်း ၎င်းက ပြော သည်။
“သေချာတာတစ်ခုက Confirm ပြောလိုက်မယ်။ PDF တွေ အယောက်တိုင်းမှာ လက်နက် အပြည့်မရှိဘူး။ ဘာမှမရှိဘူး။ ကျည်လည်းအပြည့် မရှိဘူး”ဟု ၎င်းက ဆိုသည်။

Zawgyi Version:
မိုးကုတ္ၿမိဳ႕တြင္ တပ္မေတာ္က ေနရာဝင္ယူထားရာ သုံးပုံ ႏွစ္ပုံေက်ာ္ကို ထိန္းခ်ဳပ္ထားႏိုင္ၿပီ
သုတေက်ာ္ (NP News)- ဒီဇင္ဘာ ၁၅
မိုးကုတ္ၿမိဳ႕တြင္ တပ္မေတာ္က ေနရာဝင္ယူထားရာ သုံးပုံႏွစ္ပုံေက်ာ္ကို ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ ေၾကာင္း အဆိုပါၿမိဳ႕အေၾကာင္းႏွင့္ပတ္သက္၍ သိရွိသူ လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္းက တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၌က်င္းပခဲ့သည့္ ေဆြးေႏြးပြဲ တြင္ TNLA က မိုးကုတ္ ႏွင့္ မိုးမိတ္ၿမိဳ႕တို႔ကို အစိုးရထံ ျပန္လည္ေပးအပ္ရန္ သေဘာတူခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ NUG က TNLA ၏ ယင္းသေဘာတူညီခ်က္ကို လက္မခံဘဲ PDF မ်ားကို စုစည္းကာ ယင္းၿမိဳ႕ႏွစ္ ၿမိဳ႕ကို ျပန္လည္တိုက္ခိုက္မည္ဟုဆိုထားၿပီး မိုးကုတ္ၿမိဳ႕နယ္တြင္ တိုက္ပြဲေဖာ္ေဆာင္ျခင္းမ်ား ရွိေန သည္။
“အခု ေလ့က်င့္ေရးတပ္ေတာင္ေရာက္လို႔ စေနၿပီ။ ဒီလိုဗ်။ မိုးကုတ္ အထြက္၊ အဝင္ကို ဟိုေကာင္ ေတြ ဘာမွမလုပ္ႏိုင္ဘူး။ ႀကိဳၾကား ႀကိဳၾကားေတာ့ ရွိတုန္းေပါ့။ သတိဝီရိယနဲ႔ လုပ္ေနရတဲ့ အေန အထား ေတာ့ ရွိတယ္”ဟု ၎က ဆိုသည္။ လက္ရွိတြင္ မိုးကုတ္ၿမိဳ႕၏ မည္မွ် ရာခိုင္ႏႈန္းကို တပ္မေတာ္က ထိန္းခ်ဳပ္ထားႏိုင္ၿပီနည္းဟု ေမးျမန္းရာ “အျပည့္အဝနီးပါးေတာ့ မရေသးပါဘူး။ (၆၀၊ ၇၀) ရာခိုင္ႏႈန္း ေတာ့ ထိန္းထားႏိုင္ပါၿပီ”ဟု ျပန္လည္ေျဖၾကားသည္။
TNLA အေနျဖင့္ မိုးကုတ္ကိုျပန္ကာ ေပးထားသည့္အေနအထားမ်ိဳးျဖစ္ကာ မိုးကုတ္ၿမိဳ႕ကို ျပန္ သိမ္းမည္ဆိုေသာ PDF မ်ားဘက္တြင္ လက္နက္ပင္မစုံလင္သည္ကို ေတြ႕ရေၾကာင္းလည္း ၎က ေျပာ သည္။
“ေသခ်ာတာတစ္ခုက Confirm ေျပာလိုက္မယ္။ PDF ေတြ အေယာက္တိုင္းမွာ လက္နက္ အျပည့္မရွိဘူး။ ဘာမွမရွိဘူး။ က်ည္လည္းအျပည့္ မရွိဘူး”ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.