လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းမည်

 189

ပီယ (NP News) – ဒီဇင်ဘာ ၁၁

လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထံက သိရသည်။
ယင်းသို့ တင်သွင်းရန် အတွက် အစည်းအဝေးကို ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းက အဆိုပါ ဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့ကာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် တင်သွင်းနိုင်ရေးအတွက် ၂ဝဝ၃ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တင်သွင်းမည်ဆိုပါက တင်သွင်းမည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သည် အမျိုးသားအဆင့် စာရင်းဝင်ရမည်ဖြစ်ကြောင်း နှင့် ယူနက်စကိုသို့တင်သွင်းမည့် လက်ဖက်ယဉ်ကျေးမှုနှင့်ပတ်သက်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခေါင်းစဉ်အမည်သတ်မှတ်နိုင်ရေး မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်၊ မန္တလေး) နှင့် ဝန်ကြီးဌာနကျွမ်းကျင်ပညာရှင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က ပြောကြားသည်။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်) နှင့် ပူးပေါင်း၍ ယူနက်စကိုသတ်မှတ်ပုံစံ ICH-02 Form အား ဖြည့်သွင်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံလက်ဖက်အသင်းအနေဖြင့် Consent Letter and Video၊ Statement Letter and Video များ ရယူနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ တင်သွင်းမည့်ခေါင်းစဉ် (Element) အနေဖြင့် လက်ဖက်စိုယဉ်ကျေးမှုဟု လျာထားသတ်မှတ်ထားကြောင်း အစည်းအဝေးတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က အစည်းအဝေးတွင် ပြောကြားသည်။

Zawgyi Version:
လက္ဖက္ယဥ္ေက်းမႈအား UNESCO ၏ လူသားမ်ိဳးႏြယ္ဆိုင္ရာကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာ ရင္းသို႔ တင္သြင္းမည္
ပီယ (NP News) – ဒီဇင္ဘာ ၁၁
လက္ဖက္ယဥ္ေက်းမႈအား UNESCO ၏ လူသားမ်ိဳးႏြယ္ဆိုင္ရာကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာ ရင္းသို႔ တင္သြင္းမည္ ျဖစ္ေၾကာင္း သာသနာေရး ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ထံက သိရသည္။
ယင္းသို႔ တင္သြင္းရန္ အတြက္ အစည္းအေဝးကို ဒီဇင္ဘာလ ၁၀ ရက္ နံနက္ပိုင္းက အဆိုပါ ဝန္ႀကီး႐ုံးတြင္ ျပဳလုပ္ခဲ့ကာ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။
ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို လူသားမ်ိဳးႏြယ္ကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းအျဖစ္ တင္သြင္းႏိုင္ေရးအတြက္ ၂ဝဝ၃ ကြန္ဗင္းရွင္းတြင္ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ၂၀၁၄ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း၊ လူသားမ်ိဳးႏြယ္ဆိုင္ရာကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္တင္သြင္းမည္ဆိုပါက တင္သြင္းမည့္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္သည္ အမ်ိဳးသားအဆင့္ စာရင္းဝင္ရမည္ျဖစ္ေၾကာင္း ႏွင့္ ယူနက္စကိုသို႔တင္သြင္းမည့္ လက္ဖက္ယဥ္ေက်းမႈႏွင့္ပတ္သက္သည့္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ ေခါင္းစဥ္အမည္သတ္မွတ္ႏိုင္ေရး ျမန္မာ့ ယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕၊ ျမန္မာႏိုင္ငံလက္ဖက္အသင္း (ရန္ကုန္၊ မႏၲေလး) ႏွင့္ ဝန္ႀကီးဌာနကြၽမ္းက်င္ပညာရွင္မ်ားက ဝိုင္းဝန္းအႀကံျပဳေဆြးေႏြးေပးေစလိုေၾကာင္း သာသနာေရး ႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒၚႏုျမဇံ က ေျပာၾကားသည္။
မိမိတို႔အေနျဖင့္ ျမန္မာႏိုင္ငံလက္ဖက္အသင္း (ရန္ကုန္) ႏွင့္ ပူးေပါင္း၍ ယူနက္စကိုသတ္မွတ္ပုံစံ ICH-02 Form အား ျဖည့္သြင္းလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံလက္ဖက္အသင္းအေနျဖင့္ Consent Letter and Video၊ Statement Letter and Video မ်ား ရယူႏိုင္ေရးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ တင္သြင္းမည့္ေခါင္းစဥ္ (Element) အေနျဖင့္ လက္ဖက္စိုယဥ္ေက်းမႈဟု လ်ာထားသတ္မွတ္ထားေၾကာင္း အစည္းအေဝးတြင္ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ဥကၠ႒ ေဒၚစႏၵာခင္က အစည္းအေဝးတြင္ ေျပာၾကားသည္။

Picture

Thae Thae Han

11/12/2025 14:38

ဒေါ်စန်ဒါခင်တို့အိပ်ဆိုကိကျိုးပမ်မှုးအများကြီးလုပ်ခဲ့ရပါတယ် သနပ်ခါးလေးပါတယ်ထင်တယ်၊ ရှမ်းပြည် မီးပုန်းပြန်ပွဲယဉ်ကျေးမှုကိုထိုင်းခနြးချလိမ့်မယ် သကြန်လိုသူတို့ဦးမသွားခင် မြန်မြနါကျိုးစားသင့်တယ်လို့ အကြံပြုလိုပါတယ်

Related news

© 2021. All rights reserved.