ရခိုင်မှာ လက်ရှိ ဘာတွေဖြစ်နေလဲ၊ ဘာဆက်ဖြစ်နိုင်လဲ (သီးသန့်အင်တာဗျူး)

363

သုတကျော် (NP News) - နိုဝင်ဘာလ ၁၄
ရခိုင်ပြည်နယ်တွင် AA က တိုက်ပွဲ စတင်ဖော်ဆောင်ပြီးနော်က ပထမဆုံး ဒုက္ခရောက်ရ သူများသည်ကား မြေစာပင် ဖြစ်ရရှာသော ပြည်သူများပင် ဖြစ်သည်။ ယင်းနောက် AA တို့က နယ်မြေ ထိန်းချုပ်မှုများပြုလုပ်ခဲ့ရာ ၎င်းတို့နယ်မြေအတွင်း ပါဝင်သူများမှာ အသေခက်၊ အနေခက် ဘဝကို ကြုံကြရပြန်သည်။ လက်ရှိတွင် AA က အရပ်ဖက်အုပ်ချုပ်ရေးဆန်ဆန် အသွင်သဏ္ဍာန် ဖော်ဆောင် နေ၏။ သို့သော် အောင်မြင်ခြင်းရှိ၊ မရှိမှာမူ မြေပြင်က ပြည်သူများ အသေခက်၊ အနေခက်၊ ကျပ်တည်း နေသည်က သက်သေပြနေ၏။ အဆိုပါ အခြေအနေများ နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား၊ ရခိုင့်အရေး ကျွမ်းကျင်သူတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံးမေးချင်တာက AA ရဲ့ ရခိုင်မှာဖော် ဆောင်နေတဲ့အုပ်ချုပ်ရေးယန္တရားက အောင်မြင်သ လားပေါ့လေ။
ဖြေ - ကျွန်တော်တို့အုပ်ချုပ်ရေး အောင်မြင်တယ်ဆို တာက အစ်ကိုရော ကျွန်တော်ရော သိနေတာပဲ။ ပညာရေး၊ ကျန်းမာရေး စတဲ့ ဒီအခြေခံအုပ်ချုပ်ရေး ယန္တရားလည်ပတ်ရမှာပေါ့။ နောက်ဘဏ်ပေါ့။ စီးပွား ရေးလုပ်ငန်းတွေအတွက်လေ။ ဒီဟာအားလုံးကိုလည် ပတ်လို့မရသေးဘူး။ အနီးစပ်ဆုံးပြန်ကြည့်ရင် ဒီပုဂ္ဂ လိကဘဏ်တွေပြန်သွားပြီးလုပ်သလား။ အစိုးရဝန် ထမ်းတွေဟာ လုံခြုံစိတ်ချရမှုရှိတဲ့နေရာဆိုပြီး ပြန် လည်သွားရောက်တာဝန်ထမ်းဆောင်သလားပေါ့ နော်။ နောက် နေရပ်ပြန်သူ ဘယ်လောက်ရှိသလဲပေါ့။ အခုဆို ကျွန်တော်တို့ကြားရတဲ့သတင်းတွေ အများ ကြီးရှိတယ်။ တချို့တလေ ရပ်ကျေးနယ်မြေတွေမှာ ခိုးမှု၊ ရိုက်မှု တစ်ခါတလေ လူသတ်မှုဖြစ်ရင်တောင်မှ ဘယ်သူ့ကိုသွားတိုင်ရမှန်းမသိဘူးပေါ့နော်။ အဲဒီလို အနေအထားရှိတယ်။ နောက်တစ်ချက်က အစ်ကို လည်းသိတဲ့အတိုင်းပဲ ကုန်စည်စီးဆင်းမှုပေါ့။ ပြည်မ နဲ့ဆက်သွယ်တဲ့နေရာ၊ ကျန်တဲ့ တိုင်းရင်းသား ကုန် စည်စီးဆင်းမှုလည်းမရှိတော့ အုပ်ချုပ်ရေးယန္တရားက အပြည့်အဝလည်ပတ်တာမဟုတ်ဘဲနဲ့ ကိုယ့်နေရာကို ကိုယ့်ဘာသာအုပ်ချုပ်သလိုဖြစ်နေတာပေါ့။ ရွာတွေ ကို ရပ်ကျေးနဲ့အုပ်ချုပ်မယ်။ ကျန်တဲ့သူကို ရပ်ကွက် တွေမှာခန့်မယ် ဒီပုံစံမျိုးပဲရှိနေသေးတယ်။ အုပ်ချုပ် ရေးယန္တရား အပြည့်အဝမလည်ပတ်ဘူးဆိုတာကို အဲဒါနဲ့ပဲကောက်ချက်ဆွဲလို့ရမယ်လို့ ကျွန်တော်ကတော့ ထင်တယ် အစ်ကိုရာ။
မေး - ဆိုတော့ အုပ်ချုပ်ရေးက တရွတ်ဆွဲနေတယ် ပြောနိုင်မလား။ မအောင်မြင်ဘဲ အတင်းပဲဆွဲယူနေရ တဲ့အနေအထားလား။
ဖြေ - အဲဒီလိုပြောနိုင်တာပေါ့။ ကျွန်တော်တို့ အစ် ကိုတို့က ရတဲ့သတင်းကို ဆက်စပ်ပြီးကြည့်လိုက်ရင် တချို့နေရာတွေမှာ သူတို့အကြောက်တရားနဲ့အုပ် ချုပ်တာရှိတယ်။ တချို့နေရာမှာ စည်းရုံးမှုနဲ့အုပ်ချုပ် နေတာရှိတယ်။ ဒါပေမဲ့အစ်ကို နံပါတ်တစ်က အုပ် ချုပ်ရေးယန္တရားသော်လည်းကောင်း၊ ဘယ်ယန္တရားနဲ့ ဖြစ်ဖြစ် ဒီဥစ္စာကို ကျွမ်းကျင်သူရှိဖို့ရယ်၊ ပြီးတော့ ပညာတတ်ပေါ့။ ကျွန်တော်ပြောတဲ့ ပညာတတ်ဆိုတာ အထူးချွန်ကြီးပြောတာမဟုတ်ဘူး။ အနည်းဆုံးတော့ ဘွဲ့ရပြီး ဒီလုပ်ငန်းနယ်ပယ်ကိုကျွမ်းကျင်တဲ့သူတွေ ရှိဖို့လိုတယ်လေ။ အဲဒီဘက်တွေမှာကို ဘာမှမရှိ တာလေ။ မရှိဘဲနဲ့ ရသလိုလုပ်နေရတယ်ဆိုတော့ အစ်ကိုပြောသလိုပဲ တရွတ်ဆွဲနေတာနဲ့အတူတူပဲ။ ကျောင်းတွေအတွက် လုံခြုံရေးအာမခံချက်ကို ပြည် သူအတွက်မရယူပေးနိုင်သေးဘူး။ နောက် နံပါတ်နှစ် က ကျောင်းတွေမလည်ပတ်သေးဘူး။ အပြည့်အဝ တာဝန်ထမ်းဆောင်မယ့်သူမရှိဘူးအစ်ကိုရာ။ ပညာ ရေးတက္ကသိုလ်ကဆင်းလာတဲ့သူမဟုတ်ဘူး၊ ဆယ် တန်းအောင်လာတဲ့သူကို ဆွဲခန့်ပုံစံသင်နေတာက တော့ သာမန်ကျေးလက်ဒေသက ကျောင်းတွေ၊ မူလ တန်းမှာ ဆွဲခန့်ပုံစံမျိုးဖြစ်နေတာပေါ့။ အဲဒါတွေနဲ့ အထက်တန်းကိုသင်ခိုင်းရသလိုဖြစ်နေတယ်။ နောက် တစ်ခု ကျန်းမာရေးက ဆရာဝန်အလုံအလောက်မရှိ ဘူး။ သူနာပြုအလုံအလောက်မရှိဘူး။ ဒါတွေအားလုံး ကတော့ ကျွန်တော့်အမြင်ပြောရရင် ထိခိုက်နစ်နာ မှုပေါ့။ နောက်တစ်ခုက ဒီဘက်ခေတ်မှာပြောရရင် စီးပွားရေးလုပ်ငန်းလည်ပတ်ဖို့က ဒီတိုးတက်လာတဲ့ ခေတ်ထဲမှာ လျှပ်စစ်လည်းလိုတယ်။ အင်တာနက် လည်းလိုတယ်။ ဒီ ဖုန်းဝန်ဆောင်မှုလည်းလိုတယ်။ ဒီဟာတွေအားလုံး မဖြစ်သေးတာက တရွတ်ဆွဲတာနဲ့ တူတယ်။ မဖြစ် ဖြစ်အောင်ဆွဲနေတာ။ ဒီထဲမှာ ပြည် သူတွေကတော့ မျောပါနေတာပေါ့။
မေး - နောက်တစ်ချက်ကတော့ ရခိုင်လူငယ်တွေရဲ့ ဦးနှောက်ယိုစီးမှုပေါ့။ ရခိုင်လူငယ်တွေက ပြည်မ ဘက်လာတယ်။ ပြည်ပထွက်ကြတယ်။ ဘယ်လောက် အတိုင်းအတာအထိ ဖြစ်နေပြီ ယူဆမိလဲ။
ဖြေ - အစ်ကိုရ ပြောရရင် ရခိုင်ကလည်း အရင်က တည်းက ဖွံ့ဖြိုးမှုနည်းပါးတဲ့နေရာထဲပါတယ်လေ။ အခုနောက်ပိုင်းရောက်မှ လမ်းတွေ၊ တံတားတွေဖြစ် လာတယ်။ ကုန်စည်ကူးသန်းမှုဖြစ်လာတယ်။ ဧည့် သည်ဝင်ရောက်မှုကလည်း အရင်ထက်များလာတယ်။ လူစိတ်ဝင်စားမှုများလာတယ်။ ရင်းနှီးမြှုပ်နှံမှုရလာ တယ်။ ဟိုအရင် ကျွန်တော်တို့ အစ်ကိုတို့ ကျောင်း သားဘဝကနေ ကျွန်တော်တို့ ဆယ်တန်းအောင်တယ် အစ်ကိုရယ်။ အဲဒီကာလအပိုင်းအခြားလောက် စဉ်း စားကြည့်ပေါ့။ ကိုယ့်ပြည်နယ်ကဆုတ်ယုတ်နေတော့ မလေးသွား၊ ထိုင်းသွား အလုပ်လုပ်နေတာ အများ ကြီးပဲလေ။ လူငယ်တွေက အဲဒီကတည်းကထွက်တာ။ ဒီအခြေအနေ၊ အကျပ်အတည်းဖြစ်လာတော့ တချို့ လူငယ်တွေဆိုရင် အိန္ဒိယဘက်ကို ရသလိုကူးသွားတဲ့ သူတွေလည်းရှိတယ်။ အဲဒီဘက်သွားလုပ်တဲ့သူတွေ။ နောက် အစ်ကိုပြောသလို ရန်ကုန်ဘက်ရောက်လာတဲ့ သူတွေ။ တချို့တွေ အဆင်မပြေတဲ့သူတွေလည်း ထိုင်း၊ မလေး သွားတယ်။ အဆင်ပြေတဲ့သူတွေက စင်ကာပူသွားတယ်။ ဒါမျိုးထွက်တဲ့အတွက် မကောင်း ဘူးပေါ့နော်။ ဦး နှောက်ယိုစီးမှုက ထပ်များလာဦးမယ်။ ကျွန်တော်တို့ကြားသိရသလောက်ဆိုရင် ကျွန်တော် တို့ကျောင်းမတက်ရတာ ဒီဖြစ်စဉ်ဖြစ်တာ (၂၀၂၃) ပဲထားပါတော့။ အခု (၂၀၂၅)ထဲမှာ။ ဒါကြီးပြီးသွားရင် တောင် ဆရာ၊ ဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေက လုံခြုံစိတ်ချရမှုရှိမှ အဲဒီဒေသတွေကိုသွားပြီး တာဝန် ထမ်းဆောင်ဖို့က သုံးနှစ်၊ လေးနှစ်လောက် သူတို့ ယုံ ကြည်မှုရအောင်လုပ်ရဦးမယ်။ အင်ပြည့်အားပြည့် လည်ပတ်ဖို့က။ အဲဒီကျောင်းတွေမပိတ်ခင် အောင် ထားတဲ့ကလေးတွေ၊ ရန်ကုန်ကိုလည်းမလာဘူး ပိတ် ပြီးကျန်ခဲ့တယ်။ တချို့ကလေးတွေက ရပ်ကွက်တွေ၊ ကျေးလက်မှာနေရင်းတွေ့တဲ့မိန်းကလေးနဲ့ အိမ် ထောင်ပြုတာတွေ၊ သာမန်အလုပ်လုပ်ရင်း၊ ရရာလုပ် နေတာလည်းရှိတယ်။ နောက်ပြီးတော့ ပညာရေးတော့ ထူးချွန်တယ်။ ဒီဘက်တွေမလာနိုင်လို့။ တကယ်က ရှစ်တန်း၊ ကိုးတန်းအရွယ်တွေက ဆယ်တန်းတက်ရ မယ့်အရွယ်တွေလေ။ လေလွင့်သွားတာပေါ့။ အရင် တည်းက စာကြိုးစားတာက စိတ်ဖိစီးမှုရပြီး စာမလုပ် နိုင်ဘူးလေ။ စာမေးပွဲ သူတို့ဖြေရင်လည်း ဘယ်သူက အသိအမှတ်ပြုမှာလဲဆိုတာမျိုးဖြစ်လာတဲ့အခါ ဒီက လေးတွေကို နောက်ထပ် ငါးနှစ်မှာ ဘဝရပ်တည်ရမယ့် အချိန် သူတို့ရှင်သန်နေသေးလို့ အလုပ်လုပ်ကြမယ် ဆိုရင် သူတို့အတွက် မထူ ပါဘူးကွာ၊ သွားမယ်ဆိုရင် ဒီဦးနှောက်ယိုစီးမှုကဆက်ဖြစ်မှာပဲလေ။ သူများနိုင်ငံ သွားမယ် ရတာလုပ်မယ်ဆိုရင် ဦးနှောက်ယိုစီးမှုက ဒီအနေအထားမှာတင် ရပ်နေမှာမဟုတ်ဘူး။ အခု လည်းယိုစီးနေတယ်။ နောက်လည်း ယိုစီးမှုက ဒီနေ ရာကြီးငြိမ်သွားပြီး အားလုံး ှအဘေူန ဖြစ်သွားတဲ့အထိ ယိုစီးမှာပဲ၊ ဖြစ်နေဦးမှာ ကျွန်တော်က အဲဒီလိုပဲမြင် တယ်။
မေး - ရခိုင်မှာ လက်ရှိကုန်ဈေးနှုန်းတွေကကော အခု ကာလတစ်ခုအကြာမှာ ဘယ်လိုဖြစ်နေပါသလဲ။
ဖြေ - ပြောရမယ်ဆိုရင် တစ်ခါတလေ ဖုန်းတစ်ခါခေါ် ချင်ရင်တောင် တစ်ခါခေါ်ဖို့အတွက် ဆိုင်ကယ်ဆီဖိုးပါ ထည့်ထွက်ပြီး တစ်သောင်းကျော်ကုန်မှ ဖုန်းခေါ်လို့ ရတဲ့အနေအထားဖြစ်နေတာလေ။ သူတို့ဖွင့်ပေးထား တဲ့ တောင်ပေါ်တက်ပြောရတာလေ။ အင်တာနက်ပါ သုံးချင်ရင်တော့ တစ်သောင်းခွဲလောက်ကုန်တယ် လေ။ နောက်တစ်ခုက အစ်ကိုတို့ ကျွန်တော်တို့ပြော တဲ့ အခြေခံကုန်ပစ္စည်းပေါ့။ ဆန်တို့ဘာတို့က လယ် ကွင်းတွေရှိတော့ စိုက်လို့ရတယ်ပဲထားဦး။ ကျွန်တော် တို့ရခိုင်မှာဆီက ဖြစ်တာမဟုတ်ဘူးလေ။ ဆီက မကွေးတို့ဘာတို့လို ထွက်နေတာမဟုတ်ဘူး။ ဝယ်သုံး ရတယ်။ ဝယ်သုံးရတဲ့အခါ လမ်းကြောင်းတွေကလည်း ပိတ်ထားတော့ ရတဲ့နေရာကသွင်းတယ်။ သွင်းတော့ AA နဲ့နီးစပ်တဲ့သူတွေ ကုန်ပစ္စည်းသွင်းလို့ ရတဲ့သူ တွေပေါ့အစ်ကိုရာ။ လမ်းကြောင်းနဲ့သွင်းတဲ့ အဲဒီလူ တွေက ဈေးတင်ပြီးရောင်းတာ။ ရောင်းတော့ ရန်ကုန် မှာ ငွေသုံးသောင်းလောက်ရှိတဲ့အရာတစ်ခုက ဟိုမှာ ခြောက်သောင်းလောက်ဖြစ်နေတယ် အစ်ကိုရာ။ ဆေးဝါးဆိုလည်းအဲဒီလိုပဲ။ ဟင်းသီးဟင်းရွက်က အစပေါ့။ ကုန်းကန်စွန်းတို့၊ ရေကန်စွန်းတို့ကတော့ ကွင်းပြင်တွေမှာပေါက်တယ်ဆိုတော့ အဲဒီအတိုင်း ခူး စားပေါ့။ မျှစ်ချိုးဘာညာတော့ရတယ်။ ဝယ်စားတဲ့သူ တွေအတွက် သား၊ ငါး တွေကတော့ မတန်တဆ ဈေး ဖြစ်နေတာပေါ့။ အရင်တုန်းက တစ်ပိဿာနှစ်သောင်း ဆိုရင် အခုက လေးသောင်းတောင်မှ ဝယ်လို့မရဘူး။ ပြီးတော့ ငွေသားသုံးနိုင်တဲ့သူ သိပ်မရှိတော့ဘူး။ အခု က ဘဏ်လည်းမရှိတော့ဘူးလေ။ အခုက K Pay တို့ဘာတို့လွှဲလည်း ဘယ်သွားထုတ်ရမလဲမသိဘူး လေ။ သွားတဲ့သူတွေကလည်း ရာခိုင်နှုန်းကအရမ်း များတယ်။ ဒီမှာ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းဆိုရင် သူတို့ဆီမှာက သုံးဆယ်ရာခိုင်နှုန်းလောက်ရှိနေတာကိုး။ အဲဒီတော့ သူတို့အတွက်မလွယ်ကူဘူးပေါ့ အစ် ကိုရာ။ ကျွန်တော်တို့က ကိုယ့်အမျိုးမို့လွှဲလိုက်ရင် တောင် သူတို့မှာ သုံးဆယ်ရာခိုင်နှုန်းပေးပြီးတော့ ထုတ်ရတဲ့အနေအထား။ ဒါတောင်မှ ထုတ်ပေးမယ့်သူ လိုက်ရှာရသေးတယ်။ ပြင်ပမှာ စားသောက်စရိတ်က နှစ်ဆလောက်တက်နေတယ်။ ဆေးဝါးက ပိုက်ဆံ ပေးတာတောင် ဝယ်မရတဲ့ဆေးဝါးတွေရှိနေတယ်။
မေး - ဆေးဝါးပြတ်လပ်မှုပေါ့လေ။ ဒါက ဘယ်လို တွေ့နေရသလဲ။ ဆေးထုတ်လုပ်တဲ့နိုင်ငံတစ်ခု ဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ AA က နယ်စပ်လမ်းကြောင်းကနေ ကုန်သွယ်ဖို့ကြိုးစားနေတယ် ဆိုတာကကော။
ဖြေ - အဓိကအချက်ကတော့ ဆေးဝါးဝင်လာတယ်ပဲ ထားဦးအစ်ကိုရာ။ အရင်လို လုံလောက်အောင်ရမလား ဆိုတာရှိသေးတယ်။ ကျွန်တော်တို့ကြားရသလောက် ဆို သံတွဲ၊ တောင်ကုတ်၊ ဂွဘက်တောင် ဆေးမလုံ လောက်တာက အများကြီးလေ။ တချို့ဆေးတွေက သူတို့ ဆီမှာ ဆေးကုနေတဲ့ဆရာဝန်တွေကိုယ်တိုင်က ဆေးမရှိလို့မကုနိုင်တဲ့ပုံစံမျိုးပြောနေတယ်။ ထားပါ တော့ ဆီးချိုလိုဟာမျိုးဆိုရင် အင်ဆူလင်လိုတယ် အစ်ကိုရာ။ ထားပါတော့ ပုလင်းတစ်ရာလိုတယ်ဆိုရင် သူတို့ ရထားတာက သုံးဆယ်လောက်ပဲဖြစ်နေတယ်။ မီဇိုရမ်ကသွင်းတယ်။ ဒါပေမဲ့ သွားရေး၊ လာရေး၊ သယ်ယူရေးစရိတ်က မကာမိဘူးပေါ့။ ထားပါတော့ အစ်ကိုရယ် ကျွန်တော်တို့ အရင်က အင်ဆူလင်လို ချင်ရင် ရန်ကုန်က ဆေးဒိုင်ကိုလှမ်းမှာတယ် အစ်ကို ရယ်။ ဒီက လမ်းခရီးကလည်းကောင်းတော့ ကားနဲ့ သယ်လာတယ်။ ဒီက ညနေငါးနာရီထွက်တဲ့ကားက ဟိုကို မနက်ငါးနာရီရောက်တယ်။ ကိုယ်လိုချင်သ လောက်လည်းရတယ်။ အဲဒီလမ်းကမရတော့ မီဇိုရမ် ကနေမှာတယ်။ မှာတော့ လမ်းကြောင်းတွေကအဆင် မပြေဘူးလေ။ ကုန်းတစ်တန် ရေတစ်တန်သယ်ရတာ ရှိတော့ အဲဒီကနေ ဥပမာ သံတွဲကိုရောက်လာရင် ဈေးက လမ်းခရီးစရိတ်နဲ့တင် အများကြီးတက်နေပြီ။ လုံလောက်တာကလည်းမဟုတ်ဘူး။ ဥပမာ အလုံးရေ သုံးသောင်းမှာတယ်ဆိုရင် စစ်တွေက မှာထားတာက ဘယ်ဆိုင်အတွက်က ဘယ်လောက်၊ ဘယ်ဆိုင်အ တွက်ကဘယ်လောက်ဆိုပြီး ကိုယ့်ဆီကိုရောက်လာ တာက ခွဲတမ်းလောက်ပဲဖြစ်တော့ တကယ်ခက်ခဲတဲ့ လူတွေအတွက် ဆေးရဖို့ခက်တယ်ပေါ့။ ဆီးချိုတို့၊ နှလုံး၊ ကျောက်ကပ်တို့ ခက်ခက်ခဲခဲဝယ်ရတဲ့ဆေးတွေ က ရဖို့ခက်တယ်။ ဆေးအမျိုးအစားကိုယ်တိုင်က ရန်ကုန်လိုနေရာမျိုးမှာတောင် ထိုင်းတို့ကမဝင်ရင် ပစ္စည်းပြတ်တယ်လေ။ ရခိုင်ဆို ပိုဆိုးတာပေါ့။ အိန္ဒိယ က အကုန်ဝင်တာမဟုတ်ဘူး။ တချို့ဆေးက ထိုင်းက လာတယ်၊ တရုတ်ကလာတယ်။ ဆေးတိုင်းကလာတာ မဟုတ်ဘူးလေ။ အဲဒီတော့ ရခိုင်မှာက လက်ပူတိုက် ကုသလိုဖြစ်နေတာပေါ့။ ပါရာတို့ဘာတို့တောင်မှ ဝယ်ဆိုဈေးက တစ်ဆလောက်တက်နေတယ်လေ။ မကြာသေးခင်ကပဲ ဘီတက်ဆို ရခိုင်မှာ ငါးထောင် လောက်ရှိတယ်အစ်ကိုရာ။ ဒီကိုလ်ဂျင်တစ်ကတ်ကို သုံးထောင်အစ်ကိုရာ။ အဲဒီလိုမျိုးအနေအထား ရှိတယ်။
မေး - ပြန်ကောက်ရရင် နယ်စပ်ကုန်သွယ်ရေးပေါ့လေ။ ပြည်မနဲ့ ကုန်မသွယ်လည်းရတယ်။ အိန္ဒိယတို့၊ ဘင်္ဂလားတို့နဲ့ဆက်ဆံမယ်ဆိုတဲ့မူ သူတို့မှာရှိပုံရပါ တယ်။ သူတို့ဖော်ဆောင်တဲ့ နယ်စပ်ကုန်သွယ်ရေးက လက်ရှိအလုပ်ဖြစ်လား။
ဖြေ - နိုင်ငံရေး ပထဝီအရ လက်ရှိမှာ အိန္ဒိယကဖွင့် ပေးတယ်။ လမ်းကြောင်းရနေတယ်ပေါ့။ တရုတ်နဲ့ အိန္ဒိယကြား ဘယ်လောက်အငြင်းပွားပွား သူတို့မှာ တွဲလုပ်တာရှိတာကိုး။ လုပ်တဲ့အခါ အစိုးရချင်းသ ဘောတူညီမှုရတယ်ဗျာ။ လွယ်လင့်တကူပြောရရင် MNDAA တို့ လမ်းကြောင်းတွေပိတ်တယ်။ ဒါပေမဲ့ တရုတ်က သဘောတူညီမှုယူရမယ်ဆိုပြီး သူ့ပစ္စည်း ဆင်းဖို့လမ်းကြောင်းပြန်ဖွင့်တဲ့အခါ ကုန်စည်လမ်း ကြောင်းပြန်ဖွင့်သွားတယ်လေ။ အခု ထိုင်းက ပစ္စည်း လည်းပြန်လာတယ်။ အဲဒီလိုပဲအစ်ကိုရာ အခုကိစ္စမှာ လည်း အိန္ဒိယနဲ့ သူတို့ သဘောတူညီမှုတစ်ခုခုလုပ် လိုက်တယ်။ နယ်စပ်ကနေ ပစ္စည်းတင်သွင်းတာကို အစိုးရမဟုတ်ဘဲ ကျန်တဲ့သူတွေတင်သွင်းတာ ရပ် ဆိုင်းတယ်ဆိုရင် ဒါက တော်တော်အခက်ကြုံတဲ့ အ နေအထားဖြစ်သွားမယ်လေ။ မကြာသေးခင်က ဘီဘီစီကဖော်ပြသွားတဲ့ဆောင်းပါးရှိတယ်။ အဲဒီမှာ ဘာပြောလဲဆိုတော့ အရင်တုန်းက (၁၀၂၇)ကို ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ တရုတ်ဘက်ကရောင်း တယ်ဗျာ။ ဒရုန်းကို ပိုက်ဆံမတတ်နိုင်လို့ ကိုယ့်ဆီမှာ ဆင်နိုင်တဲ့ကလေးတွေရှိရင် ပိုက်ဆံပေးလိုက် အစိတ် အပိုင်းတွေ၊ ပစ္စည်းတွေသွင်းတယ်။ ဒါပေမဲ့ အခု သဘောတူညီမှုပေါ့။ တပ်နဲ့ သဘောတူညီမှုနဲ့ယူ လိုက်ပြီးနောက်မှာ အစိတ်အပိုင်းရော ဒရုန်းရော သူတို့မရောင်းပေးတော့ဘူး။ ကျွန်တော်ပြောတာက အစ်ကိုရာ အိန္ဒိယနဲ့ဒီဘက်ကလုပ်နေတဲ့ ဗဟိုအစိုးရ ကြားမှာ သဘောတူညီမှုတစ်ခုရသွားရင် ဒါကို ဒီလို လမ်းကြောင်းကနေမသွင်းပါတော့နဲ့ဆိုတာနဲ့ ဒီပစ္စည်းက ပထမဝင်နေတာကနေ မဝင်ဘူးလားဆိုရင်ဝင်မယ်။ ဒါပေမဲ့ မှောင်ခိုလမ်းကြောင်းဖြစ်သွားမှာပဲ။ ဈေးက တစ်ဆတက်သွားမယ်။ မှောင်ခိုဖြစ်သွားမယ်။ အဲဒီလို မဟုတ်ပဲ တအားတင်းကြပ်ပြီးပိတ်တယ်ဆိုရင်တော့ အကျပ်အတည်းထဲရောက်သွားမှာလေ။ အဲဒီတော့ ကျွန်တော်တို့ရှေ့မှာ အခု လမ်းပွင့်နေတယ်။ ဒါပေမဲ့ သယ်ယူပို့ဆောင်တာက စရိတ်စကတွေတက်နေ တယ်။ သဘောတူညီမှုတွေ အထက်မှာရသွားတယ်။ ဝင်တဲ့ဟာအားလုံးကို ပိတ်တာသော်လည်းကောင်း၊ နယ်စပ်ကနေ ဘယ်လိုအကောက်အခွန်ယူမယ်ဆို တာလုပ်လိုက်ပြီဆိုရင်တော့ မလွယ်လောက်တော့ဘူး ထင်တယ်။ မရလားဆိုတော့ ရမှာပေါ့။ ပိုကျပ်မှာပေါ့။ အဲဒီလိုမြင်မိတယ်။
မေး - အရင်ကတော့ ရခိုင်က ပြည်နယ်ပေါ့လေ။ သူ တို့က ]ဝ}လို ကွန်ဖန်ဒရိတ်မျှော်မှန်းတယ်၊ လိုချင် တယ်လို့ပြောနေတယ်။ အဲဒီစနစ်က ရခိုင်ပြည်နယ်နဲ့ ကိုက်ညီလား။
ဖြေ - အစ်ကို ကွန်ဖန်ဒရိတ်လုပ်ခဲ့တယ်ဆိုတာ ကမ္ဘာ့ သမိုင်းနဲ့ချီပြောရင်ခွဲထွက်တာပဲလေ။ ဥပမာပြောရရင် ဆားဘီးယား၊ မွန်တီနီဂရိုး တွဲထားရင် အခု ဆားဘီး ယား တစ်ခု၊ မွန်တီနီဂရိုး တစ်ခု ဖြစ်တယ်။ အဲဒီလိုမျိုး ကွဲကွဲထွက်သွားတာပဲ။ မတူကြဘူးအစ်ကိုရာ။ အဓိက အားဖြင့် ရခိုင်မှာ လူမျိုးစုအနေအထားများတယ်။ နောက်ပြီးတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင် အဲဒီဘက်ကပုံစံနဲ့ စစ်တွေ၊ မြောက်ဦး ပုံစံနဲ့ ကမတူဘူး။ ပုံစံရော ခံယူချက်ရော မတူဘူးဗျာ။ အဲဒီ မှာ တောင်ပိုင်းကျတော့ တစ်ခါ ပုံစံတစ်မျိုးပြောင်းနေ ပြန်ရော။ အဲဒါတွေအားလုံးကို ကွန်ဖန်ဒရိတ်ထဲမှာ စုထည့်ဖို့အရေးက လွယ်မလားရယ်၊ ပြီးတော့ မရရင် တစ်ခုချင်း ဆားဘီးယား၊ မွန်တီနီဂရိုးလို ပြန်ပြီးပြုတ် ထွက်တာတွေဖြစ်တတ်တယ်။ ဘီဘီစီ ဆောင်းပါးကိုပဲ òန်းရမယ်။ (၁၀၂၇) စစ်ဆင်ရေးပေါ့လေ။ တရုတ်က ခွင့်ပြုလို့ လုပ်ခွင့်ရတယ်ပေါ့။ တရုတ်က ဘာသဘော တူညီချက်ယူခဲ့တယ်ပြောတယ်။ အဲဒါက ကျားဖျန့်ကို သူတို့နှိမ်နင်းချင်တယ်။ နှိမ်နင်းချင်တဲ့အခါ (၁၀၂၇) ဦးတည်ချက်က ကျားဖျန့်ဖြိုခွင်ရေးအစ်ကိုရာ။ ဗဟို အစိုးရကလည်း ကျားဖျန့်ကိုအပ်တာရှိတယ်။ နှိမ်နင်း တာရှိတယ်။ အဲဒီအချိန်မှာ ပြန်ဖြေလျှော့တယ်ပေါ့။ သူတို့ပြောတဲ့ပုံစံက (၁၀၂၇)သုံးဖွဲ့မှာ အရှိန်တစ်ခု မှာရပ်ရမယ်။ ဒီသုံးဖွဲ့ကလည်း ကျားဖျန့်ကို နှိမ်နင်း ရင်း ကျွဲကူးရေပါ၊ တစ်စင် ဩဇာအာဏာကိုထူထောင် တယ်။ အခုဆို MNDAA နဲ့ TNLA က ရပ်သွားပြီ အစ်ကိုရာ။ သဘောတူညီမှုယူလိုက်တယ်။ အဲဒီအ တွက် AA ကို ဘယ်လိုအချိန်မှာရပ်ခိုင်းမယ်ဆိုတာ စောင့်ကြည့်ရမယ်လို့ပြောတယ်။ ပြီးတော့ ကွန်ဖန်ဒ ရိတ်ပုံစံက ပါးစပ်ကသာပြောနေတာ မလွယ်ဘူး။ အဓိကအချက်က ဒေသသုံး ပိုက်ဆံ၊ ယုံကြည်မှု၊ တည်ထောင်မှု ဒါတွေ အများကြီးလာဦးမှာ။ အဲဒီလောက် အထိလုပ်နိုင်သလားဆိုတဲ့ခရီးက မလွယ်ဘူး။ ပိုပြီး နာမှာပေါ့။ မြို့နယ်အလိုက်တောင်မဟုတ်ဘူး အစ်ကို ရာ လူမျိုးစုအလိုက်ပါ ထပ်ကွဲသွားတာတွေရှိတာကိုး။ ကွန်ဖန်ဒရိတ်ပုံစံက အခြေအနေမဟန်ရင် မလွယ် သလို စစ်မီးကတောက်ပြီး အသားမကျဖြစ်တတ် တယ်။ ကျွန်တော်တို့က တစ်ချိန်ကပြောခဲ့တဲ့ ဖက်ဒ ရယ်ပုံစံကို ပိုအားသန်တာပေါ့။ ဒါပေမဲ့ အခု (ကွန်ဖန် ဒရိတ်ပုံစံ)လုပ်နေကြတယ်။ ဒါပေမဲ့ ဒီဟာလမ်း ကြောင်းသည် ရေရှည်မှာ မလွယ်လောက်ဘူးထင် တယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလည်းရှိသေးတယ်။ ရခိုင်ဒေသဟာ တစ်နည်းပြောရရင် တည်ငြိမ်မှ တရုတ်က ပိုလုပ်လို့ရမှာလေ။ ပြီးတော့ တရုတ်ဟာ ဗဟိုကိုယုံကြည်ပေးတဲ့အတွက် သဘောတူညီမှုတွေ ကို ဗဟိုအစိုးရနဲ့လုပ်တာဖြစ်တယ်။ ဒါကြောင့် တစ် နည်းနည်းအားဖြင့် တရုတ်မှာ သဘောတူညီချက်ရှိ နိုင်တယ်။ ဒီနေရာကို ဘယ်နည်းနဲ့ ငြိမ်အောင်လုပ် မယ်။ ပြီးရင် ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် အိန္ဒိယလမ်းကြောင်းအထိ ဘာတွေလုပ်မယ်ဆိုတာ လုပ်ထားတာတစ်ခုခုရှိလို့ ဗဟိုအစိုးရနဲ့ပဲ သဘောတူညီချက်လုပ်တာလို့ထင်တယ်ဗျ။ အဲဒီအတွက် ကွန်ဖန်ထရိတ်သည် သိပ်မလွယ်ဘူး။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
ရခိုင္မွာ လက္ရွိ ဘာေတြျဖစ္ေနလဲ၊ ဘာဆက္ျဖစ္ႏိုင္လဲ (သီးသန႔္အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ႏိုဝင္ဘာလ ၁၄
ရခိုင္ျပည္နယ္တြင္ AA က တိုက္ပြဲ စတင္ေဖာ္ေဆာင္ၿပီးေနာ္က ပထမဆုံး ဒုကၡေရာက္ရ သူမ်ားသည္ကား ေျမစာပင္ ျဖစ္ရရွာေသာ ျပည္သူမ်ားပင္ ျဖစ္သည္။ ယင္းေနာက္ AA တို႔က နယ္ေျမ ထိန္းခ်ဳပ္မႈမ်ားျပဳလုပ္ခဲ့ရာ ၎တို႔နယ္ေျမအတြင္း ပါဝင္သူမ်ားမွာ အေသခက္၊ အေနခက္ ဘဝကို ႀကဳံၾကရျပန္သည္။ လက္ရွိတြင္ AA က အရပ္ဖက္အုပ္ခ်ဳပ္ေရးဆန္ဆန္ အသြင္သ႑ာန္ ေဖာ္ေဆာင္ ေန၏။ သို႔ေသာ္ ေအာင္ျမင္ျခင္းရွိ၊ မရွိမွာမူ ေျမျပင္က ျပည္သူမ်ား အေသခက္၊ အေနခက္၊ က်ပ္တည္း ေနသည္က သက္ေသျပေန၏။ အဆိုပါ အေျခအေနမ်ား ႏွင့္ ပတ္သက္၍ ရခိုင္တိုင္းရင္းသား၊ ရခိုင့္အေရး ကြၽမ္းက်င္သူတစ္ဦးထံ ဆက္သြယ္ေမးျမန္းထားသည္မ်ားအား ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ပထမဆုံးေမးခ်င္တာက AA ရဲ႕ ရခိုင္မွာေဖာ္ ေဆာင္ေနတဲ့အုပ္ခ်ဳပ္ေရးယႏၲရားက ေအာင္ျမင္သ လားေပါ့ေလ။
ေျဖ - ကြၽန္ေတာ္တို႔အုပ္ခ်ဳပ္ေရး ေအာင္ျမင္တယ္ဆို တာက အစ္ကိုေရာ ကြၽန္ေတာ္ေရာ သိေနတာပဲ။ ပညာေရး၊ က်န္းမာေရး စတဲ့ ဒီအေျခခံအုပ္ခ်ဳပ္ေရး ယႏၲရားလည္ပတ္ရမွာေပါ့။ ေနာက္ဘဏ္ေပါ့။ စီးပြား ေရးလုပ္ငန္းေတြအတြက္ေလ။ ဒီဟာအားလုံးကိုလည္ ပတ္လို႔မရေသးဘူး။ အနီးစပ္ဆုံးျပန္ၾကည့္ရင္ ဒီပုဂၢ လိကဘဏ္ေတြျပန္သြားၿပီးလုပ္သလား။ အစိုးရဝန္ ထမ္းေတြဟာ လုံၿခဳံစိတ္ခ်ရမႈရွိတဲ့ေနရာဆိုၿပီး ျပန္ လည္သြားေရာက္တာဝန္ထမ္းေဆာင္သလားေပါ့ ေနာ္။ ေနာက္ ေနရပ္ျပန္သူ ဘယ္ေလာက္ရွိသလဲေပါ့။ အခုဆို ကြၽန္ေတာ္တို႔ၾကားရတဲ့သတင္းေတြ အမ်ား ႀကီးရွိတယ္။ တခ်ိဳ႕တေလ ရပ္ေက်းနယ္ေျမေတြမွာ ခိုးမႈ၊ ႐ိုက္မႈ တစ္ခါတေလ လူသတ္မႈျဖစ္ရင္ေတာင္မွ ဘယ္သူ႔ကိုသြားတိုင္ရမွန္းမသိဘူးေပါ့ေနာ္။ အဲဒီလို အေနအထားရွိတယ္။ ေနာက္တစ္ခ်က္က အစ္ကို လည္းသိတဲ့အတိုင္းပဲ ကုန္စည္စီးဆင္းမႈေပါ့။ ျပည္မ နဲ႔ဆက္သြယ္တဲ့ေနရာ၊ က်န္တဲ့ တိုင္းရင္းသား ကုန္ စည္စီးဆင္းမႈလည္းမရွိေတာ့ အုပ္ခ်ဳပ္ေရးယႏၲရားက အျပည့္အဝလည္ပတ္တာမဟုတ္ဘဲနဲ႔ ကိုယ့္ေနရာကို ကိုယ့္ဘာသာအုပ္ခ်ဳပ္သလိုျဖစ္ေနတာေပါ့။ ႐ြာေတြ ကို ရပ္ေက်းနဲ႔အုပ္ခ်ဳပ္မယ္။ က်န္တဲ့သူကို ရပ္ကြက္ ေတြမွာခန႔္မယ္ ဒီပုံစံမ်ိဳးပဲရွိေနေသးတယ္။ အုပ္ခ်ဳပ္ ေရးယႏၲရား အျပည့္အဝမလည္ပတ္ဘူးဆိုတာကို အဲဒါနဲ႔ပဲေကာက္ခ်က္ဆြဲလို႔ရမယ္လို႔ ကြၽန္ေတာ္ကေတာ့ ထင္တယ္ အစ္ကိုရာ။
ေမး - ဆိုေတာ့ အုပ္ခ်ဳပ္ေရးက တ႐ြတ္ဆြဲေနတယ္ ေျပာႏိုင္မလား။ မေအာင္ျမင္ဘဲ အတင္းပဲဆြဲယူေနရ တဲ့အေနအထားလား။
ေျဖ - အဲဒီလိုေျပာႏိုင္တာေပါ့။ ကြၽန္ေတာ္တို႔ အစ္ ကိုတို႔က ရတဲ့သတင္းကို ဆက္စပ္ၿပီးၾကည့္လိုက္ရင္ တခ်ိဳ႕ေနရာေတြမွာ သူတို႔အေၾကာက္တရားနဲ႔အုပ္ ခ်ဳပ္တာရွိတယ္။ တခ်ိဳ႕ေနရာမွာ စည္း႐ုံးမႈနဲ႔အုပ္ခ်ဳပ္ ေနတာရွိတယ္။ ဒါေပမဲ့အစ္ကို နံပါတ္တစ္က အုပ္ ခ်ဳပ္ေရးယႏၲရားေသာ္လည္းေကာင္း၊ ဘယ္ယႏၲရားနဲ႔ ျဖစ္ျဖစ္ ဒီဥစၥာကို ကြၽမ္းက်င္သူရွိဖို႔ရယ္၊ ၿပီးေတာ့ ပညာတတ္ေပါ့။ ကြၽန္ေတာ္ေျပာတဲ့ ပညာတတ္ဆိုတာ အထူးခြၽန္ႀကီးေျပာတာမဟုတ္ဘူး။ အနည္းဆုံးေတာ့ ဘြဲ႕ရၿပီး ဒီလုပ္ငန္းနယ္ပယ္ကိုကြၽမ္းက်င္တဲ့သူေတြ ရွိဖို႔လိုတယ္ေလ။ အဲဒီဘက္ေတြမွာကို ဘာမွမရွိ တာေလ။ မရွိဘဲနဲ႔ ရသလိုလုပ္ေနရတယ္ဆိုေတာ့ အစ္ကိုေျပာသလိုပဲ တ႐ြတ္ဆြဲေနတာနဲ႔အတူတူပဲ။ ေက်ာင္းေတြအတြက္ လုံၿခဳံေရးအာမခံခ်က္ကို ျပည္ သူအတြက္မရယူေပးႏိုင္ေသးဘူး။ ေနာက္ နံပါတ္ႏွစ္ က ေက်ာင္းေတြမလည္ပတ္ေသးဘူး။ အျပည့္အဝ တာဝန္ထမ္းေဆာင္မယ့္သူမရွိဘူးအစ္ကိုရာ။ ပညာ ေရးတကၠသိုလ္ကဆင္းလာတဲ့သူမဟုတ္ဘူး၊ ဆယ္ တန္းေအာင္လာတဲ့သူကို ဆြဲခန႔္ပုံစံသင္ေနတာက ေတာ့ သာမန္ေက်းလက္ေဒသက ေက်ာင္းေတြ၊ မူလ တန္းမွာ ဆြဲခန႔္ပုံစံမ်ိဳးျဖစ္ေနတာေပါ့။ အဲဒါေတြနဲ႔ အထက္တန္းကိုသင္ခိုင္းရသလိုျဖစ္ေနတယ္။ ေနာက္ တစ္ခု က်န္းမာေရးက ဆရာဝန္အလုံအေလာက္မရွိ ဘူး။ သူနာျပဳအလုံအေလာက္မရွိဘူး။ ဒါေတြအားလုံး ကေတာ့ ကြၽန္ေတာ့္အျမင္ေျပာရရင္ ထိခိုက္နစ္နာ မႈေပါ့။ ေနာက္တစ္ခုက ဒီဘက္ေခတ္မွာေျပာရရင္ စီးပြားေရးလုပ္ငန္းလည္ပတ္ဖို႔က ဒီတိုးတက္လာတဲ့ ေခတ္ထဲမွာ လွ်ပ္စစ္လည္းလိုတယ္။ အင္တာနက္ လည္းလိုတယ္။ ဒီ ဖုန္းဝန္ေဆာင္မႈလည္းလိုတယ္။ ဒီဟာေတြအားလုံး မျဖစ္ေသးတာက တ႐ြတ္ဆြဲတာနဲ႔ တူတယ္။ မျဖစ္ ျဖစ္ေအာင္ဆြဲေနတာ။ ဒီထဲမွာ ျပည္ သူေတြကေတာ့ ေမ်ာပါေနတာေပါ့။
ေမး - ေနာက္တစ္ခ်က္ကေတာ့ ရခိုင္လူငယ္ေတြရဲ႕ ဦးေႏွာက္ယိုစီးမႈေပါ့။ ရခိုင္လူငယ္ေတြက ျပည္မ ဘက္လာတယ္။ ျပည္ပထြက္ၾကတယ္။ ဘယ္ေလာက္ အတိုင္းအတာအထိ ျဖစ္ေနၿပီ ယူဆမိလဲ။
ေျဖ - အစ္ကိုရ ေျပာရရင္ ရခိုင္ကလည္း အရင္က တည္းက ဖြံ႕ၿဖိဳးမႈနည္းပါးတဲ့ေနရာထဲပါတယ္ေလ။ အခုေနာက္ပိုင္းေရာက္မွ လမ္းေတြ၊ တံတားေတြျဖစ္ လာတယ္။ ကုန္စည္ကူးသန္းမႈျဖစ္လာတယ္။ ဧည့္ သည္ဝင္ေရာက္မႈကလည္း အရင္ထက္မ်ားလာတယ္။ လူစိတ္ဝင္စားမႈမ်ားလာတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈရလာ တယ္။ ဟိုအရင္ ကြၽန္ေတာ္တို႔ အစ္ကိုတို႔ ေက်ာင္း သားဘဝကေန ကြၽန္ေတာ္တို႔ ဆယ္တန္းေအာင္တယ္ အစ္ကိုရယ္။ အဲဒီကာလအပိုင္းအျခားေလာက္ စဥ္း စားၾကည့္ေပါ့။ ကိုယ့္ျပည္နယ္ကဆုတ္ယုတ္ေနေတာ့ မေလးသြား၊ ထိုင္းသြား အလုပ္လုပ္ေနတာ အမ်ား ႀကီးပဲေလ။ လူငယ္ေတြက အဲဒီကတည္းကထြက္တာ။ ဒီအေျခအေန၊ အက်ပ္အတည္းျဖစ္လာေတာ့ တခ်ိဳ႕ လူငယ္ေတြဆိုရင္ အိႏၵိယဘက္ကို ရသလိုကူးသြားတဲ့ သူေတြလည္းရွိတယ္။ အဲဒီဘက္သြားလုပ္တဲ့သူေတြ။ ေနာက္ အစ္ကိုေျပာသလို ရန္ကုန္ဘက္ေရာက္လာတဲ့ သူေတြ။ တခ်ိဳ႕ေတြ အဆင္မေျပတဲ့သူေတြလည္း ထိုင္း၊ မေလး သြားတယ္။ အဆင္ေျပတဲ့သူေတြက စင္ကာပူသြားတယ္။ ဒါမ်ိဳးထြက္တဲ့အတြက္ မေကာင္း ဘူးေပါ့ေနာ္။ ဦး ေႏွာက္ယိုစီးမႈက ထပ္မ်ားလာဦးမယ္။ ကြၽန္ေတာ္တို႔ၾကားသိရသေလာက္ဆိုရင္ ကြၽန္ေတာ္ တို႔ေက်ာင္းမတက္ရတာ ဒီျဖစ္စဥ္ျဖစ္တာ (၂၀၂၃) ပဲထားပါေတာ့။ အခု (၂၀၂၅)ထဲမွာ။ ဒါႀကီးၿပီးသြားရင္ ေတာင္ ဆရာ၊ ဆရာမေတြ၊ ဘဏ္ဝန္ထမ္းေတြက လုံၿခဳံစိတ္ခ်ရမႈရွိမွ အဲဒီေဒသေတြကိုသြားၿပီး တာဝန္ ထမ္းေဆာင္ဖို႔က သုံးႏွစ္၊ ေလးႏွစ္ေလာက္ သူတို႔ ယုံ ၾကည္မႈရေအာင္လုပ္ရဦးမယ္။ အင္ျပည့္အားျပည့္ လည္ပတ္ဖို႔က။ အဲဒီေက်ာင္းေတြမပိတ္ခင္ ေအာင္ ထားတဲ့ကေလးေတြ၊ ရန္ကုန္ကိုလည္းမလာဘူး ပိတ္ ၿပီးက်န္ခဲ့တယ္။ တခ်ိဳ႕ကေလးေတြက ရပ္ကြက္ေတြ၊ ေက်းလက္မွာေနရင္းေတြ႕တဲ့မိန္းကေလးနဲ႔ အိမ္ ေထာင္ျပဳတာေတြ၊ သာမန္အလုပ္လုပ္ရင္း၊ ရရာလုပ္ ေနတာလည္းရွိတယ္။ ေနာက္ၿပီးေတာ့ ပညာေရးေတာ့ ထူးခြၽန္တယ္။ ဒီဘက္ေတြမလာႏိုင္လို႔။ တကယ္က ရွစ္တန္း၊ ကိုးတန္းအ႐ြယ္ေတြက ဆယ္တန္းတက္ရ မယ့္အ႐ြယ္ေတြေလ။ ေလလြင့္သြားတာေပါ့။ အရင္ တည္းက စာႀကိဳးစားတာက စိတ္ဖိစီးမႈရၿပီး စာမလုပ္ ႏိုင္ဘူးေလ။ စာေမးပြဲ သူတို႔ေျဖရင္လည္း ဘယ္သူက အသိအမွတ္ျပဳမွာလဲဆိုတာမ်ိဳးျဖစ္လာတဲ့အခါ ဒီက ေလးေတြကို ေနာက္ထပ္ ငါးႏွစ္မွာ ဘဝရပ္တည္ရမယ့္ အခ်ိန္ သူတို႔ရွင္သန္ေနေသးလို႔ အလုပ္လုပ္ၾကမယ္ ဆိုရင္ သူတို႔အတြက္ မထူ ပါဘူးကြာ၊ သြားမယ္ဆိုရင္ ဒီဦးေႏွာက္ယိုစီးမႈကဆက္ျဖစ္မွာပဲေလ။ သူမ်ားႏိုင္ငံ သြားမယ္ ရတာလုပ္မယ္ဆိုရင္ ဦးေႏွာက္ယိုစီးမႈက ဒီအေနအထားမွာတင္ ရပ္ေနမွာမဟုတ္ဘူး။ အခု လည္းယိုစီးေနတယ္။ ေနာက္လည္း ယိုစီးမႈက ဒီေန ရာႀကီးၿငိမ္သြားၿပီး အားလုံး ွအေဘူန ျဖစ္သြားတဲ့အထိ ယိုစီးမွာပဲ၊ ျဖစ္ေနဦးမွာ ကြၽန္ေတာ္က အဲဒီလိုပဲျမင္ တယ္။
ေမး - ရခိုင္မွာ လက္ရွိကုန္ေဈးႏႈန္းေတြကေကာ အခု ကာလတစ္ခုအၾကာမွာ ဘယ္လိုျဖစ္ေနပါသလဲ။
ေျဖ - ေျပာရမယ္ဆိုရင္ တစ္ခါတေလ ဖုန္းတစ္ခါေခၚ ခ်င္ရင္ေတာင္ တစ္ခါေခၚဖို႔အတြက္ ဆိုင္ကယ္ဆီဖိုးပါ ထည့္ထြက္ၿပီး တစ္ေသာင္းေက်ာ္ကုန္မွ ဖုန္းေခၚလို႔ ရတဲ့အေနအထားျဖစ္ေနတာေလ။ သူတို႔ဖြင့္ေပးထား တဲ့ ေတာင္ေပၚတက္ေျပာရတာေလ။ အင္တာနက္ပါ သုံးခ်င္ရင္ေတာ့ တစ္ေသာင္းခြဲေလာက္ကုန္တယ္ ေလ။ ေနာက္တစ္ခုက အစ္ကိုတို႔ ကြၽန္ေတာ္တို႔ေျပာ တဲ့ အေျခခံကုန္ပစၥည္းေပါ့။ ဆန္တို႔ဘာတို႔က လယ္ ကြင္းေတြရွိေတာ့ စိုက္လို႔ရတယ္ပဲထားဦး။ ကြၽန္ေတာ္ တို႔ရခိုင္မွာဆီက ျဖစ္တာမဟုတ္ဘူးေလ။ ဆီက မေကြးတို႔ဘာတို႔လို ထြက္ေနတာမဟုတ္ဘူး။ ဝယ္သုံး ရတယ္။ ဝယ္သုံးရတဲ့အခါ လမ္းေၾကာင္းေတြကလည္း ပိတ္ထားေတာ့ ရတဲ့ေနရာကသြင္းတယ္။ သြင္းေတာ့ AA နဲ႔နီးစပ္တဲ့သူေတြ ကုန္ပစၥည္းသြင္းလို႔ ရတဲ့သူ ေတြေပါ့အစ္ကိုရာ။ လမ္းေၾကာင္းနဲ႔သြင္းတဲ့ အဲဒီလူ ေတြက ေဈးတင္ၿပီးေရာင္းတာ။ ေရာင္းေတာ့ ရန္ကုန္ မွာ ေငြသုံးေသာင္းေလာက္ရွိတဲ့အရာတစ္ခုက ဟိုမွာ ေျခာက္ေသာင္းေလာက္ျဖစ္ေနတယ္ အစ္ကိုရာ။ ေဆးဝါးဆိုလည္းအဲဒီလိုပဲ။ ဟင္းသီးဟင္း႐ြက္က အစေပါ့။ ကုန္းကန္စြန္းတို႔၊ ေရကန္စြန္းတို႔ကေတာ့ ကြင္းျပင္ေတြမွာေပါက္တယ္ဆိုေတာ့ အဲဒီအတိုင္း ခူး စားေပါ့။ မွ်စ္ခ်ိဳးဘာညာေတာ့ရတယ္။ ဝယ္စားတဲ့သူ ေတြအတြက္ သား၊ ငါး ေတြကေတာ့ မတန္တဆ ေဈး ျဖစ္ေနတာေပါ့။ အရင္တုန္းက တစ္ပိႆာႏွစ္ေသာင္း ဆိုရင္ အခုက ေလးေသာင္းေတာင္မွ ဝယ္လို႔မရဘူး။ ၿပီးေတာ့ ေငြသားသုံးႏိုင္တဲ့သူ သိပ္မရွိေတာ့ဘူး။ အခု က ဘဏ္လည္းမရွိေတာ့ဘူးေလ။ အခုက K Pay တို႔ဘာတို႔လႊဲလည္း ဘယ္သြားထုတ္ရမလဲမသိဘူး ေလ။ သြားတဲ့သူေတြကလည္း ရာခိုင္ႏႈန္းကအရမ္း မ်ားတယ္။ ဒီမွာ တစ္ရာခိုင္ႏႈန္း၊ ႏွစ္ရာခိုင္ႏႈန္းဆိုရင္ သူတို႔ဆီမွာက သုံးဆယ္ရာခိုင္ႏႈန္းေလာက္ရွိေနတာကိုး။ အဲဒီေတာ့ သူတို႔အတြက္မလြယ္ကူဘူးေပါ့ အစ္ ကိုရာ။ ကြၽန္ေတာ္တို႔က ကိုယ့္အမ်ိဳးမို႔လႊဲလိုက္ရင္ ေတာင္ သူတို႔မွာ သုံးဆယ္ရာခိုင္ႏႈန္းေပးၿပီးေတာ့ ထုတ္ရတဲ့အေနအထား။ ဒါေတာင္မွ ထုတ္ေပးမယ့္သူ လိုက္ရွာရေသးတယ္။ ျပင္ပမွာ စားေသာက္စရိတ္က ႏွစ္ဆေလာက္တက္ေနတယ္။ ေဆးဝါးက ပိုက္ဆံ ေပးတာေတာင္ ဝယ္မရတဲ့ေဆးဝါးေတြရွိေနတယ္။
ေမး - ေဆးဝါးျပတ္လပ္မႈေပါ့ေလ။ ဒါက ဘယ္လို ေတြ႕ေနရသလဲ။ ေဆးထုတ္လုပ္တဲ့ႏိုင္ငံတစ္ခု ျဖစ္တဲ့ အိႏၵိယႏိုင္ငံနဲ႔ AA က နယ္စပ္လမ္းေၾကာင္းကေန ကုန္သြယ္ဖို႔ႀကိဳးစားေနတယ္ ဆိုတာကေကာ။
ေျဖ - အဓိကအခ်က္ကေတာ့ ေဆးဝါးဝင္လာတယ္ပဲ ထားဦးအစ္ကိုရာ။ အရင္လို လုံေလာက္ေအာင္ရမလား ဆိုတာရွိေသးတယ္။ ကြၽန္ေတာ္တို႔ၾကားရသေလာက္ ဆို သံတြဲ၊ ေတာင္ကုတ္၊ ဂြဘက္ေတာင္ ေဆးမလုံ ေလာက္တာက အမ်ားႀကီးေလ။ တခ်ိဳ႕ေဆးေတြက သူတို႔ ဆီမွာ ေဆးကုေနတဲ့ဆရာဝန္ေတြကိုယ္တိုင္က ေဆးမရွိလို႔မကုႏိုင္တဲ့ပုံစံမ်ိဳးေျပာေနတယ္။ ထားပါ ေတာ့ ဆီးခ်ိဳလိုဟာမ်ိဳးဆိုရင္ အင္ဆူလင္လိုတယ္ အစ္ကိုရာ။ ထားပါေတာ့ ပုလင္းတစ္ရာလိုတယ္ဆိုရင္ သူတို႔ ရထားတာက သုံးဆယ္ေလာက္ပဲျဖစ္ေနတယ္။ မီဇိုရမ္ကသြင္းတယ္။ ဒါေပမဲ့ သြားေရး၊ လာေရး၊ သယ္ယူေရးစရိတ္က မကာမိဘူးေပါ့။ ထားပါေတာ့ အစ္ကိုရယ္ ကြၽန္ေတာ္တို႔ အရင္က အင္ဆူလင္လို ခ်င္ရင္ ရန္ကုန္က ေဆးဒိုင္ကိုလွမ္းမွာတယ္ အစ္ကို ရယ္။ ဒီက လမ္းခရီးကလည္းေကာင္းေတာ့ ကားနဲ႔ သယ္လာတယ္။ ဒီက ညေနငါးနာရီထြက္တဲ့ကားက ဟိုကို မနက္ငါးနာရီေရာက္တယ္။ ကိုယ္လိုခ်င္သ ေလာက္လည္းရတယ္။ အဲဒီလမ္းကမရေတာ့ မီဇိုရမ္ ကေနမွာတယ္။ မွာေတာ့ လမ္းေၾကာင္းေတြကအဆင္ မေျပဘူးေလ။ ကုန္းတစ္တန္ ေရတစ္တန္သယ္ရတာ ရွိေတာ့ အဲဒီကေန ဥပမာ သံတြဲကိုေရာက္လာရင္ ေဈးက လမ္းခရီးစရိတ္နဲ႔တင္ အမ်ားႀကီးတက္ေနၿပီ။ လုံေလာက္တာကလည္းမဟုတ္ဘူး။ ဥပမာ အလုံးေရ သုံးေသာင္းမွာတယ္ဆိုရင္ စစ္ေတြက မွာထားတာက ဘယ္ဆိုင္အတြက္က ဘယ္ေလာက္၊ ဘယ္ဆိုင္အ တြက္ကဘယ္ေလာက္ဆိုၿပီး ကိုယ့္ဆီကိုေရာက္လာ တာက ခြဲတမ္းေလာက္ပဲျဖစ္ေတာ့ တကယ္ခက္ခဲတဲ့ လူေတြအတြက္ ေဆးရဖို႔ခက္တယ္ေပါ့။ ဆီးခ်ိဳတို႔၊ ႏွလုံး၊ ေက်ာက္ကပ္တို႔ ခက္ခက္ခဲခဲဝယ္ရတဲ့ေဆးေတြ က ရဖို႔ခက္တယ္။ ေဆးအမ်ိဳးအစားကိုယ္တိုင္က ရန္ကုန္လိုေနရာမ်ိဳးမွာေတာင္ ထိုင္းတို႔ကမဝင္ရင္ ပစၥည္းျပတ္တယ္ေလ။ ရခိုင္ဆို ပိုဆိုးတာေပါ့။ အိႏၵိယ က အကုန္ဝင္တာမဟုတ္ဘူး။ တခ်ိဳ႕ေဆးက ထိုင္းက လာတယ္၊ တ႐ုတ္ကလာတယ္။ ေဆးတိုင္းကလာတာ မဟုတ္ဘူးေလ။ အဲဒီေတာ့ ရခိုင္မွာက လက္ပူတိုက္ ကုသလိုျဖစ္ေနတာေပါ့။ ပါရာတို႔ဘာတို႔ေတာင္မွ ဝယ္ဆိုေဈးက တစ္ဆေလာက္တက္ေနတယ္ေလ။ မၾကာေသးခင္ကပဲ ဘီတက္ဆို ရခိုင္မွာ ငါးေထာင္ ေလာက္ရွိတယ္အစ္ကိုရာ။ ဒီကိုလ္ဂ်င္တစ္ကတ္ကို သုံးေထာင္အစ္ကိုရာ။ အဲဒီလိုမ်ိဳးအေနအထား ရွိတယ္။
ေမး - ျပန္ေကာက္ရရင္ နယ္စပ္ကုန္သြယ္ေရးေပါ့ေလ။ ျပည္မနဲ႔ ကုန္မသြယ္လည္းရတယ္။ အိႏၵိယတို႔၊ ဘဂၤလားတို႔နဲ႔ဆက္ဆံမယ္ဆိုတဲ့မူ သူတို႔မွာရွိပုံရပါ တယ္။ သူတို႔ေဖာ္ေဆာင္တဲ့ နယ္စပ္ကုန္သြယ္ေရးက လက္ရွိအလုပ္ျဖစ္လား။
ေျဖ - ႏိုင္ငံေရး ပထဝီအရ လက္ရွိမွာ အိႏၵိယကဖြင့္ ေပးတယ္။ လမ္းေၾကာင္းရေနတယ္ေပါ့။ တ႐ုတ္နဲ႔ အိႏၵိယၾကား ဘယ္ေလာက္အျငင္းပြားပြား သူတို႔မွာ တြဲလုပ္တာရွိတာကိုး။ လုပ္တဲ့အခါ အစိုးရခ်င္းသ ေဘာတူညီမႈရတယ္ဗ်ာ။ လြယ္လင့္တကူေျပာရရင္ MNDAA တို႔ လမ္းေၾကာင္းေတြပိတ္တယ္။ ဒါေပမဲ့ တ႐ုတ္က သေဘာတူညီမႈယူရမယ္ဆိုၿပီး သူ႔ပစၥည္း ဆင္းဖို႔လမ္းေၾကာင္းျပန္ဖြင့္တဲ့အခါ ကုန္စည္လမ္း ေၾကာင္းျပန္ဖြင့္သြားတယ္ေလ။ အခု ထိုင္းက ပစၥည္း လည္းျပန္လာတယ္။ အဲဒီလိုပဲအစ္ကိုရာ အခုကိစၥမွာ လည္း အိႏၵိယနဲ႔ သူတို႔ သေဘာတူညီမႈတစ္ခုခုလုပ္ လိုက္တယ္။ နယ္စပ္ကေန ပစၥည္းတင္သြင္းတာကို အစိုးရမဟုတ္ဘဲ က်န္တဲ့သူေတြတင္သြင္းတာ ရပ္ ဆိုင္းတယ္ဆိုရင္ ဒါက ေတာ္ေတာ္အခက္ႀကဳံတဲ့ အ ေနအထားျဖစ္သြားမယ္ေလ။ မၾကာေသးခင္က ဘီဘီစီကေဖာ္ျပသြားတဲ့ေဆာင္းပါးရွိတယ္။ အဲဒီမွာ ဘာေျပာလဲဆိုေတာ့ အရင္တုန္းက (၁၀၂၇)ကို ဒ႐ုန္းနဲ႔ဆက္စပ္ပစၥည္းေတြ တ႐ုတ္ဘက္ကေရာင္း တယ္ဗ်ာ။ ဒ႐ုန္းကို ပိုက္ဆံမတတ္ႏိုင္လို႔ ကိုယ့္ဆီမွာ ဆင္ႏိုင္တဲ့ကေလးေတြရွိရင္ ပိုက္ဆံေပးလိုက္ အစိတ္ အပိုင္းေတြ၊ ပစၥည္းေတြသြင္းတယ္။ ဒါေပမဲ့ အခု သေဘာတူညီမႈေပါ့။ တပ္နဲ႔ သေဘာတူညီမႈနဲ႔ယူ လိုက္ၿပီးေနာက္မွာ အစိတ္အပိုင္းေရာ ဒ႐ုန္းေရာ သူတို႔မေရာင္းေပးေတာ့ဘူး။ ကြၽန္ေတာ္ေျပာတာက အစ္ကိုရာ အိႏၵိယနဲ႔ဒီဘက္ကလုပ္ေနတဲ့ ဗဟိုအစိုးရ ၾကားမွာ သေဘာတူညီမႈတစ္ခုရသြားရင္ ဒါကို ဒီလို လမ္းေၾကာင္းကေနမသြင္းပါေတာ့နဲ႔ဆိုတာနဲ႔ ဒီပစၥည္းက ပထမဝင္ေနတာကေန မဝင္ဘူးလားဆိုရင္ဝင္မယ္။ ဒါေပမဲ့ ေမွာင္ခိုလမ္းေၾကာင္းျဖစ္သြားမွာပဲ။ ေဈးက တစ္ဆတက္သြားမယ္။ ေမွာင္ခိုျဖစ္သြားမယ္။ အဲဒီလို မဟုတ္ပဲ တအားတင္းၾကပ္ၿပီးပိတ္တယ္ဆိုရင္ေတာ့ အက်ပ္အတည္းထဲေရာက္သြားမွာေလ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ေရွ႕မွာ အခု လမ္းပြင့္ေနတယ္။ ဒါေပမဲ့ သယ္ယူပို႔ေဆာင္တာက စရိတ္စကေတြတက္ေန တယ္။ သေဘာတူညီမႈေတြ အထက္မွာရသြားတယ္။ ဝင္တဲ့ဟာအားလုံးကို ပိတ္တာေသာ္လည္းေကာင္း၊ နယ္စပ္ကေန ဘယ္လိုအေကာက္အခြန္ယူမယ္ဆို တာလုပ္လိုက္ၿပီဆိုရင္ေတာ့ မလြယ္ေလာက္ေတာ့ဘူး ထင္တယ္။ မရလားဆိုေတာ့ ရမွာေပါ့။ ပိုက်ပ္မွာေပါ့။ အဲဒီလိုျမင္မိတယ္။
ေမး - အရင္ကေတာ့ ရခိုင္က ျပည္နယ္ေပါ့ေလ။ သူ တို႔က ]ဝ}လို ကြန္ဖန္ဒရိတ္ေမွ်ာ္မွန္းတယ္၊ လိုခ်င္ တယ္လို႔ေျပာေနတယ္။ အဲဒီစနစ္က ရခိုင္ျပည္နယ္နဲ႔ ကိုက္ညီလား။
ေျဖ - အစ္ကို ကြန္ဖန္ဒရိတ္လုပ္ခဲ့တယ္ဆိုတာ ကမာၻ႔ သမိုင္းနဲ႔ခ်ီေျပာရင္ခြဲထြက္တာပဲေလ။ ဥပမာေျပာရရင္ ဆားဘီးယား၊ မြန္တီနီဂ႐ိုး တြဲထားရင္ အခု ဆားဘီး ယား တစ္ခု၊ မြန္တီနီဂ႐ိုး တစ္ခု ျဖစ္တယ္။ အဲဒီလိုမ်ိဳး ကြဲကြဲထြက္သြားတာပဲ။ မတူၾကဘူးအစ္ကိုရာ။ အဓိက အားျဖင့္ ရခိုင္မွာ လူမ်ိဳးစုအေနအထားမ်ားတယ္။ ေနာက္ၿပီးေတာ့ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ ေတာင္ အဲဒီဘက္ကပုံစံနဲ႔ စစ္ေတြ၊ ေျမာက္ဦး ပုံစံနဲ႔ ကမတူဘူး။ ပုံစံေရာ ခံယူခ်က္ေရာ မတူဘူးဗ်ာ။ အဲဒီ မွာ ေတာင္ပိုင္းက်ေတာ့ တစ္ခါ ပုံစံတစ္မ်ိဳးေျပာင္းေန ျပန္ေရာ။ အဲဒါေတြအားလုံးကို ကြန္ဖန္ဒရိတ္ထဲမွာ စုထည့္ဖို႔အေရးက လြယ္မလားရယ္၊ ၿပီးေတာ့ မရရင္ တစ္ခုခ်င္း ဆားဘီးယား၊ မြန္တီနီဂ႐ိုးလို ျပန္ၿပီးျပဳတ္ ထြက္တာေတြျဖစ္တတ္တယ္။ ဘီဘီစီ ေဆာင္းပါးကိုပဲ òန္းရမယ္။ (၁၀၂၇) စစ္ဆင္ေရးေပါ့ေလ။ တ႐ုတ္က ခြင့္ျပဳလို႔ လုပ္ခြင့္ရတယ္ေပါ့။ တ႐ုတ္က ဘာသေဘာ တူညီခ်က္ယူခဲ့တယ္ေျပာတယ္။ အဲဒါက က်ားဖ်န႔္ကို သူတို႔ႏွိမ္နင္းခ်င္တယ္။ ႏွိမ္နင္းခ်င္တဲ့အခါ (၁၀၂၇) ဦးတည္ခ်က္က က်ားဖ်န႔္ၿဖိဳခြင္ေရးအစ္ကိုရာ။ ဗဟို အစိုးရကလည္း က်ားဖ်န႔္ကိုအပ္တာရွိတယ္။ ႏွိမ္နင္း တာရွိတယ္။ အဲဒီအခ်ိန္မွာ ျပန္ေျဖေလွ်ာ့တယ္ေပါ့။ သူတို႔ေျပာတဲ့ပုံစံက (၁၀၂၇)သုံးဖြဲ႕မွာ အရွိန္တစ္ခု မွာရပ္ရမယ္။ ဒီသုံးဖြဲ႕ကလည္း က်ားဖ်န႔္ကို ႏွိမ္နင္း ရင္း ကြၽဲကူးေရပါ၊ တစ္စင္ ဩဇာအာဏာကိုထူေထာင္ တယ္။ အခုဆို MNDAA နဲ႔ TNLA က ရပ္သြားၿပီ အစ္ကိုရာ။ သေဘာတူညီမႈယူလိုက္တယ္။ အဲဒီအ တြက္ AA ကို ဘယ္လိုအခ်ိန္မွာရပ္ခိုင္းမယ္ဆိုတာ ေစာင့္ၾကည့္ရမယ္လို႔ေျပာတယ္။ ၿပီးေတာ့ ကြန္ဖန္ဒ ရိတ္ပုံစံက ပါးစပ္ကသာေျပာေနတာ မလြယ္ဘူး။ အဓိကအခ်က္က ေဒသသုံး ပိုက္ဆံ၊ ယုံၾကည္မႈ၊ တည္ေထာင္မႈ ဒါေတြ အမ်ားႀကီးလာဦးမွာ။ အဲဒီေလာက္ အထိလုပ္ႏိုင္သလားဆိုတဲ့ခရီးက မလြယ္ဘူး။ ပိုၿပီး နာမွာေပါ့။ ၿမိဳ႕နယ္အလိုက္ေတာင္မဟုတ္ဘူး အစ္ကို ရာ လူမ်ိဳးစုအလိုက္ပါ ထပ္ကြဲသြားတာေတြရွိတာကိုး။ ကြန္ဖန္ဒရိတ္ပုံစံက အေျခအေနမဟန္ရင္ မလြယ္ သလို စစ္မီးကေတာက္ၿပီး အသားမက်ျဖစ္တတ္ တယ္။ ကြၽန္ေတာ္တို႔က တစ္ခ်ိန္ကေျပာခဲ့တဲ့ ဖက္ဒ ရယ္ပုံစံကို ပိုအားသန္တာေပါ့။ ဒါေပမဲ့ အခု (ကြန္ဖန္ ဒရိတ္ပုံစံ)လုပ္ေနၾကတယ္။ ဒါေပမဲ့ ဒီဟာလမ္း ေၾကာင္းသည္ ေရရွည္မွာ မလြယ္ေလာက္ဘူးထင္ တယ္။ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈလည္းရွိေသးတယ္။ ရခိုင္ေဒသဟာ တစ္နည္းေျပာရရင္ တည္ၿငိမ္မွ တ႐ုတ္က ပိုလုပ္လို႔ရမွာေလ။ ၿပီးေတာ့ တ႐ုတ္ဟာ ဗဟိုကိုယုံၾကည္ေပးတဲ့အတြက္ သေဘာတူညီမႈေတြ ကို ဗဟိုအစိုးရနဲ႔လုပ္တာျဖစ္တယ္။ ဒါေၾကာင့္ တစ္ နည္းနည္းအားျဖင့္ တ႐ုတ္မွာ သေဘာတူညီခ်က္ရွိ ႏိုင္တယ္။ ဒီေနရာကို ဘယ္နည္းနဲ႔ ၿငိမ္ေအာင္လုပ္ မယ္။ ၿပီးရင္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းအပါအဝင္ အိႏၵိယလမ္းေၾကာင္းအထိ ဘာေတြလုပ္မယ္ဆိုတာ လုပ္ထားတာတစ္ခုခုရွိလို႔ ဗဟိုအစိုးရနဲ႔ပဲ သေဘာတူညီခ်က္လုပ္တာလို႔ထင္တယ္ဗ်။ အဲဒီအတြက္ ကြန္ဖန္ထရိတ္သည္ သိပ္မလြယ္ဘူး။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။