ရွေးကောက်ပွဲတွေကျင်းပဖို့ ယူကရိန်းကို ဒေါ်နယ်ထရမ့် တိုက်တွန်း

180

Pika (NP News) - ဒီဇင်ဘာလ ၁၁
ရွေးကောက်ပွဲတွေကျင်းပဖို့ ယူကရိန်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ပြီး ယူကရိန်းရဲ့ ဒီမိုကရေစီအရည်အချင်းတွေကို မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးရဲ့သမ္မတသက်တမ်းဟာ (၂၀၂၄)ခုနှစ် မေလမှာ ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး ရုရှားနဲ့စစ်ပွဲ ဖြစ်ပွားနေတဲ့အချိန်အတွင်း ပြဌာန်းထားတဲ့စစ်အုပ်ချုပ်ရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲတွေကျင်းပဖို့ အစီအစဉ်ကို ဇီလန်စကီးက ရွှေ့ဆိုင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ယူကရိန်းအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခကို ရွေးကောက်ပွဲကျင်းပဖို့ကို ရွှေ့ဆိုင်းဖို့ အကြောင်းပြချက် တစ်ခုအဖြစ် အသုံးမပြုသင့်တော့ဘူးလို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ယူကရိန်းရွေးကောက်ပွဲက အချိန်ကြာကြာကျင်းပရတာမျိုးလည်း မရှိခဲ့ပါဘူး။ ယူကရိန်းက ဒီမိုကရေစီအကြောင်း ပြောနေပေမယ့် လက်တွေ့မှာတော့ ဒီမိုကရေစီမဟုတ်တဲ့အခြေအနေအထိ ရောက်သွားခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းက ရွေးကောက်ပွဲကျင်းပဖို့ အချိန်တန်ပြီဖြစ်ကြောင်းနဲ့ ယူကရိန်းနိုင်ငံသားတွေအားလုံးက အဲဒီလိုမျိုး ရွေးချယ်မှုရသင့်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔ ယူကရိန္းကို ေဒၚနယ္ထရမ့္ တိုက္တြန္း
Pika (NP News) - ဒီဇင္ဘာလ ၁၁
ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔ ယူကရိန္းကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေတာင္းဆိုခဲ့ၿပီး ယူကရိန္းရဲ႕ ဒီမိုကေရစီအရည္အခ်င္းေတြကို ေမးခြန္းထုတ္ခဲ့တယ္လို႔ သိရပါတယ္။
ယူကရိန္းသမၼတဇီလန္စကီးရဲ႕သမၼတသက္တမ္းဟာ (၂၀၂၄)ခုႏွစ္ ေမလမွာ ကုန္ဆုံးသြားခဲ့တာျဖစ္ၿပီး ႐ုရွားနဲ႔စစ္ပြဲ ျဖစ္ပြားေနတဲ့အခ်ိန္အတြင္း ျပဌာန္းထားတဲ့စစ္အုပ္ခ်ဳပ္ေရးကို အေၾကာင္းျပၿပီး ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔ အစီအစဥ္ကို ဇီလန္စကီးက ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းအေနနဲ႔ လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡကို ေ႐ြးေကာက္ပြဲက်င္းပဖို႔ကို ေ႐ႊ႕ဆိုင္းဖို႔ အေၾကာင္းျပခ်က္ တစ္ခုအျဖစ္ အသုံးမျပဳသင့္ေတာ့ဘူးလို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ယူကရိန္းေ႐ြးေကာက္ပြဲက အခ်ိန္ၾကာၾကာက်င္းပရတာမ်ိဳးလည္း မရွိခဲ့ပါဘူး။ ယူကရိန္းက ဒီမိုကေရစီအေၾကာင္း ေျပာေနေပမယ့္ လက္ေတြ႕မွာေတာ့ ဒီမိုကေရစီမဟုတ္တဲ့အေျခအေနအထိ ေရာက္သြားခဲ့ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းက ေ႐ြးေကာက္ပြဲက်င္းပဖို႔ အခ်ိန္တန္ၿပီျဖစ္ေၾကာင္းနဲ႔ ယူကရိန္းႏိုင္ငံသားေတြအားလုံးက အဲဒီလိုမ်ိဳး ေ႐ြးခ်ယ္မႈရသင့္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။