ရုရှားရဲ့ပြည်ပပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီး ယူကရိန်းကိုထောက်ပံ့မယ့် ဥရောပသမဂ္ဂရဲ့အစီအစဉ်ကို လက်မခံခဲ့ဘူး လို့ ဂျပန်အစိုးရပြော

262

Pika (NP News) - ဒီဇင်ဘာလ ၁၁
ယူကရိန်းကို ထောက်ပံ့မှုတွေလုပ်ဆောင်ဖို့အတွက် ရုရှားရဲ့ပြည်ပပိုင်ဆိုင်မှုတွေကို အသုံးပြုမယ့်အစီအစဉ်မှာ ပါဝင်ဖို့ ဥရောပသမဂ္ဂရဲ့တောင်းဆိုမှုတွေကို ဂျပန်က လက်ခံခဲ့တယ်ဆိုတဲ့ရေးသားဖော်ပြမှုတွေက မှားယွင်းတဲ့ ဖော်ပြမှုတွေဖြစ်တယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဂျပန်ရဲ့နိုင်ငံတကာရေးရာ ဘဏ္ဍာရေးဒုဝန်ကြီး Atsushi Mimura က “အဲဒီဖော်ပြချက်တွေက လုံးဝမမှန်ကန်ပါဘူး။ ဂျပန်နိုင်ငံဟာ ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားတွေကနေပဲ ယူကရိန်းကိုထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့တာ ပါ” လို့ ပြောခဲ့ပါတယ်။
ရုရှားရဲ့ပြည်ပပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ယူကရိန်းကို ထောက်ပံ့ပေးမှုတွေလုပ်ဆောင်မယ့်အစီအစဉ်မှာ ပါဝင်ဖို့ ဥရောပသမဂ္ဂရဲ့တောင်းဆိုမှုတွေကို ဂျပန်အစိုးရက အေးစက်စက်ပဲ တုံ့ပြန်ခဲ့တယ်လို့ Atsushi Mimura က ပြော ကြားခဲ့ပါတယ်။ Atsushi Mimuraက”( G7)အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးအတွင်းမှာ ရုရှားရဲ့ပြည်ပပိုင်ဆိုင်မှုတွေကို ယူကရိန်းအတွက် အသုံးပြုမယ့်အစီအစဉ်မှာပါဝင်ဖို့ ဂျပန်ကို တောင်းဆိုခဲ့ပေမယ့် ကျွန်တော်တို့ဘက်က လက်မခံခဲ့ပါဘူး။ ဂျပန်က ယူကရိန်းကို ထောက်ပံ့မှုတွေလုပ်ဆောင်ဖို့အတွက် သီးခြားခြေလှမ်းတွေကို လှမ်းဖို့ ပြင်ဆင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားရဲ႕ျပည္ပပိုင္ဆိုင္မႈေတြကိုအသုံးျပဳၿပီး ယူကရိန္းကိုေထာက္ပံ့မယ့္ ဥေရာပသမဂၢရဲ႕အစီအစဥ္ကို လက္မခံခဲ့ဘူး လို႔ ဂ်ပန္အစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာလ ၁၁
ယူကရိန္းကို ေထာက္ပံ့မႈေတြလုပ္ေဆာင္ဖို႔အတြက္ ႐ုရွားရဲ႕ျပည္ပပိုင္ဆိုင္မႈေတြကို အသုံးျပဳမယ့္အစီအစဥ္မွာ ပါဝင္ဖို႔ ဥေရာပသမဂၢရဲ႕ေတာင္းဆိုမႈေတြကို ဂ်ပန္က လက္ခံခဲ့တယ္ဆိုတဲ့ေရးသားေဖာ္ျပမႈေတြက မွားယြင္းတဲ့ ေဖာ္ျပမႈေတြျဖစ္တယ္လို႔ ဂ်ပန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဂ်ပန္ရဲ႕ႏိုင္ငံတကာေရးရာ ဘ႑ာေရးဒုဝန္ႀကီး Atsushi Mimura က “အဲဒီေဖာ္ျပခ်က္ေတြက လုံးဝမမွန္ကန္ပါဘူး။ ဂ်ပန္ႏိုင္ငံဟာ ကိုယ္ပိုင္အမ်ိဳးသားအက်ိဳးစီးပြားေတြကေနပဲ ယူကရိန္းကိုေထာက္ပံ့မႈေတြ လုပ္ေဆာင္ေပးခဲ့တာ ပါ” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားရဲ႕ျပည္ပပိုင္ဆိုင္မႈေတြကို သိမ္းယူၿပီး ယူကရိန္းကို ေထာက္ပံ့ေပးမႈေတြလုပ္ေဆာင္မယ့္အစီအစဥ္မွာ ပါဝင္ဖို႔ ဥေရာပသမဂၢရဲ႕ေတာင္းဆိုမႈေတြကို ဂ်ပန္အစိုးရက ေအးစက္စက္ပဲ တုံ႔ျပန္ခဲ့တယ္လို႔ Atsushi Mimura က ေျပာ ၾကားခဲ့ပါတယ္။ Atsushi Mimuraက”( G7)အဖြဲ႕ရဲ႕ ထိပ္သီးအစည္းအေဝးအတြင္းမွာ ႐ုရွားရဲ႕ျပည္ပပိုင္ဆိုင္မႈေတြကို ယူကရိန္းအတြက္ အသုံးျပဳမယ့္အစီအစဥ္မွာပါဝင္ဖို႔ ဂ်ပန္ကို ေတာင္းဆိုခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ဘက္က လက္မခံခဲ့ပါဘူး။ ဂ်ပန္က ယူကရိန္းကို ေထာက္ပံ့မႈေတြလုပ္ေဆာင္ဖို႔အတြက္ သီးျခားေျခလွမ္းေတြကို လွမ္းဖို႔ ျပင္ဆင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။