ရုရှားရဲ့စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ပျက်ကျ

 284

Pika (NP News) - ဒီဇင်ဘာလ ၁၁

ရုရှားရဲ့စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဟာ မကြာသေးခင်က ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် စမ်းသပ်ပျံသန်းမှုတွေ လုပ်ဆောင်စဉ်အချိန်အတွင်း ပျက်ကျသွားခဲ့တယ်လို့ ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
An-22 Antey သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ မော်စကိုမြို့ကနေ (၃၆ဝ)ကီလိုမီတာအကွာမှာရှိတဲ့ အိုင်ဗန်နို ဒေသက ဝေးလံခေါင်သီတဲ့ဧရိယာတစ်ခုမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် An-22 Antey လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူးနဲ့ အခြားအမှုထမ်းတွေ အသက်ရှင်ကျန်ရစ်ခဲ့တာမျိုး ရှိ/မရှိ ဆိုတာကို သိရှိရဖို့အတွက် ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပျက်ကျရာနေရာကို စေလွှတ်ထားတယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါ တယ်။ ရုရှားလေတပ်ကော်မရှင်တစ်ခုကလည်း လေယာဉ်ပျက်ကျမှုအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်လိမ့်မယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
An-22 Antey လေယာဉ်ပျက်ကျမှုဟာ Uvodskoye ရေလှောင်ကန်အနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ရေထဲမှာတွေ့ရှိခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး TASS သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါသွားတဲ့လေယာဉ်အမှုထမ်း(၇)ဦးစလုံး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားရဲ႕စစ္ဘက္ဆိုင္ရာသယ္ယူပို႔ေဆာင္ေရးေလယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - ဒီဇင္ဘာလ ၁၁
႐ုရွားရဲ႕စစ္ဘက္ဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးေလယာဥ္တစ္စင္းဟာ မၾကာေသးခင္က ျပဳျပင္ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ စမ္းသပ္ပ်ံသန္းမႈေတြ လုပ္ေဆာင္စဥ္အခ်ိန္အတြင္း ပ်က္က်သြားခဲ့တယ္လို႔ ႐ုရွားကာကြယ္ ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
An-22 Antey သယ္ယူပို႔ေဆာင္ေရးေလယာဥ္ဟာ ေမာ္စကိုၿမိဳ႕ကေန (၃၆ဝ)ကီလိုမီတာအကြာမွာရွိတဲ့ အိုင္ဗန္ႏို ေဒသက ေဝးလံေခါင္သီတဲ့ဧရိယာတစ္ခုမွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ An-22 Antey ေလယာဥ္ပ်က္က်မႈအတြင္း ေလယာဥ္မႉးနဲ႔ အျခားအမႈထမ္းေတြ အသက္ရွင္က်န္ရစ္ခဲ့တာမ်ိဳး ရွိ/မရွိ ဆိုတာကို သိရွိရဖို႔အတြက္ ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးအဖြဲ႕တစ္ဖြဲ႕ကို ေလယာဥ္ပ်က္က်ရာေနရာကို ေစလႊတ္ထားတယ္လို႔လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါ တယ္။ ႐ုရွားေလတပ္ေကာ္မရွင္တစ္ခုကလည္း ေလယာဥ္ပ်က္က်မႈအေျခအေနေတြကို စုံစမ္းစစ္ေဆးဖို႔ အခင္းျဖစ္ပြားရာေနရာကို သြားေရာက္လိမ့္မယ္လို႔လည္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
An-22 Antey ေလယာဥ္ပ်က္က်မႈဟာ Uvodskoye ေရေလွာင္ကန္အနီးမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ေလယာဥ္ရဲ႕ အစိတ္အပိုင္းေတြကို ေရထဲမွာေတြ႕ရွိခဲ့ရတယ္လို႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး TASS သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ေလယာဥ္ပ်က္က်မႈအတြင္း လိုက္ပါသြားတဲ့ေလယာဥ္အမႈထမ္း(၇)ဦးစလုံး ေသဆုံးခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.