ဟုမ္မလင်း (သို့မဟုတ်) ဖောင်စီးရင်း ရေငတ်နေသောမြို့ (မြို့ အင်တာဗျူး)

290

သန့်ဇင်(NP News)- ဒီဇင်ဘာလ ၁၁
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဟုမ္မလင်းမြို့သည် ချင်းတွင်းမြစ်၏အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိပြီး ဒေသခံပြည်သူများစွာသည် ရွှေတူးဖော်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး တို့ဖြင့် ရှင်သန်ရပ်တည်နေထိုင်ခဲ့ကြသည်။ ယင်းနောက် ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် နိုဝင်ဘာလမှစတင်ကာ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေပြည်အေးမြို့ကို PDF ပူး ပေါင်းအဖွဲ့များက တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက် ဟုမ္မလင်းမြို့တွင်လည်း ဒေသတွင်းစစ်ပွဲများ၏အကျိုးဆက်များကို ဒေသခံများစွာခံစားခဲ့ရကြသည်။ လက်ရှိတွင်လည်း ဒေသတွင်းမတည်မငြိမ်မှုများကြောင့် စီးပွားရေး၊ ကျန်းမာရေးနှင့်ပညာရေးတို့အပေါ် များစွာထိခိုက်မှုများရှိနေပြီး အခက်အခဲအကျပ်အတည်းများစွာကို ဒေသခံများ ရင်ဆိုင်နေကြရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဟုမ္မလင်းမြို့ခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး- ပထမဦးဆုံးအနေနဲ့ ဟုမ္မလင်းမြို့ရဲ့ ပထဝီအ နေအထားနဲ့ မြို့အကြောင်း ပြောပြပေးပါခင်ဗျာ။
ဖြေ-ဟုမ္မလင်းရဲ့ ပထဝီအနေအထားလေးပြောရရင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကျွန်တော်တို့ ချင်းတွင်း မြစ်ဖျားခံရာမြို့လို့ပြောလို့ရမှာပေါ့နော်။ သူ့အထက် မှာ ခန္တီးပဲရှိမယ်။ ခန္တီးကတော့ ကချင်ပြည်နယ်နဲ့ဆက် စပ်မယ်။ စစ်ကိုင်းတိုင်းထဲမှာက ဗန်းမောက်မြို့နယ်နဲ့ ဆက်စပ်မယ်ဗျ။ ကုန်းလမ်းပို့ဆောင်ရေးအနေနဲ့က တော့ မန္တလေး-မုံရွာမြို့တွေကနေတစ်ဆင့် ကုန်စည် တွေတင်သွင်းပါတယ်။ ရွှေဘို-ပင်လယ်ဘူး-ဖောင်း ပြင်-ဟုမ္မလင်း အဲဒီလိုစီးဆင်းတာပေါ့။ အဲဒါ ကုန်း ကြောင်းပေါ့။ ရေကြောင်းကတော့ မုံရွာကနေ ချင်း တွင်းမြစ်ကြောင်းတက်လာရင် ကလေးဝ-မော်လိုက် -ဖောင်းပြင်ကနေမှ ဟုမ္မလင်းရောက်တာပေါ့။ ဟုမ္မ လင်းအထက်မှာတော့ ခန္တီးတစ်မြို့ရှိမှာပေါ့နော်။ နောက်ပြီးတော့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ လေရှီးရှိမယ်။ ဟုမ္မလင်းကိုကျော်ပြီးမှ ရောက် တာပေါ့နော်။
မေး - ဟုမ္မလင်းမြို့ရဲ့လက်ရှိအခြေအနေ ဘယ်လိုရှိ ပါသလဲ။
ဖြေ - ဟုမ္မလင်းမှာ လက်ရှိအခင်းအကျင်းက အစိုးရ ရဲ့တပ်ရှိမယ်။ ပြီးရင် ပြည်သူ့စစ်အဖွဲ့ရှိမယ်။ မဟာ မိတ်အဖွဲ့ဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ရှိမယ်။ အဲဒီအဖွဲ့တွေရှိမှာပေါ့။
မေး - ဒေသတွင်းမှာကော တိုက်ပွဲတွေဖြစ်တာရှိလား။
ဖြေ - တိုက်ပွဲလေးတွေတော့ဖြစ်တာရှိပါတယ်။ နိုဝင် ဘာ (၃၀)ရက်မှာလည်း ဖြစ်သွားတာရှိပါတယ်။
မေး - လက်ရှိဟုမ္မလင်းရဲ့ စီးပွားရေးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - ဟိုးအရင်ကတော့ ကျွန်တော်တို့ဟုမ္မလင်းက စိုက်ပျိုးရေးကိုလုပ်ကိုင်ပြီးမှ စပါးကိုအများဆုံးစိုက် ကြပါတယ်။ ဒါပေမဲ့ အခု (၂၀၁၀)နောက်ပိုင်းမှာ ရွှေတူးဖော်တဲ့ဘက်ကို ပိုပြီးတော့မှ အားပြုလာကြတာ ပေါ့။ အားပြုလာပြီးမှ အခုလက်ရှိအခြေအနေကတော့ စိုက်ပျိုးရေးလည်းလုပ်ကြတယ်။ အရင်တုန်းကလို သိပ်မစိုက်ကြတော့ဘဲနဲ့ မြို့ပြဘက်ကိုအားသာလာပြီး တော့မှ အခုကတော့ ကုန်းရော၊ ရေရော ဒီဇယ်တွေ ပိတ်ထားတဲ့အတွက် ရွှေလုပ်တဲ့လူတွေက လုပ်ငန်း နားထားရတဲ့အခြေအနေဖြစ်နေတယ်။ တချို့က လည်း မြန်မာနိုင်ငံအနှံ့မှာ ရွှေလုပ်တဲ့လူကလည်း ရွှေ လိုက်ရှာပြီး ပြောင်းရွှေ့သွားကြတဲ့အနေအထားမှာရှိ တာပေါ့။
မေး - ပြောင်းရွှေ့မှုတွေရှိနေတော့ လူဦးရေလျော့ နည်းသွားတာမျိုးတွေရှိလာလား။
ဖြေ - လူဦးရေကတော့ တအားကြီးလျော့နည်းတာ တော့ မရှိပါဘူးခင်ဗျ။
မေး - ကုန်စည်ပို့ဆောင်ရေးနဲ့ စီးပွားရေးမှာကော ဘာတွေလုပ်ကြလဲ။
ဖြေ - အဲဒါကတော့ လေကြောင်းကိုအားပြုရတာပေါ့။ လေကြောင်းကတော့ နေ့တိုင်းရှိတယ်။ ဒါပေမဲ့ ခရီး သည်က နေ့တိုင်းမရှိဘူး။ တစ်ပတ်မှာ (၃)ရက် သူတို့ ပေးတယ်။ တစ်ပတ်မှာ (၃)ရက်ပေးတဲ့အနေအထား မှာလည်း မြို့သူတွေအနေနဲ့ ဒီလေယာဉ်တစ်ကြောင်းပဲ ရှိတဲ့အတွက် မလောက်ငဘူးပေါ့။ နောက်တစ်ခု ရှိ သေးတယ်။ Cargo တင်ပြီးမှသွားတဲ့လေကြောင်းပေါ့ နော်။ အဲဒီ Cargo တွေနဲ့လည်း လာပို့တာတွေရှိ တယ်။ ဥပမာ ကြက်သား၊ ငါး၊ ကြက်သွန်တို့ပေါ့။
မေး - အဲဒီလိုဆိုတော့ အခြေခံစားသောက်ကုန်ဈေး နှုန်းတွေမြင့်တက်နေမှာပေါ့။ ဈေးနှုန်းတွေ ဘယ်လို ရှိပါသလဲခင်ဗျ။
ဖြေ - လေယာဉ်နဲ့တင်ရတာဖြစ်တဲ့အတွက် တော် တော်ကိုဈေးကြီးတာ။ စက်သုံးဆီဆိုရင် ဆိုင်ကယ်သ မားလေးတွေအတွက် ဆိုင်မှာထည့်တယ်ဆိုရင်တော့ ဓာတ်ဆီတစ်လီတာကို (၂၀ဝဝဝ)။ အဲဒါတောင်မှ ဆိုင်ကယ်သမားတစ်ယောက်က (၁)သိန်းတတ်နိုင် လို့ (၁)သိန်းဖိုးထည့်ပေးပါဆိုရင်မရဘူး။ ဆိုင်ကယ် သမားဆိုရင် (၂)လီတာထက်ပိုမရဘူး။ အကန့်အ သတ်နဲ့ထည့်ရတာပေါ့။ ကားသမားဆိုရင်လည်း (၅) ဂါလန်အထက် ပိုမထည့်ပေးဘူး။ သူတို့ထိန်းပေးထား တာပေါ့။ လိုသလောက်မရဘူးဆိုတာလေးကို ကျွန် တော်ကပြောပြချင်တာပါ။ ကြက်သားဆိုရင်လည်း CP ကြက်၊ လေယာဉ်နဲ့လာတဲ့ CP ကြက်ဆိုရင် တစ် ပိဿာကို(၈၀ဝဝဝ)ကျပ်၊ ဝက်သားဆိုရင် (၇၀ဝဝဝ)ကျပ်၊ ငါးဆိုရင် (၆၀ဝဝဝ)ကျပ်၊ စားအုန်းဆီဆိုရင် တစ်ပိဿာကို (၄၀ဝဝဝ)ကျပ်၊ ကြက်ဥတစ်လုံးကို (၁၂၀ဝ)ကျပ်၊ ကြက်သွန်နီတစ်ပိဿာကို (၄၀ဝဝဝ) ကျပ်၊ ကြက်သွန်ဖြူက တစ်ပိဿာကို (၈၀ဝဝဝ)ကျပ်။ အဲဒါတော့ သတ်မှတ်တဲ့ဈေးမဟုတ်ဘူးပေါ့။ မြေပြင်မှာ တကယ်ရောင်းစားနေကြတဲ့ဈေးပေါ့။
မေး - ဈေးတွေက တော်တော်တက်သွားတာပေါ့။
ဖြေ - ဟုတ်ပါတယ်ဗျ။
မေး - ဆန်ကောဘယ်ဈေးရှိလဲ။
ဖြေ - ဆန်ကတော့ တအားကြီးဈေးမတက်ဘူး။ သူ့ ဒေသထွက်ဆန်လေးတွေလည်းရှိနေတော့လေ။ အ ရင်တုန်းကတော့ အောက်ကလာတဲ့ ပေါ်ဆန်းမွှေး တွေနဲ့ ဧရာမင်းတို့ဘာတို့သုံးကြတာပေါ့။ ခုနောက်ပိုင်း မှာတော့ ဒေသထွက်တဲ့ ရှမ်းဆန်လေးတွေ ဝယ်သုံး နေကြတာဖြစ်တဲ့အတွက် ဆန်ကတော့ တအားကြီး တော့ ဈေးမတက်ဘူးဗျ။ အခြေခံစားသောက်ကုန်နဲ့ ဓာတ်ဆီ၊ ဒီဇယ်တော့ ဈေးတက်တယ်ပေါ့။
မေး - အခြေခံစားသောက်ကုန်တွေဈေးတက်တော့ ဒေသခံတွေကော ဘယ်လိုလည်ပတ်ကြလဲဗျ။ တခြား စီးပွားရေးလုပ်ငန်းတွေကော ရှိကြသေးလား။
ဖြေ - တခြားစီးပွားရေးလုပ်ငန်းဆိုရင် ရွှေကိုအမှီပြု တယ်၊ စိုက်ပျိုးရေးကိုအမှီပြုတယ်၊ နောက်ပြီး အရောင်း အဝယ်ကိုအမှီပြုတယ်။ အဲဒီလိုလေးတွေရှိတယ်။ ရွှေ လုပ်ကွက်တွေရပ်သွားတဲ့အတွက် အခက်အခဲတွေ တော့ရှိသွားတာပေါ့။ အခုနောက်ပိုင်း ကလေးဝဘက် ကပြန်ဖွင့်တယ်ဆိုတော့ အဲဒါလေးကိုမျှော်ရင်းနဲ့ အ လုပ်ရှင်တွေကလည်း အလုပ်သမားက ရှာရခက်တာ ကိုး။ အဲဒီတော့ လူ(၁၀)ယောက်၊ အယောက်(၂၀)လောက်ကို ထမင်းကျွေးထားပြီးမှ ဒီအတိုင်းလေးထား ထားရတာပေါ့။ ကလေးဝပြန်ဖွင့်တာနဲ့ လုပ်ငန်းပြန် လည်ပတ်ဖို့အနေအထားတစ်ခုပေါ့။
မေး - ဟုမ္မလင်းမှာ ရွှေလုပ်ကွက်ပေါင်း ဘယ်လောက် ရှိလဲ။
ဖြေ - ရွှေလုပ်ကွက်ဆိုတာက တရားဝင်ရွှေလုပ်ကွက် ရယ်လို့ ဒီကာလမှာမရှိတော့ပါဘူး။ နိုင်ငံတော်က တရားဝင်ချပေးထားတာလည်းမရှိဘူး။ နိုင်ငံတော်က မချပေးပေမယ့်လည်း အောက်မှာကျတော့လည်းပဲ မလုပ်လို့မှအဆင်မပြေတာ။ ဒီအလုပ်ကိုပဲအားပြုနေ ကြတော့ နားလည်မှုနဲ့လုပ်နေကြတာပေါ့။ အခွန် လည်းမဝင်ပါဘူးဗျာ။ လက်ရှိကတော့ မဟာမိတ်ဖြစ် တဲ့ SNA ရှမ်းနီအမျိုးသားများတပ်မတော်နဲ့က နားလည်မှုယူပြီးလုပ်ကြတဲ့ရွှေလုပ်ကွက်တော့ရှိတာပေါ့။
မေး- PDF တွေထိန်းချုပ်ထားတဲ့ရွှေလုပ်ကွက်တွေကောရှိလားဗျ။
ဖြေ- PDF တွေထိန်းချုပ်ထားတဲ့ရွှေလုပ်ကွက်တွေ ရှိပါတယ်။
မေး - ဘယ်ဘက်တွေမှာရှိလဲ။
ဖြေ - ဟုမ္မလင်းမြို့နယ်ထဲမှာပါတဲ့ ရွှေပြည်အေးမြို့ ကို သူတို့သိမ်းထားတာကိုး။ ရွှေပြည်အေးမြို့ကနေ ဖောင်းပြင်မြို့အထိ။ ဖောင်းပြင်မြို့နယ် သရောင်း ကျေးရွာအထိ အဲဒီထဲက ချင်းတွင်းမြစ်အတွင်းမှာ ရွှေလုပ်နေတာရှိပါတယ်။ NUG လက်အောက်ခံ ပကဖနဲ့ ပအဖတွေဦးစီးပြီးလုပ်နေတဲ့ ရွှေလုပ်ကွက် တွေပေါ့။
မေး - အဲဒီမှာကော ဒေသခံတွေသွားပြီး အလုပ်လုပ် ကြတာရှိလားဗျ။
ဖြေ - ဒေသခံတွေကတော့ သူတို့ဝမ်းစာအတွက် စား ဝတ်နေရေးအရ နားလည်မှုယူပြီးလုပ်ကြရတာရှိပါ တယ်။ မြို့ပေါ်မှာ လက်ရှိအစိုးရနဲ့သဟဇာတဖြစ်တဲ့ လူတွေကတော့ သွားမလုပ်ကြဘူးပေါ့။ နယ်မှာရှိတဲ့လူ တွေ။ နယ်မှာနေနေတဲ့လူတွေ သူတို့ အရင်တည်းက လည်းလုပ်နေတယ်။ ဒီကြားထဲမှာလည်း ဟိုဘက် ဒီဘက်ကြည့်ပြီးနေတယ်။ နောက်ပြီ PDF အကြမ်း ဖက်တွေသိမ်းလာတဲ့အချိန်မှာလည်း ထွက်ပြေးတဲ့အ ချိန်ကထွက်ပြေးကြတယ်။ ပြီးမှ အခြေအနေကြည့် ပြီး သူတို့ရွာဘက်ကိုပြန်ပြီးမှ ဒီလုပ်ငန်းလေးတွေ ပြန် လုပ်ကြတာပေါ့။ အဲဒီလိုတွေနဲ့ အောက်ပြည်အောက် ရွာကလာတဲ့လူတွေကလည်း အဲဒီမှာပဲနေပြီးတော့ သူတို့အကျိုးစီးပွားအတွက် လာလုပ်ကြတာလည်းရှိ တာပေါ့။
မေး - PDF တွေရဲ့ရွှေလုပ်ကွက်တွေအတွက် စက် သုံးဆီနဲ့ တခြားဆက်စပ်ပစ္စည်းတွေကိုကော ဘယ်က နေ တင်သွင်းရယူကြရတာလဲ။
ဖြေ - သူတို့နယ်ကဘယ်လိုရှိလဲဆိုတော့ သူတို့ဆီကျ တော်တော်များများ တချို့ဟာလေးတွေကရောက် တယ်။ ဘယ်လိုရောက်သလဲဆိုတော့ အခုလက်ရှိက မုံရွာဘက်ကနေထွက်လာပြီပေါ့နော်။ ကုန်းကြောင်းဆို ရင် ပင်လယ်ဘူးလမ်းကြောင်းပေါ့။ ပင်လယ်ဘူးဆို တာလည်း သူတို့စိုးမိုးထားတာကိုး။ ဖောင်းပြင်က လည်းလာတယ်။ ဖောင်းပြင်က ကုန်းကြောင်းမလာ တော့ဘဲနဲ့ သူတို့ကွင်းလမ်းဖောက်လိုက်တာရှိတယ်။ မနှစ်ကဖောက်လိုက်တာ။ အဲဒီကွင်းလမ်းကနေ ဟုမ္မ လင်းနယ်ထဲကိုရောက်တယ်။ ဟုမ္မလင်းနယ်ထဲမှာ လည်း သူတို့စိုးမိုးထားတဲ့နေရာတွေမှာ ဆီတွေက ပေါ နေတဲ့သဘောပေါ့။ အဲဒါကြောင့်မို့ တချို့သောလုပ် ငန်းရှင်တွေက တချို့အစိုးရရဲ့ထိန်းချုပ်နယ်မြေထဲ မှာရှိနေတဲ့လူတွေထဲကတချို့က ဟိုဘက်ဆီက အဆင်ပြေတယ်ဆိုတော့ ဟိုဘက်ကိုရောက်သွားတဲ့အနေအထားတွေလည်း တွေ့ရတာပေါ့။
မေး - ဟုမ္မလင်းမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အ ခက်အခဲတွေကြုံတွေ့ရတာရှိလား။
ဖြေ - ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ လက်ရှိ ဒီဘက်အစိုးရအုပ်ချုပ်ထားတဲ့နယ်မြေတွေ မှာတော့ ကျန်းမာရေးအတွက်က ဟုမ္မလင်းမြို့ပေါ်မှာ တော့ ဆေးရုံလည်းပြန်ဖွင့်ပေးနိုင်ခဲ့ပြီ။ အရင်တုန်းက တော့ ဆန္ဒတွေပြပြီးနောက်ပိုင်းမှာ ကျန်းမာရေးဝန် ထမ်းတွေ DCS လုပ်သွားပြီးနောက်ပိုင်းမှာ နည်း နည်း ကသောင်းကနင်းဖြစ်သွားတာပေါ့။ အဲဒီလိုဖြစ် သွားပြီးနောက်ပိုင်းမှာ တပ်မတော်ဆေးရုံရှိတယ်။ အဲဒီကနေပြီးတော့ပဲ ရှိသမျှလူတွေထိန်းထားပြီးမှ ကု ထားပေးပြီးမှ ပြန်အေးချမ်းလာတဲ့ (၂၀၂၂)အကုန် လောက်မှာ ပြည်သူ့ဆေးရုံပါပြန်ဖွင့်လိုက်နိုင်ပါတယ်။
မေး - ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းတွေကော ပြန်ဖွင့်နိုင်လားဗျ။
ဖြေ - အစိုးရပြန်လည်စိုးမိုးထားတဲ့နယ်မြေတွေမှာ အားလုံးနီးပါးလောက်တော့ ကျောင်းတွေက ပြန်ဖွင့် နိုင်ပါတယ်။ အခုတော့ ရွှေပြည်အေးမြို့တို့မှာတော့ မရတော့ဘူးပေါ့နော်။ အဲဒီမှာ သူတို့စိုးမိုးထားတာကိုး။ ဟုမ္မလင်းမြို့နယ်ရဲ့ (၄)ပုံ(၁)ပုံလောက်က သူတို့စိုးမိုး ထားတာကိုး။ အဲဒီမှာတော့ ကလေးတွေ ပညာရေးဆုံး ရှုံးမှုရှိတယ်။ ဒါပေမဲ့ အဲဒီကနေ မြို့ပေါ်မှာလာပြီး ကျောင်းတက်တဲ့ကလေးတွေလည်းရှိပါတယ်။ သူတို့ ဖော်ဆောင်ထားတဲ့ကျောင်းတွေမှာလည်း ရှိကောင်း ရှိနိုင်တယ်ဗျ။ အဲဒီလောက်တော့ မဖြစ်မြောက်ပါဘူး။
မေး - လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးအခြေအနေလေး လည်း ဘယ်လိုရှိလဲပြောပြပေးပါဦး။
ဖြေ - ဆက်သွယ်ရေးကတော့ အရမ်းကောင်းတဲ့အ ချိန်ရှိသလို မကောင်းတဲ့အချိန်ရှိတယ်။ ဟုမ္မလင်းမှာ က ဖိုးသီးချိုဆိုတဲ့ကုမ္ပဏီပေါ့နော်။ သူကတာဝန်ယူပြီး မှ စက်(၂)လုံးနဲ့ အဲဒါနဲ့ မြို့ကိုလျှပ်စစ်မီးပေးပါတယ်။ ဒီဇယ်စက်နဲ့ပေးတယ်။ ဒီဇယ်နှင့်မောင်းရတာမို့ ဆီ ဈေးတက်ရင် မီတာခတက်ပါတယ်။ အစိုးရရေအား လျှပ်စစ်စီမံကိန်းလည်းရှိသေးတယ်။ ဒါကတော့ မပြီး ဆုံးသေးဘူးပေါ့။ (၂၀၂၆)မှာပေးနိုင်မယ်လို့တော့ ကြားမိထားတာရှိပါတယ်။
မေး - နပင အသေးစားရေအားလျှပ်စစ်စီမံကိန်းလားဗျ။
ဖြေ - ဟုတ်ပါတယ်။ အဲစီမံကိန်းကိုတော့ တစ်နှစ်ကို တစ်ခေါက် ရေကြောင်းပွင့်တဲ့အချိန် စစ်ရေယာဉ် တွေနဲ့လာပြီးပို့တဲ့အချိန်ကျရင်တော့ ပို့လို့ရတာတော့ ရှိပါတယ်။
မေး - ဒေသတွင်းပြည်သူတွေရဲ့ အကြီးမားဆုံးအ ခက်အခဲက ဘာဖြစ်မလဲ။
ဖြေ - အခက်အခဲကတော့ ကုန်ဈေးနှုန်းမြင့်တာပေါ့။ စက်သုံးဆီလိုဆိုရင်လည်း ရွှေလုပ်ကွက်တွေကိုအား ပြုပြီးမှ တူးဖော်နေတဲ့အချိန်မှာ အဓိက ဆီမရောက် တဲ့အချိန်မှာ အလုပ်လက်မဲ့တွေဖြစ်လာတာပေါ့။ နောက်ပြီးတော့ ကုန်ဈေးနှုန်းတွေလည်းကြီးလာ တယ်။ အဲဒီလိုတွေဖြစ်လာတော့ ခိုးတာဝှက်တာတွေ လည်း နည်းနည်းများလာတာပေါ့။
မေး - ဟုမ္မလင်းက လေကြောင်းလိုင်းကိုပဲအားပြု နေရတာဖြစ်တဲ့အတွက် ဘယ်လိုအခက်အခဲတွေရှိနေ လဲခင်ဗျ။
ဖြေ - လေကြောင်းလိုင်းနဲ့ပတ်သက်ပြီးပြောချင်ပါ တယ်။ အခုလက်ရှိအနေအထားမှာတော့ ဟုမ္မလင်း ဒေသခံပြည်သူတွေက လေကြောင်းလိုင်းကိုပဲအားပြု ရတာပေါ့။ အဲဒီအတွက် ဒီဘက်မှာကုန်ဈေးနှုန်းကြီးတဲ့အချိန်မှာ Cargo ဆိုတဲ့ ပစ္စည်းတင်ပို့တဲ့လေယာဉ် တွေဆွဲပေးတာလည်းကောင်းပါတယ်။ ခရီးသည်တွေ အတွက်ကျ ကျန်းမာရေးမကောင်းလို့ ဟုမ္မလင်းမှာကု လို့အဆင်မပြေတဲ့ဟာတွေက အောက်ဘက်ကိုဆင်း ပြီးမှ သွားကုရတဲ့ဟာတွေရှိတယ်ဗျ။ ဒီတော့ သူတို့ ပြေးဆွဲတဲ့အနေအထားက ခရီးစဉ်အခေါက်ရေလိုတာ ပေါ့နော်။ အဲဒီမှာ ခရီးသည်တွေက ပြန်လာချင်တယ်။ ပြန်လာချင်ပေမယ့်လည်း မလာနိုင်တဲ့အချိန်မှာ မန္တ လေးမြို့မှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ မတည်းနိုင်တော့ ဘုန်းကြီးကျောင်းတွေမှာခွင့်တောင်း ပြီးမှ နေနေရတဲ့ဒေသခံတွေလည်း အများကြီးရှိတာ ပေါ့။ ပြန်လာချင်ပြီ ပြန်မလာနိုင်ဘူးပေါ့နော်။
မေး - လေယာဉ်ခတွေကော ဘယ်လောက်ဈေးရှိလဲဗျ။
ဖြေ - လေယာဉ်ခတွေက မန္တလေးအထိကို (၅၈၀ဝဝဝ) လောက်ရှိတယ်။ လေကြောင်းလိုင်းက တစ်ဦးရောင်း ချတာမဟုတ်ဘဲနဲ့ ကုမ္ပဏီဆိုင်ခွဲလေးတွေဖြစ်တဲ့ လက်မှတ်အရောင်းဌာနလေးတွေကျတော့ တချို့ အဲဒီဆိုင်ခွဲတွေက လုပ်စားတာမျိုးတွေရှိတာပေါ့။ ဘယ်လိုလုပ်ကြလဲဆိုတော့ ကျွန်တော်က ဟုမ္မလင်း သွားချင်တယ်ဆိုရင် လက်မှတ်အရောင်းဌာနကိုသွား မေးရင် လက်မှတ်အရောင်းဌာနက လက်မှတ်က ကုန်သွားပြီ။ နောက်တစ်လလောက်ကြာမှရမယ် စောင့်ပါလားပေါ့နော်။ အရေးကြီးလို့ပါလို့ပြောရင် ကျွန်တော်ဆိုရင် လူကြီးခေါ်လို့ဖြစ်စေ၊ အရေးကြီး ကိစ္စရှိလို့ဖြစ်စေ မဖြစ်မနေလေးလုပ်ပေးပါဦး။ ဘယ် လောက်ကုန်ကုန်ပါ။ အရေးကြီးလို့ပါလို့ဆိုရင် ဟုတ် ပါပြီ ဖုန်းနံပါတ်လေးပေးခဲ့ပါ။ ဖုန်းဆက်လိုက်ပါမယ် ဆိုပြီးလုပ်ရော။ အမှန်တကယ်က သူ့လက်ထဲမှာရှိ တယ်။ အဲဒါကို ပြီးပြီဆိုမှ အစ်ကိုရေလက်မှတ်လေး တစ်စောင်တော့ရတယ်။ ယူမှာလား။ လက်မှတ်က တစ်စောင်က (၁၀)သိန်းလောက်တော့ကျမယ်ဆိုပြီးမှ အဲဒီလိုမျိုးလုပ်ရော။ မဖြစ်မနေသွားရမယ်ဆိုတော့ လည်း ဟုတ်ပါပြီ(၁၀)သိန်းဆိုတော့လည်း ကျွန်တော် ယူပါ့မယ်ဆိုပြီးဖြစ်သွားတော့ အဲဒီဈေးကွက်တွေဖြစ် နေတာပေါ့နော်။ တကယ်ကို တောမီးလောင် တော ကြောင်လက်ခမောင်းခတ်သလိုပေါ့။ အဲဒီလိုတွေရှိ တယ်ဆိုတော့ ကုန်းလမ်း၊ ရေလမ်းလေးတွေ ပိတ် ထားတဲ့ဘက်မှာ ခရီးသည်တွေ၊ ပြည်သူတွေ သွားလာ မှုကို အဆင်ပြေစေချင်တယ်။ သူတို့ကတော့ ဘယ်လို မှမရှုံးပါဘူး။ ဒါပေမဲ့ ဝန်ထမ်းတစ်ယောက်အတွက်က တော့ ဒီ(၅)သိန်းကျော်ဆိုတာ အရာရှိလစာအထိရှိပြီး တော့ (၂)ခေါက်ဆိုရင် (၂)လစာအထိဖြစ်သွားမှာပေါ့။ ဈေးနှုန်းကြီးမြင့်နေတာတောင်မှ ပြည်သူလူထုက ရှာ ကြံပြီး သွားလာနေရတာ။ အဲဒီလိုဆိုတော့ ပြည်သူ တွေအဆင်ပြေအောင်လုပ်ပေးဖို့ နည်းနည်း လိုအပ် ချက်လေးရှိတယ်လို့မြင်ပါတယ်။
à ကျေးဇူးတင်ပါတယ်ခင်ဗျ။

Zawgyi Version:
ဟုမၼလင္း (သို႔မဟုတ္) ေဖာင္စီးရင္း ေရငတ္ေနေသာၿမိဳ႕
(ၿမိဳ႕ အင္တာဗ်ဴး)
သန႔္ဇင္(NP News)- ဒီဇင္ဘာလ ၁၁
စစ္ကိုင္းတိုင္းအထက္ပိုင္းရွိ ဟုမၼလင္းၿမိဳ႕သည္ ခ်င္းတြင္းျမစ္၏အေရွ႕ဘက္ကမ္းေပၚတြင္တည္ရွိၿပီး ေဒသခံျပည္သူမ်ားစြာသည္ ေ႐ႊတူးေဖာ္ေရးလုပ္ငန္းႏွင့္ စိုက္ပ်ိဳးေရး တို႔ျဖင့္ ရွင္သန္ရပ္တည္ေနထိုင္ခဲ့ၾကသည္။ ယင္းေနာက္ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာလမွစတင္ကာ ဟုမၼလင္းၿမိဳ႕နယ္အတြင္းရွိ ေ႐ႊျပည္ေအးၿမိဳ႕ကို PDF ပူး ေပါင္းအဖြဲ႕မ်ားက တိုက္ခိုက္ထိန္းခ်ဳပ္ခဲ့ၿပီးေနာက္ ဟုမၼလင္းၿမိဳ႕တြင္လည္း ေဒသတြင္းစစ္ပြဲမ်ား၏အက်ိဳးဆက္မ်ားကို ေဒသခံမ်ားစြာခံစားခဲ့ရၾကသည္။ လက္ရွိတြင္လည္း ေဒသတြင္းမတည္မၿငိမ္မႈမ်ားေၾကာင့္ စီးပြားေရး၊ က်န္းမာေရးႏွင့္ပညာေရးတို႔အေပၚ မ်ားစြာထိခိုက္မႈမ်ားရွိေနၿပီး အခက္အခဲအက်ပ္အတည္းမ်ားစြာကို ေဒသခံမ်ား ရင္ဆိုင္ေနၾကရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ဟုမၼလင္းၿမိဳ႕ခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။
ေမး- ပထမဦးဆုံးအေနနဲ႔ ဟုမၼလင္းၿမိဳ႕ရဲ႕ ပထဝီအ ေနအထားနဲ႔ ၿမိဳ႕အေၾကာင္း ေျပာျပေပးပါခင္ဗ်ာ။
ေျဖ-ဟုမၼလင္းရဲ႕ ပထဝီအေနအထားေလးေျပာရရင္ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ကြၽန္ေတာ္တို႔ ခ်င္းတြင္း ျမစ္ဖ်ားခံရာၿမိဳ႕လို႔ေျပာလို႔ရမွာေပါ့ေနာ္။ သူ႔အထက္ မွာ ခႏၲီးပဲရွိမယ္။ ခႏၲီးကေတာ့ ကခ်င္ျပည္နယ္နဲ႔ဆက္ စပ္မယ္။ စစ္ကိုင္းတိုင္းထဲမွာက ဗန္းေမာက္ၿမိဳ႕နယ္နဲ႔ ဆက္စပ္မယ္ဗ်။ ကုန္းလမ္းပို႔ေဆာင္ေရးအေနနဲ႔က ေတာ့ မႏၲေလး-မုံ႐ြာၿမိဳ႕ေတြကေနတစ္ဆင့္ ကုန္စည္ ေတြတင္သြင္းပါတယ္။ ေ႐ႊဘို-ပင္လယ္ဘူး-ေဖာင္း ျပင္-ဟုမၼလင္း အဲဒီလိုစီးဆင္းတာေပါ့။ အဲဒါ ကုန္း ေၾကာင္းေပါ့။ ေရေၾကာင္းကေတာ့ မုံ႐ြာကေန ခ်င္း တြင္းျမစ္ေၾကာင္းတက္လာရင္ ကေလးဝ-ေမာ္လိုက္ -ေဖာင္းျပင္ကေနမွ ဟုမၼလင္းေရာက္တာေပါ့။ ဟုမၼ လင္းအထက္မွာေတာ့ ခႏၲီးတစ္ၿမိဳ႕ရွိမွာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ျဖစ္တဲ့ ေလရွီးရွိမယ္။ ဟုမၼလင္းကိုေက်ာ္ၿပီးမွ ေရာက္ တာေပါ့ေနာ္။
ေမး - ဟုမၼလင္းၿမိဳ႕ရဲ႕လက္ရွိအေျခအေန ဘယ္လိုရွိ ပါသလဲ။
ေျဖ - ဟုမၼလင္းမွာ လက္ရွိအခင္းအက်င္းက အစိုးရ ရဲ႕တပ္ရွိမယ္။ ၿပီးရင္ ျပည္သူ႔စစ္အဖြဲ႕ရွိမယ္။ မဟာ မိတ္အဖြဲ႕ျဖစ္တဲ့ ရွမ္းနီအမ်ိဳးသားမ်ားတပ္မေတာ္ SNA ရွိမယ္။ အဲဒီအဖြဲ႕ေတြရွိမွာေပါ့။
ေမး - ေဒသတြင္းမွာေကာ တိုက္ပြဲေတြျဖစ္တာရွိလား။
ေျဖ - တိုက္ပြဲေလးေတြေတာ့ျဖစ္တာရွိပါတယ္။ ႏိုဝင္ ဘာ (၃၀)ရက္မွာလည္း ျဖစ္သြားတာရွိပါတယ္။
ေမး - လက္ရွိဟုမၼလင္းရဲ႕ စီးပြားေရးအေျခအေနက ဘယ္လိုရွိပါသလဲ။
ေျဖ - ဟိုးအရင္ကေတာ့ ကြၽန္ေတာ္တို႔ဟုမၼလင္းက စိုက္ပ်ိဳးေရးကိုလုပ္ကိုင္ၿပီးမွ စပါးကိုအမ်ားဆုံးစိုက္ ၾကပါတယ္။ ဒါေပမဲ့ အခု (၂၀၁၀)ေနာက္ပိုင္းမွာ ေ႐ႊတူးေဖာ္တဲ့ဘက္ကို ပိုၿပီးေတာ့မွ အားျပဳလာၾကတာ ေပါ့။ အားျပဳလာၿပီးမွ အခုလက္ရွိအေျခအေနကေတာ့ စိုက္ပ်ိဳးေရးလည္းလုပ္ၾကတယ္။ အရင္တုန္းကလို သိပ္မစိုက္ၾကေတာ့ဘဲနဲ႔ ၿမိဳ႕ျပဘက္ကိုအားသာလာၿပီး ေတာ့မွ အခုကေတာ့ ကုန္းေရာ၊ ေရေရာ ဒီဇယ္ေတြ ပိတ္ထားတဲ့အတြက္ ေ႐ႊလုပ္တဲ့လူေတြက လုပ္ငန္း နားထားရတဲ့အေျခအေနျဖစ္ေနတယ္။ တခ်ိဳ႕က လည္း ျမန္မာႏိုင္ငံအႏွံ႔မွာ ေ႐ႊလုပ္တဲ့လူကလည္း ေ႐ႊ လိုက္ရွာၿပီး ေျပာင္းေ႐ႊ႕သြားၾကတဲ့အေနအထားမွာရွိ တာေပါ့။
ေမး - ေျပာင္းေ႐ႊ႕မႈေတြရွိေနေတာ့ လူဦးေရေလ်ာ့ နည္းသြားတာမ်ိဳးေတြရွိလာလား။
ေျဖ - လူဦးေရကေတာ့ တအားႀကီးေလ်ာ့နည္းတာ ေတာ့ မရွိပါဘူးခင္ဗ်။
ေမး - ကုန္စည္ပို႔ေဆာင္ေရးနဲ႔ စီးပြားေရးမွာေကာ ဘာေတြလုပ္ၾကလဲ။
ေျဖ - အဲဒါကေတာ့ ေလေၾကာင္းကိုအားျပဳရတာေပါ့။ ေလေၾကာင္းကေတာ့ ေန႔တိုင္းရွိတယ္။ ဒါေပမဲ့ ခရီး သည္က ေန႔တိုင္းမရွိဘူး။ တစ္ပတ္မွာ (၃)ရက္ သူတို႔ ေပးတယ္။ တစ္ပတ္မွာ (၃)ရက္ေပးတဲ့အေနအထား မွာလည္း ၿမိဳ႕သူေတြအေနနဲ႔ ဒီေလယာဥ္တစ္ေၾကာင္းပဲ ရွိတဲ့အတြက္ မေလာက္ငဘူးေပါ့။ ေနာက္တစ္ခု ရွိ ေသးတယ္။ Cargo တင္ၿပီးမွသြားတဲ့ေလေၾကာင္းေပါ့ ေနာ္။ အဲဒီ Cargo ေတြနဲ႔လည္း လာပို႔တာေတြရွိ တယ္။ ဥပမာ ၾကက္သား၊ ငါး၊ ၾကက္သြန္တို႔ေပါ့။
ေမး - အဲဒီလိုဆိုေတာ့ အေျခခံစားေသာက္ကုန္ေဈး ႏႈန္းေတြျမင့္တက္ေနမွာေပါ့။ ေဈးႏႈန္းေတြ ဘယ္လို ရွိပါသလဲခင္ဗ်။
ေျဖ - ေလယာဥ္နဲ႔တင္ရတာျဖစ္တဲ့အတြက္ ေတာ္ ေတာ္ကိုေဈးႀကီးတာ။ စက္သုံးဆီဆိုရင္ ဆိုင္ကယ္သ မားေလးေတြအတြက္ ဆိုင္မွာထည့္တယ္ဆိုရင္ေတာ့ ဓာတ္ဆီတစ္လီတာကို (၂၀ဝဝဝ)။ အဲဒါေတာင္မွ ဆိုင္ကယ္သမားတစ္ေယာက္က (၁)သိန္းတတ္ႏိုင္ လို႔ (၁)သိန္းဖိုးထည့္ေပးပါဆိုရင္မရဘူး။ ဆိုင္ကယ္ သမားဆိုရင္ (၂)လီတာထက္ပိုမရဘူး။ အကန႔္အ သတ္နဲ႔ထည့္ရတာေပါ့။ ကားသမားဆိုရင္လည္း (၅) ဂါလန္အထက္ ပိုမထည့္ေပးဘူး။ သူတို႔ထိန္းေပးထား တာေပါ့။ လိုသေလာက္မရဘူးဆိုတာေလးကို ကြၽန္ ေတာ္ကေျပာျပခ်င္တာပါ။ ၾကက္သားဆိုရင္လည္း CP ၾကက္၊ ေလယာဥ္နဲ႔လာတဲ့ CP ၾကက္ဆိုရင္ တစ္ ပိႆာကို(၈၀ဝဝဝ)က်ပ္၊ ဝက္သားဆိုရင္ (၇၀ဝဝဝ)က်ပ္၊ ငါးဆိုရင္ (၆၀ဝဝဝ)က်ပ္၊ စားအုန္းဆီဆိုရင္ တစ္ပိႆာကို (၄၀ဝဝဝ)က်ပ္၊ ၾကက္ဥတစ္လုံးကို (၁၂၀ဝ)က်ပ္၊ ၾကက္သြန္နီတစ္ပိႆာကို (၄၀ဝဝဝ) က်ပ္၊ ၾကက္သြန္ျဖဴက တစ္ပိႆာကို (၈၀ဝဝဝ)က်ပ္။ အဲဒါေတာ့ သတ္မွတ္တဲ့ေဈးမဟုတ္ဘူးေပါ့။ ေျမျပင္မွာ တကယ္ေရာင္းစားေနၾကတဲ့ေဈးေပါ့။
ေမး - ေဈးေတြက ေတာ္ေတာ္တက္သြားတာေပါ့။
ေျဖ - ဟုတ္ပါတယ္ဗ်။
ေမး - ဆန္ေကာဘယ္ေဈးရွိလဲ။
ေျဖ - ဆန္ကေတာ့ တအားႀကီးေဈးမတက္ဘူး။ သူ႔ ေဒသထြက္ဆန္ေလးေတြလည္းရွိေနေတာ့ေလ။ အ ရင္တုန္းကေတာ့ ေအာက္ကလာတဲ့ ေပၚဆန္းေမႊး ေတြနဲ႔ ဧရာမင္းတို႔ဘာတို႔သုံးၾကတာေပါ့။ ခုေနာက္ပိုင္း မွာေတာ့ ေဒသထြက္တဲ့ ရွမ္းဆန္ေလးေတြ ဝယ္သုံး ေနၾကတာျဖစ္တဲ့အတြက္ ဆန္ကေတာ့ တအားႀကီး ေတာ့ ေဈးမတက္ဘူးဗ်။ အေျခခံစားေသာက္ကုန္နဲ႔ ဓာတ္ဆီ၊ ဒီဇယ္ေတာ့ ေဈးတက္တယ္ေပါ့။
ေမး - အေျခခံစားေသာက္ကုန္ေတြေဈးတက္ေတာ့ ေဒသခံေတြေကာ ဘယ္လိုလည္ပတ္ၾကလဲဗ်။ တျခား စီးပြားေရးလုပ္ငန္းေတြေကာ ရွိၾကေသးလား။
ေျဖ - တျခားစီးပြားေရးလုပ္ငန္းဆိုရင္ ေ႐ႊကိုအမွီျပဳ တယ္၊ စိုက္ပ်ိဳးေရးကိုအမွီျပဳတယ္၊ ေနာက္ၿပီး အေရာင္း အဝယ္ကိုအမွီျပဳတယ္။ အဲဒီလိုေလးေတြရွိတယ္။ ေ႐ႊ လုပ္ကြက္ေတြရပ္သြားတဲ့အတြက္ အခက္အခဲေတြ ေတာ့ရွိသြားတာေပါ့။ အခုေနာက္ပိုင္း ကေလးဝဘက္ ကျပန္ဖြင့္တယ္ဆိုေတာ့ အဲဒါေလးကိုေမွ်ာ္ရင္းနဲ႔ အ လုပ္ရွင္ေတြကလည္း အလုပ္သမားက ရွာရခက္တာ ကိုး။ အဲဒီေတာ့ လူ(၁၀)ေယာက္၊ အေယာက္(၂၀)ေလာက္ကို ထမင္းေကြၽးထားၿပီးမွ ဒီအတိုင္းေလးထား ထားရတာေပါ့။ ကေလးဝျပန္ဖြင့္တာနဲ႔ လုပ္ငန္းျပန္ လည္ပတ္ဖို႔အေနအထားတစ္ခုေပါ့။
ေမး - ဟုမၼလင္းမွာ ေ႐ႊလုပ္ကြက္ေပါင္း ဘယ္ေလာက္ ရွိလဲ။
ေျဖ - ေ႐ႊလုပ္ကြက္ဆိုတာက တရားဝင္ေ႐ႊလုပ္ကြက္ ရယ္လို႔ ဒီကာလမွာမရွိေတာ့ပါဘူး။ ႏိုင္ငံေတာ္က တရားဝင္ခ်ေပးထားတာလည္းမရွိဘူး။ ႏိုင္ငံေတာ္က မခ်ေပးေပမယ့္လည္း ေအာက္မွာက်ေတာ့လည္းပဲ မလုပ္လို႔မွအဆင္မေျပတာ။ ဒီအလုပ္ကိုပဲအားျပဳေန ၾကေတာ့ နားလည္မႈနဲ႔လုပ္ေနၾကတာေပါ့။ အခြန္ လည္းမဝင္ပါဘူးဗ်ာ။ လက္ရွိကေတာ့ မဟာမိတ္ျဖစ္ တဲ့ SNA ရွမ္းနီအမ်ိဳးသားမ်ားတပ္မေတာ္နဲ႔က နားလည္မႈယူၿပီးလုပ္ၾကတဲ့ေ႐ႊလုပ္ကြက္ေတာ့ရွိတာေပါ့။
ေမး- PDF ေတြထိန္းခ်ဳပ္ထားတဲ့ေ႐ႊလုပ္ကြက္ေတြေကာရွိလားဗ်။
ေျဖ- PDF ေတြထိန္းခ်ဳပ္ထားတဲ့ေ႐ႊလုပ္ကြက္ေတြ ရွိပါတယ္။
ေမး - ဘယ္ဘက္ေတြမွာရွိလဲ။
ေျဖ - ဟုမၼလင္းၿမိဳ႕နယ္ထဲမွာပါတဲ့ ေ႐ႊျပည္ေအးၿမိဳ႕ ကို သူတို႔သိမ္းထားတာကိုး။ ေ႐ႊျပည္ေအးၿမိဳ႕ကေန ေဖာင္းျပင္ၿမိဳ႕အထိ။ ေဖာင္းျပင္ၿမိဳ႕နယ္ သေရာင္း ေက်း႐ြာအထိ အဲဒီထဲက ခ်င္းတြင္းျမစ္အတြင္းမွာ ေ႐ႊလုပ္ေနတာရွိပါတယ္။ NUG လက္ေအာက္ခံ ပကဖနဲ႔ ပအဖေတြဦးစီးၿပီးလုပ္ေနတဲ့ ေ႐ႊလုပ္ကြက္ ေတြေပါ့။
ေမး - အဲဒီမွာေကာ ေဒသခံေတြသြားၿပီး အလုပ္လုပ္ ၾကတာရွိလားဗ်။
ေျဖ - ေဒသခံေတြကေတာ့ သူတို႔ဝမ္းစာအတြက္ စား ဝတ္ေနေရးအရ နားလည္မႈယူၿပီးလုပ္ၾကရတာရွိပါ တယ္။ ၿမိဳ႕ေပၚမွာ လက္ရွိအစိုးရနဲ႔သဟဇာတျဖစ္တဲ့ လူေတြကေတာ့ သြားမလုပ္ၾကဘူးေပါ့။ နယ္မွာရွိတဲ့လူ ေတြ။ နယ္မွာေနေနတဲ့လူေတြ သူတို႔ အရင္တည္းက လည္းလုပ္ေနတယ္။ ဒီၾကားထဲမွာလည္း ဟိုဘက္ ဒီဘက္ၾကည့္ၿပီးေနတယ္။ ေနာက္ၿပီ PDF အၾကမ္း ဖက္ေတြသိမ္းလာတဲ့အခ်ိန္မွာလည္း ထြက္ေျပးတဲ့အ ခ်ိန္ကထြက္ေျပးၾကတယ္။ ၿပီးမွ အေျခအေနၾကည့္ ၿပီး သူတို႔႐ြာဘက္ကိုျပန္ၿပီးမွ ဒီလုပ္ငန္းေလးေတြ ျပန္ လုပ္ၾကတာေပါ့။ အဲဒီလိုေတြနဲ႔ ေအာက္ျပည္ေအာက္ ႐ြာကလာတဲ့လူေတြကလည္း အဲဒီမွာပဲေနၿပီးေတာ့ သူတို႔အက်ိဳးစီးပြားအတြက္ လာလုပ္ၾကတာလည္းရွိ တာေပါ့။
ေမး - PDF ေတြရဲ႕ေ႐ႊလုပ္ကြက္ေတြအတြက္ စက္ သုံးဆီနဲ႔ တျခားဆက္စပ္ပစၥည္းေတြကိုေကာ ဘယ္က ေန တင္သြင္းရယူၾကရတာလဲ။
ေျဖ - သူတို႔နယ္ကဘယ္လိုရွိလဲဆိုေတာ့ သူတို႔ဆီက် ေတာ္ေတာ္မ်ားမ်ား တခ်ိဳ႕ဟာေလးေတြကေရာက္ တယ္။ ဘယ္လိုေရာက္သလဲဆိုေတာ့ အခုလက္ရွိက မုံ႐ြာဘက္ကေနထြက္လာၿပီေပါ့ေနာ္။ ကုန္းေၾကာင္းဆို ရင္ ပင္လယ္ဘူးလမ္းေၾကာင္းေပါ့။ ပင္လယ္ဘူးဆို တာလည္း သူတို႔စိုးမိုးထားတာကိုး။ ေဖာင္းျပင္က လည္းလာတယ္။ ေဖာင္းျပင္က ကုန္းေၾကာင္းမလာ ေတာ့ဘဲနဲ႔ သူတို႔ကြင္းလမ္းေဖာက္လိုက္တာရွိတယ္။ မႏွစ္ကေဖာက္လိုက္တာ။ အဲဒီကြင္းလမ္းကေန ဟုမၼ လင္းနယ္ထဲကိုေရာက္တယ္။ ဟုမၼလင္းနယ္ထဲမွာ လည္း သူတို႔စိုးမိုးထားတဲ့ေနရာေတြမွာ ဆီေတြက ေပါ ေနတဲ့သေဘာေပါ့။ အဲဒါေၾကာင့္မို႔ တခ်ိဳ႕ေသာလုပ္ ငန္းရွင္ေတြက တခ်ိဳ႕အစိုးရရဲ႕ထိန္းခ်ဳပ္နယ္ေျမထဲ မွာရွိေနတဲ့လူေတြထဲကတခ်ိဳ႕က ဟိုဘက္ဆီက အဆင္ေျပတယ္ဆိုေတာ့ ဟိုဘက္ကိုေရာက္သြားတဲ့အေနအထားေတြလည္း ေတြ႕ရတာေပါ့။
ေမး - ဟုမၼလင္းမွာ က်န္းမာေရးနဲ႔ပတ္သက္ၿပီး အ ခက္အခဲေတြႀကဳံေတြ႕ရတာရွိလား။
ေျဖ - က်န္းမာေရးနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ လက္ရွိ ဒီဘက္အစိုးရအုပ္ခ်ဳပ္ထားတဲ့နယ္ေျမေတြ မွာေတာ့ က်န္းမာေရးအတြက္က ဟုမၼလင္းၿမိဳ႕ေပၚမွာ ေတာ့ ေဆး႐ုံလည္းျပန္ဖြင့္ေပးႏိုင္ခဲ့ၿပီ။ အရင္တုန္းက ေတာ့ ဆႏၵေတြျပၿပီးေနာက္ပိုင္းမွာ က်န္းမာေရးဝန္ ထမ္းေတြ DCS လုပ္သြားၿပီးေနာက္ပိုင္းမွာ နည္း နည္း ကေသာင္းကနင္းျဖစ္သြားတာေပါ့။ အဲဒီလိုျဖစ္ သြားၿပီးေနာက္ပိုင္းမွာ တပ္မေတာ္ေဆး႐ုံရွိတယ္။ အဲဒီကေနၿပီးေတာ့ပဲ ရွိသမွ်လူေတြထိန္းထားၿပီးမွ ကု ထားေပးၿပီးမွ ျပန္ေအးခ်မ္းလာတဲ့ (၂၀၂၂)အကုန္ ေလာက္မွာ ျပည္သူ႔ေဆး႐ုံပါျပန္ဖြင့္လိုက္ႏိုင္ပါတယ္။
ေမး - ပညာေရးနဲ႔ပတ္သက္ၿပီး ေက်ာင္းေတြေကာ ျပန္ဖြင့္ႏိုင္လားဗ်။
ေျဖ - အစိုးရျပန္လည္စိုးမိုးထားတဲ့နယ္ေျမေတြမွာ အားလုံးနီးပါးေလာက္ေတာ့ ေက်ာင္းေတြက ျပန္ဖြင့္ ႏိုင္ပါတယ္။ အခုေတာ့ ေ႐ႊျပည္ေအးၿမိဳ႕တို႔မွာေတာ့ မရေတာ့ဘူးေပါ့ေနာ္။ အဲဒီမွာ သူတို႔စိုးမိုးထားတာကိုး။ ဟုမၼလင္းၿမိဳ႕နယ္ရဲ႕ (၄)ပုံ(၁)ပုံေလာက္က သူတို႔စိုးမိုး ထားတာကိုး။ အဲဒီမွာေတာ့ ကေလးေတြ ပညာေရးဆုံး ရႈံးမႈရွိတယ္။ ဒါေပမဲ့ အဲဒီကေန ၿမိဳ႕ေပၚမွာလာၿပီး ေက်ာင္းတက္တဲ့ကေလးေတြလည္းရွိပါတယ္။ သူတို႔ ေဖာ္ေဆာင္ထားတဲ့ေက်ာင္းေတြမွာလည္း ရွိေကာင္း ရွိႏိုင္တယ္ဗ်။ အဲဒီေလာက္ေတာ့ မျဖစ္ေျမာက္ပါဘူး။
ေမး - လွ်ပ္စစ္မီးနဲ႔ ဆက္သြယ္ေရးအေျခအေနေလး လည္း ဘယ္လိုရွိလဲေျပာျပေပးပါဦး။
ေျဖ - ဆက္သြယ္ေရးကေတာ့ အရမ္းေကာင္းတဲ့အ ခ်ိန္ရွိသလို မေကာင္းတဲ့အခ်ိန္ရွိတယ္။ ဟုမၼလင္းမွာ က ဖိုးသီးခ်ိဳဆိုတဲ့ကုမၸဏီေပါ့ေနာ္။ သူကတာဝန္ယူၿပီး မွ စက္(၂)လုံးနဲ႔ အဲဒါနဲ႔ ၿမိဳ႕ကိုလွ်ပ္စစ္မီးေပးပါတယ္။ ဒီဇယ္စက္နဲ႔ေပးတယ္။ ဒီဇယ္ႏွင့္ေမာင္းရတာမို႔ ဆီ ေဈးတက္ရင္ မီတာခတက္ပါတယ္။ အစိုးရေရအား လွ်ပ္စစ္စီမံကိန္းလည္းရွိေသးတယ္။ ဒါကေတာ့ မၿပီး ဆုံးေသးဘူးေပါ့။ (၂၀၂၆)မွာေပးႏိုင္မယ္လို႔ေတာ့ ၾကားမိထားတာရွိပါတယ္။
ေမး - နပင အေသးစားေရအားလွ်ပ္စစ္စီမံကိန္းလားဗ်။
ေျဖ - ဟုတ္ပါတယ္။ အဲစီမံကိန္းကိုေတာ့ တစ္ႏွစ္ကို တစ္ေခါက္ ေရေၾကာင္းပြင့္တဲ့အခ်ိန္ စစ္ေရယာဥ္ ေတြနဲ႔လာၿပီးပို႔တဲ့အခ်ိန္က်ရင္ေတာ့ ပို႔လို႔ရတာေတာ့ ရွိပါတယ္။
ေမး - ေဒသတြင္းျပည္သူေတြရဲ႕ အႀကီးမားဆုံးအ ခက္အခဲက ဘာျဖစ္မလဲ။
ေျဖ - အခက္အခဲကေတာ့ ကုန္ေဈးႏႈန္းျမင့္တာေပါ့။ စက္သုံးဆီလိုဆိုရင္လည္း ေ႐ႊလုပ္ကြက္ေတြကိုအား ျပဳၿပီးမွ တူးေဖာ္ေနတဲ့အခ်ိန္မွာ အဓိက ဆီမေရာက္ တဲ့အခ်ိန္မွာ အလုပ္လက္မဲ့ေတြျဖစ္လာတာေပါ့။ ေနာက္ၿပီးေတာ့ ကုန္ေဈးႏႈန္းေတြလည္းႀကီးလာ တယ္။ အဲဒီလိုေတြျဖစ္လာေတာ့ ခိုးတာဝွက္တာေတြ လည္း နည္းနည္းမ်ားလာတာေပါ့။
ေမး - ဟုမၼလင္းက ေလေၾကာင္းလိုင္းကိုပဲအားျပဳ ေနရတာျဖစ္တဲ့အတြက္ ဘယ္လိုအခက္အခဲေတြရွိေန လဲခင္ဗ်။
ေျဖ - ေလေၾကာင္းလိုင္းနဲ႔ပတ္သက္ၿပီးေျပာခ်င္ပါ တယ္။ အခုလက္ရွိအေနအထားမွာေတာ့ ဟုမၼလင္း ေဒသခံျပည္သူေတြက ေလေၾကာင္းလိုင္းကိုပဲအားျပဳ ရတာေပါ့။ အဲဒီအတြက္ ဒီဘက္မွာကုန္ေဈးႏႈန္းႀကီးတဲ့အခ်ိန္မွာ Cargo ဆိုတဲ့ ပစၥည္းတင္ပို႔တဲ့ေလယာဥ္ ေတြဆြဲေပးတာလည္းေကာင္းပါတယ္။ ခရီးသည္ေတြ အတြက္က် က်န္းမာေရးမေကာင္းလို႔ ဟုမၼလင္းမွာကု လို႔အဆင္မေျပတဲ့ဟာေတြက ေအာက္ဘက္ကိုဆင္း ၿပီးမွ သြားကုရတဲ့ဟာေတြရွိတယ္ဗ်။ ဒီေတာ့ သူတို႔ ေျပးဆြဲတဲ့အေနအထားက ခရီးစဥ္အေခါက္ေရလိုတာ ေပါ့ေနာ္။ အဲဒီမွာ ခရီးသည္ေတြက ျပန္လာခ်င္တယ္။ ျပန္လာခ်င္ေပမယ့္လည္း မလာႏိုင္တဲ့အခ်ိန္မွာ မႏၲ ေလးၿမိဳ႕မွာရွိတဲ့ ဟိုတယ္ေတြ၊ တည္းခိုခန္းေတြမွာ မတည္းႏိုင္ေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာခြင့္ေတာင္း ၿပီးမွ ေနေနရတဲ့ေဒသခံေတြလည္း အမ်ားႀကီးရွိတာ ေပါ့။ ျပန္လာခ်င္ၿပီ ျပန္မလာႏိုင္ဘူးေပါ့ေနာ္။
ေမး - ေလယာဥ္ခေတြေကာ ဘယ္ေလာက္ေဈးရွိလဲဗ်။
ေျဖ - ေလယာဥ္ခေတြက မႏၲေလးအထိကို (၅၈၀ဝဝဝ) ေလာက္ရွိတယ္။ ေလေၾကာင္းလိုင္းက တစ္ဦးေရာင္း ခ်တာမဟုတ္ဘဲနဲ႔ ကုမၸဏီဆိုင္ခြဲေလးေတြျဖစ္တဲ့ လက္မွတ္အေရာင္းဌာနေလးေတြက်ေတာ့ တခ်ိဳ႕ အဲဒီဆိုင္ခြဲေတြက လုပ္စားတာမ်ိဳးေတြရွိတာေပါ့။ ဘယ္လိုလုပ္ၾကလဲဆိုေတာ့ ကြၽန္ေတာ္က ဟုမၼလင္း သြားခ်င္တယ္ဆိုရင္ လက္မွတ္အေရာင္းဌာနကိုသြား ေမးရင္ လက္မွတ္အေရာင္းဌာနက လက္မွတ္က ကုန္သြားၿပီ။ ေနာက္တစ္လေလာက္ၾကာမွရမယ္ ေစာင့္ပါလားေပါ့ေနာ္။ အေရးႀကီးလို႔ပါလို႔ေျပာရင္ ကြၽန္ေတာ္ဆိုရင္ လူႀကီးေခၚလို႔ျဖစ္ေစ၊ အေရးႀကီး ကိစၥရွိလို႔ျဖစ္ေစ မျဖစ္မေနေလးလုပ္ေပးပါဦး။ ဘယ္ ေလာက္ကုန္ကုန္ပါ။ အေရးႀကီးလို႔ပါလို႔ဆိုရင္ ဟုတ္ ပါၿပီ ဖုန္းနံပါတ္ေလးေပးခဲ့ပါ။ ဖုန္းဆက္လိုက္ပါမယ္ ဆိုၿပီးလုပ္ေရာ။ အမွန္တကယ္က သူ႔လက္ထဲမွာရွိ တယ္။ အဲဒါကို ၿပီးၿပီဆိုမွ အစ္ကိုေရလက္မွတ္ေလး တစ္ေစာင္ေတာ့ရတယ္။ ယူမွာလား။ လက္မွတ္က တစ္ေစာင္က (၁၀)သိန္းေလာက္ေတာ့က်မယ္ဆိုၿပီးမွ အဲဒီလိုမ်ိဳးလုပ္ေရာ။ မျဖစ္မေနသြားရမယ္ဆိုေတာ့ လည္း ဟုတ္ပါၿပီ(၁၀)သိန္းဆိုေတာ့လည္း ကြၽန္ေတာ္ ယူပါ့မယ္ဆိုၿပီးျဖစ္သြားေတာ့ အဲဒီေဈးကြက္ေတြျဖစ္ ေနတာေပါ့ေနာ္။ တကယ္ကို ေတာမီးေလာင္ ေတာ ေၾကာင္လက္ခေမာင္းခတ္သလိုေပါ့။ အဲဒီလိုေတြရွိ တယ္ဆိုေတာ့ ကုန္းလမ္း၊ ေရလမ္းေလးေတြ ပိတ္ ထားတဲ့ဘက္မွာ ခရီးသည္ေတြ၊ ျပည္သူေတြ သြားလာ မႈကို အဆင္ေျပေစခ်င္တယ္။ သူတို႔ကေတာ့ ဘယ္လို မွမရႈံးပါဘူး။ ဒါေပမဲ့ ဝန္ထမ္းတစ္ေယာက္အတြက္က ေတာ့ ဒီ(၅)သိန္းေက်ာ္ဆိုတာ အရာရွိလစာအထိရွိၿပီး ေတာ့ (၂)ေခါက္ဆိုရင္ (၂)လစာအထိျဖစ္သြားမွာေပါ့။ ေဈးႏႈန္းႀကီးျမင့္ေနတာေတာင္မွ ျပည္သူလူထုက ရွာ ႀကံၿပီး သြားလာေနရတာ။ အဲဒီလိုဆိုေတာ့ ျပည္သူ ေတြအဆင္ေျပေအာင္လုပ္ေပးဖို႔ နည္းနည္း လိုအပ္ ခ်က္ေလးရွိတယ္လို႔ျမင္ပါတယ္။
à ေက်းဇူးတင္ပါတယ္ခင္ဗ်။