နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သောကုမ္ပဏီများကို မှတ်ပုံတင် ပယ်ဖျက်

 285

Pearl (NP News) - ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ (၂၀၀) ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အမိန့်ကြော်ငြာစာအမှတ် ၊ ၁၄၉/ ၂၀၂၅ ထုတ်ပြန်သည့်နေ့ မှစ၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း အသိပေးထားသည်။
နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ထားသည့် ဒါရိုက်တာများအနေဖြင့်လည်း ကုမ္ပဏီအသစ် ထပ်မံ တည်ထောင်ခွင့်မရှိကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့်အချက်အလက်များအရ သိရသည်။

Zawgyi Version:
ႏွစ္စဥ္အစီရင္ခံစာတင္ျပရန္ ပ်က္ကြက္ခဲ့ေသာကုမၸဏီမ်ားကို မွတ္ပုံတင္ ပယ္ဖ်က္
Pearl (NP News) - ဒီဇင္ဘာ ၁၁
ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒ ပုဒ္မ ၉၇ အရ ႏွစ္စဥ္အစီရင္ခံစာ (Annual Return) တင္ျပရန္ ပ်က္ကြက္ခဲ့ေသာ ကုမၸဏီ (၂၀၀) ရွိေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ႏွစ္စဥ္အစီရင္ခံစာတင္ျပရန္ ပ်က္ကြက္ခဲ့သည့္ ကုမၸဏီမ်ားအား ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒ ပုဒ္မ ၄၃၀ (စ) အရ မွတ္ပုံတင္ စာရင္းမွ ပယ္ဖ်က္ျခင္း (Struck Off) အျဖစ္ အမိန႔္ေၾကာ္ျငာစာအမွတ္ ၊ ၁၄၉/ ၂၀၂၅ ထုတ္ျပန္သည့္ေန႔ မွစ၍ ကုမၸဏီမွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္လိုက္ေၾကာင္း အသိေပးထားသည္။
ႏွစ္စဥ္အစီရင္ခံစာတင္ျပရန္ ပ်က္ကြက္ထားသည့္ ဒါ႐ိုက္တာမ်ားအေနျဖင့္လည္း ကုမၸဏီအသစ္ ထပ္မံ တည္ေထာင္ခြင့္မရွိေၾကာင္းလည္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထား သည့္အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.