"မြန်ကျန့်ကျားဖျန့်ဆိုတဲ့ဟာက တော်တော်ကို အခြေအနေက နားထဲ သိပ်အဆင်မပြေဘူး" သီးသန့်အင်တာဗျူး

4955

သန့်ဇင် (NP News) နိုဝင်ဘာ ၁၇
ယခုလ (၁၂) ရက်တွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ လူပုဂ္ဂိုလ် (၅)ဦးနှင့်အဖွဲ့အစည်း (၃)ခုကို ကျားဖျန့်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် ပိတ်ဆို့အရေးယူလိုက်ကြောင်း နှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန့်) တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) ကို ဖွဲ့ စည်းလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အတွင်း ဒီမို ကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) မှ စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင် တို့ပါဝင်ခဲ့ပြီး ယင်းတို့သည် ကျားဖျန့်လုပ်ငန်းများကိုထောက်ပံ့ကာ အမေရိကန်နိုင်ငံသားများကို ဒေါ်လာ သန်းထောင်ချီဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း သိရသည်။ ထို့အတူ ထိုင်းနိုင်ငံတွင် ဖမ်းဆီးထားသည့် တရုတ် နိုင်ငံမှ အလိုရှိသည့် ကျားဖျန့်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်တွင်ပင် ပြန်လည်လွှဲပြောင်းပေးခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် ကျားဖျန့်နှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ဆက်စပ်မှုနှင့် မြန်မာ့မြေပေါ်တွင် လာရောက်ပြုလုပ်ခဲ့သည့်ကျားဖျန့်များ၏ အခြေအနေများကို ဆွေးနွေးဖော်ပြအပ်ပါသည်။
မေး-ကျားဖျန့်ဆိုတာဘာလဲ။ ဘယ်လိုတွေလုပ်ကြတာလဲ။ ရှင်းပြပါဦး။
ဖြေ-ပုံမှန်လူတွေသုံးနေတဲ့ငွေကြေးက ငွေကြေးပေါ့ နော်။ ပြီးရင်ရွှေရှိတယ်ပေါ့နော်။ နောက်တစ်ခုက အဲဒီလူတွေထက်ပိုပြီးတော့ ထူးဆန်းသွားတဲ့လူတွေကျ Crypto ဆိုတဲ့အရာကိုသုံးကြတယ်။ Crypto ထဲ ကမှ Bitcoin တို့ Z Cash တို့ပေါ့။ Bitcoin က Bitcoin ပါပဲ။ အဓိကအားဖြင့် ဘာကို Target ထားလာ တာလဲဆိုတော့ ဒီ Bitcoin တို့ ZCash တို့က Hight Demand ဖြစ်လာတာပေါ့။ မြေရှားလိုမျိုးပဲ။ ရှားလာ တယ်၊ တန်ဖိုးရှိလာတယ်။ ဝယ်ရရှာရခက်လာတယ်ပေါ့နော်။ အဲဒီတော့ အာဂျန်တာ (Agenda) က (၅)ခု လောက်ရှိတယ်ပေါ့နော်။ ပထမဆုံးအဖမ်းခံရတဲ့ ကိုးကန့်ပေါ့။ ဒုတိယက ရှီကျီကျန်းနဲ့ တတိယက အား ကျောက်လို့ခေါ်တယ်။ စတုတ္ထက 14K ဆိုတဲ့သွားကျိုး တို့၊ Broken Tooth Koi ဆိုတဲ့ ဟောင်ကောင်-မက္ကာအို မာဖီးယားဂိုဏ်း။ သွားကျိုးလို့ခေါ်တာ။ နောက်ဆုံးကပြောပါဆိုရင် prince group ရဲ့ပိုင်ရှင် ကမ္ဘောဒီးယားက Chen Zhi ။ ဒီအထိ (၅)ခုရှိတယ်။ အဲဒီအပြင်ကို ခွဲထွက်နေတာက (၂)ခုရှိတယ်။ Bina- nce ပိုင်ရှင် Crypto တွေကို အလဲပြုလုပ်လို့ရတဲ့ CZ (Changpeng Zhao) ဆိုတဲ့တစ်ယောက်ရယ်။ နောက်တစ်ခုက ကျွန်တော်တို့အရှေ့တောင်အာရှ Network တစ်ခုလုံးမှာ နိုင်ငံခြားငွေအထွက် အများ ဆုံး Transaction အထွက်အများဆုံးရှိတဲ့ စင်ကာပူ။ အားလုံးပေါင်း (၇)ခု၊ ကျွန်တော် ပြောပြမယ်။ ကျွန် တော်တို့နိုင်ငံမှာက Malware ရေးနိုင်လောက်အောင်အထိ နည်းပညာတော်တဲ့လူ မရှိဘူး။ Malware တွေ Spyware ဆိုတာက ဥပမာ ကျွန်တော်က Link တစ်ခုပို့လိုက်မယ်ဆိုရင် ခင်ဗျားက အဲဒါကို နှိပ် လိုက်တယ်။ ခင်ဗျားဖုန်းကို ကျွန်တော်က Access ရသွားတယ်။ နောက်တစ်ခုက ဖုန်းတွေအများကြီးနဲ့ တရုတ်ပြည်ကို တစ်ပြိုင်နက်တည်းဖုန်းခေါ်ရလောက်အောင်အထိ ကျွန်တော်တို့နိုင်ငံမှာဆင်းကတ်တွေ လွယ်လင့်တကူ ဘယ်ကရနေမလဲဆိုတာရှိတယ်။ နောက်တစ်ခု တရုတ်ပင်စင်စားတွေ၊ စစ်မှုထမ်း ဟောင်းတွေကို လိမ်ရအောင်ဆိုတော့ အဲဒီလိမ်ဖို့ Data တွေဘယ်ကရလဲမေးစရာရှိတယ်ပေါ့နော်။ နောက်တစ်ခု ဒီလိမ်နေတယ်ဆိုတာကိုသိနေတယ်။ ကျွန်တော်တို့ Browser မှာက ဘာတွေနှိပ်တယ် ဆိုတာကအစ၊ Telecom တွေကအစ သိနေတယ်။ ဒါပေမဲ့ Grate Firewall ဆိုတာကြီးရှိနေတုန်းက မဖမ်းဘဲနဲ့ (၁၀၂၇)ကျမှဘာလို့ဖမ်းလဲဆိုတာရှိတယ်။ နောက်တစ်ခု တိုက်ဆိုင်တာပဲလား၊ တကယ်ပဲလား တော့မသိဘူးပေါ့နော်။ အရင်တုန်းက ရွှေတြိဂံမှာဆိုရင် စိုင်းနော်ခမ်းဆိုတဲ့ မူးယစ်ရာဇာဆိုတာက သူက ဦးစီးတာ။ ပြီးတော့ စိုင်းနော်ခမ်းအလွန်မှာ ဘယ်သူတက်လာလဲဆိုတော့ ကျောက်ဝေ။ ကျောက်ဝေက မြန်မာနိုင်ငံ မိုင်းလားမှာအခြေချနေတယ်။ ကျောက်ဝေက (၇၀)ကျော်ပြီ။ ဒါပေမဲ့ ကျောက်ဝေ မိသားစုကို ဒီရွှေတြိဂံကြီးတစ်ခုလုံးမှာ ဘယ်သူမှမထိရဲဘူး။ အခု မြန်မာတို့ဘာတို့မှာရှိတဲ့ ကျားဖျန့်က ကမ္ဘောဒီး ယားမှာရှိတဲ့ ကျားဖျန့်အားလုံးပေါင်းတဲ့လူဦးရေက ကျောက်ဝေပိုင်တဲ့ Special Economic Zone လောက်တောင်မကြီးဘူး။
မေး-မြန်မာတွေမှာကော ကိုယ်တိုင်ကျားဖျန့်လုပ်နိုင်တဲ့သူရှိလား။ တကယ်လုပ်နေတာဘယ်သူတွေလဲ။
ဖြေ-ဒီ Spyware တွေရေးရလောက်အောင်လောက်ထိ လုပ်လို့ရအောင်က လူက သာမန်အရပ်သားရေး လို့ မရဘူး။ စစ်ဘက်ရေးရာနဲ့ ဒါမှမဟုတ် ထောက်လှမ်းရေးကကျွမ်းကျင်တဲ့လူပဲ ဒါကိုအကောင်းဆုံးရေး နိုင်မှာ။ ပုံမှန်ဟာက website ရေးမယ် ဒါလောက်ပဲ။ ဖုန်းတစ်လုံးနဲ့ထိန်းချုပ်နိုင်အောင် ဒီလောက်ပဲ ရေး နိုင်မှာ။ အဲဒီလူတွေကကော မြန်မာနိုင်ငံထဲကို ဘယ်လိုဝင်လာလဲဆိုတာရှိတယ်။ နယ်စပ်ကပဲဝင်လာ တာလား။ ဒါမှ မဟုတ် တမင်ပဲ ထူးဆန်းပြီးလုပ်ချင်တာလား။ နောက်တစ်ခုကဘာလဲဆိုတော့ ဒီ Data တွေက သက်ဆိုင် ရာဆက်သွယ်ရေးကုမ္ပဏီတွေ၊ သက်ဆိုင်ရာအင်တာ နက်ကုမ္ပဏီတွေကမပေးဘဲနဲ့ ပင်စင်စားတွေ၊ အစိုးရ အရာရှိတွေ အကြွေးတွေစာရင်းက ဘယ်ကမှမရနိုင်ဘူး။ နောက်တစ်ခုက ဒီအင်တာနက်ပေါ်မှာလိမ်နေတာသိရဲ့သားနဲ့ ဘာဖြစ်လို့ အကုန်လုံးကို (၁၀၂၇) စစ်ဆင်ရေးအပြီးမှာ တိုင်ပင်ကိုက်ပြီးဖမ်းတာလဲဆိုတာရှိတယ်။ နောက်တစ်ခုက လွတ်နေတာ အားလုံးပေါင်းဆိုရင် (၃) ယောက်ရှိသေးတယ်။ ရှီကျီးကျန်းက နေစွပ်စွဲလိုက်တဲ့ လာအိုလား၊ ကမ္ဘောဒီးယားလား တရုတ် စပိုင် လားမသိဘူး စွပ်စွဲလိုက်တာ။ အမျိုးသမီးတစ်ယောက်ရှိသေးတယ်။ နောက်ပြီး ကျောက်ဝေ 14K ပိုင်ရှင်။ ဒီ (၃) ယောက်သည် လွတ်ကိုလွတ်နေတာ။ ဒီ(၃)ယောက်သည် တရုတ်နိုင်ငံသားတွေဖြစ်နေတာ။ ရှီကျီး ကျန်းတွေဆိုရင် ကျွန်တော်သိသလောက်ဆို ကမ္ဘောဒီးယားနိုင်ငံသားခံယူထားတယ်။
မေး-အခြေခံအားဖြင့် ကျားဖျန့်တွေက ဘယ်လိုနည်းစနစ်တွေနဲ့ လုပ်ကြတာလဲ။
ဖြေ- ဒီကောင်တွေက ဘယ်လိုလုပ်လဲဆိုတော့ အုပ်စုလိုက်ကြီး Cyberbullying လုပ်တာပေါ့နော်။ ခင်ဗျား ချေးငွေယူလိုက်လို့ ပြန်မဆပ်ရင် ခြိမ်းခြောက်တယ်။ ခင်ဗျားရဲ့Contact ထဲမှာရှိတဲ့လူတွေကို လည်း လိုက်ပြီးအဲဒီလိုလုပ်တာ။ ဒါကတစ်ပိုင်းပေါ့ နော်။ နောက်တစ်ခုကဘာလဲဆိုတော့ စလော့ဂိမ်း ငါးပစ်ဂိမ်းနဲ့ကာစီနိုဆိုတဲ့ဟာက အခု Market ထဲမှာ အလျော်အစားလုပ်နေတယ်ဆိုတဲ့ဟာကတစ်ပိုင်း။ အလျော်အစား မလုပ်ဘဲနဲ့ အဲဒီစလော့ဂိမ်း၊ ငါးပစ်ဂိမ်းတွေကို Install လုပ်လိုက်တာနဲ့ ခင်ဗျားဖုန်း တစ်ခု လုံး Access ရသွားတယ်။ လျော်တာပေးတာက တစ်ပိုင်းရှိတယ်။ အဲဒီလျော်တယ်ပေးတယ်ဆိုတဲ့ဟာက ဒါတွေကို မြန်မာတွေလုပ်ရင်လည်းလုပ်မယ်၊ ရှမ်းတွေ လုပ်ရင်လည်းလုပ်မယ်။ ကျွန်တော်တို့ သေချာ မသိဘူး။ တရုတ်ပြည်ရဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်းကျတော့ အဲဒီလိုမဟုတ်ဘူး။ Install လုပ်လိုက်ပြီ ပေး လိုက်ပြီဆိုတာနဲ့ ဖုန်းတစ်ခုလုံးကိုထိန်းချုပ်သွားပြီ။ ပြီးရင် နောက်တစ်ခုက Call center ဆိုတာက ကျွန် တော်တို့ ပုံမှန်ဖုန်းကတ်ထဲသုံးတာမဟုတ်ဘဲနဲ့ SIP Trunk လို့ခေါ်တယ်။ SIM ကတ်ကို အင်တာနက်ပေါ် မှာတင်ထားပြီးတော့ မည်သည့်နေရာကမဆို၊ မည်သူ့ကိုမဆိုခေါ်လို့ရတာ။ ဘယ်သူ့ကိုမဆို SIM ပို့လို့ ရတာ။ အဲဒီ တော့ ကိုယ့်ဆီကို ကိုယ့်မှတ်ပုံတင်နာမည်ရယ်နဲ့ ပို့ချင်သလိုပို့လို့ရနေတာ။ နာမည်ဖျက်ချင် တယ်ဆိုရင် SIM ထောင်ပြီး ရှိသမျှမြန်မာနိုင်ငံသားအားလုံး ပို့ချလိုက်တာ။ အဲဒီမှာ အကုန်လုံးက Link တွေနှိပ်ကြည့်လို့ရတယ်။ အခြေအနေက အဲဒီလောက်အထိ ဖြစ်နေတာ။ အဲဒါကို စိစစ်လို့ရတဲ့ဟာကို မစိစစ်နိုင်ဘူး ဖြစ်နေတာ။ ဒါကတော့ အစိုးရအပိုင်းကို ကျွန်တော်ဝင်မပြောဘူးဗျာ။ အဲဒီတော့ ဒီလူတွေ ကိုဒီ Application ရေးနိုင်အောင်။ ဒီ Data တွေရနိုင်အောင်၊ ဒီလိုလိမ်နိုင်အောင်၊ ဒီလိုဖြစ်အောင် Agen- da အရ လုပ်နေတာ။ ကျွန်တော်မြင်တဲ့ဟာအဲဒီလို။ နောက်တစ်ခုက လိမ်ပြီးတဲ့ပိုက်ဆံက ဘယ်သူ မှ ငွေသားမထားဘူး။ ဘယ်သူမှ Master ၊ Visa ကတ်နဲ့ သွားမထုတ်ဘူး။ တစ်ခါတည်း Black Market မှာ Bitcoin သွားချိန်းတယ်။ အဲဒီတော့ Bitcoin က centralize မဟုတ်ဘူး။ decentraliz ပေါ့။ အမြင့်ဆုံး ပေးတာက Bitcoin မှာ decentralize ဖြစ်တဲ့အတွက် ဘယ်သူကနေ ဘယ်သူ့ကိုငွေလွှဲလိုက်တယ်ဆို တာကိုမပေါ်ဘူး။ ကျွန်တော်တို့ ဗဟိုဘဏ်မှာ ငွေလွှဲတယ်ဆိုရင် ကျွန်တော်တို့ကြည့်လို့ရတယ်။ မြန်မာ နိုင်ငံက VISA ကတ်ပဲ။ ခင်ဗျား အိန္ဒိယရောက်သွားလို့ ပိုက်ဆံကုန်သွားရင် ခင်ဗျား VISA ကတ်ထဲက ပိုက်ဆံပဲ ဘယ်သူက ဘယ်မှာထုတ်သွားတယ်ဆိုပြီး ပေါ်တယ်။ ဒါပေမဲ့ အဲဒါတွေက အားလုံးက မပေါ် နေဘူး။ အဲဒီလိုမပေါ်အောင်လည်း ဖန်တီးထားကြတယ်။ အဲဒီတော့ ဖုန်းတွေအများကြီးနဲ့ Cyberbul- lying လုပ်တာတွေရှိတယ်။ ဥပမာ ခင်ဗျားက Cele ၊ ကာစီနို ဆော့တယ်။ အကြွေးမပေးနိုင်တော့ဘူး။ အဲဒီမှာ ခင်ဗျားအောက်မှာ haha တွေပေးတယ်။ Comment တွေပေးတယ်။ Cyberbullying လုပ်နေတဲ့ ဟာတွေမှအများကြီးပဲ။ ပြီးရင် နောက်တစ်ခုက ခြိမ်းခြောက်အကျပ်ကိုင်ငွေညှစ်တာပဲ။ contact တွေထဲ က ဖုန်းတွေကို ခြိမ်းခြောက် အကျပ်ကိုင်ပြီးငွေညှစ်တာပဲ။
မေး-မြန်မာက ဆက်သွယ်ရေးလိုင်းတွေနဲ့က ကျားဖျန့်လုပ်လို့ လွယ်နေတာလား။
ဖြေ-ထူးဆန်းတာတစ်ခုက wepay တို့ wechat တို့က ကျွန်တော်တို့မြန်မာတွေနဲ့မတူတာက မြန်မာတွေ က အခုသုံးနေတဲ့ APP တွေက Chrome ရှိရင် ဖွင့်လို့ရတယ်။ Viber တို့ဘာတို့ဆိုရင်လည်း ဖွင့်လို့ရ တယ်။ သူတို့ဟာက အဲဒီလိုမဟုတ်ဘူး။ ဖွင့်ချင်တယ်ဆိုရင် တစ်ယောက်ယောက်က Refer လုပ်ပေးပြီး QR ဖတ်ပေးမှ wechat အကောင့်ဖွင့်တာ။ အဲဒီ wechat ကို dedicated ထားထားရင် wechat ကို နယ်စပ်မှာ သုံးချင်ရင် တရုတ်အင်တာနက်နဲ့ပတ်သက်နေမှ သုံးလို့ရတာ။ နယ်စပ်မှာ mytel နဲ့ဆိုရင် သွားသုံးလို့မရဘူး။ ဒီဟာတွေပေါ်ကနေ လုပ်နေတဲ့ဟာတွေ၊ စီးဆင်းနေတဲ့ဟာတွေသိရဲ့သားနဲ့ ဆက် သွယ်ရေးကုမ္ပဏီတွေကကော ငြိမ်နေတာလား။ မေးစရာရှိလာတယ်။ မသိတာလား။ မသိချင်ယောင် ဆောင်နေတာလား။ ဒါမှမဟုတ် လူသတ်သလိုပဲ။ လူသတ်အလောင်းဖျောက်ပြီး မီးရှို့လိုက်ရင် ဘာမှလုပ် လို့မရသလိုပဲ၊ ဆက်သွယ်ရေးမှာလည်း ဒီစက်တွေဖျက်ဆီးလိုက်တယ်ဆိုရင် ဘာမှမှတ်တမ်း မှတ်ရာ လိုက်လို့မရဘူး။ ကျွန်တော်တို့ CCTV က လူဝင်သွားတာပဲသိတယ်။ အဲဒီလူမျက်နှာဘယ်သူလဲဆိုတာ မသိလိုက်တဲ့ အခြေအနေအထိဖြစ်သွားတာပေါ့ဗျာ။ အရှင်းဆုံး ပြောပြတာ။ အဲဒီတော့ ဆက်သွယ်ရေး ကုမ္ပဏီတွေက အခုအချိန်ထိကိုမပိတ်နိုင်သေးဘူး။
မေး-မြန်မာနိုင်ငံက အင်တာနက်ကုမ္ပဏီတွေကလည်း ပါဝင်ပတ်သက်နေတာလား။
ဖြေ- ပုံမှန်အင်တာနက်သုံးတဲ့ကုမ္ပဏီတွေက တရုတ်က ဘဏ်အကောင့်ကို Access လုပ်လို့မရဘူး။ ဒါပေ မဲ့ တရုတ်ကုမ္ပဏီခွဲတွေ ဒီမှာအများကြီးရှိတယ်။ အဲဒီအင်တာနက်ကုမ္ပဏီတွေကနေ အင်တာနက်ကိုသုံး တယ်ဆိုရင် ဘဏ်အကောင့်ဖွင့်လို့ရတယ်။ ပြီးရင် နောက်တစ်ခု အရမ်းနာမည်ကြီးတဲ့ Dark web တွေ Deep web တွေကပဲတက်တယ်ဆိုတဲ့ကိစ္စကရှိတယ်။ လောက်ကိုင်ကျသွားတဲ့နောက်ပိုင်း ရေထောင်ဆို တာ ကြားဖူးမှာပါ။ Deep web တွေ Deep web တွေမှာ လောက်ကိုင်ကအကြောင်းတွေ ဗီဒီယိုတွေ တက်လာတယ်။ အဲဒီသတင်းတွေက သတင်းဌာနတွေမှာ ရှာလို့ မရဘူး။ ရှာလို့ရတာအဲဒီမှာပဲရှိတယ်။ အဲဒီတော့ အန္တရာယ်လည်းများတယ် အဲဒီနေရာတွေသွားရှာရင်။ ရေထောင်ဆိုတာရှိတယ်ဗျာ။ အဲဒီရေ ထောင်ကိုမှ အလုပ်မလုပ်နိုင်တဲ့လူတွေကို ပြစ်ဒဏ်ပေးတယ်တို့ ဘာတို့ရှိတယ်ဆိုတာ။ အဲဒီပြစ်ဒဏ်ကိုမှ တရုတ်နိုင်ငံက ပဲလုပ်နေတာ။
မေး-ကျားဖျန့်လုပ်သားတွေကို ဘယ်လိုရှာတာလဲ။
ဖြေ-နည်းပညာသမားတွေကို ပြန်ပေးဆွဲတာရှိတယ်။ ကမ္ဘောဒီးယားတို့ လာအိုတို့မှာဆိုရင် ပြန်ပေး ဆွဲတာရှိတယ်။ တချို့ဟာတွေက ပြန်ပေးဆွဲတာမဟုတ်ဘဲနဲ့ တကယ်လိုလိုချင်ချင်နဲ့ အဲဒီအထဲမှာ အလုပ်သွားလုပ်နေတဲ့လူတွေကိုရှိတယ်။ ကျွန်တော်တို့ ဒီနိုင်ငံမှာ လုပ်သားလစာက တစ်လကို (၁၀) သိန်းပဲရတယ်။ ဒါပေမဲ့ ကျားဖျန့်မှာသွားလုပ်ရင် တစ်လကို သိန်း(၁၀ဝ) ရတဲ့အခြေအနေအထိ ဖြစ်လာ တယ်။ လူငယ်တွေရဲ့ အတွင်းစိတ်ထဲမှာ အဲဒီစိတ်ကြီးဖြစ်လာတယ်။ လိမ်စားလည်း ဘာမှမဖြစ်ဘူး။ ငါ့ပိုက်ဆံငါယူတယ်ဆိုတာမျိုးတွေဖြစ်လာတယ်။ အဲဒီတော့ တချို့လူတွေကျတော့ ကိုယ်တိုင်ကို တကူး တကလာလုပ်ကြတဲ့လူတွေရှိတယ်။ တချို့လူတွေကျတော့ အလိမ်ခံရပြီး ရောက်လာကြတာလည်း ဖြစ် ကောင်းဖြစ်နိုင်တယ်။
မေး-ကျားဖျန့်လုပ်ငန်းတွေမှာ Crypto ငွေကြေးတွေလည်း စီးဆင်းနေတယ်လို့သိရတယ်။ ဘယ်လို ပုံစံ မျိုးနဲ့လဲ။
ဖြေ- ကျွန်တော်တို့ wave money တို့ Kpay တို့နဲ့ စလော့ဂိမ်း၊ ကာစီနိုဆော့တယ်ဆိုတာရိုးရှင်းတယ်။ ဖမ်းချင်ရင်ဖမ်းလို့ရတယ်ဗျာ။ ဒီလိုငွေဝင်ငွေထွက်ရှိတယ်ဆိုတာက ဘာမှမဟုတ်သေးဘူး။ Bitcoin တို့နဲ့ မှဆော့လို့ရတယ်။ US ဒေါ်လာတွေနဲ့ ဆော့လို့ရတယ်ဆိုတဲ့အရာတွေက ဘယ်မှာဘာလုပ်ထားမှန်း လည်းမသိဘူး။ ဘယ်ကမှန်းလည်းမသိဘူး။ ဟိုဟာတွေက ထိန်းချုပ်မှုအောက်မှာရှိနေလို့သာပဲ။ နောက် ဆုံး Detail ရတယ်ဆိုရင်လိုက်လို့ရသေးတယ်။ ဒီကောင်တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေတဲ့အတွက် ဒီကောင်တွေကို ဘယ်လိုလိုက်ရမလဲဆိုတဲ့ဟာက အစိုးရမှာလည်း အဲဒီကာထားချက်ကလည်း ရှိနေ တယ်။ နောက်ပြီး ကျွန်တော်တို့နိုင်ငံမှာက Crypto နဲ့ပတ်သက်တဲ့ဥပဒေကလည်း ရှိမနေဘူး။ ကျွန်တော် တို့မှာ ဒေါ်လာနဲ့ပတ်သက်တဲ့ဥပဒေတွေ ဒီဥပဒေတွေသာရှိတာ။ နောက်ပြီးက အခုက အကုန်လုံးက အဖမ်းခံနေရတာ။ အခုမြန်မာမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေအလှည့်ရောက်လာလိမ့်မယ်။ ဘယ်အလှည့်ရောက်မလဲမသိဘူး။ ကရင်ကအဖွဲ့လည်း ရောက်ကောင်းရောက်လာနိုင်တယ်။ ဘာကြောင့် လဲဆိုတော့ ဒီကျားဖျန့်ခေါင်းဆောင်တွေဖမ်းရင် လူလည်းဖမ်းမိမှာမဟုတ်ဘူး။ လူကိုမိရင် Crypto တွေ ရ မယ်။ အဲဒါက ကျွန်တော်တို့ဆိုရင်တောင် ဘဏ်စာရင်းတွေ၊ ပတ်စ်ပို့တွေဘာတွေလိုသေးတယ်။ ဒီကောင် တွေက ဘာမှမလိုဘူး။ စကားဝှက်(၁၆)လုံး မှတ်မိရင် အဲဒီထဲကပိုက်ဆံအကုန်လွှဲလို့ရတယ်။ အဲဒီလို အခြေအနေတွေအထိရှိတယ်။ အဲဒီတော့ ဒီလူတွေကို US ကလည်း အသည်းအသန်လိုချင်တယ်။ တရုတ် ကလည်း အသည်းအသန်လိုချင်တယ်။ US ကအသည်းအသန်လိုချင်လို့ Reminding လုပ်တာ။ ဒီကောင့် ကိုရရင် ကျွန်တော်တို့နိုင်ငံအတွက် Internal ထဲမှာဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေး အခင်းအကျင်းတွေမှာပါတဲ့ အကျင့်ပျက်လာဘ်စားတဲ့ Data တွေရမယ်ပေါ့နော်။ တရုတ်ကလည်း ဒီလူ ကိုရပြီဆိုတာနဲ့ အဲဒီအခြေအနေမျိုးမှာရှိတာပေါ့နော်။ ဒါပေမဲ့ အားလုံးထဲမှာညပ်နေတာက ကျောက်ဝေ ရယ်၊ 14K ရယ်နဲ့ ရှီကျီကျန်းနဲ့ဆက်စပ်တဲ့ တရုတ် SPY ဆိုတဲ့အမျိုးသမီးရယ်ပေါ့။ နောက်ဆုံး အမျိုးသမီး ကိစ္စကိုတော့ ကျွန်တော်ကောင်းကောင်းမသိဘူး။ ကျောက်ဝေ မြန်မာနိုင်ငံမှာ အခြေချပြီးတော့ အခု နောက်ပိုင်းမှာ လာအိုမှာ စိုင်းနော်ခမ်းနောက် တန်ခိုးအင်အားကြီးထွားလာတယ်။ ဒီကောင့်ရဲ့ စီးပွားရေး က Crypto Scaming လုပ်တာ။ ကျွန်တော်တို့ Kpay တို့ Wave money တို့လို အဆင့်တွေ မဟုတ်ဘူး။ Crypto ကို ဘာလို့သုံးတာလဲဆိုရင် နိုင်ငံငွေကြေးအပေါ်မှာ အယုံအကြည်မရှိလို့၊ ဒုတိယအချက် တရား မဝင် အညိုရောင်လုပ်ငန်းတွေလုပ်ချင်လို့၊ နောက်ဆုံးအချက်က အမည်းရောင်မဟုတ်လို့၊ နောက်ဆုံး ကလီစာ အထိကိုရောင်းကြတဲ့အခြေအနေအထိရှိကြတယ်။ တချို့နိုင်ငံကြီးတွေမှာ မူးယစ်ဆေးဝါးဝယ် တာ၊ လက်နက်ဝယ်တာ။ ပြီးရင် နိုင်ငံခြားကခရီးသွားတွေကို ထောက်ပံ့တာ။ ဒီအထိကိုသုံးကြတယ်ပေါ့ နော်။ Crypto က အဲဒီတော့ ကောင်းတဲ့ဘက်မှာသုံးလို့ရလားဆိုရင် ကောင်းတဲ့ဘက်မှာလည်း သုံးလို့ရ တာရှိပါတယ်။ ဆေးထိုးအပ်တစ်ချောင်းလိုပဲ။ မူးယစ်ဆေးသုံးမှာလား၊ လူသတ်မှာလားဆိုပြီး ကွဲသွား သလိုပေါ့။ ကောင်းတဲ့ဘက်မှာလည်းရှိတယ်၊ မကောင်းတဲ့ဘက်မှာလည်းရှိတယ်။ ကောင်းတဲ့ဘက်မှာ သုံးတာတော့ မတွေ့ဖူးသေးဘူး။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကျောက်ဝေက အခုအထိ အဖမ်းမခံ ရသေးဘူး။ ကရင်ပြည်နယ်မှာက ရှိသမျှလူအကုန်လုံးက ကျောက်ဝေဆီကလာတာ။ ကျွန်တော် နောက် ဆုံးရထားတဲ့ latest information အရ လာအိုရောက်သွားတယ်။ ရွှေတြိဂံအထိရောက်သွားတယ်။ လောက်ကိုင်က ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ လွတ်နေတဲ့လူတော်တော်များများကလည်း ကျောက်ဝေ ဆီရောက်နေကြတယ်။ အဲဒီတော့ တရုတ်ကစခဲ့တဲ့ဇာတ်လမ်းကို တရုတ်က သူ့ဘာသာသူ အဆုံးမသတ် ဘဲနဲ့ ကြားထဲက လူတွေကိုထိုးကျွေးလိုက်တဲ့သဘောပဲ။ ကျောက်ဝေကျ မဖမ်းဘူး။ အခုနကပြောတဲ့ 14K ကမ္ဘောဒီးယားမှာရှိတယ်။ သွားကျိုးတို့အဖွဲ့ကိုမဖမ်းဘူး။ သွားကျိုးတို့အဖွဲ့ဆိုရင် ခဏခဏလုပ်တာတွေ အများကြီးပဲပေါ့နော်။ ဒါပေမဲ့မဖမ်းဘူးဗျာ။ ပြောချင်တာက သူတို့လူတွေ ဖမ်းဖမ်း မဖမ်းဖမ်း ကျွန်တော် တို့ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံက မြန်ကျန့်ကျားဖျန့်ဆိုတဲ့ဟာက တော်တော်ကိုအခြေအနေက နားထဲသိပ်အဆင်မပြေဘူး။ မြန်မာကျားဖျန့်ကောင်တွေဆိုတဲ့ဟာက နားထဲအဆင်မပြေဘူး။
မေး-နောက်ဆုံးအနေနဲ့ ကျားဖျန့်အခြေအနေက ဘာတွေဖြစ်နေတယ်ထင်လဲ။
ဖြေ-နောက်ပြီး ဘာဖြစ်လာလဲဆိုတော့ CZ ဆိုတဲ့ Binance ပိုင်ရှင် CZ ကို အရင်က US ကဖမ်းထားတာ။ ပြန်လွှတ်လိုက်တာမကြာသေးဘူး။ CZ လွှတ်ပြီးမှ ရှီကျီကျန်းကိုပို့တာ။ ရှီကျီကျန်းကိုပြန်ပို့ဖို့က ကြာလှ ပြီ။ CZ လွှတ်ပြီးမှ prince group ပိုင်ရှင်က ကျားဖျန့်နဲ့ပတ်သက်တာဆိုတာကိုလည်း ပြန်ဖော်တာ။ ဒီ (၃) ယောက်မှာလည်း အဆက်အသွယ်ရှိလိမ့်မယ်။ ရှေ့မှာတော့ ဟန်ပြဘီလျံနာသူဌေးပေါ့။ နောက်မှာ Crypto ကို ဘယ်ငွေကြေးကရရ နိုင်ငံခြား ငွေကြေးကရပြီဆိုရင် Visa Network ကနေတစ်ဆင့် အချိန် မရွေး ပြောင်းလို့ရတယ်။ အဲဒီတော့ ရှိသမျှငွေအကုန်လုံးက အဲဒီကနေသွားနေတဲ့အခါမှာ အကုန်လုံးကို ငွေလိမ်သွားတယ်။ အဲဒီတော့ ဒီအဆောက်အအုံတွေ ဘာမှမကျန်သွားလည်း Password (၁၆) လုံး ရပြီ ဆိုတာနဲ့ ဘီလျံနဲ့မီလျံနဲ့ချီပြီးတော့ကို ပြန်တည်ဆောက်လို့ရတယ်။ လုပ်ချင်ရင်ဖြစ်တယ်ပေါ့နော်။ အဲဒီ တော့ ကျွန်တော်တို့နိုင်ငံမှာ ထိုနည်းတူဘာဖြစ်နေလဲဆိုတော့ ထောက်ပို့လုပ်ငန်းတွေ အကုန်လုံးက လည်း ဘယ်သူမှ KBZ တို့ Wave money တို့က မသွားနေဘူး။ Transaction အကြီးကြီးတွေကနေ သွားနေတာ။ Crypto ပေါ်ကပဲသွားတာ။ Binance Crypto ပေါ်ကပဲသွားတာ။ အဲဒီတော့ sender and receiver တို့မူတည်ပြီး အဲဒါကိုမှငွေပြန်ထုတ်။ အဲဒါမှငွေဖြစ် မယ်။ ကျွန်တော်တို့နိုင်ငံမှာလုပ်မယ်ဆိုရင် Crypto ကိုကောင်းကောင်းမလုပ်နိုင်ဘူး။ ဆက်သွယ်ရေးဥပဒေကို ကောင်းကောင်းမလုပ်နိုင်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ ဖိသမျှခံနေရတဲ့အချိန်မှာ ဒီ Network တွေကိုရမှ Network ကြိုးတွေ ဘယ်ကသွယ်လဲဆိုရင် တရုတ်ကုမ္ပဏီတွေကပဲသွယ်တာ။ အဲဒီတရုတ် ကုမ္ပဏီတွေကကော တာဝန်ခံ လို့လား။ ဖမ်းမယ်ဆိုရင် အကုန်လုံးဖမ်း။ အကုန်လုံးကိုထောင်ချပစ်လိုက်။ ကျွန်တော်ဆိုရင် အဲဒီလိုပဲ စဉ်းစားမှာပေါ့။
(ဆက်လက်ဖော်ပြပါမည်။)

Zawgyi Version:
"ျမန္က်န႔္က်ားဖ်န႔္ဆိုတဲ့ဟာက ေတာ္ေတာ္ကို အေျခအေနက နားထဲ သိပ္အဆင္မေျပဘူး" သီးသန႔္အင္တာဗ်ဴး
သန႔္ဇင္ (NP News) ႏိုဝင္ဘာ ၁၇
ယခုလ (၁၂) ရက္တြင္ ျမန္မာႏွင့္ ထိုင္းႏိုင္ငံတို႔မွ လူပုဂၢိဳလ္ (၅)ဦးႏွင့္အဖြဲ႕အစည္း (၃)ခုကို က်ားဖ်န႔္လုပ္ငန္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ ပါဝင္ပတ္သက္ေနျခင္းေၾကာင့္ ပိတ္ဆို႔အေရးယူလိုက္ေၾကာင္း ႏွင့္ အြန္လိုင္းေငြလိမ္လုပ္ငန္း (က်ားဖ်န႔္) တိုက္ဖ်က္ေရးအထူးအဖြဲ႕ (Scam Center Strike Force) ကို ဖြဲ႕ စည္းလိုက္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။ ထုတ္ျပန္ခ်က္အတြင္း ဒီမို ကေရစီ အက်ိဳးျပဳကရင့္တပ္မေတာ္ (DKBA) မွ စိုင္းေက်ာ္လွ၊ ေစာစတီး၊ ေစာစိန္ဝင္း၊ ေစာဆန္းေအာင္ တို႔ပါဝင္ခဲ့ၿပီး ယင္းတို႔သည္ က်ားဖ်န႔္လုပ္ငန္းမ်ားကိုေထာက္ပံ့ကာ အေမရိကန္ႏိုင္ငံသားမ်ားကို ေဒၚလာ သန္းေထာင္ခ်ီဆုံးရႈံးမႈျဖစ္ေစခဲ့ေၾကာင္း သိရသည္။ ထို႔အတူ ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးထားသည့္ တ႐ုတ္ ႏိုင္ငံမွ အလိုရွိသည့္ က်ားဖ်န႔္ဂိုဏ္းေခါင္းေဆာင္ ရွီက်ီက်န္းကို တ႐ုတ္ႏိုင္ငံသို႔ ႏိုဝင္ဘာ ၁၂ ရက္တြင္ပင္ ျပန္လည္လႊဲေျပာင္းေပးခဲ့သည္ကိုေတြ႕ရသည္။ ထို႔ေၾကာင့္ က်ားဖ်န႔္ႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံႏွင့္ အေမရိကန္ႏိုင္ငံတို႔အၾကား ဆက္စပ္မႈႏွင့္ ျမန္မာ့ေျမေပၚတြင္ လာေရာက္ျပဳလုပ္ခဲ့သည့္က်ားဖ်န႔္မ်ား၏ အေျခအေနမ်ားကို ေဆြးေႏြးေဖာ္ျပအပ္ပါသည္။
ေမး-က်ားဖ်န႔္ဆိုတာဘာလဲ။ ဘယ္လိုေတြလုပ္ၾကတာလဲ။ ရွင္းျပပါဦး။
ေျဖ-ပုံမွန္လူေတြသုံးေနတဲ့ေငြေၾကးက ေငြေၾကးေပါ့ ေနာ္။ ၿပီးရင္ေ႐ႊရွိတယ္ေပါ့ေနာ္။ ေနာက္တစ္ခုက အဲဒီလူေတြထက္ပိုၿပီးေတာ့ ထူးဆန္းသြားတဲ့လူေတြက် Crypto ဆိုတဲ့အရာကိုသုံးၾကတယ္။ Crypto ထဲ ကမွ Bitcoin တို႔ Z Cash တို႔ေပါ့။ Bitcoin က Bitcoin ပါပဲ။ အဓိကအားျဖင့္ ဘာကို Target ထားလာ တာလဲဆိုေတာ့ ဒီ Bitcoin တို႔ ZCash တို႔က Hight Demand ျဖစ္လာတာေပါ့။ ေျမရွားလိုမ်ိဳးပဲ။ ရွားလာ တယ္၊ တန္ဖိုးရွိလာတယ္။ ဝယ္ရရွာရခက္လာတယ္ေပါ့ေနာ္။ အဲဒီေတာ့ အာဂ်န္တာ (Agenda) က (၅)ခု ေလာက္ရွိတယ္ေပါ့ေနာ္။ ပထမဆုံးအဖမ္းခံရတဲ့ ကိုးကန႔္ေပါ့။ ဒုတိယက ရွီက်ီက်န္းနဲ႔ တတိယက အား ေက်ာက္လို႔ေခၚတယ္။ စတုတၳက 14K ဆိုတဲ့သြားက်ိဳး တို႔၊ Broken Tooth Koi ဆိုတဲ့ ေဟာင္ေကာင္-မကၠာအို မာဖီးယားဂိုဏ္း။ သြားက်ိဳးလို႔ေခၚတာ။ ေနာက္ဆုံးကေျပာပါဆိုရင္ prince group ရဲ႕ပိုင္ရွင္ ကေမာၻဒီးယားက Chen Zhi ။ ဒီအထိ (၅)ခုရွိတယ္။ အဲဒီအျပင္ကို ခြဲထြက္ေနတာက (၂)ခုရွိတယ္။ Bina- nce ပိုင္ရွင္ Crypto ေတြကို အလဲျပဳလုပ္လို႔ရတဲ့ CZ (Changpeng Zhao) ဆိုတဲ့တစ္ေယာက္ရယ္။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔အေရွ႕ေတာင္အာရွ Network တစ္ခုလုံးမွာ ႏိုင္ငံျခားေငြအထြက္ အမ်ား ဆုံး Transaction အထြက္အမ်ားဆုံးရွိတဲ့ စင္ကာပူ။ အားလုံးေပါင္း (၇)ခု၊ ကြၽန္ေတာ္ ေျပာျပမယ္။ ကြၽန္ ေတာ္တို႔ႏိုင္ငံမွာက Malware ေရးႏိုင္ေလာက္ေအာင္အထိ နည္းပညာေတာ္တဲ့လူ မရွိဘူး။ Malware ေတြ Spyware ဆိုတာက ဥပမာ ကြၽန္ေတာ္က Link တစ္ခုပို႔လိုက္မယ္ဆိုရင္ ခင္ဗ်ားက အဲဒါကို ႏွိပ္ လိုက္တယ္။ ခင္ဗ်ားဖုန္းကို ကြၽန္ေတာ္က Access ရသြားတယ္။ ေနာက္တစ္ခုက ဖုန္းေတြအမ်ားႀကီးနဲ႔ တ႐ုတ္ျပည္ကို တစ္ၿပိဳင္နက္တည္းဖုန္းေခၚရေလာက္ေအာင္အထိ ကြၽန္ေတာ္တို႔ႏိုင္ငံမွာဆင္းကတ္ေတြ လြယ္လင့္တကူ ဘယ္ကရေနမလဲဆိုတာရွိတယ္။ ေနာက္တစ္ခု တ႐ုတ္ပင္စင္စားေတြ၊ စစ္မႈထမ္း ေဟာင္းေတြကို လိမ္ရေအာင္ဆိုေတာ့ အဲဒီလိမ္ဖို႔ Data ေတြဘယ္ကရလဲေမးစရာရွိတယ္ေပါ့ေနာ္။ ေနာက္တစ္ခု ဒီလိမ္ေနတယ္ဆိုတာကိုသိေနတယ္။ ကြၽန္ေတာ္တို႔ Browser မွာက ဘာေတြႏွိပ္တယ္ ဆိုတာကအစ၊ Telecom ေတြကအစ သိေနတယ္။ ဒါေပမဲ့ Grate Firewall ဆိုတာႀကီးရွိေနတုန္းက မဖမ္းဘဲနဲ႔ (၁၀၂၇)က်မွဘာလို႔ဖမ္းလဲဆိုတာရွိတယ္။ ေနာက္တစ္ခု တိုက္ဆိုင္တာပဲလား၊ တကယ္ပဲလား ေတာ့မသိဘူးေပါ့ေနာ္။ အရင္တုန္းက ေ႐ႊႀတိဂံမွာဆိုရင္ စိုင္းေနာ္ခမ္းဆိုတဲ့ မူးယစ္ရာဇာဆိုတာက သူက ဦးစီးတာ။ ၿပီးေတာ့ စိုင္းေနာ္ခမ္းအလြန္မွာ ဘယ္သူတက္လာလဲဆိုေတာ့ ေက်ာက္ေဝ။ ေက်ာက္ေဝက ျမန္မာႏိုင္ငံ မိုင္းလားမွာအေျခခ်ေနတယ္။ ေက်ာက္ေဝက (၇၀)ေက်ာ္ၿပီ။ ဒါေပမဲ့ ေက်ာက္ေဝ မိသားစုကို ဒီေ႐ႊႀတိဂံႀကီးတစ္ခုလုံးမွာ ဘယ္သူမွမထိရဲဘူး။ အခု ျမန္မာတို႔ဘာတို႔မွာရွိတဲ့ က်ားဖ်န႔္က ကေမာၻဒီး ယားမွာရွိတဲ့ က်ားဖ်န႔္အားလုံးေပါင္းတဲ့လူဦးေရက ေက်ာက္ေဝပိုင္တဲ့ Special Economic Zone ေလာက္ေတာင္မႀကီးဘူး။
ေမး-ျမန္မာေတြမွာေကာ ကိုယ္တိုင္က်ားဖ်န႔္လုပ္ႏိုင္တဲ့သူရွိလား။ တကယ္လုပ္ေနတာဘယ္သူေတြလဲ။
ေျဖ-ဒီ Spyware ေတြေရးရေလာက္ေအာင္ေလာက္ထိ လုပ္လို႔ရေအာင္က လူက သာမန္အရပ္သားေရး လို႔ မရဘူး။ စစ္ဘက္ေရးရာနဲ႔ ဒါမွမဟုတ္ ေထာက္လွမ္းေရးကကြၽမ္းက်င္တဲ့လူပဲ ဒါကိုအေကာင္းဆုံးေရး ႏိုင္မွာ။ ပုံမွန္ဟာက website ေရးမယ္ ဒါေလာက္ပဲ။ ဖုန္းတစ္လုံးနဲ႔ထိန္းခ်ဳပ္ႏိုင္ေအာင္ ဒီေလာက္ပဲ ေရး ႏိုင္မွာ။ အဲဒီလူေတြကေကာ ျမန္မာႏိုင္ငံထဲကို ဘယ္လိုဝင္လာလဲဆိုတာရွိတယ္။ နယ္စပ္ကပဲဝင္လာ တာလား။ ဒါမွ မဟုတ္ တမင္ပဲ ထူးဆန္းၿပီးလုပ္ခ်င္တာလား။ ေနာက္တစ္ခုကဘာလဲဆိုေတာ့ ဒီ Data ေတြက သက္ဆိုင္ ရာဆက္သြယ္ေရးကုမၸဏီေတြ၊ သက္ဆိုင္ရာအင္တာ နက္ကုမၸဏီေတြကမေပးဘဲနဲ႔ ပင္စင္စားေတြ၊ အစိုးရ အရာရွိေတြ အေႂကြးေတြစာရင္းက ဘယ္ကမွမရႏိုင္ဘူး။ ေနာက္တစ္ခုက ဒီအင္တာနက္ေပၚမွာလိမ္ေနတာသိရဲ႕သားနဲ႔ ဘာျဖစ္လို႔ အကုန္လုံးကို (၁၀၂၇) စစ္ဆင္ေရးအၿပီးမွာ တိုင္ပင္ကိုက္ၿပီးဖမ္းတာလဲဆိုတာရွိတယ္။ ေနာက္တစ္ခုက လြတ္ေနတာ အားလုံးေပါင္းဆိုရင္ (၃) ေယာက္ရွိေသးတယ္။ ရွီက်ီးက်န္းက ေနစြပ္စြဲလိုက္တဲ့ လာအိုလား၊ ကေမာၻဒီးယားလား တ႐ုတ္ စပိုင္ လားမသိဘူး စြပ္စြဲလိုက္တာ။ အမ်ိဳးသမီးတစ္ေယာက္ရွိေသးတယ္။ ေနာက္ၿပီး ေက်ာက္ေဝ 14K ပိုင္ရွင္။ ဒီ (၃) ေယာက္သည္ လြတ္ကိုလြတ္ေနတာ။ ဒီ(၃)ေယာက္သည္ တ႐ုတ္ႏိုင္ငံသားေတြျဖစ္ေနတာ။ ရွီက်ီး က်န္းေတြဆိုရင္ ကြၽန္ေတာ္သိသေလာက္ဆို ကေမာၻဒီးယားႏိုင္ငံသားခံယူထားတယ္။
ေမး-အေျခခံအားျဖင့္ က်ားဖ်န႔္ေတြက ဘယ္လိုနည္းစနစ္ေတြနဲ႔ လုပ္ၾကတာလဲ။
ေျဖ- ဒီေကာင္ေတြက ဘယ္လိုလုပ္လဲဆိုေတာ့ အုပ္စုလိုက္ႀကီး Cyberbullying လုပ္တာေပါ့ေနာ္။ ခင္ဗ်ား ေခ်းေငြယူလိုက္လို႔ ျပန္မဆပ္ရင္ ၿခိမ္းေျခာက္တယ္။ ခင္ဗ်ားရဲ႕Contact ထဲမွာရွိတဲ့လူေတြကို လည္း လိုက္ၿပီးအဲဒီလိုလုပ္တာ။ ဒါကတစ္ပိုင္းေပါ့ ေနာ္။ ေနာက္တစ္ခုကဘာလဲဆိုေတာ့ စေလာ့ဂိမ္း ငါးပစ္ဂိမ္းနဲ႔ကာစီႏိုဆိုတဲ့ဟာက အခု Market ထဲမွာ အေလ်ာ္အစားလုပ္ေနတယ္ဆိုတဲ့ဟာကတစ္ပိုင္း။ အေလ်ာ္အစား မလုပ္ဘဲနဲ႔ အဲဒီစေလာ့ဂိမ္း၊ ငါးပစ္ဂိမ္းေတြကို Install လုပ္လိုက္တာနဲ႔ ခင္ဗ်ားဖုန္း တစ္ခု လုံး Access ရသြားတယ္။ ေလ်ာ္တာေပးတာက တစ္ပိုင္းရွိတယ္။ အဲဒီေလ်ာ္တယ္ေပးတယ္ဆိုတဲ့ဟာက ဒါေတြကို ျမန္မာေတြလုပ္ရင္လည္းလုပ္မယ္၊ ရွမ္းေတြ လုပ္ရင္လည္းလုပ္မယ္။ ကြၽန္ေတာ္တို႔ ေသခ်ာ မသိဘူး။ တ႐ုတ္ျပည္ရဲ႕ စေလာ့ဂိမ္း၊ ငါးပစ္ဂိမ္းက်ေတာ့ အဲဒီလိုမဟုတ္ဘူး။ Install လုပ္လိုက္ၿပီ ေပး လိုက္ၿပီဆိုတာနဲ႔ ဖုန္းတစ္ခုလုံးကိုထိန္းခ်ဳပ္သြားၿပီ။ ၿပီးရင္ ေနာက္တစ္ခုက Call center ဆိုတာက ကြၽန္ ေတာ္တို႔ ပုံမွန္ဖုန္းကတ္ထဲသုံးတာမဟုတ္ဘဲနဲ႔ SIP Trunk လို႔ေခၚတယ္။ SIM ကတ္ကို အင္တာနက္ေပၚ မွာတင္ထားၿပီးေတာ့ မည္သည့္ေနရာကမဆို၊ မည္သူ႔ကိုမဆိုေခၚလို႔ရတာ။ ဘယ္သူ႔ကိုမဆို SIM ပို႔လို႔ ရတာ။ အဲဒီ ေတာ့ ကိုယ့္ဆီကို ကိုယ့္မွတ္ပုံတင္နာမည္ရယ္နဲ႔ ပို႔ခ်င္သလိုပို႔လို႔ရေနတာ။ နာမည္ဖ်က္ခ်င္ တယ္ဆိုရင္ SIM ေထာင္ၿပီး ရွိသမွ်ျမန္မာႏိုင္ငံသားအားလုံး ပို႔ခ်လိုက္တာ။ အဲဒီမွာ အကုန္လုံးက Link ေတြႏွိပ္ၾကည့္လို႔ရတယ္။ အေျခအေနက အဲဒီေလာက္အထိ ျဖစ္ေနတာ။ အဲဒါကို စိစစ္လို႔ရတဲ့ဟာကို မစိစစ္ႏိုင္ဘူး ျဖစ္ေနတာ။ ဒါကေတာ့ အစိုးရအပိုင္းကို ကြၽန္ေတာ္ဝင္မေျပာဘူးဗ်ာ။ အဲဒီေတာ့ ဒီလူေတြ ကိုဒီ Application ေရးႏိုင္ေအာင္။ ဒီ Data ေတြရႏိုင္ေအာင္၊ ဒီလိုလိမ္ႏိုင္ေအာင္၊ ဒီလိုျဖစ္ေအာင္ Agen- da အရ လုပ္ေနတာ။ ကြၽန္ေတာ္ျမင္တဲ့ဟာအဲဒီလို။ ေနာက္တစ္ခုက လိမ္ၿပီးတဲ့ပိုက္ဆံက ဘယ္သူ မွ ေငြသားမထားဘူး။ ဘယ္သူမွ Master ၊ Visa ကတ္နဲ႔ သြားမထုတ္ဘူး။ တစ္ခါတည္း Black Market မွာ Bitcoin သြားခ်ိန္းတယ္။ အဲဒီေတာ့ Bitcoin က centralize မဟုတ္ဘူး။ decentraliz ေပါ့။ အျမင့္ဆုံး ေပးတာက Bitcoin မွာ decentralize ျဖစ္တဲ့အတြက္ ဘယ္သူကေန ဘယ္သူ႔ကိုေငြလႊဲလိုက္တယ္ဆို တာကိုမေပၚဘူး။ ကြၽန္ေတာ္တို႔ ဗဟိုဘဏ္မွာ ေငြလႊဲတယ္ဆိုရင္ ကြၽန္ေတာ္တို႔ၾကည့္လို႔ရတယ္။ ျမန္မာ ႏိုင္ငံက VISA ကတ္ပဲ။ ခင္ဗ်ား အိႏၵိယေရာက္သြားလို႔ ပိုက္ဆံကုန္သြားရင္ ခင္ဗ်ား VISA ကတ္ထဲက ပိုက္ဆံပဲ ဘယ္သူက ဘယ္မွာထုတ္သြားတယ္ဆိုၿပီး ေပၚတယ္။ ဒါေပမဲ့ အဲဒါေတြက အားလုံးက မေပၚ ေနဘူး။ အဲဒီလိုမေပၚေအာင္လည္း ဖန္တီးထားၾကတယ္။ အဲဒီေတာ့ ဖုန္းေတြအမ်ားႀကီးနဲ႔ Cyberbul- lying လုပ္တာေတြရွိတယ္။ ဥပမာ ခင္ဗ်ားက Cele ၊ ကာစီႏို ေဆာ့တယ္။ အေႂကြးမေပးႏိုင္ေတာ့ဘူး။ အဲဒီမွာ ခင္ဗ်ားေအာက္မွာ haha ေတြေပးတယ္။ Comment ေတြေပးတယ္။ Cyberbullying လုပ္ေနတဲ့ ဟာေတြမွအမ်ားႀကီးပဲ။ ၿပီးရင္ ေနာက္တစ္ခုက ၿခိမ္းေျခာက္အက်ပ္ကိုင္ေငြညႇစ္တာပဲ။ contact ေတြထဲ က ဖုန္းေတြကို ၿခိမ္းေျခာက္ အက်ပ္ကိုင္ၿပီးေငြညႇစ္တာပဲ။
ေမး-ျမန္မာက ဆက္သြယ္ေရးလိုင္းေတြနဲ႔က က်ားဖ်န႔္လုပ္လို႔ လြယ္ေနတာလား။
ေျဖ-ထူးဆန္းတာတစ္ခုက wepay တို႔ wechat တို႔က ကြၽန္ေတာ္တို႔ျမန္မာေတြနဲ႔မတူတာက ျမန္မာေတြ က အခုသုံးေနတဲ့ APP ေတြက Chrome ရွိရင္ ဖြင့္လို႔ရတယ္။ Viber တို႔ဘာတို႔ဆိုရင္လည္း ဖြင့္လို႔ရ တယ္။ သူတို႔ဟာက အဲဒီလိုမဟုတ္ဘူး။ ဖြင့္ခ်င္တယ္ဆိုရင္ တစ္ေယာက္ေယာက္က Refer လုပ္ေပးၿပီး QR ဖတ္ေပးမွ wechat အေကာင့္ဖြင့္တာ။ အဲဒီ wechat ကို dedicated ထားထားရင္ wechat ကို နယ္စပ္မွာ သုံးခ်င္ရင္ တ႐ုတ္အင္တာနက္နဲ႔ပတ္သက္ေနမွ သုံးလို႔ရတာ။ နယ္စပ္မွာ mytel နဲ႔ဆိုရင္ သြားသုံးလို႔မရဘူး။ ဒီဟာေတြေပၚကေန လုပ္ေနတဲ့ဟာေတြ၊ စီးဆင္းေနတဲ့ဟာေတြသိရဲ႕သားနဲ႔ ဆက္ သြယ္ေရးကုမၸဏီေတြကေကာ ၿငိမ္ေနတာလား။ ေမးစရာရွိလာတယ္။ မသိတာလား။ မသိခ်င္ေယာင္ ေဆာင္ေနတာလား။ ဒါမွမဟုတ္ လူသတ္သလိုပဲ။ လူသတ္အေလာင္းေဖ်ာက္ၿပီး မီးရႈိ႕လိုက္ရင္ ဘာမွလုပ္ လို႔မရသလိုပဲ၊ ဆက္သြယ္ေရးမွာလည္း ဒီစက္ေတြဖ်က္ဆီးလိုက္တယ္ဆိုရင္ ဘာမွမွတ္တမ္း မွတ္ရာ လိုက္လို႔မရဘူး။ ကြၽန္ေတာ္တို႔ CCTV က လူဝင္သြားတာပဲသိတယ္။ အဲဒီလူမ်က္ႏွာဘယ္သူလဲဆိုတာ မသိလိုက္တဲ့ အေျခအေနအထိျဖစ္သြားတာေပါ့ဗ်ာ။ အရွင္းဆုံး ေျပာျပတာ။ အဲဒီေတာ့ ဆက္သြယ္ေရး ကုမၸဏီေတြက အခုအခ်ိန္ထိကိုမပိတ္ႏိုင္ေသးဘူး။
ေမး-ျမန္မာႏိုင္ငံက အင္တာနက္ကုမၸဏီေတြကလည္း ပါဝင္ပတ္သက္ေနတာလား။
ေျဖ- ပုံမွန္အင္တာနက္သုံးတဲ့ကုမၸဏီေတြက တ႐ုတ္က ဘဏ္အေကာင့္ကို Access လုပ္လို႔မရဘူး။ ဒါေပ မဲ့ တ႐ုတ္ကုမၸဏီခြဲေတြ ဒီမွာအမ်ားႀကီးရွိတယ္။ အဲဒီအင္တာနက္ကုမၸဏီေတြကေန အင္တာနက္ကိုသုံး တယ္ဆိုရင္ ဘဏ္အေကာင့္ဖြင့္လို႔ရတယ္။ ၿပီးရင္ ေနာက္တစ္ခု အရမ္းနာမည္ႀကီးတဲ့ Dark web ေတြ Deep web ေတြကပဲတက္တယ္ဆိုတဲ့ကိစၥကရွိတယ္။ ေလာက္ကိုင္က်သြားတဲ့ေနာက္ပိုင္း ေရေထာင္ဆို တာ ၾကားဖူးမွာပါ။ Deep web ေတြ Deep web ေတြမွာ ေလာက္ကိုင္ကအေၾကာင္းေတြ ဗီဒီယိုေတြ တက္လာတယ္။ အဲဒီသတင္းေတြက သတင္းဌာနေတြမွာ ရွာလို႔ မရဘူး။ ရွာလို႔ရတာအဲဒီမွာပဲရွိတယ္။ အဲဒီေတာ့ အႏၲရာယ္လည္းမ်ားတယ္ အဲဒီေနရာေတြသြားရွာရင္။ ေရေထာင္ဆိုတာရွိတယ္ဗ်ာ။ အဲဒီေရ ေထာင္ကိုမွ အလုပ္မလုပ္ႏိုင္တဲ့လူေတြကို ျပစ္ဒဏ္ေပးတယ္တို႔ ဘာတို႔ရွိတယ္ဆိုတာ။ အဲဒီျပစ္ဒဏ္ကိုမွ တ႐ုတ္ႏိုင္ငံက ပဲလုပ္ေနတာ။
ေမး-က်ားဖ်န႔္လုပ္သားေတြကို ဘယ္လိုရွာတာလဲ။
ေျဖ-နည္းပညာသမားေတြကို ျပန္ေပးဆြဲတာရွိတယ္။ ကေမာၻဒီးယားတို႔ လာအိုတို႔မွာဆိုရင္ ျပန္ေပး ဆြဲတာရွိတယ္။ တခ်ိဳ႕ဟာေတြက ျပန္ေပးဆြဲတာမဟုတ္ဘဲနဲ႔ တကယ္လိုလိုခ်င္ခ်င္နဲ႔ အဲဒီအထဲမွာ အလုပ္သြားလုပ္ေနတဲ့လူေတြကိုရွိတယ္။ ကြၽန္ေတာ္တို႔ ဒီႏိုင္ငံမွာ လုပ္သားလစာက တစ္လကို (၁၀) သိန္းပဲရတယ္။ ဒါေပမဲ့ က်ားဖ်န႔္မွာသြားလုပ္ရင္ တစ္လကို သိန္း(၁၀ဝ) ရတဲ့အေျခအေနအထိ ျဖစ္လာ တယ္။ လူငယ္ေတြရဲ႕ အတြင္းစိတ္ထဲမွာ အဲဒီစိတ္ႀကီးျဖစ္လာတယ္။ လိမ္စားလည္း ဘာမွမျဖစ္ဘူး။ ငါ့ပိုက္ဆံငါယူတယ္ဆိုတာမ်ိဳးေတြျဖစ္လာတယ္။ အဲဒီေတာ့ တခ်ိဳ႕လူေတြက်ေတာ့ ကိုယ္တိုင္ကို တကူး တကလာလုပ္ၾကတဲ့လူေတြရွိတယ္။ တခ်ိဳ႕လူေတြက်ေတာ့ အလိမ္ခံရၿပီး ေရာက္လာၾကတာလည္း ျဖစ္ ေကာင္းျဖစ္ႏိုင္တယ္။
ေမး-က်ားဖ်န႔္လုပ္ငန္းေတြမွာ Crypto ေငြေၾကးေတြလည္း စီးဆင္းေနတယ္လို႔သိရတယ္။ ဘယ္လို ပုံစံ မ်ိဳးနဲ႔လဲ။
ေျဖ- ကြၽန္ေတာ္တို႔ wave money တို႔ Kpay တို႔နဲ႔ စေလာ့ဂိမ္း၊ ကာစီႏိုေဆာ့တယ္ဆိုတာ႐ိုးရွင္းတယ္။ ဖမ္းခ်င္ရင္ဖမ္းလို႔ရတယ္ဗ်ာ။ ဒီလိုေငြဝင္ေငြထြက္ရွိတယ္ဆိုတာက ဘာမွမဟုတ္ေသးဘူး။ Bitcoin တို႔နဲ႔ မွေဆာ့လို႔ရတယ္။ US ေဒၚလာေတြနဲ႔ ေဆာ့လို႔ရတယ္ဆိုတဲ့အရာေတြက ဘယ္မွာဘာလုပ္ထားမွန္း လည္းမသိဘူး။ ဘယ္ကမွန္းလည္းမသိဘူး။ ဟိုဟာေတြက ထိန္းခ်ဳပ္မႈေအာက္မွာရွိေနလို႔သာပဲ။ ေနာက္ ဆုံး Detail ရတယ္ဆိုရင္လိုက္လို႔ရေသးတယ္။ ဒီေကာင္ေတြရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိမေနတဲ့အတြက္ ဒီေကာင္ေတြကို ဘယ္လိုလိုက္ရမလဲဆိုတဲ့ဟာက အစိုးရမွာလည္း အဲဒီကာထားခ်က္ကလည္း ရွိေန တယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ႏိုင္ငံမွာက Crypto နဲ႔ပတ္သက္တဲ့ဥပေဒကလည္း ရွိမေနဘူး။ ကြၽန္ေတာ္ တို႔မွာ ေဒၚလာနဲ႔ပတ္သက္တဲ့ဥပေဒေတြ ဒီဥပေဒေတြသာရွိတာ။ ေနာက္ၿပီးက အခုက အကုန္လုံးက အဖမ္းခံေနရတာ။ အခုျမန္မာမွာဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္ေတြအလွည့္ေရာက္လာလိမ့္မယ္။ ဘယ္အလွည့္ေရာက္မလဲမသိဘူး။ ကရင္ကအဖြဲ႕လည္း ေရာက္ေကာင္းေရာက္လာႏိုင္တယ္။ ဘာေၾကာင့္ လဲဆိုေတာ့ ဒီက်ားဖ်န႔္ေခါင္းေဆာင္ေတြဖမ္းရင္ လူလည္းဖမ္းမိမွာမဟုတ္ဘူး။ လူကိုမိရင္ Crypto ေတြ ရ မယ္။ အဲဒါက ကြၽန္ေတာ္တို႔ဆိုရင္ေတာင္ ဘဏ္စာရင္းေတြ၊ ပတ္စ္ပို႔ေတြဘာေတြလိုေသးတယ္။ ဒီေကာင္ ေတြက ဘာမွမလိုဘူး။ စကားဝွက္(၁၆)လုံး မွတ္မိရင္ အဲဒီထဲကပိုက္ဆံအကုန္လႊဲလို႔ရတယ္။ အဲဒီလို အေျခအေနေတြအထိရွိတယ္။ အဲဒီေတာ့ ဒီလူေတြကို US ကလည္း အသည္းအသန္လိုခ်င္တယ္။ တ႐ုတ္ ကလည္း အသည္းအသန္လိုခ်င္တယ္။ US ကအသည္းအသန္လိုခ်င္လို႔ Reminding လုပ္တာ။ ဒီေကာင့္ ကိုရရင္ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ Internal ထဲမွာျဖစ္ေနတဲ့ တိုင္းရင္းသားအဖြဲ႕အစည္းေတြ၊ ႏိုင္ငံေရး အခင္းအက်င္းေတြမွာပါတဲ့ အက်င့္ပ်က္လာဘ္စားတဲ့ Data ေတြရမယ္ေပါ့ေနာ္။ တ႐ုတ္ကလည္း ဒီလူ ကိုရၿပီဆိုတာနဲ႔ အဲဒီအေျခအေနမ်ိဳးမွာရွိတာေပါ့ေနာ္။ ဒါေပမဲ့ အားလုံးထဲမွာညပ္ေနတာက ေက်ာက္ေဝ ရယ္၊ 14K ရယ္နဲ႔ ရွီက်ီက်န္းနဲ႔ဆက္စပ္တဲ့ တ႐ုတ္ SPY ဆိုတဲ့အမ်ိဳးသမီးရယ္ေပါ့။ ေနာက္ဆုံး အမ်ိဳးသမီး ကိစၥကိုေတာ့ ကြၽန္ေတာ္ေကာင္းေကာင္းမသိဘူး။ ေက်ာက္ေဝ ျမန္မာႏိုင္ငံမွာ အေျခခ်ၿပီးေတာ့ အခု ေနာက္ပိုင္းမွာ လာအိုမွာ စိုင္းေနာ္ခမ္းေနာက္ တန္ခိုးအင္အားႀကီးထြားလာတယ္။ ဒီေကာင့္ရဲ႕ စီးပြားေရး က Crypto Scaming လုပ္တာ။ ကြၽန္ေတာ္တို႔ Kpay တို႔ Wave money တို႔လို အဆင့္ေတြ မဟုတ္ဘူး။ Crypto ကို ဘာလို႔သုံးတာလဲဆိုရင္ ႏိုင္ငံေငြေၾကးအေပၚမွာ အယုံအၾကည္မရွိလို႔၊ ဒုတိယအခ်က္ တရား မဝင္ အညိဳေရာင္လုပ္ငန္းေတြလုပ္ခ်င္လို႔၊ ေနာက္ဆုံးအခ်က္က အမည္းေရာင္မဟုတ္လို႔၊ ေနာက္ဆုံး ကလီစာ အထိကိုေရာင္းၾကတဲ့အေျခအေနအထိရွိၾကတယ္။ တခ်ိဳ႕ႏိုင္ငံႀကီးေတြမွာ မူးယစ္ေဆးဝါးဝယ္ တာ၊ လက္နက္ဝယ္တာ။ ၿပီးရင္ ႏိုင္ငံျခားကခရီးသြားေတြကို ေထာက္ပံ့တာ။ ဒီအထိကိုသုံးၾကတယ္ေပါ့ ေနာ္။ Crypto က အဲဒီေတာ့ ေကာင္းတဲ့ဘက္မွာသုံးလို႔ရလားဆိုရင္ ေကာင္းတဲ့ဘက္မွာလည္း သုံးလို႔ရ တာရွိပါတယ္။ ေဆးထိုးအပ္တစ္ေခ်ာင္းလိုပဲ။ မူးယစ္ေဆးသုံးမွာလား၊ လူသတ္မွာလားဆိုၿပီး ကြဲသြား သလိုေပါ့။ ေကာင္းတဲ့ဘက္မွာလည္းရွိတယ္၊ မေကာင္းတဲ့ဘက္မွာလည္းရွိတယ္။ ေကာင္းတဲ့ဘက္မွာ သုံးတာေတာ့ မေတြ႕ဖူးေသးဘူး။ အဲဒီေတာ့ ဘာျဖစ္လာလဲဆိုေတာ့ ေက်ာက္ေဝက အခုအထိ အဖမ္းမခံ ရေသးဘူး။ ကရင္ျပည္နယ္မွာက ရွိသမွ်လူအကုန္လုံးက ေက်ာက္ေဝဆီကလာတာ။ ကြၽန္ေတာ္ ေနာက္ ဆုံးရထားတဲ့ latest information အရ လာအိုေရာက္သြားတယ္။ ေ႐ႊႀတိဂံအထိေရာက္သြားတယ္။ ေလာက္ကိုင္က ဖမ္းဝရမ္းအထုတ္ခံထားရတဲ့ လြတ္ေနတဲ့လူေတာ္ေတာ္မ်ားမ်ားကလည္း ေက်ာက္ေဝ ဆီေရာက္ေနၾကတယ္။ အဲဒီေတာ့ တ႐ုတ္ကစခဲ့တဲ့ဇာတ္လမ္းကို တ႐ုတ္က သူ႔ဘာသာသူ အဆုံးမသတ္ ဘဲနဲ႔ ၾကားထဲက လူေတြကိုထိုးေကြၽးလိုက္တဲ့သေဘာပဲ။ ေက်ာက္ေဝက် မဖမ္းဘူး။ အခုနကေျပာတဲ့ 14K ကေမာၻဒီးယားမွာရွိတယ္။ သြားက်ိဳးတို႔အဖြဲ႕ကိုမဖမ္းဘူး။ သြားက်ိဳးတို႔အဖြဲ႕ဆိုရင္ ခဏခဏလုပ္တာေတြ အမ်ားႀကီးပဲေပါ့ေနာ္။ ဒါေပမဲ့မဖမ္းဘူးဗ်ာ။ ေျပာခ်င္တာက သူတို႔လူေတြ ဖမ္းဖမ္း မဖမ္းဖမ္း ကြၽန္ေတာ္ တို႔ကိစၥမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံက ျမန္က်န႔္က်ားဖ်န႔္ဆိုတဲ့ဟာက ေတာ္ေတာ္ကိုအေျခအေနက နားထဲသိပ္အဆင္မေျပဘူး။ ျမန္မာက်ားဖ်န႔္ေကာင္ေတြဆိုတဲ့ဟာက နားထဲအဆင္မေျပဘူး။
ေမး-ေနာက္ဆုံးအေနနဲ႔ က်ားဖ်န႔္အေျခအေနက ဘာေတြျဖစ္ေနတယ္ထင္လဲ။
ေျဖ-ေနာက္ၿပီး ဘာျဖစ္လာလဲဆိုေတာ့ CZ ဆိုတဲ့ Binance ပိုင္ရွင္ CZ ကို အရင္က US ကဖမ္းထားတာ။ ျပန္လႊတ္လိုက္တာမၾကာေသးဘူး။ CZ လႊတ္ၿပီးမွ ရွီက်ီက်န္းကိုပို႔တာ။ ရွီက်ီက်န္းကိုျပန္ပို႔ဖို႔က ၾကာလွ ၿပီ။ CZ လႊတ္ၿပီးမွ prince group ပိုင္ရွင္က က်ားဖ်န႔္နဲ႔ပတ္သက္တာဆိုတာကိုလည္း ျပန္ေဖာ္တာ။ ဒီ (၃) ေယာက္မွာလည္း အဆက္အသြယ္ရွိလိမ့္မယ္။ ေရွ႕မွာေတာ့ ဟန္ျပဘီလ်ံနာသူေဌးေပါ့။ ေနာက္မွာ Crypto ကို ဘယ္ေငြေၾကးကရရ ႏိုင္ငံျခား ေငြေၾကးကရၿပီဆိုရင္ Visa Network ကေနတစ္ဆင့္ အခ်ိန္ မေ႐ြး ေျပာင္းလို႔ရတယ္။ အဲဒီေတာ့ ရွိသမွ်ေငြအကုန္လုံးက အဲဒီကေနသြားေနတဲ့အခါမွာ အကုန္လုံးကို ေငြလိမ္သြားတယ္။ အဲဒီေတာ့ ဒီအေဆာက္အအုံေတြ ဘာမွမက်န္သြားလည္း Password (၁၆) လုံး ရၿပီ ဆိုတာနဲ႔ ဘီလ်ံနဲ႔မီလ်ံနဲ႔ခ်ီၿပီးေတာ့ကို ျပန္တည္ေဆာက္လို႔ရတယ္။ လုပ္ခ်င္ရင္ျဖစ္တယ္ေပါ့ေနာ္။ အဲဒီ ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ထိုနည္းတူဘာျဖစ္ေနလဲဆိုေတာ့ ေထာက္ပို႔လုပ္ငန္းေတြ အကုန္လုံးက လည္း ဘယ္သူမွ KBZ တို႔ Wave money တို႔က မသြားေနဘူး။ Transaction အႀကီးႀကီးေတြကေန သြားေနတာ။ Crypto ေပၚကပဲသြားတာ။ Binance Crypto ေပၚကပဲသြားတာ။ အဲဒီေတာ့ sender and receiver တို႔မူတည္ၿပီး အဲဒါကိုမွေငြျပန္ထုတ္။ အဲဒါမွေငြျဖစ္ မယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလုပ္မယ္ဆိုရင္ Crypto ကိုေကာင္းေကာင္းမလုပ္ႏိုင္ဘူး။ ဆက္သြယ္ေရးဥပေဒကို ေကာင္းေကာင္းမလုပ္ႏိုင္ဘူး။ ေနာက္တစ္ခုက ဘာလဲဆိုေတာ့ ဖိသမွ်ခံေနရတဲ့အခ်ိန္မွာ ဒီ Network ေတြကိုရမွ Network ႀကိဳးေတြ ဘယ္ကသြယ္လဲဆိုရင္ တ႐ုတ္ကုမၸဏီေတြကပဲသြယ္တာ။ အဲဒီတ႐ုတ္ ကုမၸဏီေတြကေကာ တာဝန္ခံ လို႔လား။ ဖမ္းမယ္ဆိုရင္ အကုန္လုံးဖမ္း။ အကုန္လုံးကိုေထာင္ခ်ပစ္လိုက္။ ကြၽန္ေတာ္ဆိုရင္ အဲဒီလိုပဲ စဥ္းစားမွာေပါ့။
(ဆက္လက္ေဖာ္ျပပါမည္။)