အရပ်အမြင့်(၂၁ ဒသမ ၁)လက်မသာရှိသည့် ကမ္ဘာ့အရပ်အပုဆုံးမြင်း

 171

Pika (NP News) - ဒီဇင်ဘာလ ၁၁

ဂျာမနီနိုင်ငံတွင်ရှိသည့် မြင်းတစ်ကောင်သည် အသက်ရှင်သန်နေသည့် ကမ္ဘာ့အရပ်အပုဆုံး မြင်းအဖြစ် တရားဝင်သတ်မှတ်ခံခဲ့ရပြီး အရပ်အမြင့်မှာ(၂၁ ဒသမ ၁)လက်မသာရှိကြောင်းသိရသည်။ Carola Weidemann ဆိုသည့်အမျိုးသမီးက ၎င်းသည်(၂၀၂၀) ပြည့်နှစ်တွင် ဏကာကခုနူ ဆိုသည့် မြင်းကို မွေးစားခဲ့ပြီး အဆိုပါမြင်းသည် (၅)လသား အရွယ်တွင် အရပ်အမြင့်(၁၈)လက်မသာရှိကြောင်း သိရသည်။
Carola Weidemann က " ကျွန်မကား မောင်းရင်းနဲ့ လျှောက်ကြည့်နေတဲ့အချိန်မှာ ဒီမြင်း လေးကိုတွေ့ခဲ့တာပါ။ ဒီလောက်သေးငယ်တဲ့ မြင်း လေးကို တစ်ခါမှမမြင်ဖူးတာကြောင့် ကျွန်မအရမ်း အံ့အားသင့်ခဲ့ရပါတယ်"ဟုပြောဆိုခဲ့သည်။
Pumuckel ၏ အရပ်အမြင့်ကို ကမ္ဘာ့ဂင်း နစ်စံချိန် မှတ်တမ်းအဖွဲ့က တရားဝင်တိုင်းတာမှုများလုပ်ဆောင်ခဲ့ပြီးနောက် အမြင့်(၂၁ ဒသမ ၁)လက်မ ရှိကြောင်း အတည်ပြုခဲ့ပြီး အသက်ရှင်သန်နေသည့် ကမ္ဘာ့အရပ်အပုဆုံးမြင်းတစ်ကောင်ဖြစ်လာခဲ့ ကြောင်း သိရသည်။ Pumuckel ဆိုသည့်မြင်းလေး၏ အမြင့်သည် ကမ္ဘာ့အရပ်အပုဆုံးမြင်းအဖြစ် စံချိန် တင်ထားသည့် ယခင်မြင်းထက် (၁)လက်မခွဲခန့် ပိုပုကြောင်းသိရသည်။
Carola Weidemann က " Pumu­ckel မြင်းလေးမှာ အရမ်းချစ်စရာကောင်းတဲ့ စရိုက်လက္ခ ဏာရှိပါတယ်။ သူက ကလေးတွေကို အရမ်း သဘောကျပြီး ပွတ်သတ်ပေးခံရတာ ပွေ့ဖက် ခံရတာကို အရမ်း ကိုကြိုက်ပါတယ် " ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
အရပ္အျမင့္(၂၁ ဒသမ ၁)လက္မသာရွိသည့္ ကမာၻ႔အရပ္အပုဆုံးျမင္း
Pika (NP News) - ဒီဇင္ဘာလ ၁၁

ဂ်ာမနီႏိုင္ငံတြင္ရွိသည့္ ျမင္းတစ္ေကာင္သည္ အသက္ရွင္သန္ေနသည့္ ကမာၻ႔အရပ္အပုဆုံး ျမင္းအျဖစ္ တရားဝင္သတ္မွတ္ခံခဲ့ရၿပီး အရပ္အျမင့္မွာ(၂၁ ဒသမ ၁)လက္မသာရွိေၾကာင္းသိရသည္။ Carola Weidemann ဆိုသည့္အမ်ိဳးသမီးက ၎သည္(၂၀၂၀) ျပည့္ႏွစ္တြင္ ဏကာကခုႏူ ဆိုသည့္ ျမင္းကို ေမြးစားခဲ့ၿပီး အဆိုပါျမင္းသည္ (၅)လသား အ႐ြယ္တြင္ အရပ္အျမင့္(၁၈)လက္မသာရွိေၾကာင္း သိရသည္။
Carola Weidemann က " ကြၽန္မကား ေမာင္းရင္းနဲ႔ ေလွ်ာက္ၾကည့္ေနတဲ့အခ်ိန္မွာ ဒီျမင္း ေလးကိုေတြ႕ခဲ့တာပါ။ ဒီေလာက္ေသးငယ္တဲ့ ျမင္း ေလးကို တစ္ခါမွမျမင္ဖူးတာေၾကာင့္ ကြၽန္မအရမ္း အံ့အားသင့္ခဲ့ရပါတယ္"ဟုေျပာဆိုခဲ့သည္။
Pumuckel ၏ အရပ္အျမင့္ကို ကမာၻ႔ဂင္း နစ္စံခ်ိန္ မွတ္တမ္းအဖြဲ႕က တရားဝင္တိုင္းတာမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ အျမင့္(၂၁ ဒသမ ၁)လက္မ ရွိေၾကာင္း အတည္ျပဳခဲ့ၿပီး အသက္ရွင္သန္ေနသည့္ ကမာၻ႔အရပ္အပုဆုံးျမင္းတစ္ေကာင္ျဖစ္လာခဲ့ ေၾကာင္း သိရသည္။ Pumuckel ဆိုသည့္ျမင္းေလး၏ အျမင့္သည္ ကမာၻ႔အရပ္အပုဆုံးျမင္းအျဖစ္ စံခ်ိန္ တင္ထားသည့္ ယခင္ျမင္းထက္ (၁)လက္မခြဲခန႔္ ပိုပုေၾကာင္းသိရသည္။
Carola Weidemann က " Pumu­ckel ျမင္းေလးမွာ အရမ္းခ်စ္စရာေကာင္းတဲ့ စ႐ိုက္လကၡ ဏာရွိပါတယ္။ သူက ကေလးေတြကို အရမ္း သေဘာက်ၿပီး ပြတ္သတ္ေပးခံရတာ ေပြ႕ဖက္ ခံရတာကို အရမ္း ကိုႀကိဳက္ပါတယ္ " ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.