Vape ကို ကန့်သတ်ထိန်းချုပ်နိုင်ရေး စိစစ်သုံးသပ်ရန် လို

369

Pearl (NP News) - ဒီဇင်ဘာ ၁၁
Vape ကို ကန့်သတ်ထိန်းချုပ်နိုင်ရေး စိစစ်သုံးသပ်ရန် လိုအပ်ကြောင်း မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ယမန်နေ့ (ဒီဇင်ဘာ ၁ဝ ရက်) က ကျင်းပသောမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးတွင် ပြောသည်။
လက်ရှိကာလတွင် လူငယ်များအတွင်း စီးကရက်၊ E စီးကရက် နှင့် Vape အသုံးပြုမှုများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုသည်။
ထို့ပြင် Vape တွင် အသုံးပြုသည့် Etomidate သည် ကက်တမင်းနှင့် အကျိုးသက်ရောက်မှုအတူတူဖြစ်ပြီး အခြား မူးယစ်ဆေးဝါးများလည်း ရောနှောအသုံးပြုနိုင်၍ အချို့နိုင်ငံများတွင် Vape နှင့် Etomidate သုံးစွဲမှုများကို ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေကြောင်းလည်း ထည့်သွင်းပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကန့်သတ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ညှိနှိုင်း ပေါင်းစပ်ပြီး စိစစ်သုံးသပ်ရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တိုက်တွန်းပြောကြား ထားသည်။

Zawgyi Version:
Vape ကို ကန႔္သတ္ထိန္းခ်ဳပ္ႏိုင္ေရး စိစစ္သုံးသပ္ရန္ လို
Pearl (NP News) - ဒီဇင္ဘာ ၁၁
Vape ကို ကန႔္သတ္ထိန္းခ်ဳပ္ႏိုင္ေရး စိစစ္သုံးသပ္ရန္ လိုအပ္ေၾကာင္း မူးယစ္တားဆီးကာကြယ္ေရးဗဟိုအဖြဲ႕ဥကၠ႒ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ယမန္ေန႔ (ဒီဇင္ဘာ ၁ဝ ရက္) က က်င္းပေသာမူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္တားဆီးကာကြယ္ေရးဗဟိုအဖြဲ႕ အစည္းအေဝးတြင္ ေျပာသည္။
လက္ရွိကာလတြင္ လူငယ္မ်ားအတြင္း စီးကရက္၊ E စီးကရက္ ႏွင့္ Vape အသုံးျပဳမႈမ်ား တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ဆိုသည္။
ထို႔ျပင္ Vape တြင္ အသုံးျပဳသည့္ Etomidate သည္ ကက္တမင္းႏွင့္ အက်ိဳးသက္ေရာက္မႈအတူတူျဖစ္ၿပီး အျခား မူးယစ္ေဆးဝါးမ်ားလည္း ေရာေႏွာအသုံးျပဳႏိုင္၍ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ Vape ႏွင့္ Etomidate သုံးစြဲမႈမ်ားကို ကန႔္သတ္ထိန္းခ်ဳပ္မႈမ်ား ျပဳလုပ္ေနေၾကာင္းလည္း ထည့္သြင္းေျပာသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ကန႔္သတ္ထိန္းခ်ဳပ္ႏိုင္ေရး က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ဥပေဒေရးရာဝန္ႀကီးဌာနတို႔ ညႇိႏႈိင္း ေပါင္းစပ္ၿပီး စိစစ္သုံးသပ္ရန္ လိုအပ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က တိုက္တြန္းေျပာၾကား ထားသည္။