" လွတ်လပ်ပြီး တရားမျှတတယ်ဆိုတဲ့အခါမှာ စပြိုင်ကတည်းက ပါတီအသီးသီးက တန်းတူကစားကွင်းဖြစ်ဖို့ လိုတယ်" ဦးကိုကိုကြီး (ပြည်သူ့ပါတီ-ဥက္ကဋ္ဌ) (နိုင်ငံရေးပါတီ အင်တာဗျူး)

264

Pearl (NP News)- ဒီဇင်ဘာလ ၁၁
ပြည်သူ့ပါတီသည် ယခု(၂၀၂၅)ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ် ပြိုင်မည့်ပါတီတစ်ခုဖြစ်သည်။ ပြည်သူ့ပါတီနှင့်ပတ်သက်၍ ပါတီ၏ မူဝါဒ ၊ ရည်မှန်းချက်များ၊ လက်ရှိမဲဆွယ်ကာလအတွင်းကြုံတွေ့နေရသည့်အခြေအနေများနှင့်ပတ်သက်၍ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးထံ NP News မှ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - အခု (၂၀၂၅) ရွေးကောက်ပွဲအခင်းအကျင်းကို အန်ကယ့်အနေနဲ့ ဘယ်လိုသဘောထားလဲ။ ဘယ်လို မြင်လဲဆိုတာ ပထမဦးဆုံးအနေနဲ့ပြောပြပေးပါဦးရှင့်။ နောက် အန်ကယ်တို့ပါတီရဲ့မူဝါဒကိုလည်း သိပါရစေ ရှင့်။
ဖြေ - အဓိကကတော့ ကျွန်တော်တို့က လာမယ့် ရွေး ကောက်ပွဲဟာ အရင့်အရင်ကကျင်းပခဲ့တဲ့ရွေးကောက် ပွဲတွေနဲ့မတူဘူး။ အထူးသဖြင့် ပဋိပက္ခမြင့်မားနေတဲ့ အချိန်မှာလုပ်ရတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲကိုယ်၌က လက်ရှိအခြေအနေထဲကနေ ပြီးတော့ ဒီထက်ပိုကောင်းလာပြီးတော့ ကောင်းမွန်တဲ့ အဆင့်တစ်ဆင့်ရောက်ဖို့အတွက် အသွင်ကူးပြောင်း ရေးဦးတည်တဲ့ရွေးကောက်ပွဲလို့မြင်ပါတယ်။ နောက် တစ်ခုကလည်း ကျွန်တော်တို့က ဒီရွေးကောက်ပွဲကို အကောင်းဆုံးတွေမျှော်လင့်ပြီး ဝင်တာမဟုတ်ပါဘူး။ အဆိုးအနည်းဆုံး အသက်အသာဆုံးဖြစ်တဲ့နည်းလမ်း အဖြစ်နဲ့ ချည်းကပ်တာဖြစ်ပါတယ်။ အထူးသဖြင့် နိုင် ငံရေးသိပ္ပံဝေါဟာရတွေမှာ ပဋိပက္ခဖြေရှင်းရေးဆိုတဲ့ Conflict solution ကို ပဋိပက္ခအသွင်ပြောင်းရေး Conflict Transformation ရှုထောင့်ကနေပြီး တော့ချဉ်းကပ်တာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော် တို့ (၂၀၂၅)ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းကို ကျွန်တော်တို့ပါတီပေ့ချ်မှာလည်း အပြည့်အစုံတင် ထားပါတယ်။ စာအုပ်တွေလည်းဖြန့်ချိထားတာရှိပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အခုလာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုတာထက် ရွေး ကောက်ပွဲအလွန်မှာပဲ ဘယ်ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်မလဲဆိုတာက အရေးကြီးတယ်လို့ယုံ ကြည်ပါတယ်။ အဲဒီတော့ ဒါကြောင့် ပြည်သူ့ပါတီအနေ နဲ့က နိုင်ငံရေး စစ်ရေး ပဋိပက္ခတွေနဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စတွေကို အဓိ ကဦးစားပေးဖြေရှင်းသွားမယ်လို့ ကျွန်တော်တို့တင်ပြ ထားပါတယ်။ နောက်တစ်ခုကတော့ အရေးကြီးတာက ကျွန်တော်တို့က ပဋိပက္ခတွေမြင့်မားတဲ့အချိန်မှာ အ စွန်းရောက်တရားတွေကြီးထွားတဲ့အခါကျတော့ မဇ္ဈိမ ပဋိပဒါဆိုတဲ့အလယ်အလတ်ကနေ ပြန်စုစည်းမယ့်အ တွေးခေါ်တွေအားနည်းတယ်။ အားနည်းပြီး တစ်ဖက် ကိုတစ်ဖက် အပြတ်အသတ်ချေမှုန်းမယ်၊ တိုက်ခိုက် မယ်ဆိုတဲ့လှုံ့ဆော်မှုတွေကလည်းများတယ်။ ဒါကြောင့် မို့လို့ ဒါလေးကိုသတိပြုပြီးတော့ နိုင်ငံတော် ပြန်လည် စုစည်းတည်ဆောက်ဖို့ မဖြစ်မနေလုပ်ရမယ်ဆိုတဲ့အ မြင်ကို မျက်ခြည်ပြတ်မခံဘဲနဲ့ အကြောင်းကြောင်း ကြောင့်ကွဲကွာနေတဲ့မိသားစုတွေ ပြန်လည်ဆုံစည်းနိုင် ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းလမ်း၊ နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင် လာကြစေဖို့ အဓိက ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ဖို့ဆိုတာလည်း အင်မတန်ခက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးတည်ငြိမ်ရေးကိုအဓိက ဦးစားပေးဆောင်ရွက်သွားမယ်။ တစ်ချိန်တည်းမှာပဲ သာမန်ပြည်သူတွေအတွက် နိုင်ငံရေးဆိုတာ တစ်ခါ တလေကျတော့ နိုင်ငံရေးသမားတွေပြောနေတဲ့ ဝေါ ဟာရတွေ၊ နိုင်ငံရေးစကားလုံးတွေထက်ကို သူတို့အ နေနဲ့ ရိုးရိုးရှင်းရှင်းလေးမြင်တာကတော့ နေချင်တာ တော့ငြိမ်းငြိမ်းချမ်းချမ်းလေးနေချင်တယ်။ ခြိမ်း ခြောက်မှုတွေမရှိဘဲနဲ့ လွတ်လွတ်လပ်လပ်နေချင် တယ်။ ပြီးတော့ နေ့စဉ် စားဝတ်နေရေးဖူလုံတဲ့အခြေ အနေမျိုးကိုလိုချင်တယ်။ အဲဒါကတော့ သာမန်ပြည် သူတစ်ယောက်ရဲ့ တကယ့်ရိုးရှင်းတဲ့နိုင်ငံရေးဆန္ဒ လို့ ပဲမြင်ပါတယ်။ ဒါကြောင့် နေရပ်စွန့်ခွာတွေ လုံလုံခြုံခြုံ နဲ့ ကိုယ့်ဒေသမှာ ပြန်အခြေချနေထိုင်နိုင်ဖို့၊ သူတို့ရဲ့ ပြန်လည်ထူထောင်ရေး၊ စီးပွားရေးလုပ်ငန်းတွေ ပြန် လည် လည်ပတ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေး၊ ဝန်ဆောင်မှုတွေ ဒါတွေကို အဓိကဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီတော့ တစ်ဖက် ကလည်း ပြည့်ဝမ်းဗိုက်ဆိုတာက ဟိုးတုန်းကတည်းက နိုင်ငံတစ်နိုင်ငံရဲ့ဝမ်းဗိုက်ဆိုတာဟာ စီးပွားရေးလုပ် ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ အဲဒီတော့ သူတို့အ တွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ကိစ္စတွေ၊ နောက်တစ်ခါ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ဒါတွေကိုလျှော့ ချဖို့ပေါ့နော်။ နောက်တစ်ခုကတော့ ကြိုးနီစနစ်တွေ ချောချောမောမောဖြစ်ဖို့ န ွသလနမညာနညအ အကောင် အထည်ဖော်ဖို့ ဒါတွေကိုလည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်အောင် ဆောင်ရွက်သွားမှာပါ။
မေး - မြန်မာ့နိုင်ငံရေးအတွက် အခုကျင်းပမယ့် ရွေး ကောက်ပွဲကကော ဘယ်လောက်အတိုင်းအတာထိ ကိုအရေးပါတယ်လို့ အန်ကယ့်အနေနဲ့ထင်လဲရှင့်။
ဖြေ - ရွေးကောက်ပွဲမဖြတ်သန်းဘူးဆိုရင်၊ ရွေး ကောက်ပွဲမရှိဘူးဆိုရင် သာမန်အခြေအနေမရောက် မချင်း (၆)လ၊ (၆)လ ဆိုပြီးတော့ သက်တမ်းတိုးနေ တာမျိုးလည်းကြုံရနိုင်တယ်။ သို့မဟုတ် တိုင်းပြည်အ ခြေအနေက ဘယ်လိုမှထိန်းချုပ်လို့မရလို့ အရေးပေါ် အခြေအနေပြန်ကြေညာရတယ်လို့လည်းဖြစ်နိုင်တယ်။ အဆိုးဆုံး ဟိုတုန်းကခေတ်တွေကိုနောက်ပြန်ရစ် တဲ့ အခါမှာ အချိန်မီ Pause မလုပ်ဘူးဆိုရင် Zero Setting ကိုပြန်ရောက်သွားတာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေလုံးဝမရှိ တော့ဘူး။ ဖျက်သိမ်းပြီးတော့ လုံးလုံးလျားလျားအာ ဏာသိမ်းမယ်ဆိုတာမျိုးလည်းဖြစ်သွားနိုင်တယ်။ ဒီအခြေအနေထက်စာရင်တော့ ရွေးကောက်ပွဲနည်း လမ်းနဲ့သွားတာက ထိခိုက်နာကျင်မှုအနည်းဆုံးပဲလို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်လည်း လက်ရှိအခြေအနေကြီးကိုမကြိုက်လို့ ရွေးကောက်ပွဲ ဝင်ဖို့လမ်းကိုရွေးချယ်တာ။ ရွေးကောက်ပွဲနည်းလမ်း ကနေတစ်ဆင့်လည်းပဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအ ကြိုက်ပဲကို ပြုပြင်ပြောင်းလဲဖြေရှင်းဖို့ကိုလည်း တစ် စိုက်မတ်မတ်ဆောင်ရွက်သွားမှာဖြစ်တယ်။ နောက် တစ်ခုက ရွေးကောက်ပွဲအခင်းအကျင်းမှာ မပါဝင်နိုင် သေးတဲ့ပုဂ္ဂိုလ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ပူး ပေါင်းပါဝင်လာနိုင်ဖို့အတွက်ကို ဆက်လက်ပြီး ကျွန် တော်တို့ကြိုးပမ်းသွားရမှာဖြစ်တယ်။ အဲဒီတော့ ရွေး ကောက်ပွဲပြီးသွားတာနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေအား လုံးက စခန်းသိမ်းသွားပြီ၊ တစ်ခန်းရပ်သွားပြီဆိုတာမျိုး လုပ်လို့မရဘူး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတာက ဖြစ်စဉ်ကြီးတစ်ခုဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကာလမှာ ရွေးကောက်ပွဲဝင်တဲ့ အနိုင်ရတဲ့ပါတီတွေ ကိုယ်စားလှယ်တွေနဲ့စတင်ပြီးတော့ ပြုပြင်ပြောင်းလဲ မှုဆောင်ရွက်နေရင်း တခြား မပါသေးတဲ့လူတွေကိုပါ တိုးချဲ့ပြီးတော့ ကျယ်ပြန့်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ဖို့အတွက်က ဆက်ပြီးကြိုးစားသွားရမှာဖြစ်ပါ တယ်။
မေး - အန်ကယ်တို့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေထဲမှာ တပ်က အရာရှိအငြိမ်းစားတွေပါတယ်လို့လည်းကြားပါတယ်။ ဆိုတော့ အန်ကယ်တို့ပါ တီအနေနဲ့ အခု (၂၀၂၅) ပါတီရွေးကောက်ပွဲဝင်တဲ့ နေရာမှာ ကိုယ်စားလှယ်လောင်းတွေကိုစုစည်းခဲ့တာ လား။ ရွေးချယ်ခဲ့တာလား။
ဖြေ - ကျွန်တော်တို့ နိုင်ငံရေးစလုပ်ကတည်းက ကိုယ့် ယုံကြည်ချက်၊ ရပ်တည်ချက်ကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း သတင်းမီဒီယာတွေကနေတစ်ဆင့် ရော ပါတီရဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းကပါတောက် လျှောက်ဟောပြောပြီးတော့ထုတ်လွှင့်နေတာဖြစ်ပါ တယ်။ အဲဒီအခါကျတော့ ကျွန်တော့်အင်တာဗျူးအ တော်များများကို တပ်ပိုင်းကရော ရဲပိုင်း၊ ဌာနဆိုင်ရာ ကရော နောက် စီးပွားရေးနယ်ပယ်အသီးသီးက သူ တို့နားထောင်ပြီးတော့ ထောက်ခံတယ်ဆိုတာမျိုးကို လူသိရှင်ကြား Public မှာတော့မရေးဘူး။ ဒါပေမဲ့ ကျွန်တော့်ဆီကိုရောက်လာတယ်၊ ကျွန်တော့်ဆီရော ကျွန်တော့်ဆီက CEC အဖွဲ့တွေဆီကိုပါ သီးခြား ဆက်သွယ်ပြီးတော့ သဘောထားတွေ၊ ရပ်တည်ချက် တွေကိုသဘောကျတယ်၊ နှစ်သက်တယ်ဆိုတဲ့အ ကြောင်းပြောတာတွေ Chat Box ကနေ လာရောက် ဆက်သွယ်တာတွေတောက်လျှောက်ရပါတယ်။ ရ တော့ သူတို့ကိုယ်တိုင်က နိုင်ငံပြန်လည်စုစည်းဖို့၊ နောက် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ပျက်စီးနေ တဲ့ကိစ္စတွေမှာလည်း ပြန်ပြီးစုစည်းနိုင်ဖို့ပါ၊ ပြည်သူ့ပါ တီဟာ ဒီအတွက် မျှော်လင့်ချက်ဖြစ်တယ်လို့ တပ်က အရာရှိ၊ ရဲဘော်တွေ သူတို့ကိုယ်၌က ယုံကြည်လာတာ တွေရှိပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့လွတ်လပ်တဲ့ ဆန္ဒအလျောက်သူတို့ရွေးချယ်ပြီးတော့ ဝင်ရောက် လာကြတာဖြစ်ပါတယ်။ အခြေခံကတော့ ကျွန်တော် တို့မှာရှိပြီးသား နယ်အသီးသီးမှာရှိတဲ့ပါတီဝင်တွေထဲ ကနေ ကိုယ်စားလှယ်လောင်းတင်သွင်းလာတာရှိပါ တယ်။ နောက်တစ်ခုကတော့ နယ်မြို့အသီးသီးမှာရှိတဲ့ ပါတီတွေကနေတစ်ဆင့် ကိုယ်စားလှယ်လောင်း ဝင် ရောက်ချင်တဲ့အကြောင်း ဆက်သွယ်လာကြတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီအပေါ်မှာ ကျွန်တော်တို့ အ တတ်နိုင်ဆုံး ဒီအချိန်မှာက ရွေးရတာလည်း ခက် တော့ခက်တယ်ပေါ့ဗျာ။ သို့သော် အကောင်းဆုံးဖြစ် နိုင်အောင်တော့ ကျွန်တော်တို့ဂရုစိုက်ပြီးတော့ရွေး ချယ်ထားတာဖြစ်ပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ရွေးကောက်ပွဲအလွန်မှာ ပြည်သူ့ပါတီကနေပြီးတော့ နိုင်ငံတော်ပြန်လည်စုစည်းနိုင်ဖို့၊ ပဋိပက္ခတွေဖြေရှင်း နိုင်ဖို့ အခွင့်အလမ်းတစ်ခုကိုတော့ မဲဆန္ဒရှင်တွေက ရွေးချယ်ပြီးတော့ လွှဲအပ်လိမ့်မယ်လို့ ကျွန်တော်တို့ လည်းမျှော်လင့်ထားပါတယ်။
မေး - ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်တဲ့နေ ရာမှာကော သက်ဆိုင်ရာလွှတ်တော်အလိုက် စံသတ် မှတ်ချက်ရှိခဲ့သေးလား အန်ကယ်ရှင့်။
ဖြေ - အဓိကကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စံသတ်မှတ်ချက်ပေါ့။ အသက်ကန့်သတ်ချက်၊ နောက် ပြစ်မှုကင်းရှင်းရမယ်၊ အတန်းပညာအားဖြင့် အခြေခံပညာအဆင့်ရှိရမယ်။ အဲဒါအားလုံးကတော့ အနိမ့်ဆုံးလိုအပ်ချက်အဖြစ် ပြည့်မီအောင်ရွေးချယ်ရ ပါတယ်။ အဲဒီထဲကနေပြီးတော့မှ သူရဲ့နိုင်ငံရေးဆောင် ရွက်ချက်သမိုင်းအကျဉ်း သို့မဟုတ် လူမှုရေးဆောင် ရွက်ချက်သမိုင်းအကျဉ်း ဒါတွေကို ကျွန်တော်တို့လေ့ လာပါတယ်။ တချို့ ဌာနဆိုင်ရာကနေ အငြိမ်းစားယူ ပြီးတော့ဝင်ရောက်လာတဲ့လူတွေကျတော့လည်း သူ တို့ရဲ့အုပ်ချုပ်ရေးအတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံတွေကိုမေးမြန်းပါတယ်။ သူတို့ဟာလည်း ရွေး ကောက်ပွဲအလွန် လွှတ်တော်နဲ့အုပ်ချုပ်ရေးဆိုင်ရာ နယ်ပယ်တွေမှာ တန်ဖိုးရှိတဲ့လူတွေဖြစ်တယ်။ ဒါ ကြောင့်မို့ အဲဒါတွေကို အဓိကထားပြီးရွေးချယ်ပါ တယ်။
မေး - ရွေးကောက်ပွဲကော်မရှင်ဘက်ကနေ ကိုယ်စား လှယ်လောင်းရဲ့ပညာအရည်အချင်းကန့်သတ်ထား တဲ့အပေါ် အန်ကယ့်အနေနဲ့ဘယ်လိုမြင်လဲ။
ဖြေ- ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ကိုယ် စားလှယ်လောင်းကတော့ မိုးပျံအောင်တော်လေ ကောင်းလေပေါ့။ ကျွန်တော်တို့က အတန်းပညာတွေ လည်း အဆင့်မြင့်ဘွဲ့တွေရထားလေကောင်းလေ ပေါ့။ သို့သော် တစ်ခုသတိပြုရမှာတစ်ခုက နိုင်ငံရေး အရည်အချင်းဆိုတာ အောင်လက်မှတ်တွေနဲ့သွား တိုင်းလို့မရဘူးဆိုတာကိုတော့ သတိပြုဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ ထင်ရှားခဲ့တဲ့သခင်တွေ၊ နိုင်ငံ့ခေါင်းဆောင်၊ လွတ်လပ်ရေးခေါင်းဆောင်တွေဟာ တချို့ဆိုရင်အ တန်းပညာနဲ့မဟုတ်ဘူး။ တချို့ဆိုရင်ထောင်ထဲမှာ တင်လေ့လာသင်ယူပြီးတော့ ထူးချွန်တဲ့နိုင်ငံရေးသ မားဖြစ်လာတာတွေ အများကြီးရှိတယ်။ အဲဒီတော့ အခုရွေးကောက်ပွဲမှာကြုံခဲ့ရတာဆိုရင် တိုင်းရင်းသား ဒေသတွေမှာ ယခင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေ သူတို့မှာ နိုင်ငံရေးအတွေ့အကြုံလည်းရှိတယ်။ ဖြတ်သန်းမှုအတွေ့အကြုံလည်းရှိတယ်။ သို့သော် ပညာအရည်အချင်းသတ်မှတ်ချက်ကြောင့်မို့လို့ ဝင် ရောက်မယှဉ်ပြိုင်နိုင်တဲ့ပြဿနာတွေရှိတယ်။ ဒါ ကြောင့်မို့ တချို့ဟာတွေမှာ ြွခင်းချက်ဆိုတာကတော့ ဥပဒေမှာလည်းရှိတယ်။ သူရဲ့ နိုင်ငံရေးအရည်အချင်း၊ နိုင်ငံရေး ဆောင်ရွက်မှု အားကောင်းရင်ကောင်းသလို နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ်ဆိုတာ နိုင်ငံရေးအရည်အသွေးကို အဓိကဦးစားပေးပြီးတော့ ရွေးချယ်ရတယ်၊ ဆုံးဖြတ်ရတယ်လို့ ကျွန်တော်တော့ အဲဒီလိုမြင်ပါတယ်။ ပညာအရည်အချင်းကတော့ တတ်လေကောင်းလေပေါ့နော်။ သို့သော် အဓိက အ ရည်အချင်းက နိုင်ငံရေးဖြတ်သန်းမှု၊ နိုင်ငံရေးအရည် အချင်းလို့မြင်ပါတယ်။
မေး - ကိုယ်စားလှယ်လောင်းတွေရဲ့အသုံးစရိတ် လေးနဲ့ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။
ဖြေ - UEC ရဲ့သတ်မှတ်ချက်ကိုအခြေခံပေါ့။ သာ မန်အားဖြင့် ကိုယ်စားလှယ်တစ်ယောက်က သိန်း (၃၀ဝ)မကျော်ရဘူး။ တိုင်းရင်းသားကိုယ်စားလှယ်က တော့ သိန်း (၅၀ဝ)မကျော်ရဘူး။ တကယ်ကတော့ ကျော်စရာလည်းမရှိပါဘူး။ ကိုယ်စားလှယ်တွေက ကျော်လည်းမကျော်နိုင်ဘူး။ အဲဒီတော့ ပါတီကနေ ကိုယ်စားလှယ်လောင်းတွေကိုထောက်ပံ့တယ်ဆိုတာ မျိုးကတော့မလုပ်နိုင်ဘူး။ အဓိကကတော့ ကမ်ပိန်း အတွက်လိုအပ်တဲ့ ဦးထုပ်တို့တီရှပ်တို့ကို အကန့်အ သတ်နဲ့ ကျွန်တော်တို့ကမျှဝေပေးတာရှိတယ်။ ဒီ ထက်ပိုပြီးတော့လိုချင်တယ်ဆိုရင်တော့ သူတို့ဒေသ က သူတို့စုဆောင်းပြီးတော့သူတို့အတွက် အထည် (၅၀)ထုတ်ပေးပါဆိုရင် ကျွန်တော်တို့က အရင်းအ တိုင်းပေါ့။ ဒီမှာအပ်တဲ့အတိုင်းထုတ်ပေးတယ်။ အဲဒီ တော့ ကျွန်တော်တို့ပေးနိုင်တဲ့ဟာကတော့ အခြေအ နေကောင်းရင်ကောင်းသလိုထပ်ပေးတယ်။ လော လောဆယ်တော့ ကိုယ်စားလှယ်တစ်ယောက်ကို အ ထည်(၂၀)ပေးနိုင်တယ်ဆိုရင် အထည်(၂၀)ပေး လိုက်တယ်။ ဒီထက်ပိုပြီးလိုချင်ရင် သူတို့ဘာသာ ပိုက်ဆံပေးပြီးမှာရတယ်။ ဒါက ကိုယ်စားလှယ်လောင်း တွေအပေါ်မှာ ဆောင်ရွက်ပေးနိုင်တဲ့အပိုင်းပါ။ နောက်တစ်ခုက ဗဟိုအောင်နိုင်ရေးဆိုင်းဘုတ်တွေ ထူတာရှိတယ်။ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ကတော့ သူတို့စရိတ်နဲ့သူတို့ရှာပြီးထောင်။ ကျွန်တော် တို့က ပါတီဗဟိုကနေလုပ်ပေးတဲ့အောင်နိုင်ရေး ဆိုင်း ဘုတ်တွေကိုတော့ဆောင်ရွက်ပေးတယ်။ နောက်တစ် ခုက ကိုယ်စားလှယ်လောင်းတွေကို အလှူခံဖြတ်ပိုင်း ပေးလိုက်တယ်။ ကိုယ့်ဒေသမှာ ကိုယ့်ကိုထောက်ခံအား ပေးမယ့်အလှူရှင်ပေါ့။ အဲဒါ ကိုယ့်ဘာသာစုဆောင်း ပြီး ရန်ပုံငွေရှာကြ၊ ကိုယ်လည်းတတ်နိုင်သလောက် ထည့် ထောက်ခံအားပေးတဲ့လူဆီကလည်းအလှူခံ ဆိုပြီးတော့ အလှူခံဖြတ်ပိုင်းတွေပေးလိုက်တာ။ ဒါက တော့ လက်ရှိ ပြည်သူ့ပါတီကဆောင်ရွက်နေတဲ့ အပိုင်းပါဗျ။
မေး - လက်ရှိမှာ အန်ကယ်တို့ပါတီက တချို့ကိုယ် စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ လည်းကြားနေရတယ်။ အဲဒါတွေအတွက်ကိုကော အန်ကယ်ဘာများပြောချင်လဲ။
ဖြေ- ကျွန်တော်တို့က ကိုယ်စားလှယ်လောင်းအား လုံးဟာ ပါတီရဲ့မူဝါဒ၊ စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာရမယ်။ ဒါ ကြိုပြီးတော့လည်းပြောထားပြီး သား။ အဲဒီတော့ တချို့အရာတွေမှာကတော့ သူရဲ့ ပုဂ္ဂလိကသဘောထားအရ လွတ်လွတ်လပ်လပ်ပြော တာမျိုးအထိတော့ ကျွန်တော်တို့ အသေးစိတ် ချုပ် ချယ်ထားတာမရှိဘူး။ သို့သော် အဲဒါတွေအားလုံးက အဓိကဖြစ်တဲ့ ပါတီရဲ့မူဝါဒ စည်းမျဉ်းစည်းကမ်းတွေ ကိုတော့ ငြိလို့မရဘူး။ အားလုံးကို မှာလည်းမှာတယ်။ òန်လည်းန်ကြားထားပါတယ်။
မေး - ဟုတ်ကဲ့အန်ကယ်။ ပြီးခဲ့တဲ့ရက်ကလည်း အန်ကယ်ပြောသွားတယ်။ ရွေးကောက်ပွဲက လွတ် လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်ဆိုပြီးပြောသွားတယ်။ ဆိုတော့ အခုလက်ရှိ ဖြတ်သန်း နေရတဲ့အခြေအနေနဲ့ဆိုရင် လာမယ့်ရွေးကောက်ပွဲက ကော လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ် ရပ်ဖြစ်လာမယ်လို့ အန်ကယ့်အနေနဲ့ ယုံကြည်လား ရှင့်။
ဖြေ - (၁၀ဝ)ရာခိုင်နှုန်းကတော့မဖြစ်နိုင်ဘူး။ ဘယ် လောက်ပမာဏလွတ်လပ်ပြီးတော့ ဘယ်လောက်ပမာ ဏမျှတသလဲလို့ပဲတိုင်းရမှာဖြစ်ပါတယ်။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ခြိမ်းခြောက်မှုတွေ နေရာ အသီးသီး ဘက်အသီးသီးမှာရှိနေတဲ့အတွက်ကြောင့် ရာနှုန်းပြည့်လွတ်လပ်တယ်ဆိုတာမျိုးကတော့ မျှော် လင့်လို့မရနိုင်ဘူး။ ဒါကတစ်ခုပေါ့။ နောက်တစ်ခုက တော့ ပြဿနာက ထိပ်ဆုံးကလူကြီးတွေရဲ့မူဝါဒမ ဟုတ်ပေမယ့် အောက်ခြေမှာ သူသူကိုယ်ကိုယ်က ပြိုင်ရင်နိုင်ချင်တယ်။ အဲဒီအခါကျတော့ ယခင် တာ ဝန်ကြီးကြီးယူခဲ့တဲ့လူတွေက သူတို့နဲ့ဆက်ဆံနေတဲ့ ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးပိုင်းတွေ အစရှိသဖြင့် တွေအပေါ်မှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဩဇာ သက်ရောက်နေတာတွေရှိတယ်။ ဆိုတော့ အဲဒီအခြေ အနေတွေကလည်း တချို့နေရာတွေမှာဆိုရင် ထုတ် မပြောဘဲနဲ့ ဒီကာလမှာတော့ အတတ်နိုင်ဆုံးသည်းခံရမယ်ဆိုပြီးဆောင်ရွက်နေပေမယ့်လို့ ကျွန်တော် တောင် ဟိုနေ့က မြောက်ဥက္ကလာပွဲမှာပြောလိုက်သေး တယ်။ အစ်ကိုကြီး၊ ညီလေး ဆက်ဆံရေးတို့ ဆရာ တပည့်ဆက်ဆံရေးတို့ အရှိန်တွေက အောက်မှာတော် တော်ရှိနေတယ်။ နောက်တစ်ခုကလည်း လုံခြုံရေး ပြဿနာဖြစ်တော့ အုပ်ကြီးတွေအသတ်ခံရတယ်ဘာ ညာဆိုတော့ တော်ရုံတန်ရုံလူကမလုပ်ရဲဘူး။ မလုပ် ချင်ဘူး။ မလုပ်ရဲတော့ ပြောမယ်ဆိုရင် နီးစပ်ရာတွေ ကိုခန့်ထားတာတွေမှာလည်းပဲ အဲဒီဟာတွေမှာ တစ် နည်းမဟုတ်တစ်နည်းနဲ့တော့ လွတ်လပ်ပြီးတရားမျှ တတဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စိန်ခေါ်မှု တွေဖြစ်နေတယ်လို့မြင်တယ်။ ဒါကြောင့်မို့ အခုရွေး ကောက်ပွဲကို ရာနှုန်းပြည့်ကတော့ ကျွန်တော်လည်း မျှော်လင့်လို့မရနိုင်ဘူးလို့ပဲမြင်ပါတယ်။ နောက်တစ် ခုကတော့ လွတ်လပ်ပြီးမျှတတယ်ဆိုတဲ့အခါမှာ စ ပြိုင်ကတည်းက ပါတီအသီးသီးဟာ တန်းတူကစား ကွင်းဖြစ်ဖို့လိုတယ်။ သူက နဂိုက အမြင့်မှာကစား တယ်။ ကျန်တဲ့လူတွေက အောက်မှာကစားတယ်။ အနိမ့်မှာကစားရတယ်ဆိုရင် တာလွှတ်ကတည်းက တန်းတူညီမျှမှုဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ ဒါကြောင့် ပကတိရှိနေတဲ့အခြေအ နေတွေကိုသိတယ်။ သို့သော် ဒီလိုအခြေအနေတွေမှာ မျက်စိမှိတ်ပြီးတော့ လူထုကိုပဲအားကိုးပြီးတော့ ပြည် သူက သူတို့ရဲ့နားလည်မှု၊ သဘောပေါက်မှုပေါ်မှာမူ တည်ပြီးတော့ မှန်မှန်ကန်ကန်ရွေးချယ်နိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပဲ ဆောင်ရွက်နေရတာဖြစ်ပါ တယ်။ ဒါကြောင့် ခုနကစကားကိုပြန်ချုပ်ရရင် (၁၀ဝ) ရာခိုင်နှုန်းက လွတ်လပ်မျှတတယ်ဆိုတာမျိုး မျှော် လင့်လို့မရနိုင်ပါဘူး။
မေး - ဒီနှစ်မှာမှ PR နဲ့ FPTP ရောထားတဲ့စနစ် ကိုကော အန်ကယ့်အနေနဲ့ ဘယ်လိုမြင်လဲရှင့်။
ဖြေ - ဒါကတော့ ပထမဆုံးအကြိမ်ပဲ ။ ကျွန်တော်တို့ နိုင်ငံမှာလည်း PR ဆိုတာကို အရင်က အတွေ့အကြုံ မရှိဘူး။ အတွေ့အကြုံမရှိတဲ့အခါမှာ မဲဆန္ဒရှင်နဲ့နိုင်ငံ ရေးပါတီတွေတင်ပဲ အတွေ့အကြုံမရှိတာမဟုတ်ဘူး။ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်လည်း အတွေ့အ ကြုံမရှိဘူး။ မရှိတော့ စပြီးတော့ ညွှန်ကြားချက်တွေ ထုတ်တဲ့အခါမှာ ကသောင်းကနင်းတွေဖြစ်တယ်။ အဲဒါကို PR ကိုအပြည့်ဝင်မှ FPTP ကို အကုန်ဝင်ရ မယ်ဆိုတာမျိုးတို့ အစရှိသဖြင့်။ ဘာပဲပြောပြော အဲဒီ အတွေ့အကြုံတွေကနေ ပြုပြင်မွမ်းမံရင်းနဲ့ ဒီထက် ပိုပြီးတော့ကောင်းမွန်တဲ့ရွေးကောက်ပွဲ ဖြစ်လာလိမ့် မယ်လို့မျှော်လင့်တယ်။ အခုလောလောဆယ်တော့ အသားမကျသေးဘူးလို့ပဲပြောရမှာပဲ။
မေး- အခုက မဲဆွယ်စည်းရုံးတဲ့ကာလလည်းဖြစ်ပြီ ဆိုတော UEC က စီးတန်းလှည့်လည်မဲဆွယ်စည်း ရုံးခွင့်ကိုကန့်သတ်ထားတော့ လက်ရှိ ပြည်သူလူထု ကြား ဘယ်လိုပုံစံနဲ့ မဲဆွယ်မှုတွေပြုလုပ်နေလဲရှင့်။ မဲဆွယ်ရတာအဆင်ပြေလား။ အခက်အခဲ ဘာတွေ ရှိနေလဲရှင့်။
ဖြေ - ကျွန်တော်တောင် ရယ်စရာပြောဖြစ်သေးတယ်။ စီတန်းလှည့်လည်လို့သာမရတာ။ အဝိုင်းလှည့်လည် နေတာကိုတော့ တစ်နေကုန်ထိုင်ကြည့်နေရတယ်။ ဘာဖြစ်လို့လဲဆိုရင် Connection ကလည်းမ ကောင်းတော့ မြေပြင်ပေါ်မှာသာ စီတန်းလှည့်လည် လို့မရတာ။ ဖုန်းမျက်နှာပြင်မှာတော့ အဝိုင်းလှည့်တာ ထိုင်ကြည့်နေရတယ်။ အဲဒီတော့ မြေပြင်လည်းထိထိ ရောက်ရောက်မလုပ်နိုင်ဘူး။ အင်တာနက်လိုင်းတွေ ကလည်း ဒီရက်တွေမှာ တော်တော် ဆိုးဆိုးရွားရွားဖြစ် နေတော့ အဓိကက နိုင်ငံရေးဆိုတာ စည်းရုံးရေးပဲ လေ။ လူထုနဲ့စည်းရုံးဆက်သွယ်မှုမှာ ဆက်သွယ်စည်း ရုံးဖို့ လမ်းကြောင်းအခက်အခဲရှိတယ်။ နောက်တစ် ခုက ဘဏ္ဍာရေးကတော့အဆိုးဆုံးပေါ့။ ကျွန်တော် တို့က ပေါပေါများများရှိတဲ့လူတွေနဲ့နှိုင်းယှဉ်ပြီးတော့ ဘယ်လိုမှ သူပြိုင်ကိုယ်ပြိုင်မကြဲနိုင်ဘူး။ ဒါကတော့ အဓိကပြဿနာတစ်ခုပါ။ နောက်တစ်ခုက လုံခြုံရေး ပြဿနာမှာ စိုးရိမ်နေတာရှိသလို လုံခြုံရေးစိုးရိမ်လို့ ဆောင်ရွက်တဲ့အတွက်ကြောင့် ထပ်ပြီး စိုးရိမ်စရာဖြစ် တာတွေလည်းရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ဆို ရင် တချို့နေရာတွေမှာ လုံခြုံရေးယူမပေးနိုင်လို့ဆို ပြီးတော့ မလုပ်ရတာတွေရှိတယ်။ လုံခြုံရေးလည်း မယူနဲ့ ဘာမှမယူနဲ့ ကိုယ်ဖြစ်ကိုယ်ခံဆိုရင်တော့ ဒီ ထက်ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မယ့်အခြေအနေတွေရှိတယ်။ ဒါပေမဲ့ ဌာနဆိုင်ရာတွေနဲ့ သဘောတူ ခွင့်ပြုချက်ယူပြီးမှလုပ်ရတဲ့အခါမှာ အဲဒီပြဿနာတွေ ရှိတယ်။ ဥပမာအားဖြင့်ကျွန်တော်တို့ စီတန်းလှည့် လည်တယ်ဆိုတာ အခုကာလမှာ တကယ့်ကို တက် တက်ကြွကြွနဲ့ တစ်ခါတည်းကို စိတ်ပါလက်ပါပူးပေါင်း ပါဝင်နေတာမျိုးဖြစ်ရမှာပေါ့။ အခုက စီတန်းလှည့် လည်ခွင့်မပြုဘူးဆိုတော့ ကျွန်တော်တို့မှာ တော်တော် လေး အခက်အခဲတွေကတော့ရှိတယ်။ နောက်တစ်ခါ ဆောင်းဘောက်ဖွင့်တဲ့ကိစ္စ၊ ပြီးခဲ့တဲ့ရက်က အဲဒီလို ဟာမျိုးလာဖြစ်တယ်။ ဒီကာလကြီးမှာ ကျွန်တော်ပြော ပါရောလား။ အချဉ်ပေါင်းသယ်တောင်မှ ဆောင်း ဘောက်နဲ့အချဉ်ပေါင်းရောင်းတဲ့ကိစ္စကို။ ဘယ့်နှယ် နိုင်ငံရေးစည်းရုံးဟောပြောတဲ့ဟာကို ဆောင်းဘောက် နဲ့လာပြီးတော့လုပ်တော့ ကားတန်းတစ်စီးလုံးအပြည့် ကားတန်းကြီးတွေစီတန်းလှည့်နေတဲ့ ကိစ္စမျိုးကျ ပြဿနာမတက်ဘဲနဲ့ အခုဆောင်းဘောက်လေး (၂)လုံးတင်ပြီး လူ(၁၀ဝ)လောက်ဟောတဲ့အခါကျမှ တား မြစ်ခံရတာမျိုးတွေ။ ဒါမျိုးတွေလည်းအများကြီးပါပဲ။နောက်တစ်ခုကတော့လည်း တချို့နယ်တွေမှာ ကိုယ့် ပါတီတွေကအားထားရတဲ့လူငယ်တွေကို စစ်မှုထမ်း စာရင်းထဲထည့်လိုက်တာမျိုးတွေ။ ကျွန်တော်တို့မှာ အော်လို့လည်းမရ၊ ပြောလို့လည်းမရပေါ့နော်။ ကြိတ် မှိတ်ပြီးတော့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက်ဆိုပြီးတော့ ဖြစ်နေတဲ့အခြေ အနေတွေကိုပဲ အကောင်းဆုံးဖြစ်အောင်ဆောင် ရွက်နေရတဲ့သဘောရှိပါတယ်။
မေး - အဲဒီလိုမျိုးမဲဆွယ်စည်းရုံးတဲ့အခါမှာ ပြည်သူ လူထုအနေနဲ့ အခု(၂၀၂၅)ရွေးကောက်ပွဲအခင်းအ ကျင်းပေါ် ဘယ်လိုသဘောထားတယ်ထင်လဲ မြင်လဲ။ ပြည်သူတွေ ရွေးကောက်ပွဲကိုစိတ်ဝင်စားကြလား။ ပြည်သူတွေဆီကနေ ပြန်ကြားရတဲ့အသံတွေကကော ပါတီအနေနဲ့ ဘယ်လိုရှိလဲ။
ဖြေ - ဟုတ်ကဲ့။ အခုကတော့ ပြောရရင်တော့ ရွေး ကောက်ပွဲရက်နီးလာတာနဲ့အမျှ စိတ်ပါဝင်စားမှုက တော့တိုးလာတယ်လို့မြင်တယ်။ ကျွန်တော်တို့ကိုယ် တိုင်လည်း မီဒီယာတွေကနေတစ်ဆင့်ပေါ့နော် တောက်လျှောက်ပြောနေတယ်။ ရွေးကောက်ပွဲမဲမ ပေးရင်ဘာဖြစ်မလဲ။ ရွေးကောက်ပွဲကတော့ မပျက် ဘူး။ ဖြစ်သွားမှာပဲ။ မဲမပေးရင် ကိုယ်ရွေးချယ်တဲ့ ကိုယ်ကြိုက်တဲ့လူတွေမပါဘဲနဲ့ သူများရွေးချယ်လိုက် တာကိုခံရမယ်၊ အဲဒါ ခင်ဗျားတို့ခံရမယ် ဒါကိုစဉ်းစား ဆိုပြီးတိုက်တွန်းနေတဲ့အခါကျတော့ ပြည်သူကြားထဲ မှာ " ဟာ ဟုတ်တာပဲ၊ မဲမပေးရင် နောက်(၅)နှစ်က သူများရွေးချယ်သွားတာ၊ ဆုံးဖြတ်သွားတာကြီးကို ခံရ တော့မှာပဲ"ဆိုတာမျိုးတော့ တော်တော်လည်းကျယ် ပြန့်လာတယ်။ အမြင်သဘောထားတွေ။ နောက်တစ် ခုကတော့ တစ်ချိန်တုန်းကတော့ လက်နက်ကိုင်တော် လှန်ရေးအောင်မြင်မယ်လို့မျှော်လင့်တဲ့လူတွေလည်း လက်ရှိ မြေပြင်အခြေအနေကြောင့် ထင်သလိုမဖြစ် ဘူးဆိုတာကိုလည်း တော်တော်များများ သဘော ပေါက်လာတယ်။ နောက်ဆုံးပြောရရင် စစ်ဘေးရှောင် ပြည်သူတွေကိုယ်၌က ကိုယ့်ရပ်၊ ကိုယ့်ရွာမှာ ငြိမ်း ငြိမ်းချမ်းချမ်းပြန်နေချင်ကြပြီ။ ဒီလိုမျိုးပဋိပက္ခတွေ ကိုယ်၌ကလည်း ရွေးကောက်ပွဲကို ပိုပိုပြီးတော့ စိတ် ဝင်စားလာတယ်လို့မြင်ပါတယ်။
မေး - အခုလိုမဲဆွယ်ကာလမှာ တချို့ပါတီကိုယ် စားလှယ်လောင်းတွေ ခြိမ်းခြောက်ခံရတာမျိုးတွေ ကြုံရတာရှိတယ်။ ဆိုတော့ အန်ကယ်တို့ပါတီက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကော ကြုံရလား ရှင့်။ ဝေဖန်မှုတွေ အပြင်ကိုလေ။
ဖြေ - ကိုယ်စားလှယ်လောင်းတွေဆိုတာထက်ကို ဥက္ကဋ္ဌဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်ပေါ့။ အရင်တုန်း ကတော့ ခြိမ်းခြောက်တာတွေ၊ နောက်တစ်ခါ အသံ တွေကတော့ မျိုးစုံထွက်တာပေါ့လေ။Hate List ထဲ တည့်ထားတာပေါ့လေ။ နောက်တော့လည်း မဟုတ်ပါ ဘူးတွေ၊ ဟုတ်ပါတယ်တွေ သူတို့ ခြိမ်းခြောက်တဲ့ လူတွေကြားထဲမှာလည်း ငြင်းကြခုန်ကြပေါ့။ နောက်တစ်ခါ Social Punishment လုပ်တယ်ဆိုပြီးတော့ ကလေးတွေမိသားစုတွေကိုပါလုပ်တာမျိုးတွေလည်း တောက်လျှောက်ကြုံရတာပေါ့။ ကိုယ်စားလှယ် လောင်းတွေထဲမှာလည်း တချို့နုတ်ထွက်ခိုင်းတာတွေ ကြုံရတယ်။ တချို့ပြိုင်ဘက်မရှိလို့ တစ်ယောက်တည်း အရွေးခံလိုက်ရတယ်ဆိုတဲ့နေရာတွေထဲမှာ ကိုယ်စား လှယ်လောင်းရှိရဲ့သားနဲ့ ဖိအားပေးမှုတွေကြောင့်နုတ် ထွက်လိုက်ရာမျိုးတွေလည်းရှိတယ်ပေါ့နော်။ တောက် လျှောက်လည်း အခုချိန်ထိ မတော်တဆလား၊ ရည် ရွယ်ချက်နဲ့ဖြစ်တာလားမသိပေမယ့် ကျွန်တော်တို့ ပိုစတာတွေ၊ ဗီနိုင်းဆိုင်းဘုတ်တွေပေါ့နော်။ သင်္ဃန်း ကျွန်းမှာဆိုရင်ဖျက်ဆီးခံရတယ်။ တချို့ဆိုင်းဘုတ် တွေဆိုရင် ကားနဲ့တိုက်ခံထားရတယ်။ မတော်တဆ ကားပါကင်ထိုးတာဆုတ်တာနဲ့ငြိသလား၊ ရည်ရွယ် ချက်ရှိလား မသိဘူးပေါ့ဗျာ။ အဲဒါမျိုးလေးတွေလည်း ကြုံရတာရှိပါတယ်။ အွန်လိုင်းကနေ ဆဲဆိုကြိမ်း မောင်းတာ၊ ခြိမ်းခြောက်တာ၊ ဆဲဆိုတာတွေလည်းရှိနေ တယ်။ နောက်တစ်ခါ ဖုန်းနဲ့ခြိမ်းခြောက်တာ၊ Chatbox ကနေခြိမ်းခြောက်တာဒါမျိုးတွေလည်းရှိ ပါတယ်။ ဒါမျိုးတွေလည်း ကိုယ်စားလှယ်လောင်းတွေ ဆီကနေပြန်ကြားရပါတယ်။ အဓိကကတော့ နုတ် ထွက်ဖို့ခြိမ်းခြောက် ဖိအားပေးခံရတာတွေ တချို့နေ ရာတွေမှာရှိနေတယ်။
မေး - အခုရွေးကောက်ပွဲအခင်းအကျင်းမှာ အန် ကယ်တို့ပါတီက ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်မယ်လို့ ယုံကြည်လဲ၊ ခန့်မှန်းထားလဲ။
ဖြေ - ကျွန်တော်တို့ကတော့ အတိုင်းအတာတစ်ခုအထိ အနိုင်ရမယ်လို့မျှော်လင့်တယ်။ သို့သော် ဘယ်ပေါ်မှာ မူတည်လဲဆိုရင် ရွေးကောက်ပွဲမဲပေးတဲ့ရာခိုင်နှုန်း တက်လာရင် ကျွန်တော်တို့က အခွင့်အလမ်းပိုများ မယ်။ ဘာကြောင့်လဲဆိုရင် တစ်လျှောက်လုံးမှာ ဒီမို ကရေစီဘက်ကနေထောက်ခံတဲ့ မဲပေးတဲ့မဲဆန္ဒရှင် တွေကို မဲမပေးဖို့ခြိမ်းခြောက်ခံနေရတော့ သူတို့မဲ လာမပေးရင် မဲရလဒ်က တစ်ဖက်စောင်းနင်းကြီးဖြစ် သွားမှာပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီမိုကရေစီ ဘက်က တစ်စိုက်မတ်မတ်ရပ်တည်ခဲ့တဲ့ မဲဆန္ဒရှင် တွေ ၊ နောက်တစ်ခုကတော့ အကြမ်းမဖက်နိုင်ငံရေး နည်းလမ်းကို ပြုပြင်ပြောင်းလဲနိုင်တယ်လို့ယုံကြည် တဲ့မဲဆန္ဒရှင်တွေ မဲရုံရောက်လာဖို့လိုတယ်။ အဲဒါမ ရွေးကောက်ပွဲရလဒ်ကလည်း ကျွန်တော်တို့ပါတီအ နေနဲ့ ပိုပြီးအခွင့်အလမ်းများလာမယ်လို့ထင်ပါတယ်။
မေး - တကယ်လို့ ပါတီကကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲရောက်ခဲ့မယ်ဆိုရင် ရောက်ရောက်ချင်း ဘယ်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားမလဲရှင့်။
ဖြေ - ကျွန်တော်ပြောခဲ့သလိုပေါ့။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး အဲဒါနဲ့ဆက်စပ်ပြီးတော့ လက်နက်ကိုင် ပဋိပက္ခအကြောင်းအရင်းတွေရဲ့အခြေခံအကြောင်း တရားကဘာလဲဆိုရင် တစ်ချိန်တုန်းကတော့ ဝါဒရေး ရာပေါ့။ အဲဒီတော့ တစ်ပါတီစနစ်မှာ ပါတီစုံဒီမိုကရေ စီဘောင်ထဲမှာ ဝါဒကွဲပြားတဲ့လူတွေရပ်တည်နိုင်ဖို့၊ အခုက အဓိကက ဖက်ဒရယ်ပြသနာ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေအားလုံးမှာ ကျွန်တော်တို့အမြဲ တမ်းအလေးအနက်ထားပြီးဆွေးနွေးနေရတာက တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဖြစ်ပါ တယ်။ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးပေါ့။ အဲဒါက ဦးစားပေးပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ နောက် တစ်ခါ တစ်လက်စတည်းမှာပဲ အလုပ်အကိုင်အခွင့် အလမ်းတွေ ရှာဖွေရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအကျဆုံးဖြစ်တဲ့ လျှပ်စစ်နဲ့စွမ်းအင် ကဏ္ဍ။ ဒီဟာတွေ ။ နောက်တစ်ခုကတော့ နိုင်ငံရေး ပဋိပက္ခကြောင့်ဆိုတာထက်ကို တည်ငြိမ်တဲ့မူဝါဒတွေ ကို နည်းဥပဒေတွေမဖြစ်တဲ့အတွက်ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအတွက် အဟန့်အတားဖြစ်နေတာ ရှိတယ်။ ဒါကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့မူဝါဒတွေကလည်း တည်ငြိမ်ဖို့၊ ကြိုးနီစနစ်တွေ လျှော့ချဖို့ ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်း တွေအားကောင်းလာဖို့ အစရှိသဖြင့် ဒါတွေကို ကျွန် တော်တို့ အဓိကထားပြီးဆောင်ရွက်ဖို့ ဖော်ပြထားပါ တယ်။
မေး-တချို့တွေကျတော့လည်း အခုရွေးကောက်ပွဲမှာ No Vote ဆိုပြီးတော့လည်း ပြောနေတာတွေလည်း ရှိနေတော့ အဲဒီလူတွေကို အန်ကယ်ဘာများပြောချင်လဲ။
ဖြေ - ရွေးကောက်ပွဲသမိုင်းကိုပြောလိုက်ရင် No Vote လုပ်လို့ ရလဒ်ကောင်းထွက်သွားတာမတွေ့ဘူး။ No Vote လုပ်လည်း ရွေးကောက်ပွဲကဖြစ်သွားပြီး တော့ ကိုယ့်ဆန္ဒမပါတဲ့ရလဒ်တွေဖြစ်သွားတာပဲအ ဖတ်တင်တယ်။ အဲဒီတော့ No Vote သည် ရလဒ် ကောင်းမထွက်ဘူးလို့ပဲမြင်တယ်။ နောက်တစ်ခုက ပြည်သူတွေဟာ ရွေးကောက်ပွဲသွားပြီးရင် အင်မတန် သတ္တိကောင်းတဲ့ပြည်သူတွေ။ မဲရုံတွေမှာမဲပေးခြင်း အားဖြင့် သူတို့ရဲ့ဆန္ဒကိုဖော်ထုတ်တာပဲ။ အဲဒီတော့ ရွေးကောက်ပွဲသမိုင်းတွေကိုပြန်ကြည့်ရင် လူတည်မြဲ မဲသန့်ရှင်းဆိုတာ သိပ်ကိုနာမည်ကြီးတယ်။ အဲဒီတော့ တစ်ဖက်က တရားမျှတမှုမရှိတဲ့ဖိအားပေးမှုတွေ၊ ဆောင်ရွက်မှုတွေရှိတဲ့အတွက်ကြောင့်ကို မဲသွားပေး တာ။ မဲပေးလိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲ မဲမသမာဖြစ်စေချင်တဲ့လူတွေနဲ့ ပြောင်းပြန်ရလဒ် ထွက်အောင်ကို ပြည်သူကသတ္တိကောင်းတယ်။ အဲဒီ လိုပဲ (၁၉၉၀)၊ (၂၀၁၂)၊ (၂၀၁၅) အစရှိသဖြင့် ရွေး ကောက်ပွဲတွေကိုပြန်ကြည့်ရင် တချို့ဟာတွေက အ နိုင်ရတဲ့လူကိုထောက်ခံပေးရုံတင်မကဘူး သူတို့ရဲ့ စိတ်မကျေနပ်မှုကို ဖော်ထုတ်တဲ့အနေနဲ့ပါ မဲပေးသွား တာ။ ဘယ်လောက်ပဲ ဖိနှိပ်မှုတွေ ခြိမ်းခြောက်မှုတွေ ရှိရှိ သူတို့က အနည်းဆုံးတော့ အသံတိတ် ဆန္ဒထုတ် ဖော်တဲ့ပွဲ။ ဆိုတော့ အဲဒီအခွင့်အလမ်းကို ပြည်သူတွေ က အသုံးချဖို့လိုတယ်။ အဲဒီတော့ ပြည်သူတွေအပိုင်း ကတာဝန်ကျေပြီးသွားပြီဆိုရင် နိုင်ငံရေးခေါင်းဆောင် တွေအပိုင်းကလည်း နိုင်ငံတော် ပြန်လည်စုစည်းဖို့ ဆက်လက်ဆောင်ရွက်ရမယ့်ဟာကို မျက်ခြည်မပြတ် ဖို့လိုတယ်။ ကျွန်တော်တို့က လူထုထောက်ခံမှုရပြီဆို ပြီးတော့လည်း ငါတကောကောလို့မရဘူး။ ဒါကတော့ အတွေ့အကြုံတွေအရ လူထုနိုင်ငံရေးရော ထိပ်ပိုင်း နိုင်ငံရေးရော ဟန်ချက်ညီအောင် မျှမျှတတဆောင် ရွက်နိုင်တဲ့ ပါတီ၊ နိုင်ငံရေးသမားတွေကို ရွေးချယ်ကြမှ သာလျှင် နိုင်ငံပြုပြင်ပြောင်းလဲရေးကထိရောက်မှာ။ သေချာတာကတော့ လူထုထောက်ခံမှုမရဘဲနဲ့ ပြည် သူမပါဘဲနဲ့တော့ နိုင်ငံရေးပါတီလုပ်လို့မရဘူး။ အဲဒီ တော့ အရေးကြီးတာတော့ ပြည်သူ့ထောက်ခံမှုက ကျွန်တော်တို့အတွက်အသက်သွေးကြောပဲ။ ပြည်သူ့ ထောက်ခံမှုရပြီးရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း ပြုပြင် ပြောင်းလဲရေး၊ ပဋိပက္ခတွေ ဖြေလျှော့ရေးကိစ္စကို ကျွန်တော်တို့ စွမ်းစွမ်းတမံဆောင်ရွက်သွားမှာဖြစ် ပါတယ်။
မေး - နောက်ပြီး ရွေးကောက်ပွဲကို အဖျက်အမှောင့် လုပ်ချင်တဲ့ လူပုဂ္ဂိုလ်တွေ ၊ အဖွဲ့အစည်းတွေကိုကော အန်ကယ့်အနေနဲ့ ကြောက်လား၊ သူတို့ကိုကော အန် ကယ် ဘာများပြောချင်လဲ။
ဖြေ - ကျွန်တော်တို့ဖြတ်သန်းလာခဲ့တာ (၅)နှစ်ကာ လထဲကိုရောက်လာပြီပေါ့ဗျာ။ ရောက်လာပြီဆိုတော့ ပြီးခဲ့တဲ့ဖြစ်စဉ်တွေနဲ့ အနိဋ္ဌာရုံတွေ၊ နောက် ပြည်သူ တွေခံစားနေရတဲ့ဒုက္ခတွေကို ပြန်ပြီးသုံးသပ်ဖို့ပဲ လို တယ်လို့ပဲပြောချင်တယ်။ နောက်တစ်ခု ကျွန်တော်တို့ မြန်မာနိုင်ငံရေးဆိုတာက နိုင်ငံတကာ နိုင်ငံရေးနဲ့မျက် ခြည်ပြတ်လို့မရဘူး။ အဲဒီတော့ နိုင်ငံတကာအခင်းအ ကျင်းအပြောင်းအလဲတွေကိုလည်းနားလည်ဖို့လို တယ်။ နောက်တစ်ခါ အိမ်နီးချင်းနိုင်ငံတွေပေါ့၊ ပထဝီ နိုင်ငံရေးပေါ့။ အဲဒါတွေအားလုံးကို ပြည့်ပြည့်စုံစုံနား လည်လေ့လာပြီးတော့မှ ကိုယ်ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်သင့်တယ်။ အဲဒီတော့ မကျေနပ်မှုကိုဖော် ထုတ်ရုံသက်သက်နဲ့ကတော့ ကျွန်တော်တို့ ရလဒ် ကောင်းမထွက်နိုင်ဘူး။ အဲဒီတော့ ရလဒ်ကိုဦးတည် တဲ့ လက်တွေ့ကျတဲ့နိုင်ငံရေးဖြစ်ဖို့အတွက် အားလုံး ကိုတိုက်တွန်းချင်ပါတယ်။
မေး - အခုရွေးကောက်ပွဲအခင်းအကျင်းနဲ့ပတ် သက်ပြီးတော့ကော အန်ကယ်ဘာများဖြည့်စွက်ပြီး ပြောချင်သေးလဲရှင့်။
ဖြေ - အဓိကကတော့ မဲပေးဖြစ်အောင်ပေးပေးပါ။ ဒါပဲပြောချင်တယ်။ မဲပေးခြင်းဟာ နိုင်ငံရေးသည်အ ခြေအနေကို ပြုပြင်ပြောင်းလဲနိုင်တယ်။ ပဋိပက္ခတွေ ကိုလျှော့ချနိုင်တယ်။ အဲဒီလိုမဲပေးတဲ့အခါမှာလည်းပဲ နိုင်ငံရေးသမိုင်းကြောင်းဖြတ်သန်းမှုနဲ့ နိုင်ငံတော်ပေါ် မှာထားတဲ့စေတနာ၊ နောက် နိုင်ငံတော်နဲ့ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေကိုသုံးသပ်ပြီးတော့ ပြည်သူ့ပါ တီကို ရဲရဲတင်းတင်းရွေးချယ်ကြဖို့၊ မဲပေးကြဖို့ တိုက် တွန်းချင်ပါတယ်။
မေး - အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် အန်ကယ်ရှင့်။

Zawgyi Version:
" လြတ္လပ္ၿပီး တရားမွ်တတယ္ဆိုတဲ့အခါမွာ စၿပိဳင္ကတည္းက ပါတီအသီးသီးက တန္းတူကစားကြင္းျဖစ္ဖို႔ လိုတယ္" ဦးကိုကိုႀကီး (ျပည္သူ႔ပါတီ-ဥကၠ႒)
(ႏိုင္ငံေရးပါတီ အင္တာဗ်ဴး)
Pearl (NP News)- ဒီဇင္ဘာလ ၁၁
ျပည္သူ႔ပါတီသည္ ယခု(၂၀၂၅)ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုအဆင့္ ဝင္ေရာက္ယွဥ္ ၿပိဳင္မည့္ပါတီတစ္ခုျဖစ္သည္။ ျပည္သူ႔ပါတီႏွင့္ပတ္သက္၍ ပါတီ၏ မူဝါဒ ၊ ရည္မွန္းခ်က္မ်ား၊ လက္ရွိမဲဆြယ္ကာလအတြင္းႀကဳံေတြ႕ေနရသည့္အေျခအေနမ်ားႏွင့္ပတ္သက္၍ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - အခု (၂၀၂၅) ေ႐ြးေကာက္ပြဲအခင္းအက်င္းကို အန္ကယ့္အေနနဲ႔ ဘယ္လိုသေဘာထားလဲ။ ဘယ္လို ျမင္လဲဆိုတာ ပထမဦးဆုံးအေနနဲ႔ေျပာျပေပးပါဦးရွင့္။ ေနာက္ အန္ကယ္တို႔ပါတီရဲ႕မူဝါဒကိုလည္း သိပါရေစ ရွင့္။
ေျဖ - အဓိကကေတာ့ ကြၽန္ေတာ္တို႔က လာမယ့္ ေ႐ြး ေကာက္ပြဲဟာ အရင့္အရင္ကက်င္းပခဲ့တဲ့ေ႐ြးေကာက္ ပြဲေတြနဲ႔မတူဘူး။ အထူးသျဖင့္ ပဋိပကၡျမင့္မားေနတဲ့ အခ်ိန္မွာလုပ္ရတဲ့ေ႐ြးေကာက္ပြဲျဖစ္တဲ့အတြက္ေၾကာင့္ ေ႐ြးေကာက္ပြဲကိုယ္၌က လက္ရွိအေျခအေနထဲကေန ၿပီးေတာ့ ဒီထက္ပိုေကာင္းလာၿပီးေတာ့ ေကာင္းမြန္တဲ့ အဆင့္တစ္ဆင့္ေရာက္ဖို႔အတြက္ အသြင္ကူးေျပာင္း ေရးဦးတည္တဲ့ေ႐ြးေကာက္ပြဲလို႔ျမင္ပါတယ္။ ေနာက္ တစ္ခုကလည္း ကြၽန္ေတာ္တို႔က ဒီေ႐ြးေကာက္ပြဲကို အေကာင္းဆုံးေတြေမွ်ာ္လင့္ၿပီး ဝင္တာမဟုတ္ပါဘူး။ အဆိုးအနည္းဆုံး အသက္အသာဆုံးျဖစ္တဲ့နည္းလမ္း အျဖစ္နဲ႔ ခ်ည္းကပ္တာျဖစ္ပါတယ္။ အထူးသျဖင့္ ႏိုင္ ငံေရးသိပၸံေဝါဟာရေတြမွာ ပဋိပကၡေျဖရွင္းေရးဆိုတဲ့ Conflict solution ကို ပဋိပကၡအသြင္ေျပာင္းေရး Conflict Transformation ရႈေထာင့္ကေနၿပီး ေတာ့ခ်ဥ္းကပ္တာျဖစ္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ တို႔ (၂၀၂၅)ခုႏွစ္ေ႐ြးေကာက္ပြဲေၾကညာစာတမ္းကို ကြၽန္ေတာ္တို႔ပါတီေပ့ခ်္မွာလည္း အျပည့္အစုံတင္ ထားပါတယ္။ စာအုပ္ေတြလည္းျဖန႔္ခ်ိထားတာရွိပါ တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က အခုလာမယ့္ ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ပြဲဆိုတာထက္ ေ႐ြး ေကာက္ပြဲအလြန္မွာပဲ ဘယ္ကိစၥေတြကို ဦးစားေပး ေဆာင္႐ြက္မလဲဆိုတာက အေရးႀကီးတယ္လို႔ယုံ ၾကည္ပါတယ္။ အဲဒီေတာ့ ဒါေၾကာင့္ ျပည္သူ႔ပါတီအေန နဲ႔က ႏိုင္ငံေရး စစ္ေရး ပဋိပကၡေတြနဲ႔ ျပည္သူေတြရဲ႕ ေန႔စဥ္ဘဝလုံၿခဳံေရး၊ စားဝတ္ေနေရးကိစၥေတြကို အဓိ ကဦးစားေပးေျဖရွင္းသြားမယ္လို႔ ကြၽန္ေတာ္တို႔တင္ျပ ထားပါတယ္။ ေနာက္တစ္ခုကေတာ့ အေရးႀကီးတာက ကြၽန္ေတာ္တို႔က ပဋိပကၡေတြျမင့္မားတဲ့အခ်ိန္မွာ အ စြန္းေရာက္တရားေတြႀကီးထြားတဲ့အခါက်ေတာ့ မဇၩိမ ပဋိပဒါဆိုတဲ့အလယ္အလတ္ကေန ျပန္စုစည္းမယ့္အ ေတြးေခၚေတြအားနည္းတယ္။ အားနည္းၿပီး တစ္ဖက္ ကိုတစ္ဖက္ အျပတ္အသတ္ေခ်မႈန္းမယ္၊ တိုက္ခိုက္ မယ္ဆိုတဲ့လႈံ႕ေဆာ္မႈေတြကလည္းမ်ားတယ္။ ဒါေၾကာင့္ မို႔လို႔ ဒါေလးကိုသတိျပဳၿပီးေတာ့ ႏိုင္ငံေတာ္ ျပန္လည္ စုစည္းတည္ေဆာက္ဖို႔ မျဖစ္မေနလုပ္ရမယ္ဆိုတဲ့အ ျမင္ကို မ်က္ျခည္ျပတ္မခံဘဲနဲ႔ အေၾကာင္းေၾကာင္း ေၾကာင့္ကြဲကြာေနတဲ့မိသားစုေတြ ျပန္လည္ဆုံစည္းႏိုင္ ဖို႔အတြက္ ၿငိမ္းခ်မ္းတဲ့နည္းလမ္း၊ ႏိုင္ငံေရးနည္းလမ္းနဲ႔ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္ေတြမွာ ပူးေပါင္းပါဝင္ လာၾကေစဖို႔ အဓိက ကြၽန္ေတာ္တို႔ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးမရွိဘဲနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ ဖို႔ဆိုတာလည္း အင္မတန္ခက္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေရးတည္ၿငိမ္ေရးကိုအဓိက ဦးစားေပးေဆာင္႐ြက္သြားမယ္။ တစ္ခ်ိန္တည္းမွာပဲ သာမန္ျပည္သူေတြအတြက္ ႏိုင္ငံေရးဆိုတာ တစ္ခါ တေလက်ေတာ့ ႏိုင္ငံေရးသမားေတြေျပာေနတဲ့ ေဝါ ဟာရေတြ၊ ႏိုင္ငံေရးစကားလုံးေတြထက္ကို သူတို႔အ ေနနဲ႔ ႐ိုး႐ိုးရွင္းရွင္းေလးျမင္တာကေတာ့ ေနခ်င္တာ ေတာ့ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလးေနခ်င္တယ္။ ၿခိမ္း ေျခာက္မႈေတြမရွိဘဲနဲ႔ လြတ္လြတ္လပ္လပ္ေနခ်င္ တယ္။ ၿပီးေတာ့ ေန႔စဥ္ စားဝတ္ေနေရးဖူလုံတဲ့အေျခ အေနမ်ိဳးကိုလိုခ်င္တယ္။ အဲဒါကေတာ့ သာမန္ျပည္ သူတစ္ေယာက္ရဲ႕ တကယ့္႐ိုးရွင္းတဲ့ႏိုင္ငံေရးဆႏၵ လို႔ ပဲျမင္ပါတယ္။ ဒါေၾကာင့္ ေနရပ္စြန႔္ခြာေတြ လုံလုံၿခဳံၿခဳံ နဲ႔ ကိုယ့္ေဒသမွာ ျပန္အေျခခ်ေနထိုင္ႏိုင္ဖို႔၊ သူတို႔ရဲ႕ ျပန္လည္ထူေထာင္ေရး၊ စီးပြားေရးလုပ္ငန္းေတြ ျပန္ လည္ လည္ပတ္ႏိုင္ေရး၊ ပညာေရး၊ က်န္းမာေရး၊ လူမႈ ေရး၊ ဝန္ေဆာင္မႈေတြ ဒါေတြကို အဓိကဦးစားေပး ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ အဲဒီေတာ့ တစ္ဖက္ ကလည္း ျပည့္ဝမ္းဗိုက္ဆိုတာက ဟိုးတုန္းကတည္းက ႏိုင္ငံတစ္ႏိုင္ငံရဲ႕ဝမ္းဗိုက္ဆိုတာဟာ စီးပြားေရးလုပ္ ငန္းရွင္ေတြ၊ စီးပြားေရးလုပ္ငန္းေတြရဲ႕ အခန္းက႑က အင္မတန္အေရးႀကီးပါတယ္။ အဲဒီေတာ့ သူတို႔အ တြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတဲ့ကိစၥေတြ၊ ေနာက္တစ္ခါ တင္းၾကပ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြ ဒါေတြကိုေလွ်ာ့ ခ်ဖို႔ေပါ့ေနာ္။ ေနာက္တစ္ခုကေတာ့ ႀကိဳးနီစနစ္ေတြ ေခ်ာေခ်ာေမာေမာျဖစ္ဖို႔ န ြသလနမညာနညအ အေကာင္ အထည္ေဖာ္ဖို႔ ဒါေတြကိုလည္း ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ႏိုင္ေအာင္ ေဆာင္႐ြက္သြားမွာပါ။
ေမး - ျမန္မာ့ႏိုင္ငံေရးအတြက္ အခုက်င္းပမယ့္ ေ႐ြး ေကာက္ပြဲကေကာ ဘယ္ေလာက္အတိုင္းအတာထိ ကိုအေရးပါတယ္လို႔ အန္ကယ့္အေနနဲ႔ထင္လဲရွင့္။
ေျဖ - ေ႐ြးေကာက္ပြဲမျဖတ္သန္းဘူးဆိုရင္၊ ေ႐ြး ေကာက္ပြဲမရွိဘူးဆိုရင္ သာမန္အေျခအေနမေရာက္ မခ်င္း (၆)လ၊ (၆)လ ဆိုၿပီးေတာ့ သက္တမ္းတိုးေန တာမ်ိဳးလည္းႀကဳံရႏိုင္တယ္။ သို႔မဟုတ္ တိုင္းျပည္အ ေျခအေနက ဘယ္လိုမွထိန္းခ်ဳပ္လို႔မရလို႔ အေရးေပၚ အေျခအေနျပန္ေၾကညာရတယ္လို႔လည္းျဖစ္ႏိုင္တယ္။ အဆိုးဆုံး ဟိုတုန္းကေခတ္ေတြကိုေနာက္ျပန္ရစ္ တဲ့ အခါမွာ အခ်ိန္မီ Pause မလုပ္ဘူးဆိုရင္ Zero Setting ကိုျပန္ေရာက္သြားတာေပါ့။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ဖြဲ႕စည္းပုံအေျခခံဥပေဒလုံးဝမရွိ ေတာ့ဘူး။ ဖ်က္သိမ္းၿပီးေတာ့ လုံးလုံးလ်ားလ်ားအာ ဏာသိမ္းမယ္ဆိုတာမ်ိဳးလည္းျဖစ္သြားႏိုင္တယ္။ ဒီအေျခအေနထက္စာရင္ေတာ့ ေ႐ြးေကာက္ပြဲနည္း လမ္းနဲ႔သြားတာက ထိခိုက္နာက်င္မႈအနည္းဆုံးပဲလို႔ ကြၽန္ေတာ္ျမင္တယ္။ အဲဒီေတာ့ ကိုယ္ကိုယ္တိုင္လည္း လက္ရွိအေျခအေနႀကီးကိုမႀကိဳက္လို႔ ေ႐ြးေကာက္ပြဲ ဝင္ဖို႔လမ္းကိုေ႐ြးခ်ယ္တာ။ ေ႐ြးေကာက္ပြဲနည္းလမ္း ကေနတစ္ဆင့္လည္းပဲ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒအ ႀကိဳက္ပဲကို ျပဳျပင္ေျပာင္းလဲေျဖရွင္းဖို႔ကိုလည္း တစ္ စိုက္မတ္မတ္ေဆာင္႐ြက္သြားမွာျဖစ္တယ္။ ေနာက္ တစ္ခုက ေ႐ြးေကာက္ပြဲအခင္းအက်င္းမွာ မပါဝင္ႏိုင္ ေသးတဲ့ပုဂၢိဳလ္ေတြကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ပူး ေပါင္းပါဝင္လာႏိုင္ဖို႔အတြက္ကို ဆက္လက္ၿပီး ကြၽန္ ေတာ္တို႔ႀကိဳးပမ္းသြားရမွာျဖစ္တယ္။ အဲဒီေတာ့ ေ႐ြး ေကာက္ပြဲၿပီးသြားတာနဲ႔ က်န္တဲ့အဖြဲ႕အစည္းေတြအား လုံးက စခန္းသိမ္းသြားၿပီ၊ တစ္ခန္းရပ္သြားၿပီဆိုတာမ်ိဳး လုပ္လို႔မရဘူး။ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈဆိုတာက ျဖစ္စဥ္ႀကီးတစ္ခုျဖစ္တယ္။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲ ကာလမွာ ေ႐ြးေကာက္ပြဲဝင္တဲ့ အႏိုင္ရတဲ့ပါတီေတြ ကိုယ္စားလွယ္ေတြနဲ႔စတင္ၿပီးေတာ့ ျပဳျပင္ေျပာင္းလဲ မႈေဆာင္႐ြက္ေနရင္း တျခား မပါေသးတဲ့လူေတြကိုပါ တိုးခ်ဲ႕ၿပီးေတာ့ က်ယ္ျပန႔္တဲ့ေတြ႕ဆုံေဆြးေႏြးမႈေတြ ျဖစ္ဖို႔အတြက္က ဆက္ၿပီးႀကိဳးစားသြားရမွာျဖစ္ပါ တယ္။
ေမး - အန္ကယ္တို႔ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းေတြထဲမွာ တပ္က အရာရွိအၿငိမ္းစားေတြပါတယ္လို႔လည္းၾကားပါတယ္။ ဆိုေတာ့ အန္ကယ္တို႔ပါ တီအေနနဲ႔ အခု (၂၀၂၅) ပါတီေ႐ြးေကာက္ပြဲဝင္တဲ့ ေနရာမွာ ကိုယ္စားလွယ္ေလာင္းေတြကိုစုစည္းခဲ့တာ လား။ ေ႐ြးခ်ယ္ခဲ့တာလား။
ေျဖ - ကြၽန္ေတာ္တို႔ ႏိုင္ငံေရးစလုပ္ကတည္းက ကိုယ့္ ယုံၾကည္ခ်က္၊ ရပ္တည္ခ်က္ကို ႐ိုး႐ိုးသားသားနဲ႔ ပြင့္ပြင့္လင္းလင္း သတင္းမီဒီယာေတြကေနတစ္ဆင့္ ေရာ ပါတီရဲ႕ဆိုရွယ္မီဒီယာပလက္ေဖာင္းကပါေတာက္ ေလွ်ာက္ေဟာေျပာၿပီးေတာ့ထုတ္လႊင့္ေနတာျဖစ္ပါ တယ္။ အဲဒီအခါက်ေတာ့ ကြၽန္ေတာ့္အင္တာဗ်ဴးအ ေတာ္မ်ားမ်ားကို တပ္ပိုင္းကေရာ ရဲပိုင္း၊ ဌာနဆိုင္ရာ ကေရာ ေနာက္ စီးပြားေရးနယ္ပယ္အသီးသီးက သူ တို႔နားေထာင္ၿပီးေတာ့ ေထာက္ခံတယ္ဆိုတာမ်ိဳးကို လူသိရွင္ၾကား Public မွာေတာ့မေရးဘူး။ ဒါေပမဲ့ ကြၽန္ေတာ့္ဆီကိုေရာက္လာတယ္၊ ကြၽန္ေတာ့္ဆီေရာ ကြၽန္ေတာ့္ဆီက CEC အဖြဲ႕ေတြဆီကိုပါ သီးျခား ဆက္သြယ္ၿပီးေတာ့ သေဘာထားေတြ၊ ရပ္တည္ခ်က္ ေတြကိုသေဘာက်တယ္၊ ႏွစ္သက္တယ္ဆိုတဲ့အ ေၾကာင္းေျပာတာေတြ Chat Box ကေန လာေရာက္ ဆက္သြယ္တာေတြေတာက္ေလွ်ာက္ရပါတယ္။ ရ ေတာ့ သူတို႔ကိုယ္တိုင္က ႏိုင္ငံျပန္လည္စုစည္းဖို႔၊ ေနာက္ အရပ္ဘက္၊ စစ္ဘက္ ဆက္ဆံေရး ပ်က္စီးေန တဲ့ကိစၥေတြမွာလည္း ျပန္ၿပီးစုစည္းႏိုင္ဖို႔ပါ၊ ျပည္သူ႔ပါ တီဟာ ဒီအတြက္ ေမွ်ာ္လင့္ခ်က္ျဖစ္တယ္လို႔ တပ္က အရာရွိ၊ ရဲေဘာ္ေတြ သူတို႔ကိုယ္၌က ယုံၾကည္လာတာ ေတြရွိပါတယ္။ ဒါေၾကာင့္လည္း သူတို႔ရဲ႕လြတ္လပ္တဲ့ ဆႏၵအေလ်ာက္သူတို႔ေ႐ြးခ်ယ္ၿပီးေတာ့ ဝင္ေရာက္ လာၾကတာျဖစ္ပါတယ္။ အေျခခံကေတာ့ ကြၽန္ေတာ္ တို႔မွာရွိၿပီးသား နယ္အသီးသီးမွာရွိတဲ့ပါတီဝင္ေတြထဲ ကေန ကိုယ္စားလွယ္ေလာင္းတင္သြင္းလာတာရွိပါ တယ္။ ေနာက္တစ္ခုကေတာ့ နယ္ၿမိဳ႕အသီးသီးမွာရွိတဲ့ ပါတီေတြကေနတစ္ဆင့္ ကိုယ္စားလွယ္ေလာင္း ဝင္ ေရာက္ခ်င္တဲ့အေၾကာင္း ဆက္သြယ္လာၾကတာေတြ ရွိပါတယ္။ ဆိုေတာ့ အဲဒီအေပၚမွာ ကြၽန္ေတာ္တို႔ အ တတ္ႏိုင္ဆုံး ဒီအခ်ိန္မွာက ေ႐ြးရတာလည္း ခက္ ေတာ့ခက္တယ္ေပါ့ဗ်ာ။ သို႔ေသာ္ အေကာင္းဆုံးျဖစ္ ႏိုင္ေအာင္ေတာ့ ကြၽန္ေတာ္တို႔ဂ႐ုစိုက္ၿပီးေတာ့ေ႐ြး ခ်ယ္ထားတာျဖစ္ပါတယ္။ အဲဒီေတာ့ ဘာပဲေျပာေျပာ ေ႐ြးေကာက္ပြဲအလြန္မွာ ျပည္သူ႔ပါတီကေနၿပီးေတာ့ ႏိုင္ငံေတာ္ျပန္လည္စုစည္းႏိုင္ဖို႔၊ ပဋိပကၡေတြေျဖရွင္း ႏိုင္ဖို႔ အခြင့္အလမ္းတစ္ခုကိုေတာ့ မဲဆႏၵရွင္ေတြက ေ႐ြးခ်ယ္ၿပီးေတာ့ လႊဲအပ္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ လည္းေမွ်ာ္လင့္ထားပါတယ္။
ေမး - ကိုယ္စားလွယ္ေလာင္းေတြကိုေ႐ြးခ်ယ္တဲ့ေန ရာမွာေကာ သက္ဆိုင္ရာလႊတ္ေတာ္အလိုက္ စံသတ္ မွတ္ခ်က္ရွိခဲ့ေသးလား အန္ကယ္ရွင့္။
ေျဖ - အဓိကကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ စံသတ္မွတ္ခ်က္ေပါ့။ အသက္ကန႔္သတ္ခ်က္၊ ေနာက္ ျပစ္မႈကင္းရွင္းရမယ္၊ အတန္းပညာအားျဖင့္ အေျခခံပညာအဆင့္ရွိရမယ္။ အဲဒါအားလုံးကေတာ့ အနိမ့္ဆုံးလိုအပ္ခ်က္အျဖစ္ ျပည့္မီေအာင္ေ႐ြးခ်ယ္ရ ပါတယ္။ အဲဒီထဲကေနၿပီးေတာ့မွ သူရဲ႕ႏိုင္ငံေရးေဆာင္ ႐ြက္ခ်က္သမိုင္းအက်ဥ္း သို႔မဟုတ္ လူမႈေရးေဆာင္ ႐ြက္ခ်က္သမိုင္းအက်ဥ္း ဒါေတြကို ကြၽန္ေတာ္တို႔ေလ့ လာပါတယ္။ တခ်ိဳ႕ ဌာနဆိုင္ရာကေန အၿငိမ္းစားယူ ၿပီးေတာ့ဝင္ေရာက္လာတဲ့လူေတြက်ေတာ့လည္း သူ တို႔ရဲ႕အုပ္ခ်ဳပ္ေရးအေတြ႕အႀကဳံ၊ လုပ္ငန္းအေတြ႕အႀကဳံေတြကိုေမးျမန္းပါတယ္။ သူတို႔ဟာလည္း ေ႐ြး ေကာက္ပြဲအလြန္ လႊတ္ေတာ္နဲ႔အုပ္ခ်ဳပ္ေရးဆိုင္ရာ နယ္ပယ္ေတြမွာ တန္ဖိုးရွိတဲ့လူေတြျဖစ္တယ္။ ဒါ ေၾကာင့္မို႔ အဲဒါေတြကို အဓိကထားၿပီးေ႐ြးခ်ယ္ပါ တယ္။
ေမး - ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ကေန ကိုယ္စား လွယ္ေလာင္းရဲ႕ပညာအရည္အခ်င္းကန႔္သတ္ထား တဲ့အေပၚ အန္ကယ့္အေနနဲ႔ဘယ္လိုျမင္လဲ။
ေျဖ- ကြၽန္ေတာ္တို႔ကေတာ့ ျဖစ္ႏိုင္ရင္ ကိုယ့္ရဲ႕ကိုယ္ စားလွယ္ေလာင္းကေတာ့ မိုးပ်ံေအာင္ေတာ္ေလ ေကာင္းေလေပါ့။ ကြၽန္ေတာ္တို႔က အတန္းပညာေတြ လည္း အဆင့္ျမင့္ဘြဲ႕ေတြရထားေလေကာင္းေလ ေပါ့။ သို႔ေသာ္ တစ္ခုသတိျပဳရမွာတစ္ခုက ႏိုင္ငံေရး အရည္အခ်င္းဆိုတာ ေအာင္လက္မွတ္ေတြနဲ႔သြား တိုင္းလို႔မရဘူးဆိုတာကိုေတာ့ သတိျပဳဖို႔လိုတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လြတ္လပ္ေရးႀကိဳးပမ္းမႈ သမိုင္းမွာ ထင္ရွားခဲ့တဲ့သခင္ေတြ၊ ႏိုင္ငံ့ေခါင္းေဆာင္၊ လြတ္လပ္ေရးေခါင္းေဆာင္ေတြဟာ တခ်ိဳ႕ဆိုရင္အ တန္းပညာနဲ႔မဟုတ္ဘူး။ တခ်ိဳ႕ဆိုရင္ေထာင္ထဲမွာ တင္ေလ့လာသင္ယူၿပီးေတာ့ ထူးခြၽန္တဲ့ႏိုင္ငံေရးသ မားျဖစ္လာတာေတြ အမ်ားႀကီးရွိတယ္။ အဲဒီေတာ့ အခုေ႐ြးေကာက္ပြဲမွာႀကဳံခဲ့ရတာဆိုရင္ တိုင္းရင္းသား ေဒသေတြမွာ ယခင္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေတြ သူတို႔မွာ ႏိုင္ငံေရးအေတြ႕အႀကဳံလည္းရွိတယ္။ ျဖတ္သန္းမႈအေတြ႕အႀကဳံလည္းရွိတယ္။ သို႔ေသာ္ ပညာအရည္အခ်င္းသတ္မွတ္ခ်က္ေၾကာင့္မို႔လို႔ ဝင္ ေရာက္မယွဥ္ၿပိဳင္ႏိုင္တဲ့ျပႆနာေတြရွိတယ္။ ဒါ ေၾကာင့္မို႔ တခ်ိဳ႕ဟာေတြမွာ ျြခင္းခ်က္ဆိုတာကေတာ့ ဥပေဒမွာလည္းရွိတယ္။ သူရဲ႕ ႏိုင္ငံေရးအရည္အခ်င္း၊ ႏိုင္ငံေရး ေဆာင္႐ြက္မႈ အားေကာင္းရင္ေကာင္းသလို ႏိုင္ငံေရးသမား လႊတ္ေတာ္ကိုယ္စားလွယ္ဆိုတာ ႏိုင္ငံေရးအရည္အေသြးကို အဓိကဦးစားေပးၿပီးေတာ့ ေ႐ြးခ်ယ္ရတယ္၊ ဆုံးျဖတ္ရတယ္လို႔ ကြၽန္ေတာ္ေတာ့ အဲဒီလိုျမင္ပါတယ္။ ပညာအရည္အခ်င္းကေတာ့ တတ္ေလေကာင္းေလေပါ့ေနာ္။ သို႔ေသာ္ အဓိက အ ရည္အခ်င္းက ႏိုင္ငံေရးျဖတ္သန္းမႈ၊ ႏိုင္ငံေရးအရည္ အခ်င္းလို႔ျမင္ပါတယ္။
ေမး - ကိုယ္စားလွယ္ေလာင္းေတြရဲ႕အသုံးစရိတ္ ေလးနဲ႔ပတ္သက္ၿပီးေတာ့လည္း ရွင္းျပေပးပါဦး။
ေျဖ - UEC ရဲ႕သတ္မွတ္ခ်က္ကိုအေျခခံေပါ့။ သာ မန္အားျဖင့္ ကိုယ္စားလွယ္တစ္ေယာက္က သိန္း (၃၀ဝ)မေက်ာ္ရဘူး။ တိုင္းရင္းသားကိုယ္စားလွယ္က ေတာ့ သိန္း (၅၀ဝ)မေက်ာ္ရဘူး။ တကယ္ကေတာ့ ေက်ာ္စရာလည္းမရွိပါဘူး။ ကိုယ္စားလွယ္ေတြက ေက်ာ္လည္းမေက်ာ္ႏိုင္ဘူး။ အဲဒီေတာ့ ပါတီကေန ကိုယ္စားလွယ္ေလာင္းေတြကိုေထာက္ပံ့တယ္ဆိုတာ မ်ိဳးကေတာ့မလုပ္ႏိုင္ဘူး။ အဓိကကေတာ့ ကမ္ပိန္း အတြက္လိုအပ္တဲ့ ဦးထုပ္တို႔တီရွပ္တို႔ကို အကန႔္အ သတ္နဲ႔ ကြၽန္ေတာ္တို႔ကမွ်ေဝေပးတာရွိတယ္။ ဒီ ထက္ပိုၿပီးေတာ့လိုခ်င္တယ္ဆိုရင္ေတာ့ သူတို႔ေဒသ က သူတို႔စုေဆာင္းၿပီးေတာ့သူတို႔အတြက္ အထည္ (၅၀)ထုတ္ေပးပါဆိုရင္ ကြၽန္ေတာ္တို႔က အရင္းအ တိုင္းေပါ့။ ဒီမွာအပ္တဲ့အတိုင္းထုတ္ေပးတယ္။ အဲဒီ ေတာ့ ကြၽန္ေတာ္တို႔ေပးႏိုင္တဲ့ဟာကေတာ့ အေျခအ ေနေကာင္းရင္ေကာင္းသလိုထပ္ေပးတယ္။ ေလာ ေလာဆယ္ေတာ့ ကိုယ္စားလွယ္တစ္ေယာက္ကို အ ထည္(၂၀)ေပးႏိုင္တယ္ဆိုရင္ အထည္(၂၀)ေပး လိုက္တယ္။ ဒီထက္ပိုၿပီးလိုခ်င္ရင္ သူတို႔ဘာသာ ပိုက္ဆံေပးၿပီးမွာရတယ္။ ဒါက ကိုယ္စားလွယ္ေလာင္း ေတြအေပၚမွာ ေဆာင္႐ြက္ေပးႏိုင္တဲ့အပိုင္းပါ။ ေနာက္တစ္ခုက ဗဟိုေအာင္ႏိုင္ေရးဆိုင္းဘုတ္ေတြ ထူတာရွိတယ္။ ကိုယ္စားလွယ္ေလာင္းဆိုင္းဘုတ္ကေတာ့ သူတို႔စရိတ္နဲ႔သူတို႔ရွာၿပီးေထာင္။ ကြၽန္ေတာ္ တို႔က ပါတီဗဟိုကေနလုပ္ေပးတဲ့ေအာင္ႏိုင္ေရး ဆိုင္း ဘုတ္ေတြကိုေတာ့ေဆာင္႐ြက္ေပးတယ္။ ေနာက္တစ္ ခုက ကိုယ္စားလွယ္ေလာင္းေတြကို အလႉခံျဖတ္ပိုင္း ေပးလိုက္တယ္။ ကိုယ့္ေဒသမွာ ကိုယ့္ကိုေထာက္ခံအား ေပးမယ့္အလႉရွင္ေပါ့။ အဲဒါ ကိုယ့္ဘာသာစုေဆာင္း ၿပီး ရန္ပုံေငြရွာၾက၊ ကိုယ္လည္းတတ္ႏိုင္သေလာက္ ထည့္ ေထာက္ခံအားေပးတဲ့လူဆီကလည္းအလႉခံ ဆိုၿပီးေတာ့ အလႉခံျဖတ္ပိုင္းေတြေပးလိုက္တာ။ ဒါက ေတာ့ လက္ရွိ ျပည္သူ႔ပါတီကေဆာင္႐ြက္ေနတဲ့ အပိုင္းပါဗ်။
ေမး - လက္ရွိမွာ အန္ကယ္တို႔ပါတီက တခ်ိဳ႕ကိုယ္ စားလွယ္ေလာင္းေတြနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြ လည္းၾကားေနရတယ္။ အဲဒါေတြအတြက္ကိုေကာ အန္ကယ္ဘာမ်ားေျပာခ်င္လဲ။
ေျဖ- ကြၽန္ေတာ္တို႔က ကိုယ္စားလွယ္ေလာင္းအား လုံးဟာ ပါတီရဲ႕မူဝါဒ၊ စည္းမ်ဥ္းစည္းကမ္းေတြကိုေတာ့ လိုက္နာရမယ္။ ဒါ ႀကိဳၿပီးေတာ့လည္းေျပာထားၿပီး သား။ အဲဒီေတာ့ တခ်ိဳ႕အရာေတြမွာကေတာ့ သူရဲ႕ ပုဂၢလိကသေဘာထားအရ လြတ္လြတ္လပ္လပ္ေျပာ တာမ်ိဳးအထိေတာ့ ကြၽန္ေတာ္တို႔ အေသးစိတ္ ခ်ဳပ္ ခ်ယ္ထားတာမရွိဘူး။ သို႔ေသာ္ အဲဒါေတြအားလုံးက အဓိကျဖစ္တဲ့ ပါတီရဲ႕မူဝါဒ စည္းမ်ဥ္းစည္းကမ္းေတြ ကိုေတာ့ ၿငိလို႔မရဘူး။ အားလုံးကို မွာလည္းမွာတယ္။ òန္လည္းန္ၾကားထားပါတယ္။
ေမး - ဟုတ္ကဲ့အန္ကယ္။ ၿပီးခဲ့တဲ့ရက္ကလည္း အန္ကယ္ေျပာသြားတယ္။ ေ႐ြးေကာက္ပြဲက လြတ္ လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔လိုတယ္ဆိုၿပီးေျပာသြားတယ္။ ဆိုေတာ့ အခုလက္ရွိ ျဖတ္သန္း ေနရတဲ့အေျခအေနနဲ႔ဆိုရင္ လာမယ့္ေ႐ြးေကာက္ပြဲက ေကာ လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲတစ္ ရပ္ျဖစ္လာမယ္လို႔ အန္ကယ့္အေနနဲ႔ ယုံၾကည္လား ရွင့္။
ေျဖ - (၁၀ဝ)ရာခိုင္ႏႈန္းကေတာ့မျဖစ္ႏိုင္ဘူး။ ဘယ္ ေလာက္ပမာဏလြတ္လပ္ၿပီးေတာ့ ဘယ္ေလာက္ပမာ ဏမွ်တသလဲလို႔ပဲတိုင္းရမွာျဖစ္ပါတယ္။ အဲဒီေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ၿခိမ္းေျခာက္မႈေတြ ေနရာ အသီးသီး ဘက္အသီးသီးမွာရွိေနတဲ့အတြက္ေၾကာင့္ ရာႏႈန္းျပည့္လြတ္လပ္တယ္ဆိုတာမ်ိဳးကေတာ့ ေမွ်ာ္ လင့္လို႔မရႏိုင္ဘူး။ ဒါကတစ္ခုေပါ့။ ေနာက္တစ္ခုက ေတာ့ ျပႆနာက ထိပ္ဆုံးကလူႀကီးေတြရဲ႕မူဝါဒမ ဟုတ္ေပမယ့္ ေအာက္ေျခမွာ သူသူကိုယ္ကိုယ္က ၿပိဳင္ရင္ႏိုင္ခ်င္တယ္။ အဲဒီအခါက်ေတာ့ ယခင္ တာ ဝန္ႀကီးႀကီးယူခဲ့တဲ့လူေတြက သူတို႔နဲ႔ဆက္ဆံေနတဲ့ ဌာနဆိုင္ရာေတြ၊ အုပ္ခ်ဳပ္ေရးပိုင္းေတြ အစရွိသျဖင့္ ေတြအေပၚမွာ တစ္နည္းမဟုတ္တစ္နည္းနဲ႔ ဩဇာ သက္ေရာက္ေနတာေတြရွိတယ္။ ဆိုေတာ့ အဲဒီအေျခ အေနေတြကလည္း တခ်ိဳ႕ေနရာေတြမွာဆိုရင္ ထုတ္ မေျပာဘဲနဲ႔ ဒီကာလမွာေတာ့ အတတ္ႏိုင္ဆုံးသည္းခံရမယ္ဆိုၿပီးေဆာင္႐ြက္ေနေပမယ့္လို႔ ကြၽန္ေတာ္ ေတာင္ ဟိုေန႔က ေျမာက္ဥကၠလာပြဲမွာေျပာလိုက္ေသး တယ္။ အစ္ကိုႀကီး၊ ညီေလး ဆက္ဆံေရးတို႔ ဆရာ တပည့္ဆက္ဆံေရးတို႔ အရွိန္ေတြက ေအာက္မွာေတာ္ ေတာ္ရွိေနတယ္။ ေနာက္တစ္ခုကလည္း လုံၿခဳံေရး ျပႆနာျဖစ္ေတာ့ အုပ္ႀကီးေတြအသတ္ခံရတယ္ဘာ ညာဆိုေတာ့ ေတာ္႐ုံတန္႐ုံလူကမလုပ္ရဲဘူး။ မလုပ္ ခ်င္ဘူး။ မလုပ္ရဲေတာ့ ေျပာမယ္ဆိုရင္ နီးစပ္ရာေတြ ကိုခန႔္ထားတာေတြမွာလည္းပဲ အဲဒီဟာေတြမွာ တစ္ နည္းမဟုတ္တစ္နည္းနဲ႔ေတာ့ လြတ္လပ္ၿပီးတရားမွ် တတဲ့ေ႐ြးေကာက္ပြဲျဖစ္ေျမာက္ေရးအတြက္ စိန္ေခၚမႈ ေတြျဖစ္ေနတယ္လို႔ျမင္တယ္။ ဒါေၾကာင့္မို႔ အခုေ႐ြး ေကာက္ပြဲကို ရာႏႈန္းျပည့္ကေတာ့ ကြၽန္ေတာ္လည္း ေမွ်ာ္လင့္လို႔မရႏိုင္ဘူးလို႔ပဲျမင္ပါတယ္။ ေနာက္တစ္ ခုကေတာ့ လြတ္လပ္ၿပီးမွ်တတယ္ဆိုတဲ့အခါမွာ စ ၿပိဳင္ကတည္းက ပါတီအသီးသီးဟာ တန္းတူကစား ကြင္းျဖစ္ဖို႔လိုတယ္။ သူက နဂိုက အျမင့္မွာကစား တယ္။ က်န္တဲ့လူေတြက ေအာက္မွာကစားတယ္။ အနိမ့္မွာကစားရတယ္ဆိုရင္ တာလႊတ္ကတည္းက တန္းတူညီမွ်မႈဆိုတဲ့အေပၚမွာ ေမးခြန္းထုတ္စရာေတြ အမ်ားႀကီးရွိတယ္။ ဒါေၾကာင့္ ပကတိရွိေနတဲ့အေျခအ ေနေတြကိုသိတယ္။ သို႔ေသာ္ ဒီလိုအေျခအေနေတြမွာ မ်က္စိမွိတ္ၿပီးေတာ့ လူထုကိုပဲအားကိုးၿပီးေတာ့ ျပည္ သူက သူတို႔ရဲ႕နားလည္မႈ၊ သေဘာေပါက္မႈေပၚမွာမူ တည္ၿပီးေတာ့ မွန္မွန္ကန္ကန္ေ႐ြးခ်ယ္ႏိုင္လိမ့္မယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ပဲ ေဆာင္႐ြက္ေနရတာျဖစ္ပါ တယ္။ ဒါေၾကာင့္ ခုနကစကားကိုျပန္ခ်ဳပ္ရရင္ (၁၀ဝ) ရာခိုင္ႏႈန္းက လြတ္လပ္မွ်တတယ္ဆိုတာမ်ိဳး ေမွ်ာ္ လင့္လို႔မရႏိုင္ပါဘူး။
ေမး - ဒီႏွစ္မွာမွ PR နဲ႔ FPTP ေရာထားတဲ့စနစ္ ကိုေကာ အန္ကယ့္အေနနဲ႔ ဘယ္လိုျမင္လဲရွင့္။
ေျဖ - ဒါကေတာ့ ပထမဆုံးအႀကိမ္ပဲ ။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာလည္း PR ဆိုတာကို အရင္က အေတြ႕အႀကဳံ မရွိဘူး။ အေတြ႕အႀကဳံမရွိတဲ့အခါမွာ မဲဆႏၵရွင္နဲ႔ႏိုင္ငံ ေရးပါတီေတြတင္ပဲ အေတြ႕အႀကဳံမရွိတာမဟုတ္ဘူး။ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုယ္တိုင္လည္း အေတြ႕အ ႀကဳံမရွိဘူး။ မရွိေတာ့ စၿပီးေတာ့ ၫႊန္ၾကားခ်က္ေတြ ထုတ္တဲ့အခါမွာ ကေသာင္းကနင္းေတြျဖစ္တယ္။ အဲဒါကို PR ကိုအျပည့္ဝင္မွ FPTP ကို အကုန္ဝင္ရ မယ္ဆိုတာမ်ိဳးတို႔ အစရွိသျဖင့္။ ဘာပဲေျပာေျပာ အဲဒီ အေတြ႕အႀကဳံေတြကေန ျပဳျပင္မြမ္းမံရင္းနဲ႔ ဒီထက္ ပိုၿပီးေတာ့ေကာင္းမြန္တဲ့ေ႐ြးေကာက္ပြဲ ျဖစ္လာလိမ့္ မယ္လို႔ေမွ်ာ္လင့္တယ္။ အခုေလာေလာဆယ္ေတာ့ အသားမက်ေသးဘူးလို႔ပဲေျပာရမွာပဲ။
ေမး- အခုက မဲဆြယ္စည္း႐ုံးတဲ့ကာလလည္းျဖစ္ၿပီ ဆိုေတာ UEC က စီးတန္းလွည့္လည္မဲဆြယ္စည္း ႐ုံးခြင့္ကိုကန႔္သတ္ထားေတာ့ လက္ရွိ ျပည္သူလူထု ၾကား ဘယ္လိုပုံစံနဲ႔ မဲဆြယ္မႈေတြျပဳလုပ္ေနလဲရွင့္။ မဲဆြယ္ရတာအဆင္ေျပလား။ အခက္အခဲ ဘာေတြ ရွိေနလဲရွင့္။
ေျဖ - ကြၽန္ေတာ္ေတာင္ ရယ္စရာေျပာျဖစ္ေသးတယ္။ စီတန္းလွည့္လည္လို႔သာမရတာ။ အဝိုင္းလွည့္လည္ ေနတာကိုေတာ့ တစ္ေနကုန္ထိုင္ၾကည့္ေနရတယ္။ ဘာျဖစ္လို႔လဲဆိုရင္ Connection ကလည္းမ ေကာင္းေတာ့ ေျမျပင္ေပၚမွာသာ စီတန္းလွည့္လည္ လို႔မရတာ။ ဖုန္းမ်က္ႏွာျပင္မွာေတာ့ အဝိုင္းလွည့္တာ ထိုင္ၾကည့္ေနရတယ္။ အဲဒီေတာ့ ေျမျပင္လည္းထိထိ ေရာက္ေရာက္မလုပ္ႏိုင္ဘူး။ အင္တာနက္လိုင္းေတြ ကလည္း ဒီရက္ေတြမွာ ေတာ္ေတာ္ ဆိုးဆိုး႐ြား႐ြားျဖစ္ ေနေတာ့ အဓိကက ႏိုင္ငံေရးဆိုတာ စည္း႐ုံးေရးပဲ ေလ။ လူထုနဲ႔စည္း႐ုံးဆက္သြယ္မႈမွာ ဆက္သြယ္စည္း ႐ုံးဖို႔ လမ္းေၾကာင္းအခက္အခဲရွိတယ္။ ေနာက္တစ္ ခုက ဘ႑ာေရးကေတာ့အဆိုးဆုံးေပါ့။ ကြၽန္ေတာ္ တို႔က ေပါေပါမ်ားမ်ားရွိတဲ့လူေတြနဲ႔ႏႈိင္းယွဥ္ၿပီးေတာ့ ဘယ္လိုမွ သူၿပိဳင္ကိုယ္ၿပိဳင္မႀကဲႏိုင္ဘူး။ ဒါကေတာ့ အဓိကျပႆနာတစ္ခုပါ။ ေနာက္တစ္ခုက လုံၿခဳံေရး ျပႆနာမွာ စိုးရိမ္ေနတာရွိသလို လုံၿခဳံေရးစိုးရိမ္လို႔ ေဆာင္႐ြက္တဲ့အတြက္ေၾကာင့္ ထပ္ၿပီး စိုးရိမ္စရာျဖစ္ တာေတြလည္းရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ဆို ရင္ တခ်ိဳ႕ေနရာေတြမွာ လုံၿခဳံေရးယူမေပးႏိုင္လို႔ဆို ၿပီးေတာ့ မလုပ္ရတာေတြရွိတယ္။ လုံၿခဳံေရးလည္း မယူနဲ႔ ဘာမွမယူနဲ႔ ကိုယ္ျဖစ္ကိုယ္ခံဆိုရင္ေတာ့ ဒီ ထက္ပိုၿပီး ထိထိေရာက္ေရာက္လုပ္ႏိုင္မယ့္အေျခအေနေတြရွိတယ္။ ဒါေပမဲ့ ဌာနဆိုင္ရာေတြနဲ႔ သေဘာတူ ခြင့္ျပဳခ်က္ယူၿပီးမွလုပ္ရတဲ့အခါမွာ အဲဒီျပႆနာေတြ ရွိတယ္။ ဥပမာအားျဖင့္ကြၽန္ေတာ္တို႔ စီတန္းလွည့္ လည္တယ္ဆိုတာ အခုကာလမွာ တကယ့္ကို တက္ တက္ႂကြႂကြနဲ႔ တစ္ခါတည္းကို စိတ္ပါလက္ပါပူးေပါင္း ပါဝင္ေနတာမ်ိဳးျဖစ္ရမွာေပါ့။ အခုက စီတန္းလွည့္ လည္ခြင့္မျပဳဘူးဆိုေတာ့ ကြၽန္ေတာ္တို႔မွာ ေတာ္ေတာ္ ေလး အခက္အခဲေတြကေတာ့ရွိတယ္။ ေနာက္တစ္ခါ ေဆာင္းေဘာက္ဖြင့္တဲ့ကိစၥ၊ ၿပီးခဲ့တဲ့ရက္က အဲဒီလို ဟာမ်ိဳးလာျဖစ္တယ္။ ဒီကာလႀကီးမွာ ကြၽန္ေတာ္ေျပာ ပါေရာလား။ အခ်ဥ္ေပါင္းသယ္ေတာင္မွ ေဆာင္း ေဘာက္နဲ႔အခ်ဥ္ေပါင္းေရာင္းတဲ့ကိစၥကို။ ဘယ့္ႏွယ္ ႏိုင္ငံေရးစည္း႐ုံးေဟာေျပာတဲ့ဟာကို ေဆာင္းေဘာက္ နဲ႔လာၿပီးေတာ့လုပ္ေတာ့ ကားတန္းတစ္စီးလုံးအျပည့္ ကားတန္းႀကီးေတြစီတန္းလွည့္ေနတဲ့ ကိစၥမ်ိဳးက် ျပႆနာမတက္ဘဲနဲ႔ အခုေဆာင္းေဘာက္ေလး (၂)လုံးတင္ၿပီး လူ(၁၀ဝ)ေလာက္ေဟာတဲ့အခါက်မွ တား ျမစ္ခံရတာမ်ိဳးေတြ။ ဒါမ်ိဳးေတြလည္းအမ်ားႀကီးပါပဲ။ေနာက္တစ္ခုကေတာ့လည္း တခ်ိဳ႕နယ္ေတြမွာ ကိုယ့္ ပါတီေတြကအားထားရတဲ့လူငယ္ေတြကို စစ္မႈထမ္း စာရင္းထဲထည့္လိုက္တာမ်ိဳးေတြ။ ကြၽန္ေတာ္တို႔မွာ ေအာ္လို႔လည္းမရ၊ ေျပာလို႔လည္းမရေပါ့ေနာ္။ ႀကိတ္ မွိတ္ၿပီးေတာ့ ေ႐ြးေကာက္ပြဲကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ျဖတ္သန္းႏိုင္ဖို႔အတြက္ဆိုၿပီးေတာ့ ျဖစ္ေနတဲ့အေျခ အေနေတြကိုပဲ အေကာင္းဆုံးျဖစ္ေအာင္ေဆာင္ ႐ြက္ေနရတဲ့သေဘာရွိပါတယ္။
ေမး - အဲဒီလိုမ်ိဳးမဲဆြယ္စည္း႐ုံးတဲ့အခါမွာ ျပည္သူ လူထုအေနနဲ႔ အခု(၂၀၂၅)ေ႐ြးေကာက္ပြဲအခင္းအ က်င္းေပၚ ဘယ္လိုသေဘာထားတယ္ထင္လဲ ျမင္လဲ။ ျပည္သူေတြ ေ႐ြးေကာက္ပြဲကိုစိတ္ဝင္စားၾကလား။ ျပည္သူေတြဆီကေန ျပန္ၾကားရတဲ့အသံေတြကေကာ ပါတီအေနနဲ႔ ဘယ္လိုရွိလဲ။
ေျဖ - ဟုတ္ကဲ့။ အခုကေတာ့ ေျပာရရင္ေတာ့ ေ႐ြး ေကာက္ပြဲရက္နီးလာတာနဲ႔အမွ် စိတ္ပါဝင္စားမႈက ေတာ့တိုးလာတယ္လို႔ျမင္တယ္။ ကြၽန္ေတာ္တို႔ကိုယ္ တိုင္လည္း မီဒီယာေတြကေနတစ္ဆင့္ေပါ့ေနာ္ ေတာက္ေလွ်ာက္ေျပာေနတယ္။ ေ႐ြးေကာက္ပြဲမဲမ ေပးရင္ဘာျဖစ္မလဲ။ ေ႐ြးေကာက္ပြဲကေတာ့ မပ်က္ ဘူး။ ျဖစ္သြားမွာပဲ။ မဲမေပးရင္ ကိုယ္ေ႐ြးခ်ယ္တဲ့ ကိုယ္ႀကိဳက္တဲ့လူေတြမပါဘဲနဲ႔ သူမ်ားေ႐ြးခ်ယ္လိုက္ တာကိုခံရမယ္၊ အဲဒါ ခင္ဗ်ားတို႔ခံရမယ္ ဒါကိုစဥ္းစား ဆိုၿပီးတိုက္တြန္းေနတဲ့အခါက်ေတာ့ ျပည္သူၾကားထဲ မွာ " ဟာ ဟုတ္တာပဲ၊ မဲမေပးရင္ ေနာက္(၅)ႏွစ္က သူမ်ားေ႐ြးခ်ယ္သြားတာ၊ ဆုံးျဖတ္သြားတာႀကီးကို ခံရ ေတာ့မွာပဲ"ဆိုတာမ်ိဳးေတာ့ ေတာ္ေတာ္လည္းက်ယ္ ျပန႔္လာတယ္။ အျမင္သေဘာထားေတြ။ ေနာက္တစ္ ခုကေတာ့ တစ္ခ်ိန္တုန္းကေတာ့ လက္နက္ကိုင္ေတာ္ လွန္ေရးေအာင္ျမင္မယ္လို႔ေမွ်ာ္လင့္တဲ့လူေတြလည္း လက္ရွိ ေျမျပင္အေျခအေနေၾကာင့္ ထင္သလိုမျဖစ္ ဘူးဆိုတာကိုလည္း ေတာ္ေတာ္မ်ားမ်ား သေဘာ ေပါက္လာတယ္။ ေနာက္ဆုံးေျပာရရင္ စစ္ေဘးေရွာင္ ျပည္သူေတြကိုယ္၌က ကိုယ့္ရပ္၊ ကိုယ့္႐ြာမွာ ၿငိမ္း ၿငိမ္းခ်မ္းခ်မ္းျပန္ေနခ်င္ၾကၿပီ။ ဒီလိုမ်ိဳးပဋိပကၡေတြ ကိုယ္၌ကလည္း ေ႐ြးေကာက္ပြဲကို ပိုပိုၿပီးေတာ့ စိတ္ ဝင္စားလာတယ္လို႔ျမင္ပါတယ္။
ေမး - အခုလိုမဲဆြယ္ကာလမွာ တခ်ိဳ႕ပါတီကိုယ္ စားလွယ္ေလာင္းေတြ ၿခိမ္းေျခာက္ခံရတာမ်ိဳးေတြ ႀကဳံရတာရွိတယ္။ ဆိုေတာ့ အန္ကယ္တို႔ပါတီက ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ေကာ ႀကဳံရလား ရွင့္။ ေဝဖန္မႈေတြ အျပင္ကိုေလ။
ေျဖ - ကိုယ္စားလွယ္ေလာင္းေတြဆိုတာထက္ကို ဥကၠ႒ျဖစ္တဲ့ ကြၽန္ေတာ္ကိုယ္တိုင္ေပါ့။ အရင္တုန္း ကေတာ့ ၿခိမ္းေျခာက္တာေတြ၊ ေနာက္တစ္ခါ အသံ ေတြကေတာ့ မ်ိဳးစုံထြက္တာေပါ့ေလ။Hate List ထဲ တည့္ထားတာေပါ့ေလ။ ေနာက္ေတာ့လည္း မဟုတ္ပါ ဘူးေတြ၊ ဟုတ္ပါတယ္ေတြ သူတို႔ ၿခိမ္းေျခာက္တဲ့ လူေတြၾကားထဲမွာလည္း ျငင္းၾကခုန္ၾကေပါ့။ ေနာက္တစ္ခါ Social Punishment လုပ္တယ္ဆိုၿပီးေတာ့ ကေလးေတြမိသားစုေတြကိုပါလုပ္တာမ်ိဳးေတြလည္း ေတာက္ေလွ်ာက္ႀကဳံရတာေပါ့။ ကိုယ္စားလွယ္ ေလာင္းေတြထဲမွာလည္း တခ်ိဳ႕ႏုတ္ထြက္ခိုင္းတာေတြ ႀကဳံရတယ္။ တခ်ိဳ႕ၿပိဳင္ဘက္မရွိလို႔ တစ္ေယာက္တည္း အေ႐ြးခံလိုက္ရတယ္ဆိုတဲ့ေနရာေတြထဲမွာ ကိုယ္စား လွယ္ေလာင္းရွိရဲ႕သားနဲ႔ ဖိအားေပးမႈေတြေၾကာင့္ႏုတ္ ထြက္လိုက္ရာမ်ိဳးေတြလည္းရွိတယ္ေပါ့ေနာ္။ ေတာက္ ေလွ်ာက္လည္း အခုခ်ိန္ထိ မေတာ္တဆလား၊ ရည္ ႐ြယ္ခ်က္နဲ႔ျဖစ္တာလားမသိေပမယ့္ ကြၽန္ေတာ္တို႔ ပိုစတာေတြ၊ ဗီႏိုင္းဆိုင္းဘုတ္ေတြေပါ့ေနာ္။ သဃၤန္း ကြၽန္းမွာဆိုရင္ဖ်က္ဆီးခံရတယ္။ တခ်ိဳ႕ဆိုင္းဘုတ္ ေတြဆိုရင္ ကားနဲ႔တိုက္ခံထားရတယ္။ မေတာ္တဆ ကားပါကင္ထိုးတာဆုတ္တာနဲ႔ၿငိသလား၊ ရည္႐ြယ္ ခ်က္ရွိလား မသိဘူးေပါ့ဗ်ာ။ အဲဒါမ်ိဳးေလးေတြလည္း ႀကဳံရတာရွိပါတယ္။ အြန္လိုင္းကေန ဆဲဆိုႀကိမ္း ေမာင္းတာ၊ ၿခိမ္းေျခာက္တာ၊ ဆဲဆိုတာေတြလည္းရွိေန တယ္။ ေနာက္တစ္ခါ ဖုန္းနဲ႔ၿခိမ္းေျခာက္တာ၊ Chatbox ကေနၿခိမ္းေျခာက္တာဒါမ်ိဳးေတြလည္းရွိ ပါတယ္။ ဒါမ်ိဳးေတြလည္း ကိုယ္စားလွယ္ေလာင္းေတြ ဆီကေနျပန္ၾကားရပါတယ္။ အဓိကကေတာ့ ႏုတ္ ထြက္ဖို႔ၿခိမ္းေျခာက္ ဖိအားေပးခံရတာေတြ တခ်ိဳ႕ေန ရာေတြမွာရွိေနတယ္။
ေမး - အခုေ႐ြးေကာက္ပြဲအခင္းအက်င္းမွာ အန္ ကယ္တို႔ပါတီက ဘယ္ေလာက္အတိုင္းအတာအထိ ေအာင္ျမင္မယ္လို႔ ယုံၾကည္လဲ၊ ခန႔္မွန္းထားလဲ။
ေျဖ - ကြၽန္ေတာ္တို႔ကေတာ့ အတိုင္းအတာတစ္ခုအထိ အႏိုင္ရမယ္လို႔ေမွ်ာ္လင့္တယ္။ သို႔ေသာ္ ဘယ္ေပၚမွာ မူတည္လဲဆိုရင္ ေ႐ြးေကာက္ပြဲမဲေပးတဲ့ရာခိုင္ႏႈန္း တက္လာရင္ ကြၽန္ေတာ္တို႔က အခြင့္အလမ္းပိုမ်ား မယ္။ ဘာေၾကာင့္လဲဆိုရင္ တစ္ေလွ်ာက္လုံးမွာ ဒီမို ကေရစီဘက္ကေနေထာက္ခံတဲ့ မဲေပးတဲ့မဲဆႏၵရွင္ ေတြကို မဲမေပးဖို႔ၿခိမ္းေျခာက္ခံေနရေတာ့ သူတို႔မဲ လာမေပးရင္ မဲရလဒ္က တစ္ဖက္ေစာင္းနင္းႀကီးျဖစ္ သြားမွာပဲ။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ဒီမိုကေရစီ ဘက္က တစ္စိုက္မတ္မတ္ရပ္တည္ခဲ့တဲ့ မဲဆႏၵရွင္ ေတြ ၊ ေနာက္တစ္ခုကေတာ့ အၾကမ္းမဖက္ႏိုင္ငံေရး နည္းလမ္းကို ျပဳျပင္ေျပာင္းလဲႏိုင္တယ္လို႔ယုံၾကည္ တဲ့မဲဆႏၵရွင္ေတြ မဲ႐ုံေရာက္လာဖို႔လိုတယ္။ အဲဒါမ ေ႐ြးေကာက္ပြဲရလဒ္ကလည္း ကြၽန္ေတာ္တို႔ပါတီအ ေနနဲ႔ ပိုၿပီးအခြင့္အလမ္းမ်ားလာမယ္လို႔ထင္ပါတယ္။
ေမး - တကယ္လို႔ ပါတီကကိုယ္စားလွယ္ေလာင္းေတြ လႊတ္ေတာ္ထဲေရာက္ခဲ့မယ္ဆိုရင္ ေရာက္ေရာက္ခ်င္း ဘယ္က႑ကို ဦးစားေပးေဆာင္႐ြက္သြားမလဲရွင့္။
ေျဖ - ကြၽန္ေတာ္ေျပာခဲ့သလိုေပါ့။ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရး အဲဒါနဲ႔ဆက္စပ္ၿပီးေတာ့ လက္နက္ကိုင္ ပဋိပကၡအေၾကာင္းအရင္းေတြရဲ႕အေျခခံအေၾကာင္း တရားကဘာလဲဆိုရင္ တစ္ခ်ိန္တုန္းကေတာ့ ဝါဒေရး ရာေပါ့။ အဲဒီေတာ့ တစ္ပါတီစနစ္မွာ ပါတီစုံဒီမိုကေရ စီေဘာင္ထဲမွာ ဝါဒကြဲျပားတဲ့လူေတြရပ္တည္ႏိုင္ဖို႔၊ အခုက အဓိကက ဖက္ဒရယ္ျပသနာ။ အထူးသျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ၿငိမ္း ခ်မ္းေရးေဆြးေႏြးပြဲေတြအားလုံးမွာ ကြၽန္ေတာ္တို႔အၿမဲ တမ္းအေလးအနက္ထားၿပီးေဆြးေႏြးေနရတာက တိုင္းရင္းသားတန္းတူညီမွ်ေရးနဲ႔ ဖက္ဒရယ္ျဖစ္ပါ တယ္။ အဲဒီေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးေပါ့။ အဲဒါက ဦးစားေပးၿပီးေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ ေနာက္ တစ္ခါ တစ္လက္စတည္းမွာပဲ အလုပ္အကိုင္အခြင့္ အလမ္းေတြ ရွာေဖြေရး၊ စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အေျခခံအက်ဆုံးျဖစ္တဲ့ လွ်ပ္စစ္နဲ႔စြမ္းအင္ က႑။ ဒီဟာေတြ ။ ေနာက္တစ္ခုကေတာ့ ႏိုင္ငံေရး ပဋိပကၡေၾကာင့္ဆိုတာထက္ကို တည္ၿငိမ္တဲ့မူဝါဒေတြ ကို နည္းဥပေဒေတြမျဖစ္တဲ့အတြက္ေၾကာင့္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္ အဟန႔္အတားျဖစ္ေနတာ ရွိတယ္။ ဒါေၾကာင့္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ပတ္သက္တဲ့မူဝါဒေတြကလည္း တည္ၿငိမ္ဖို႔၊ ႀကိဳးနီစနစ္ေတြ ေလွ်ာ့ခ်ဖို႔ ျပည္တြင္း အေသးစား၊ အလတ္စားလုပ္ငန္း ေတြအားေကာင္းလာဖို႔ အစရွိသျဖင့္ ဒါေတြကို ကြၽန္ ေတာ္တို႔ အဓိကထားၿပီးေဆာင္႐ြက္ဖို႔ ေဖာ္ျပထားပါ တယ္။
ေမး-တခ်ိဳ႕ေတြက်ေတာ့လည္း အခုေ႐ြးေကာက္ပြဲမွာ No Vote ဆိုၿပီးေတာ့လည္း ေျပာေနတာေတြလည္း ရွိေနေတာ့ အဲဒီလူေတြကို အန္ကယ္ဘာမ်ားေျပာခ်င္လဲ။
ေျဖ - ေ႐ြးေကာက္ပြဲသမိုင္းကိုေျပာလိုက္ရင္ No Vote လုပ္လို႔ ရလဒ္ေကာင္းထြက္သြားတာမေတြ႕ဘူး။ No Vote လုပ္လည္း ေ႐ြးေကာက္ပြဲကျဖစ္သြားၿပီး ေတာ့ ကိုယ့္ဆႏၵမပါတဲ့ရလဒ္ေတြျဖစ္သြားတာပဲအ ဖတ္တင္တယ္။ အဲဒီေတာ့ No Vote သည္ ရလဒ္ ေကာင္းမထြက္ဘူးလို႔ပဲျမင္တယ္။ ေနာက္တစ္ခုက ျပည္သူေတြဟာ ေ႐ြးေကာက္ပြဲသြားၿပီးရင္ အင္မတန္ သတၱိေကာင္းတဲ့ျပည္သူေတြ။ မဲ႐ုံေတြမွာမဲေပးျခင္း အားျဖင့္ သူတို႔ရဲ႕ဆႏၵကိုေဖာ္ထုတ္တာပဲ။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲသမိုင္းေတြကိုျပန္ၾကည့္ရင္ လူတည္ၿမဲ မဲသန႔္ရွင္းဆိုတာ သိပ္ကိုနာမည္ႀကီးတယ္။ အဲဒီေတာ့ တစ္ဖက္က တရားမွ်တမႈမရွိတဲ့ဖိအားေပးမႈေတြ၊ ေဆာင္႐ြက္မႈေတြရွိတဲ့အတြက္ေၾကာင့္ကို မဲသြားေပး တာ။ မဲေပးလိုက္ျခင္းအားျဖင့္ ေ႐ြးေကာက္ပြဲ မဲမသမာျဖစ္ေစခ်င္တဲ့လူေတြနဲ႔ ေျပာင္းျပန္ရလဒ္ ထြက္ေအာင္ကို ျပည္သူကသတၱိေကာင္းတယ္။ အဲဒီ လိုပဲ (၁၉၉၀)၊ (၂၀၁၂)၊ (၂၀၁၅) အစရွိသျဖင့္ ေ႐ြး ေကာက္ပြဲေတြကိုျပန္ၾကည့္ရင္ တခ်ိဳ႕ဟာေတြက အ ႏိုင္ရတဲ့လူကိုေထာက္ခံေပး႐ုံတင္မကဘူး သူတို႔ရဲ႕ စိတ္မေက်နပ္မႈကို ေဖာ္ထုတ္တဲ့အေနနဲ႔ပါ မဲေပးသြား တာ။ ဘယ္ေလာက္ပဲ ဖိႏွိပ္မႈေတြ ၿခိမ္းေျခာက္မႈေတြ ရွိရွိ သူတို႔က အနည္းဆုံးေတာ့ အသံတိတ္ ဆႏၵထုတ္ ေဖာ္တဲ့ပြဲ။ ဆိုေတာ့ အဲဒီအခြင့္အလမ္းကို ျပည္သူေတြ က အသုံးခ်ဖို႔လိုတယ္။ အဲဒီေတာ့ ျပည္သူေတြအပိုင္း ကတာဝန္ေက်ၿပီးသြားၿပီဆိုရင္ ႏိုင္ငံေရးေခါင္းေဆာင္ ေတြအပိုင္းကလည္း ႏိုင္ငံေတာ္ ျပန္လည္စုစည္းဖို႔ ဆက္လက္ေဆာင္႐ြက္ရမယ့္ဟာကို မ်က္ျခည္မျပတ္ ဖို႔လိုတယ္။ ကြၽန္ေတာ္တို႔က လူထုေထာက္ခံမႈရၿပီဆို ၿပီးေတာ့လည္း ငါတေကာေကာလို႔မရဘူး။ ဒါကေတာ့ အေတြ႕အႀကဳံေတြအရ လူထုႏိုင္ငံေရးေရာ ထိပ္ပိုင္း ႏိုင္ငံေရးေရာ ဟန္ခ်က္ညီေအာင္ မွ်မွ်တတေဆာင္ ႐ြက္ႏိုင္တဲ့ ပါတီ၊ ႏိုင္ငံေရးသမားေတြကို ေ႐ြးခ်ယ္ၾကမွ သာလွ်င္ ႏိုင္ငံျပဳျပင္ေျပာင္းလဲေရးကထိေရာက္မွာ။ ေသခ်ာတာကေတာ့ လူထုေထာက္ခံမႈမရဘဲနဲ႔ ျပည္ သူမပါဘဲနဲ႔ေတာ့ ႏိုင္ငံေရးပါတီလုပ္လို႔မရဘူး။ အဲဒီ ေတာ့ အေရးႀကီးတာေတာ့ ျပည္သူ႔ေထာက္ခံမႈက ကြၽန္ေတာ္တို႔အတြက္အသက္ေသြးေၾကာပဲ။ ျပည္သူ႔ ေထာက္ခံမႈရၿပီးရင္ေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျပဳျပင္ ေျပာင္းလဲေရး၊ ပဋိပကၡေတြ ေျဖေလွ်ာ့ေရးကိစၥကို ကြၽန္ေတာ္တို႔ စြမ္းစြမ္းတမံေဆာင္႐ြက္သြားမွာျဖစ္ ပါတယ္။
ေမး - ေနာက္ၿပီး ေ႐ြးေကာက္ပြဲကို အဖ်က္အေမွာင့္ လုပ္ခ်င္တဲ့ လူပုဂၢိဳလ္ေတြ ၊ အဖြဲ႕အစည္းေတြကိုေကာ အန္ကယ့္အေနနဲ႔ ေၾကာက္လား၊ သူတို႔ကိုေကာ အန္ ကယ္ ဘာမ်ားေျပာခ်င္လဲ။
ေျဖ - ကြၽန္ေတာ္တို႔ျဖတ္သန္းလာခဲ့တာ (၅)ႏွစ္ကာ လထဲကိုေရာက္လာၿပီေပါ့ဗ်ာ။ ေရာက္လာၿပီဆိုေတာ့ ၿပီးခဲ့တဲ့ျဖစ္စဥ္ေတြနဲ႔ အနိ႒ာ႐ုံေတြ၊ ေနာက္ ျပည္သူ ေတြခံစားေနရတဲ့ဒုကၡေတြကို ျပန္ၿပီးသုံးသပ္ဖို႔ပဲ လို တယ္လို႔ပဲေျပာခ်င္တယ္။ ေနာက္တစ္ခု ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံေရးဆိုတာက ႏိုင္ငံတကာ ႏိုင္ငံေရးနဲ႔မ်က္ ျခည္ျပတ္လို႔မရဘူး။ အဲဒီေတာ့ ႏိုင္ငံတကာအခင္းအ က်င္းအေျပာင္းအလဲေတြကိုလည္းနားလည္ဖို႔လို တယ္။ ေနာက္တစ္ခါ အိမ္နီးခ်င္းႏိုင္ငံေတြေပါ့၊ ပထဝီ ႏိုင္ငံေရးေပါ့။ အဲဒါေတြအားလုံးကို ျပည့္ျပည့္စုံစုံနား လည္ေလ့လာၿပီးေတာ့မွ ကိုယ္ဘာလုပ္မယ္ဆိုတာကို ဆုံးျဖတ္သင့္တယ္။ အဲဒီေတာ့ မေက်နပ္မႈကိုေဖာ္ ထုတ္႐ုံသက္သက္နဲ႔ကေတာ့ ကြၽန္ေတာ္တို႔ ရလဒ္ ေကာင္းမထြက္ႏိုင္ဘူး။ အဲဒီေတာ့ ရလဒ္ကိုဦးတည္ တဲ့ လက္ေတြ႕က်တဲ့ႏိုင္ငံေရးျဖစ္ဖို႔အတြက္ အားလုံး ကိုတိုက္တြန္းခ်င္ပါတယ္။
ေမး - အခုေ႐ြးေကာက္ပြဲအခင္းအက်င္းနဲ႔ပတ္ သက္ၿပီးေတာ့ေကာ အန္ကယ္ဘာမ်ားျဖည့္စြက္ၿပီး ေျပာခ်င္ေသးလဲရွင့္။
ေျဖ - အဓိကကေတာ့ မဲေပးျဖစ္ေအာင္ေပးေပးပါ။ ဒါပဲေျပာခ်င္တယ္။ မဲေပးျခင္းဟာ ႏိုင္ငံေရးသည္အ ေျခအေနကို ျပဳျပင္ေျပာင္းလဲႏိုင္တယ္။ ပဋိပကၡေတြ ကိုေလွ်ာ့ခ်ႏိုင္တယ္။ အဲဒီလိုမဲေပးတဲ့အခါမွာလည္းပဲ ႏိုင္ငံေရးသမိုင္းေၾကာင္းျဖတ္သန္းမႈနဲ႔ ႏိုင္ငံေတာ္ေပၚ မွာထားတဲ့ေစတနာ၊ ေနာက္ ႏိုင္ငံေတာ္နဲ႔ပတ္သက္တဲ့ စိတ္ကူးစိတ္သန္းေတြကိုသုံးသပ္ၿပီးေတာ့ ျပည္သူ႔ပါ တီကို ရဲရဲတင္းတင္းေ႐ြးခ်ယ္ၾကဖို႔၊ မဲေပးၾကဖို႔ တိုက္ တြန္းခ်င္ပါတယ္။
ေမး - အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ အန္ကယ္ရွင့္။