သမ္မတပူတင်က ဆိုဗီယက်ပြည်ထောင်စုကို ပြန်လည်ထူထောင်ဖို့ ဒါမှမဟုတ် နေတိုးကို တိုက်ခိုက်ဖို့ မလိုလားဘူး လို့ ရုရှားအစိုးရပြော

 173

Pika (NSS) - ဒီဇင်ဘာလ ၁၁

ရုရှားသမ္မတပူတင်က ဆိုဗီယက်ပြည်ထောင်စုကို ပြန်လည်ထူထောင်လိုနေတယ်ဆိုတဲ့ ဥရောပရဲ့စွပ်စွဲပြောဆိုချက် တွေက မှားယွင်းကြောင်းနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုကို ကျူးကျော်တိုက်ခိုက်ဖို့ ပူတင်က စီစဉ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကလည်း အခြေအမြစ်မရှိတဲ့ပြောဆိုချက်တွေသာဖြစ်တယ်လို့ ရုရှားအစိုးရက တုံ့ပြန်ပြောခဲ့ပါ တယ်။ ဆိုဗီယက်ပြည်ထောင်စုအတွင်းမှာ မွေးဖွားခဲ့တဲ့ပူတင်ဟာ ရုရှားလူမျိုးသန်းပေါင်းများစွာ ဆင်းရဲမွဲတေပြီး ရုရှားကိုယ်တိုင်ပြိုကွဲရမယ့်အန္တရာယ်တွေနဲ့ရင်ဆိုင်ခဲ့ရစေခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုကို (၂၀)ရာစုရဲ့ အကြီးဆုံးပထဝီနိုင်ငံရေးကပ်ဘေးတစ်ခုအဖြစ် (၂၀၀၅)ခုနှစ်မှာ သတ်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ပူတင်က ယူကရိန်းနဲ့စစ်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် တစ်နေ့မှာ နေတိုးအဖွဲ့ကို တိုက်ခိုက်လာလိမ့်မယ်လို့ အနောက်အုပ်စုခေါင်းဆောင်တွေက စွပ်စွဲပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုရှားက နေတိုးအဖွဲ့ကို တိုက်ခိုက်ဖို့ စီစဉ်နေတာမျိုးမရှိဘူးလို့ ပူတင်က အကြိမ်ကြိမ် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ရုရှားအစိုးရက “သမ္မတပူတင်က ဆိုဗီယက်ပြည်ထောင်စုကို ပြန်လည်ထူထောင်လိုတာမျိုးမရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက မဖြစ်နိုင်ဘူးဆိုတာ သူကိုယ်တိုင်လည်း အကြိမ်ကြိမ်ပြောခဲ့ဖူးလို့ပဲဖြစ်ပါတယ်။ ပြီးတော့ ရုရှားက နေတိုးကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ပြောဆိုချက်တွေကလည်း မှားယွင်းတဲ့ပြောဆိုချက်တွေပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
သမၼတပူတင္က ဆိုဗီယက္ျပည္ေထာင္စုကို ျပန္လည္ထူေထာင္ဖို႔ ဒါမွမဟုတ္ ေနတိုးကို တိုက္ခိုက္ဖို႔ မလိုလားဘူး လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာလ ၁၁
႐ုရွားသမၼတပူတင္က ဆိုဗီယက္ျပည္ေထာင္စုကို ျပန္လည္ထူေထာင္လိုေနတယ္ဆိုတဲ့ ဥေရာပရဲ႕စြပ္စြဲေျပာဆိုခ်က္ ေတြက မွားယြင္းေၾကာင္းနဲ႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ခုကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔ ပူတင္က စီစဥ္ေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကလည္း အေျခအျမစ္မရွိတဲ့ေျပာဆိုခ်က္ေတြသာျဖစ္တယ္လို႔ ႐ုရွားအစိုးရက တုံ႔ျပန္ေျပာခဲ့ပါ တယ္။ ဆိုဗီယက္ျပည္ေထာင္စုအတြင္းမွာ ေမြးဖြားခဲ့တဲ့ပူတင္ဟာ ႐ုရွားလူမ်ိဳးသန္းေပါင္းမ်ားစြာ ဆင္းရဲမြဲေတၿပီး ႐ုရွားကိုယ္တိုင္ၿပိဳကြဲရမယ့္အႏၲရာယ္ေတြနဲ႔ရင္ဆိုင္ခဲ့ရေစခဲ့တဲ့ ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲမႈကို (၂၀)ရာစုရဲ႕ အႀကီးဆုံးပထဝီႏိုင္ငံေရးကပ္ေဘးတစ္ခုအျဖစ္ (၂၀၀၅)ခုႏွစ္မွာ သတ္မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ပူတင္က ယူကရိန္းနဲ႔စစ္ပြဲမွာအႏိုင္ရရွိခဲ့မယ္ဆိုရင္ တစ္ေန႔မွာ ေနတိုးအဖြဲ႕ကို တိုက္ခိုက္လာလိမ့္မယ္လို႔ အေနာက္အုပ္စုေခါင္းေဆာင္ေတြက စြပ္စြဲေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႐ုရွားက ေနတိုးအဖြဲ႕ကို တိုက္ခိုက္ဖို႔ စီစဥ္ေနတာမ်ိဳးမရွိဘူးလို႔ ပူတင္က အႀကိမ္ႀကိမ္ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားအစိုးရက “သမၼတပူတင္က ဆိုဗီယက္ျပည္ေထာင္စုကို ျပန္လည္ထူေထာင္လိုတာမ်ိဳးမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက မျဖစ္ႏိုင္ဘူးဆိုတာ သူကိုယ္တိုင္လည္း အႀကိမ္ႀကိမ္ေျပာခဲ့ဖူးလို႔ပဲျဖစ္ပါတယ္။ ၿပီးေတာ့ ႐ုရွားက ေနတိုးကို တိုက္ခိုက္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ေျပာဆိုခ်က္ေတြကလည္း မွားယြင္းတဲ့ေျပာဆိုခ်က္ေတြပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.