သမ္မတထရမ့်စေ့စပ်ပေး၍ အပစ်အခတ်ရပ်စဲပြီးနောက် ထိုင်းနဲ့ကမ္ဘောဒီးယားကြား ဘာ့ကြောင့် တိုက်ပွဲများ ပြန်ဖြစ်နေရသလဲ

404

Htay Oung (NP News)-ဒီဇင်ဘာ ၁၁
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်မှာ အမြောက်ကြီးများ၊ ရော့ကတ်များနဲ့ လေကြောင်းတိုက်ခိုက်မှု များ ထပ်မံဖြစ်ပေါ်နေပါတယ်။ မိုင် ၅၀၀ ကျော်ရှည်လျားတဲ့ နယ်စပ်တလျောက်ရှိ ကျေးရွာများကို ၅-လအတွင်း ဒုတိယမြောက်အဖြစ် ဘေးလွတ်ရာရွှေ့ပြောင်းပေးနေကြပါတယ်။ မိသားစုများနဲ့သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန် တွေဟာ ယာယီတဲများရှိ ဖျာများပေါ်မှာ ထိုင်ကြရင်း ဘယ်အချိန် အိမ်ပြန်နိုင်မယ်ဆိုတာနဲ့ ဘယ်အချိန် ထပ်မံ ထွက်ပြေးရမယ်ဆိုတာကို တွေးတောနေကြကြောင်း၊ ပြီးခဲ့တဲ့ ဇူလိုင်လ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကြား ဝင်စေ့စပ်ပေးခဲ့လို့ အပစ်အခတ်ရပ်စဲကြပြီးနောက် ဘာမှမကြာခင် ဘာ့ကြောင့် ခုလို ဖြစ်ရပါသလဲလို့ BBC(11 December 2025) က မေးခွန်းထုတ်လိုက်ပါတယ်။
အငြင်းပွားနယ်စပ်ဧရိယာ အဝင်လမ်းပေါ်မှာ အလုပ်လုပ်နေတဲ့ ထိုင်းအင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ကို ကမ္ဘောဒီး ယားတပ်များက တနင်္ဂနွေနေ့မှာ ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ကပြောတဲ့ အသေးအဖွဲဖြစ်ရပ်တစ်ခုကြောင့် ခုလို နှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ပြင်းထန်မှု မရှိဘူးလို့လည်း ဆိုပါတယ်။
ယခင်တုန်းကတော့ ဒီလိုကိစ္စကို သံတမန်ရေးနည်းလမ်းနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ယခု နှစ်မှာ အဲ့ဒီလို အခွင့်အလမ်းမျိုး အနည်းငယ်သာ ရှိခဲ့ပါတယ်။ သမ္မတထရမ့်က ဘာတွေပြောပြော မအောင်မြင် လောက်အောင် အဲ့ဒီအိမ်နီးချင်း နှစ်နိုင်ငံကြား မယုံကြည်နိုင်တဲ့ ကွာဟချက်ရှိနေပါတယ်။ နှစ်နိုင်ငံအပေါ် အ တင်းအကျပ်ဖိအားပေးခြင်းဖြင့် ထွက်ပေါ်လာတဲ့ အပစ်အခတ် ရပ်စဲရေးမျိုးဆိုတာ အားနည်းချက် အမြဲတစေ ရှိတတ်ပါတယ်။
အရှင်းဆုံးပြောရရင် (ယခင်နိုင်ငံတကာတရားရုံးမှာ ရှုံူးနိမ့်ခဲ့ဖူးတဲ့) ထိုင်းအနေတဲ့ ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ ကို ကမ္ဘာ့ပြဿနာတစ်ခု မဖြစ်လာစေချင်ပါဘူး။ အမေရိကန်သမ္မတထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ စလုံးကို သူတို့ရဲ့ ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက်ဖိအားပေးခဲ့ခြင်းကြောင့်သာ အပစ်အခတ်ရပ်စဲရေးကို လက်ခံခဲ့ကြတာပါ။
နိုင်ငံငယ်လေးဖြစ်တဲ့ ကမ္ဘောဒီးယားကတော့ ပြောင်းပြန်ပါ၊ ထိုင်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေမှာ အားနည်း တယ်လို့ ခံစားရတဲ့အတွက် ပြင်ပပါဝင်ပတ်သက်မှုကို ပိုမိုနှစ်သက်ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားတပ်တွေ ဟာ လက်တွေ့မြေပြင်မှာ ဆက်လက်လှုပ်ရှားနေပြီး မြေမြှုပ်မိုင်းအသစ်တွေ ထပ်မံထောင်ခဲ့တာကြောင့် ထိုင်း စစ်သား ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကမ္ဘောဒီးယားဟာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတယ်လို့ ထိုင်းက စွပ်စွဲပြီး ဇူလိုင်လတုန်းက ဖမ်းဆီးရမိထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးဖို့ ငြင်းဆိုခဲ့ ပါတယ်။
ဇူလိုင်လနောက်ပိုင်း ထိုင်းစစ်တပ်ဟာ ပဋိပက္ခကို သင့်လျော်သလို ကိုင်တွယ်ဖြေရှင်းဖို့ ဝန်ကြီးချုပ်အနုတင်ထံ က အပြည့်အဝ လုပ်ပိုင်ခွင့် ရရှိခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်မှာလည်း လူနည်းစု မဟာမိတ်များနဲ့ ထိပ်တိုက် တွေ့နေရတဲ့ စိန်ခေါ်မှုများ ရှိနေလို့ဖြစ်ပါတယ်။ ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားတပ်တွေအပေါ် ထိထိရောက် ရောက် အသာစီးရရှိဖို့နဲ့ နောက်တကြိမ် ထပ်မံခြိမ်းခြောက်မှု မပြုနိုင်ဖို့ အရေးကြီး တောင်ထိပ်နေရာတွေကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားပါတယ်။ တကယ်တော့ နှစ်ဖက်စလုံးဟာ ယခုတစ်နှစ်ပတ်လုံး ဒီနေရာတွေမှာ လမ်း ပန်းဆက်သွယ်ရေးနဲ့ ခံစစ်စခန်းနေရာတွေကို ခိုင်မာအောင် ကြိုးစားနေကြခြင်း ဖြစ်ပါတယ်။
ဇူလိုင်လ ခေတ္တ ရပ်တန့်သွားခင် အောင်မြင်မှုနဲ့ နီးစပ်နေပြီလို့ ထိုင်းဘက်က ယုံကြည်ပြီး အခုအချိန်မှာတော့ ဒီတာဝန်ကို ပြီးမြောက်အောင် အကောင်အထည်ဖော်ချင်နေပါတယ်။ အငြင်းပွားနေရာတွေက ဧရိယာသေး ငယ်ပြီး အများစုမှာ လူသူကင်းမဲ့နေရင်တောင် ထိုင်းအတွက် သူ့နိုင်ငံရဲ့နယ်မြေကို ကာကွယ်ခြင်းဖြစ်ပြီး လိပ်ပြာ သန့်တဲ့ တာဝန်တစ်ခုအဖြစ် ရှုမြင်ထားပါတယ်။
ကမ္ဘောဒီးယားရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေကတော့ ဘယ်လိုရှိတယ်ဆိုတာ သိဖို့ခက်ပါတယ်။ ခေါင်း ဆောင် ဟောင်း ဟွန်ဆန်ဟာ သူ့ရဲ့သား ဝန်ကြီးချုပ် ဟွန်မာနက်အပေါ် ကြိုးကိုင်နေဆဲပါ။ အင်အားကြီး အိမ်နီးချင်း တိုင်းပြည်က အနိုင်ကျင့်မှုအဖြစ်ပုံဖော်ပြီး ဘန်ကောက်ကို ဖိအားပေးဖို့ နိုင်ငံတကာအကူအညီ တောင်းခံ နေပါ တယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း (ပေတုန်တန်) နဲ့ ဟွန်ဆန်ရဲ့ ဖုန်းခေါ်ဆိုတဲ့ အသံဖိုင်ပေါက် ကြားမှုဟာ ထိုင်း ဘက်မှာ ပေတုန်တန်အစိုးရ ပြုတ်ကျတဲ့အထိ နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဟွန်ဆန် နဲ့ ရင်းနှီးပြီး စီးပွားရေး မဟာမိတ်ဖြစ်ခဲ့သူ သက်ဆင်လည်း ပြန်လည်ထောင်ကျရပြီး ရှင်နာဝပ်ထရာမိသားစုအ ပေါ် ထောက်ခံခဲ့တဲ့ ထိုင်းလူထုသည်ပင် ထိုင်းစစ်တပ်ကို ထောက်ခံပြီး ကမ္ဘောဒီးယားအပေါ် ပိုမိုရန်လိုလာခဲ့ ပါ တယ်။
လက်ရှိ တစ်ကျော့ပြန် ပဋိပက္ခကို အဆုံးသတ်ဖို့ သမ္မတထရမ့်အနေနဲ့ နောက်တစ်ကြိမ် အပစ်အခတ်ရပ်စဲရေး အတွက် တွန်းအားပေးဖွယ်ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း လပိုင်းလောက်သာခံပြီး တိုက်ပွဲများ ပြန် ဖြစ်နိုင်ပါတယ်။ သံတမန်ရေးဆွေးနွေးဖို့ အသင့်မဖြစ်သေးကြောင်း ဘန်ကောက်က အကြိမ်ကြိမ်ပြောနေပြီး အ ပစ်အခတ်ရပ်စဲခြင်းမတိုင်မီ ကမ္ဘောဒီးယားဘက်က ရိုးသားမှုကို ပြသရမယ်လို့ ဆိုပါတယ်။ ဘာကို ပြောမှန်း ရှင်းရှင်းလင်းလင်း မရှိပေမယ့် ကမ္ဘာဒီးယားက မြေမြှုပ်မိုင်းများ အသုံးပြုမှုကို ရပ်တန့်ထားကြောင်း ဦးစွာသက် သေပြရမယ်လောက်တော့ သိရှိရပါတယ်။

Zawgyi Version:
သမၼတထရမ့္ေစ့စပ္ေပး၍ အပစ္အခတ္ရပ္စဲၿပီးေနာက္ ထိုင္းနဲ႔ကေမာၻဒီးယားၾကား ဘာ့ေၾကာင့္ တိုက္ပြဲမ်ား ျပန္ျဖစ္ေနရသလဲ
Htay Oung (NP News)-ဒီဇင္ဘာ ၁၁
ထိုင္း-ကေမာၻဒီးယား နယ္စပ္တစ္ေလွ်ာက္မွာ အေျမာက္ႀကီးမ်ား၊ ေရာ့ကတ္မ်ားနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈ မ်ား ထပ္မံျဖစ္ေပၚေနပါတယ္။ မိုင္ ၅၀၀ ေက်ာ္ရွည္လ်ားတဲ့ နယ္စပ္တေလ်ာက္ရွိ ေက်း႐ြာမ်ားကို ၅-လအတြင္း ဒုတိယေျမာက္အျဖစ္ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေပးေနၾကပါတယ္။ မိသားစုမ်ားနဲ႔သူတို႔ရဲ႕ အိမ္ေမြးတိရစာၦန္ ေတြဟာ ယာယီတဲမ်ားရွိ ဖ်ာမ်ားေပၚမွာ ထိုင္ၾကရင္း ဘယ္အခ်ိန္ အိမ္ျပန္ႏိုင္မယ္ဆိုတာနဲ႔ ဘယ္အခ်ိန္ ထပ္မံ ထြက္ေျပးရမယ္ဆိုတာကို ေတြးေတာေနၾကေၾကာင္း၊ ၿပီးခဲ့တဲ့ ဇူလိုင္လ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ၾကား ဝင္ေစ့စပ္ေပးခဲ့လို႔ အပစ္အခတ္ရပ္စဲၾကၿပီးေနာက္ ဘာမွမၾကာခင္ ဘာ့ေၾကာင့္ ခုလို ျဖစ္ရပါသလဲလို႔ BBC(11 December 2025) က ေမးခြန္းထုတ္လိုက္ပါတယ္။
အျငင္းပြားနယ္စပ္ဧရိယာ အဝင္လမ္းေပၚမွာ အလုပ္လုပ္ေနတဲ့ ထိုင္းအင္ဂ်င္နီယာအဖြဲ႕တစ္ဖြဲ႕ကို ကေမာၻဒီး ယားတပ္မ်ားက တနဂၤေႏြေန႔မွာ ပစ္ခတ္ခဲ့တယ္လို႔ ထိုင္းစစ္တပ္ကေျပာတဲ့ အေသးအဖြဲျဖစ္ရပ္တစ္ခုေၾကာင့္ ခုလို ႏွစ္ဖက္ျပင္းထန္စြာတိုက္ခိုက္မႈမ်ား ျဖစ္ေပၚလာခဲ့ရပါတယ္။ ထိုင္းစစ္သားႏွစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး ျပင္းထန္မႈ မရွိဘူးလို႔လည္း ဆိုပါတယ္။
ယခင္တုန္းကေတာ့ ဒီလိုကိစၥကို သံတမန္ေရးနည္းလမ္းနဲ႔ အျမန္ဆုံး ေျဖရွင္းႏိုင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ယခု ႏွစ္မွာ အဲ့ဒီလို အခြင့္အလမ္းမ်ိဳး အနည္းငယ္သာ ရွိခဲ့ပါတယ္။ သမၼတထရမ့္က ဘာေတြေျပာေျပာ မေအာင္ျမင္ ေလာက္ေအာင္ အဲ့ဒီအိမ္နီးခ်င္း ႏွစ္ႏိုင္ငံၾကား မယုံၾကည္ႏိုင္တဲ့ ကြာဟခ်က္ရွိေနပါတယ္။ ႏွစ္ႏိုင္ငံအေပၚ အ တင္းအက်ပ္ဖိအားေပးျခင္းျဖင့္ ထြက္ေပၚလာတဲ့ အပစ္အခတ္ ရပ္စဲေရးမ်ိဳးဆိုတာ အားနည္းခ်က္ အၿမဲတေစ ရွိတတ္ပါတယ္။
အရွင္းဆုံးေျပာရရင္ (ယခင္ႏိုင္ငံတကာတရား႐ုံးမွာ ရႈံူးနိမ့္ခဲ့ဖူးတဲ့) ထိုင္းအေနတဲ့ ကေမာၻဒီးယား နယ္စပ္ပဋိပကၡ ကို ကမာၻ႔ျပႆနာတစ္ခု မျဖစ္လာေစခ်င္ပါဘူး။ အေမရိကန္သမၼတထရမ့္က ထိုင္းနဲ႔ ကေမာၻဒီးယား ႏွစ္ႏိုင္ငံ စလုံးကို သူတို႔ရဲ႕ ပို႔ကုန္ေတြအေပၚ အခြန္တိုးျမႇင့္ေကာက္ခံမယ္လို႔ ၿခိမ္းေျခာက္ဖိအားေပးခဲ့ျခင္းေၾကာင့္သာ အပစ္အခတ္ရပ္စဲေရးကို လက္ခံခဲ့ၾကတာပါ။
ႏိုင္ငံငယ္ေလးျဖစ္တဲ့ ကေမာၻဒီးယားကေတာ့ ေျပာင္းျပန္ပါ၊ ထိုင္းနဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈေတြမွာ အားနည္း တယ္လို႔ ခံစားရတဲ့အတြက္ ျပင္ပပါဝင္ပတ္သက္မႈကို ပိုမိုႏွစ္သက္ပါတယ္။ ဒါေပမယ့္ ကေမာၻဒီးယားတပ္ေတြ ဟာ လက္ေတြ႕ေျမျပင္မွာ ဆက္လက္လႈပ္ရွားေနၿပီး ေျမျမႇဳပ္မိုင္းအသစ္ေတြ ထပ္မံေထာင္ခဲ့တာေၾကာင့္ ထိုင္း စစ္သား ခုနစ္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ကေမာၻဒီးယားဟာ မေကာင္းတဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္ေနတယ္လို႔ ထိုင္းက စြပ္စြဲၿပီး ဇူလိုင္လတုန္းက ဖမ္းဆီးရမိထားတဲ့ ကေမာၻဒီးယားစစ္သား ၁၈ ဦးကို ျပန္လႊတ္ေပးဖို႔ ျငင္းဆိုခဲ့ ပါတယ္။
ဇူလိုင္လေနာက္ပိုင္း ထိုင္းစစ္တပ္ဟာ ပဋိပကၡကို သင့္ေလ်ာ္သလို ကိုင္တြယ္ေျဖရွင္းဖို႔ ဝန္ႀကီးခ်ဳပ္အႏုတင္ထံ က အျပည့္အဝ လုပ္ပိုင္ခြင့္ ရရွိခဲ့ပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္မွာလည္း လူနည္းစု မဟာမိတ္မ်ားနဲ႔ ထိပ္တိုက္ ေတြ႕ေနရတဲ့ စိန္ေခၚမႈမ်ား ရွိေနလို႔ျဖစ္ပါတယ္။ ထိုင္းစစ္တပ္ဟာ ကေမာၻဒီးယားတပ္ေတြအေပၚ ထိထိေရာက္ ေရာက္ အသာစီးရရွိဖို႔နဲ႔ ေနာက္တႀကိမ္ ထပ္မံၿခိမ္းေျခာက္မႈ မျပဳႏိုင္ဖို႔ အေရးႀကီး ေတာင္ထိပ္ေနရာေတြကို သိမ္းပိုက္ဖို႔ ရည္႐ြယ္ထားပါတယ္။ တကယ္ေတာ့ ႏွစ္ဖက္စလုံးဟာ ယခုတစ္ႏွစ္ပတ္လုံး ဒီေနရာေတြမွာ လမ္း ပန္းဆက္သြယ္ေရးနဲ႔ ခံစစ္စခန္းေနရာေတြကို ခိုင္မာေအာင္ ႀကိဳးစားေနၾကျခင္း ျဖစ္ပါတယ္။
ဇူလိုင္လ ေခတၱ ရပ္တန႔္သြားခင္ ေအာင္ျမင္မႈနဲ႔ နီးစပ္ေနၿပီလို႔ ထိုင္းဘက္က ယုံၾကည္ၿပီး အခုအခ်ိန္မွာေတာ့ ဒီတာဝန္ကို ၿပီးေျမာက္ေအာင္ အေကာင္အထည္ေဖာ္ခ်င္ေနပါတယ္။ အျငင္းပြားေနရာေတြက ဧရိယာေသး ငယ္ၿပီး အမ်ားစုမွာ လူသူကင္းမဲ့ေနရင္ေတာင္ ထိုင္းအတြက္ သူ႔ႏိုင္ငံရဲ႕နယ္ေျမကို ကာကြယ္ျခင္းျဖစ္ၿပီး လိပ္ျပာ သန႔္တဲ့ တာဝန္တစ္ခုအျဖစ္ ရႈျမင္ထားပါတယ္။
ကေမာၻဒီးယားရဲ႕ ႏိုင္ငံေရးရည္႐ြယ္ခ်က္ေတြကေတာ့ ဘယ္လိုရွိတယ္ဆိုတာ သိဖို႔ခက္ပါတယ္။ ေခါင္း ေဆာင္ ေဟာင္း ဟြန္ဆန္ဟာ သူ႔ရဲ႕သား ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္အေပၚ ႀကိဳးကိုင္ေနဆဲပါ။ အင္အားႀကီး အိမ္နီးခ်င္း တိုင္းျပည္က အႏိုင္က်င့္မႈအျဖစ္ပုံေဖာ္ၿပီး ဘန္ေကာက္ကို ဖိအားေပးဖို႔ ႏိုင္ငံတကာအကူအညီ ေတာင္းခံ ေနပါ တယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း (ေပတုန္တန္) နဲ႔ ဟြန္ဆန္ရဲ႕ ဖုန္းေခၚဆိုတဲ့ အသံဖိုင္ေပါက္ ၾကားမႈဟာ ထိုင္း ဘက္မွာ ေပတုန္တန္အစိုးရ ျပဳတ္က်တဲ့အထိ ႏိုင္ငံေရး မၿငိမ္မသက္မႈမ်ား ျဖစ္ေပၚေစခဲ့ပါတယ္။ ဟြန္ဆန္ နဲ႔ ရင္းႏွီးၿပီး စီးပြားေရး မဟာမိတ္ျဖစ္ခဲ့သူ သက္ဆင္လည္း ျပန္လည္ေထာင္က်ရၿပီး ရွင္နာဝပ္ထရာမိသားစုအ ေပၚ ေထာက္ခံခဲ့တဲ့ ထိုင္းလူထုသည္ပင္ ထိုင္းစစ္တပ္ကို ေထာက္ခံၿပီး ကေမာၻဒီးယားအေပၚ ပိုမိုရန္လိုလာခဲ့ ပါ တယ္။
လက္ရွိ တစ္ေက်ာ့ျပန္ ပဋိပကၡကို အဆုံးသတ္ဖို႔ သမၼတထရမ့္အေနနဲ႔ ေနာက္တစ္ႀကိမ္ အပစ္အခတ္ရပ္စဲေရး အတြက္ တြန္းအားေပးဖြယ္ရွိပါတယ္။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာလည္း လပိုင္းေလာက္သာခံၿပီး တိုက္ပြဲမ်ား ျပန္ ျဖစ္ႏိုင္ပါတယ္။ သံတမန္ေရးေဆြးေႏြးဖို႔ အသင့္မျဖစ္ေသးေၾကာင္း ဘန္ေကာက္က အႀကိမ္ႀကိမ္ေျပာေနၿပီး အ ပစ္အခတ္ရပ္စဲျခင္းမတိုင္မီ ကေမာၻဒီးယားဘက္က ႐ိုးသားမႈကို ျပသရမယ္လို႔ ဆိုပါတယ္။ ဘာကို ေျပာမွန္း ရွင္းရွင္းလင္းလင္း မရွိေပမယ့္ ကမာၻဒီးယားက ေျမျမႇဳပ္မိုင္းမ်ား အသုံးျပဳမႈကို ရပ္တန႔္ထားေၾကာင္း ဦးစြာသက္ ေသျပရမယ္ေလာက္ေတာ့ သိရွိရပါတယ္။